နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

AI မှ ဗင်နီဇွဲလားအထိ- ၂၀၂၆ ခုနှစ်သည် ကမ္ဘာ့အာဏာစက်အတွက် အလှည့်အပြောင်းနှစ် ဖြစ်လာရခြင်း အကြောင်းရင်း

CNN – ၂၀၂၅၊ ဒီဇင်ဘာလ ၂၄ရက်

လွန်ခဲ့သော တစ်နှစ်၊ ယခုကဲ့သို့ ရက်သတ္တပတ်တွင် ဂျိုးဘိုင်ဒင်သည် သမ္မတအဖြစ် ရှိနေဆဲ ဖြစ်သည်။ ကျွန်ုပ်သည် ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံလွတ်မြောက်ရေး သဘောတူညီချက်အတွက် ညှိနှိုင်း နေခဲ့သည်။ ထိုစဉ်က တက်လာတော့မည့် ထရမ့်အဖွဲ့သည် ကျွန်ုပ်တို့နှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ဓားစာခံများကို လွှတ်ပေးရန်နှင့် စစ်ပွဲကို အဆုံးသတ်ရန် ပါတီစွဲကင်းစွာ ဆောင်ရွက်ခဲ့ကြသည့် ရှားပါးသော ပြယုဂ်တစ်ခု ဖြစ်ခဲ့သည်။ ယခုကြည့်လျှင်မူ ထိုအဖြစ် အပျက်မှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကကဲ့သို့ပင် ခံစားရသည်။ ၂၀၂၅ ခုနှစ်က သက်သေပြခဲ့သည့်အတိုင်း တစ်နှစ်အတွင်းမှာပင် အများကြီး ပြောင်းလဲသွားနိုင်ပါသည်။

ယနေ့တွင် အမေရိကန်ပြည်ထောင်စုသည် ကျူးဘားဒုံးပျံအရေးအခင်းနောက်ပိုင်း ကာရေဘီယံ ပင်လယ်ပြင်တွင် အကြီးမားဆုံး စစ်အင်အား ဖြန့်ကျက်မှုကို ပြုလုပ်ထားသည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းစစ်ပွဲကို ဆက်လက်အရှိန်မြှင့်နေသော်လည်း ရုရှားသံတမန်များသည် ယူကရိန်းအတွက် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်သစ်ကို ဆွေးနွေးရန် မိုင်ယာမီသို့ ရောက်ရှိနေကြသည်။ အမေရိကန်သည် နွေရာသီက အီရန်ကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဂါဇာရှိ အပစ်အခတ်ရပ်စဲရေးကို ကြီးကြပ်ရန် အစ္စရေးတွင် ကြယ်သုံးပွင့်အဆင့်ရှိ ဗိုလ်ချုပ်တစ်ဦးကို ခန့်အပ်ထားသည်။ သမ္မတ ဒေါ်နယ်ထရမ့်သည် ထိုင်ဝမ်၏ ကံကြမ္မာနှင့် အဆင့်မြင့်နည်းပညာနှင့် AI နယ်ပယ်များတွင် တရုတ်နှင့် ယှဉ်ပြိုင်မှု ကို ဆုံးဖြတ်ပေးနိုင်မည့် ပေကျင်းထိပ်သီးအစည်းအဝေးကို ပြုလုပ်ရန် စီစဉ်နေသည်။

ပြီးခဲ့သောနှစ်သည် အကူးအပြောင်းနှစ်ထက် ပိုမိုပြောင်းလဲမှုကြီးမားသော နှစ်တစ်နှစ် ဖြစ်ခဲ့ပြီး၊ ၂၀၂၆ ခုနှစ်သည် ကမ္ဘာ့အစီအစဉ်များတွင် အချိုးအကွေ့များစွာရှိသည့် ပတ္တာနှစ်” (Hinge Year) သို့မဟုတ် အချိုးအကွေ့နှစ်တစ်နှစ် ဖြစ်လာရန် အရှိန်ယူနေပြီဖြစ်သည်။

ကျွန်ုပ်အနီးကပ် စောင့်ကြည့်သွားမည့် အရေးကြီးသော ကိစ္စရပ် (၇) ခုကို ခွဲခြမ်းစိတ်ဖြာကြည့်ကြပါစို့ –

၁။ ဗင်နီဇွဲလား – ထိပ်တိုက်ရင်ဆိုင်မှု

ထရမ့်အစိုးရသည် စစ်အေးတိုက်ပွဲ အရှိန်အဟုန်အပြင်းဆုံးအချိန်နောက်ပိုင်း ကာရေဘီယံနှင့် အတ္တလန္တိတ်အနောက်ပိုင်းတွင် အကြီးဆုံး ရေတပ်အင်အားကို ဖြန့်ကျက်ထားသည်။ ထိုအင်အားစုတွင် လေယာဉ်တင်သင်္ဘော အုပ်စု၊ ဖျက်သင်္ဘောများ၊ ကုန်းရေနှစ်သွယ်သုံး တိုက်ခိုက်ရေးတပ်ဖွဲ့များ၊ ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့များ ပါဝင်သည်။ ရည်မှန်းချက်မှာ ရှင်းရှင်းလင်းလင်း မရှိသေးသော်လည်း အမေရိကန်စစ်တပ် သည် မူးယစ်ဆေးဝါးမှောင်ခိုသမားဟု ယူဆရသူများကို လွှတ်တော်၏ ခွင့်ပြုချက် သို့မဟုတ် ပွင့်လင်းမြင်သာသော ဆွေးနွေးမှုမရှိဘဲ (၃၀) ကြိမ်နီးပါး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ လွန်ခဲ့သော အပတ်က ထရမ့်သည် တရားမဝင် ရေနံတင်ပို့မှုများကို စစ်ရေးအရ ပိတ်ဆို့မည်ဟု ကြေညာကာ ရေနံတင်သင်္ဘောများကို သိမ်းဆည်းခြင်းဖြင့် တင်းမာမှုကို ပိုမိုမြင့်တင်ခဲ့သည်။

ဒါဟာ စစ်အင်အားကို အသုံးပြုပြီး အစိုးရအပြောင်းအလဲ (Regime Change) လုပ်မည့် မူဝါဒနှင့် တူနေသည်။ ဗင်နီဇွဲလားခေါင်းဆောင် နီကိုးလက်စ် မာဒူရိုသည် ရုရှား သို့မဟုတ် အခြားတစ်နေရာတွင် သွားရောက်နေထိုင်ရန် အာဏာကို ဆန္ဒအလျောက် စွန့်လွှတ်လိမ့်မည် ဟု အိမ်ဖြူတော်က မျှော်လင့်နေပုံရသည်။ ထရမ့်က ထိုတောင်းဆိုချက်ကို တိုက်ရိုက်ပြောဆို ခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။ သို့သော် ထိုသို့ဖြစ်လာရန် မဖြစ်နိုင် သလောက်ပင်။ စီးပွားရေးဖိအားနှင့် ပြင်ပခြိမ်းခြောက်မှုများကြောင့် မာဒူရိုကဲ့သို့သော ခေါင်းဆောင်တစ်ဦး အာဏာစွန့်ခဲ့သည့် သာဓက အလွန်နည်းပါးပါသည်။

ထရမ့်သည် ယခုအခါ အမေရိကန်၏ အကျိုးစီးပွားကို မြှင့်တင်ရန် လိုအပ်ပါက အင်အားသုံးရန် အသင့်ရှိနေသည့် အနောက်ကမ္ဘာခြမ်း၏ အဓိကအင်အားကြီးနိုင်ငံအဖြစ် အမေရိကန်ကို တည်ရှိစေရန် အခိုင်အမာ လုပ်ဆောင်နေသည်။ ဤမူဝါဒသစ်ကို “ မွန်ရိုးဝါဒ” (Monroe Doctrine) ၏ နောက်ဆက်တွဲ ထရမ့်၏ နောက်ဆက်တွဲမူဝါဒ” (Trump Corollary) ဟု ခေါ်ဆိုနေကြသည်။ ၂၀၂၆ ခုနှစ်တွင် မာဒူရို၏ ကံကြမ္မာက ဤမူဝါဒ၏ အဖြေကို ပေးပါလိမ့်မည်။ သူသာ အာဏာဆက်လက် တည်မြဲနေပါက ထရမ့်သည် “ ဟိန်းသာဟိန်းပြီး မကိုက်သည့်သူ” အဖြစ် ရှုမြင်ခံရမည့် အန္တရာယ်ရှိသည်။

၂။ ယူကရိန်း – ပဉ္စမမြောက်နှစ်

ဖေဖော်ဝါရီလတွင် ရုရှား၏ ယူကရိန်းကျူးကျော်မှုသည် ငါးနှစ်ထဲသို့ ရောက်ရှိလာတော့မည် ဖြစ်သည်။ စစ်ပွဲစတင်စဉ်က ပူတင်၏ ရည်ရွယ်ချက်မှာ ကိယက်ဗ်ကို သိမ်းပိုက်ပြီး ယူကရိန်း ကို အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်မှ ဖျက်ဆီးပစ်ရန်ဖြစ်သည်။ ယနေ့တွင်မူ သူ၏တပ်ဖွဲ့များ သည် ရုရှားနယ်စပ်နှင့် မဝေးလှသော ယူကရိန်းအရှေ့ပိုင်းတွင် ပိတ်မိနေပြီး ထိခိုက်သေဆုံးမှု (၁) သန်းကျော် ရှိနေပြီဖြစ်သည်။ ဤစစ်ပွဲသည် ရုရှားအတွက် အရှက်ရစရာ ဖြစ်ခဲ့သော်လည်း ပူတင်သည် ဆုတ်ခွာမည့် အရိပ်အယောင် မပြသေးပေ။

စစ်ပွဲ၏ ငါးနှစ်မြောက်နှစ်သည် အလှည့်အပြောင်း ဖြစ်လာနိုင်သည်။ ထရမ့်သည် ယူကရိန်းက နယ်မြေအချို့ကို စွန့်လွှတ်ကာ လုံခြုံရေး အာမခံချက်ရယူသည့် ငြိမ်းချမ်းရေး သဘောတူညီ ချက် ကို ကြိုးပမ်းနေသည်။ ဤစစ်ပွဲ၏ ငါးနှစ်မြောက်နှစ်သည် စစ်မြေပြင်ထက် ဝါရှင်တန်ရှိ ဆုံးဖြတ်ချက်များအပေါ်တွင် ပိုမိုမူတည်နေပါသည်။

၃။ ထိုင်ဝမ် – စားပွဲတင် စာရင်းထဲက အကြောင်းအရာ

၂၀၂၅ ခုနှစ်၏ ထင်ရှားသော ပုံရိပ်တစ်ခုမှာ ပေကျင်းတွင် ပူတင်၊ ရှီကျင့်ဖျင်နှင့် ကင်ဂျုံအန်းတို့ ရင်းနှီးစွာ ပွေ့ဖက်နေကြသည့် ပုံရိပ်ဖြစ်သည်။ ဤနိုင်ငံများသည် (CRINK ဟု လူသိများသည့် ရုရှား၊ တရုတ်၊ အီရန်၊ မြောက်ကိုရီးယား) ရုရှားကို ထောက်ခံပြီး အမေရိကန်၏ အခန်းကဏ္ဍ လျော့ပါးလာချိန်တွင် ၎င်းတို့၏ သြဇာလွှမ်းမိုးမှု နယ်ပယ်များကို ဖန်တီးရန် ရည်ရွယ်နေကြ သည်။

ထရမ့်သည် ယခုနွေဦးတွင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် ပေကျင်းသို့ သွားရောက်သည့်အခါ ထိုင်ဝမ်အရေးမှာ အဓိက အကြောင်းအရာ ဖြစ်လာပါလိမ့်မည်။ ထိုင်ဝမ်သည် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် အလွန်အရေးပါသည်။ ကားများနှင့် ဖုန်းများတွင် အသုံးပြုသည့် ဆီမီးကွန်ဒတ်တာ ချစ်ပ်ပြား အများစုကို ထိုနေရာတွင် ထုတ်လုပ်ခြင်း ဖြစ်သည်။ တရုတ်ကသာ ကျူးကျော်မည်ဆိုလျှင် ကမ္ဘာလုံးဆိုင်ရာ ဆုံးရှုံးမှုသည် ဒေါ်လာ (၁၀) ထရီလီယံနီးပါး ရှိနိုင်ပါသည်။

၄။ အစ္စရေး – အဆုံးအဖြတ်ပေးမည့် ရွေးကောက်ပွဲ

စစ်ရေးအောင်မြင်မှုအရ အစ္စရေးသည် ကောင်းမွန်သော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ ဓားစာခံများ လွတ်မြောက်ခဲ့ပြီး ဟားမတ်စ်နှင့် ဟစ်ဇဘိုလာ ခေါင်းဆောင်များ သေဆုံးခဲ့သည်။ သို့သော် အစ္စရေးသည် စစ်ရေးအောင်မြင်မှုကို တည်ငြိမ်သော နိုင်ငံရေးနှင့် သံတမန်ရေး အောင်မြင်မှု အဖြစ် မပြောင်းလဲနိုင်သေးပေ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်ထက် နောက်မကျဘဲ အစ္စရေးသည် လွှတ်တော်ရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်သည်။ ထိုရွေးကောက်ပွဲ ရလဒ်သည် အစ္စရေး၏ အနာဂတ်နှင့် ဆော်ဒီအာရေဗျနှင့် သဘောတူညီချက် ရနိုင်မည့် အခွင့်အရေးကို ဆုံးဖြတ်ပေးပါလိမ့်မည်။

၅။ အီရန် – တစ်ခုခုတော့ ဖြစ်တော့မည်

အီရန်သည် ဆိုးရွားသော နှစ်တစ်နှစ်ကို ဖြတ်သန်းခဲ့ရပြီး ၂၀၂၆ သည် ပို၍ပင် ဆိုးရွားလာနိုင်သည်။ ၎င်း၏ လက်ဝေခံ အဖွဲ့အစည်းများ ပျက်စီးသွားပြီး လေကြောင်းရန် ကာကွယ်ရေးစနစ်များလည်း ဖျက်ဆီးခံခဲ့ရသည်။ စီးပွားရေးနှင့် စစ်ရေးအရ အားနည်းနေသည့်အပြင် အသက် (၈၆) နှစ်အရွယ်ရှိ ဘာသာရေးခေါင်းဆောင်ကြီး ခါမေနီသည်လည်း ကျန်းမာရေး မကောင်းဟု သတင်းထွက်နေပြီး ဆက်ခံမည့်သူလည်း အတိအကျ မရှိသေးပေ။ ၂၀၂၆ တွင် အီရန်၌ အံ့အားသင့်ဖွယ်ရာ အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ပါသည်။

၆။ အကြမ်းဖက်မှု – ပြန်လည်ရောက်ရှိလာခြင်း

အမျိုးသားလုံခြုံရေး နယ်ပယ်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးသည် ခေတ်မစားတော့ သလို ဖြစ်နေသော်လည်း၊ အကြမ်းဖက်မှု အန္တရာယ်သည် တစ်ကျော့ပြန် ခေါင်းထောင်လာ နေသည်။ ၂၀၂၂ မှ ၂၀၂၅ အတွင်း ဟားမတ်စ်၏ တိုက်ခိုက်မှုနောက်ပိုင်း ကမ္ဘာတစ်ဝန်းတွင် အကြမ်းဖက်မှုများ ပြန်လည် မြင့်တက်လာသည်။ ISIS အဖွဲ့သည်လည်း ပြန်လည် အားကောင်းလာနေသဖြင့် ၂၀၂၆ တွင် အမေရိကန်နှင့် ၎င်း၏ မိတ်ဖက်များအနေဖြင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည် အရှိန်မြှင့်ရန် လိုအပ်နေပြီ ဖြစ်သည်။

၇။ AI – တော်လှန်ရေး

ဥာဏ်ရည်တု (Artificial Intelligence (AI) သည် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများ၏ ထိပ်ဆုံးသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ DeepSeek R1 ကဲ့သို့သော AI နည်းပညာများက အမေရိကန်ကို အံ့အားသင့်စေခဲ့သည်။ ၂၀၂၆ ခုနှစ်တွင် AI နည်းပညာ၏ လျင်မြန်သော တိုးတက်မှု၊ မူဝါဒဆိုင်ရာ အငြင်းပွားမှုများနှင့် ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုများ ပိုမို ပြင်းထန်လာမည် ဖြစ်သည်။ ဤအရာများသည် လာမည့်နှစ်များတွင် ကမ္ဘာ့နိုင်ငံရေးကို ပုံဖော်မည့် အရှိန်အဟုန်အပြင်းဆုံး အင်အားစုများ ဖြစ်လာပါလိမ့်မည်။

=================================================

From AI to Venezuela: Why 2026 is a hinge year for global powerဆောင်းပါးကို ဆောင်းပါးရှင် ဘရက် အိပ်ချ် မက်ဂါ့ခ် (Brett H. McGurk)က စမ်းစစ် ရေးသားခဲ့ပြီး  ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ထုတ် CNN သတင်းဌာနမှ ဖော်ပြချက် ဖြစ်ပြီး၊ ၂၀၂၆ ခုနှစ်သည် ကမ္ဘာ့အင်အားချိန်ခွင်လျှာအတွက် မည်မျှအရေးပါကြောင်း သုံးသပ်ထားခြင်း ဖြစ်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 30 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 40 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 57 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု