နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိတ္ထီလာမှာ မြို့နယ်ထွေ/အုပ်စာရေးတစ်ဦး ပစ်ခတ်ခံရပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့

ဖေဖော်ဝါရီလ (၂၈)ရက်

မနေ့က နံနက် (၁၀)နာရီအချိန်က မိတ္ထီလာမြို့မှာ မြို့နယ်ထွေ/အုပ်စာရေးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဒီကနေ့မှာ ဖော်ပြထားချက်တွေအရ သိရပါတယ်။

“ သူက မိတ္ထီလာကို ရုံးတက်ဖို့ အိမ်ကနေ ဆိုင်ကယ်နဲ့ထွက်လာချိန် မိတ္ထီလာ-မြင်းခြံကားလမ်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတာပါ” လို့ စစ်လော်ဘီချန်နယ်တွေက ‌ဆိုပါတယ်။

ပစ်ခတ်ခံရသူဟာ အသက် (၆၁)နှစ်အရွယ်ရှိ မိတ္ထီလာမြို့နယ် ထွေ/အုပ်ဌာနက ဌာနခွဲ ရေချိုကျေးရွာနေသူ ဦးမြင့်အေးဆိုသူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သူဟာ နေအိမ်ကနေ ရုံးတက်ဖို့ ဆိုင်ကယ်နဲ့ တစ်ယောက်ထဲ ထွက်လာချိန် ရေချိုကျေးရွာအနီးရှိ မိတ္ထီလာ-မြင်းခြံကားလမ်း မိုင်တိုင်အမှတ်(၉/၄)နဲ့ (၉/၅)ကြားမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာပါ။

ပစ်ခတ်ခံရတဲ့ မြို့နယ်ထွေ/အုပ်ဌာနက ဌာနခွဲစာရေး ဦးမြင့်အေးဟာ သေနတ်ထိမှန်ဒဏ်ရာနဲ့ အခင်းဖြစ်ပွားတဲ့နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့လဲ စစ်လော်ဘီချန်နယ်တွေက ရေးသားထားပါတယ်။

အခုလို စစ်ကောင်စီလက်အောက်ခံ မြို့နယ်ထွေ/အုပ်စာရေး ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖားအံမြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေ

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 7 Views
မတ်လ (၁၆)ရက်။ မတ်လ (၁၁)ရက်နေ့က ဖားအံမြို့နယ်ထဲရှိ ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ KNU ရဲ့
မြန်မာသတင်း

ရွှေစာရံဘုရားပွဲလာတဲ့ ကားတစ်စီး တိမ်းမှောက်ကာ (၆)ဦးသေဆုံး

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 4 Views
မတ်လ (၁၆)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကျောက်ဆည်-အုန်းချော ခရိုင်ချင်းဆက်လမ်းမကြီးပေါ်ရှိ ရွှေစာရံမြစ်ကူးတံတားအနီးမှာ ကားတစ်စီး တိမ်းမှောက်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

စီးပွားရေးပိတ်ဆို့တာတွေကြောင့် ကုန်ထုတ်လုပ်မှုတိုးမြှင့်ပြီး ပို့ကုန်ကဏ္ဍမြှင့်တင်ဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 3 Views
မတ်လ (၁၆)ရက်။ အခုအခါ နိုင်ငံမှာ စီးပွားရေးအရ ပိတ်ဆို့တာတွေကြောင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုတွေကို တိုးမြှင့်ပြီး ပို့ကုန်ကဏ္ဍမြှင့်တင်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ရန်ကုန်ရှိ အေးရှာဝေါဆိပ်ကမ်းကို‌ ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အရင်က ဆိပ်ကမ်းဟာ
မြန်မာသတင်း

ကျွန်းစုမြို့မှာ စစ်ကောင်စီရေယာဉ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 21 Views
မတ်လ (၁၅)ရက်။ မတ်လ (၁၃)ရက်နေ့ ည(၇)နာရီအချိန်ခန့်က ကျွန်းစုမြို့န်ူ ဝန်တောင်ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေပါတဲ့ ရေယာဉ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကဖတပ်ဖွဲ့ဝင်တွေက ဝန်တောင်ဘက်ကို ခရီးထွက်လာတဲ့အချိန် မိုင်းတွေးရွာပျူစောထီးနဲ့
မြန်မာသတင်း

ရေးမြို့မှာ စစ်ကောင်စီတပ်ကြပ်ကြီးအပါအဝင် (၆)ဦး လက်နက်ခဲယမ်းတွေနဲ့ ရေးဘီလူးထံ အလင်းဝင်

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 8 Views
မတ်လ (၁၅)ရက်။ မနေ့က ရေးမြို့ရှိ စစ်ကောင်စီရဲ့ တပ်ကြက်ကြီးတစ်ဦးအပါအဝင် (၆)ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေးမြို့ စကခ(၁၉)တပ်မမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီးနဲ့ တပ်သား (၅)ဦး
မြန်မာသတင်း

တော်လှန်ရေးရဲဘော်တွေနေရာကို ပြည်သူယောင်ဆောင်ပြီး လာစုံစမ်းတဲ့ စစ်ကောင်စီတပ်ကြပ်ကြီး ပစ်ခတ်ခံရကာ သေဆုံး

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 21 Views
မတ်လ (၁၅)ရက်။ ဒီကနေ့ ကြို့ပင်ကောက်မြို့ရှိ ဥယျာဉ်ကြီးရွာအနီး တော်လှန်ရေးရဲဘော်တွေ ကင်းစောင့်နေတဲ့နေရာကို စစ်ကောင်စီရဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးက စုံစမ်းတာတွေပြုလုပ်ခဲ့တယ်လို့ Yoma GBK-PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဥယျာဉ်ကြီးရွာအနီးမှာ ကာကွယ်ရေးအဖွဲ့တွေ လုံခြုံရေးယူပြီး ကင်းစောင့်နေတဲ့နေရာကို
မြန်မာသတင်း

တလတာထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၄)မှုရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 16 Views
မတ်လ (၁၅)ရက်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၄)မှုရှိခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ အမျိုးအစားတွေဟာ အခြားချိုးဖောက်မှုတွေအနေနဲ့ (၁၃၇)မှုနဲ့ အများဆုံးဖြစ်ပြီး ပစ္စည်းတွေဖျက်ဆီးခံရတာ (၁၃၀)မှု၊
မြန်မာသတင်း

ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား (၃၇၅)ဦးကို စစ်ကောင်စီ ပြန်လွှဲပြောင်း

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 17 Views
မတ်လ (၁၅)ရက်။ မနေ့က နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး ကျားဖြန့်လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ တရုတ်နိုင်ငံသား (၃၇၅)ဦးကို ပြည်နှင်လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေကို မြန်မာ-ထိုင်း အမှတ်(၂)