နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

စစ်ပွဲကျရောက်မည့် အန္တရာယ်ကြောင့် ၃ ရက် (၇၂ နာရီ) စာ ရိက္ခာများကို သိုလှောင်ထားရန် နိုင်ငံသားများအား ဥရောပသမဂ္ဂက တိုက်တွန်းထားသည်။

မတ်လ (၂၆) ရက်။

ဥရောပသမဂ္ဂ နိုင်ငံသားများသည် အကျပ်အတည်းဖြစ်ချိန်တွင် အနည်းဆုံး ၃ ရက် (၇၂ နာရီ) စာ လုံလောက်သော အစားအစာနှင့် အခြားလိုအပ်သော အထောက်အပံ့များကို သိုလှောင်ထားသင့်သည်ဟု EU ကော်မရှင်က ပြောကြားခဲ့သည်

ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သော လမ်းညွှန်ချက်အသစ်တွင်၊ ကော်မရှင်သည် ဥရောပအတွက် ၎င်း၏ သဘောထားကို ပြောင်းလဲရန် လိုအပ်ကြောင်း၊ “ပြင်ဆင်မှု” နှင့် “ကြံကြံခံနိုင်ရည်ရှိသော” အလေ့အထကို လေကျင့်ရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

စာမျက်နှာ ၁၈ မျက်နှာပါ စာတမ်းတွင် ဥရောပသည် ယူကရိန်းတွင် ရုရှား၏ အပြည့်အဝ လုံးလုံးလျားလျား စစ်ပွဲဆင်နွဲနေခြင်းနှင့် ပထဝီဝင်နိုင်ငံရေး တင်းမာမှုများ မြင့်တက်လာခြင်း၊ အရေးပါသော အခြေခံအဆောက်အအုံများ ဖျက်စီးခံရခြင်းနှင့် အီလက်ထရွန်နစ်စစ်ပွဲများကို ထင်ရှားသည့်အချက်များအဖြစ် ကိုးကားထောက်ပြထားပြီး အန္တရာယ်နှင့် မသေချာမရေရာမှုများနှင့် ကြုံတွေ့နေရသည်ဟု သတိပေးထားသည်။

ဘရပ်ဆဲလ် (Brussels) ဦးဆောင်ခေါ်ယူမှု ပဏာမခြေလှမ်းသည် အစုအဖွဲ့၏ လုံခြုံရေးအခြေအနေအား အလေးအနက်ထားမှုကို အဖွဲ့ဝင်နိုင်ငံများအတွက် နှိုးဆော်မှုတစ်ခုအဖြစ် လုပ်ဆောင်ပုံပေါ်သည်။

ရုရှား၏ အမြဲတစေ ခြိမ်းခြောက်မှုတစ်ခုကြောင့် ဥရောပခေါင်းဆောင်များက စစ်ပွဲပြင်ဆင်ရန် လိုအပ်ကြောင်း အလေးပေးဖော်ပြခဲ့သည်။ ထရန့်အစိုးရသည် ဥရောပအပေါ် ဆန့်ကျင်သည့် သဘောဆောင်လာသည့်အပေါ်၊ အထူးသဖြင့် ယူကရိန်းစစ်ပွဲအတွင်း နေတိုးအဖွဲ့အစည်းအပေါ် ရန်ပုံငွေ ထည့်ဝင်မှုနှင့်ပတ်သက်ပြီး မညီမျှကြောင်း ဝေဖန်ခဲ့ပြီးနောက် ဥရောပမှ မိမိတိုက်ကြီးကို မိမိတို့အင်အားဖြင့် ကာကွယ်ရန် ၎င်း၏ကိုယ်ပိုင်စစ်ရေးပြင်ဆင်မှုကို ဖြစ်စေခဲ့သည်။

ကော်မရှင်၏ ဥရောပကြိုတင်ပြင်ဆင်မှု သမဂ္ဂမဟာဗျူဟာဌာနက တိုက်ကြီးတစ်ဝှမ်းရှိ နိုင်ငံသားများသည် အရေးပေါ်အခြေအနေတွင် အဆင်သင့်ဖြစ်စေရန် လက်တွေ့ကျသော အစီအမံများကို ချမှတ်သင့်သည်ဟု ဆိုသည်။

ယင်းတွင် အနည်းဆုံးသုံးရက်ကြာအောင် လုံလောက်သော မရှိမဖြစ် လိုအပ်သော အထောက်အပံ့များ ထားရှိခြင်းလည်း ပါဝင်သည်။ “အလွန်အမင်း အနှောင့်အယှက်များ ကြုံရပါက၊ ကနဦးကာလသည် အစိုးရိမ်ရဆုံးဖြစ်သည်” ဟု ၎င်းကဆိုသည်။

ယေဘုယျအားဖြင့် အရပ်သားများကို မိမိကိုယ်ကို အားကိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်ရည်ရှိစေရန် အားပေးသင့်သည်ဟု စာတမ်းတွင် ဖော်ပြထားသည်။

ကော်မရှင်သည် ကျောင်းသင်ရိုးညွှန်းတမ်းတွင် “ကြိုတင်ပြင်ဆင်မှု” သင်ခန်းစာများကို မိတ်ဆက်သင်ကြားပေးရန် ကျောင်းသားများအား သတင်းမှားများနှင့် သတင်းများကို ခြယ်လှယ်ခြင်းတို့အား တိုက်ဖျက်ရန်အတွက် ကျွမ်းကျင်သော အရည်အချင်းများ ရရှိရန် သင်ကြားကြဖို့ကိုလည်း တောင်းဆိုထားသည်။

“ဖြစ်ရပ်မှန်သစ်များသည် ဥရောပတွင် ကြိုတင်ပြင်ဆင်မှု အဆင့်သစ်တစ်ခု လိုအပ်သည်” ဟု ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဇူလာဗွန်ဒါလီယန်က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြား ခဲ့သည်။ “ ကျွန်ုပ်တို့၏နိုင်ငံသားများ၊ ကျွန်ုပ်တို့၏အဖွဲ့ဝင်နိုင်ငံများနှင့် ကျွန်ုပ်တို့၏ စီးပွားရေး လုပ်ငန်းများသည် အကျပ်အတည်းများကို ကာကွယ်ရန်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ လျင်မြန်စွာ တုံ့ပြန်ရန် နှစ်ဖက်စလုံးအတွက် မှန်ကန်သောဆောင်ရွက်မှုများ လိုအပ်သည်” ဟု သူမကပြောခဲ့သည်။

နိုင်ငံတစ်ခုချင်းစီသည် ၎င်းတို့၏ အရေးပေါ်အခြေအနေ အစီအစဉ်များကို ခေတ်နှင့်အညီ မွမ်းမံပြင်ဆင်နေကြပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ဥရောပကော်မရှင်၏ လမ်းညွှန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သောနှစ် ဇွန်လတွင် ဂျာမနီသည် ဥရောပတိုက်တွင် ပဋိပက္ခများ ပေါ်ပေါက်လာပါက မည်သို့လုပ်ဆောင်ရမည်ကို လမ်းညွှန်ပေးသည့် ဘက်စုံကာကွယ်ရေးအတွက် ၎င်း၏မူဘောင်ညွှန်ကြားချက်ကို မွမ်းမံပြင်ဆင်ခဲ့သည်။ ထိုအချိန်တွင် အဆိုပါအစီအစဉ်များကို ထုတ်ဖော်ပြသရာတွင် ဂျာမနီပြည်ထဲရေးဝန်ကြီး နန်စီ ဖအီဆာ (Nancy Faeser) က ရုရှား၏ ရန်လိုမှုကို ရင်ဆိုင်ရာတွင် သူ့နိုင်ငံအတွက် ကိုယ်ပိုင် လက်နက်တပ်ဆင်ခြင်းသည် ပိုမိုကောင်းမွန်ပြီး နိုင်ငံအတွက် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 57 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN-
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 170 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 35 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 63 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 62 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 66 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ