The Economist အယ်ဒီတာအာဘော်
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
ဤသီတင်းပတ်၏ မျက်နှာဖုံး ဒီဇိုင်းနောက်ကွယ်မှ သဘောထား သတိပြုကြည့်ပါ။
၁၉၉၂ ခုနှစ်မှာ လူဆိုးဂိုဏ်းဇာတ်ကားဖြစ်တဲ့ “Reservoir Dogs”ကို ကြည့်ဖူးကြမယ်လို့ ထင်ပါတယ်။ ဒေါ်နယ်ထရန့်က အဲ့ဒီဇတ်ကားထဲကလို ဒုစရိုက်ဂိုဏ်းခေါင်းဆောင်အဖြစ် ခံယူထားပါတယ်။ သူ့နောက်မှာ ကမ္ဘာ့အာဏာအတွက် အစိုးရသစ်ကို မာဖီးယားဂိုဏ်းလို သူခိုင်းတဲ့အတိုင်း အဓိက လုပ်ဆောင်ပေးကြမယ့်သူအချို့ရှိပါတယ်။ အင်အားကြီးသူတွေကသာ မှန်တယ်ဆိုတဲ့ကမ္ဘာမှာ အင်အားကြီးသူတွေ တဦးနဲ့ တဦး အပေးအယူ လုပ်ကြပြီး အင်အားနည်းသူတွေကို အနိုင်ကျင့်ကြတဲ့ အယူအဆနဲ့ (မာဖီးယားခေါင်းဆောင်ရဲ့ ကမ္ဘာ့အာဏာစဥ်အသစ်) The Don’s new world order ကို ဖန်တီးခဲ့ပါတယ်။
နေတိုးဟာ မကြာမီ သေဆုံးသွားနိုင်ပြီး ကုလသမဂ္ဂမှာ ယူကရိန်းနဲ့ ဥရောပတို့ကို ဆန့်ကျင်ပြီး အမေရိကန်က ရုရှား၊ မြောက်ကိုရီးယားတို့နဲ့အတူ ရပ်တည်ကြောင်း သတိပေးလိုက်တဲ့ သီတင်းပတ်မှာ ပထဝီဝင်နိုင်ငံရေးကို လူဆိုးဂိုဏ်းပုံစံသစ်နဲ့ ချဉ်းကပ်မှုဟာ ဘယ်လိုဦးတည်ချက်ရှိတယ်ဆိုတာကို အလေးအနက်ထား လေ့လာဖို့ သတိပေးပြောကြားခဲ့ပါတယ်။
ထရန့်အဖွဲ့က သူတို့ရဲ့ ညှိနှိုင်းသဘောတူညီချက်ဟာ ငြိမ်းချမ်းရေးကို ယူဆောင်လာမှာဖြစ်ပြီး နှစ်၈၀ အကြာ နိုင်ငံရေးခရီးမှာ အမေရိကန်က သူ့ရဲ့စူပါပါဝါ အဆင့်အတန်းကို အသုံးချပြီး အကျိုးအမြတ် ရရှိနိုင်ဖို့ ပြောင်းလဲပစ်မယ်လို့ ပြောကြားထားပါတယ်။
ဒီလုပ်ဆောင်မှုကြောင့် ကမ္ဘာကြီးကို ပို၍ အန္တရာယ်များစေမှာဖြစ်ပြီး အမေရိကန်က ပိုမိုအားနည်းလာပြီး ပိုဆင်းရဲသွားစေမယ်လို့ ကျမတို့ရဲ့ ခေါင်းဆောင်က ဟောကိန်းထုတ်လိုက်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးသမားတွေက အမေရိကန်ဟာ သူ့ရဲ့သြဇာအာဏာနဲ့ ညှိနှိုင်းခြင်းနဲ့ သူလိုချင်တဲ့အရာကို ရနိုင်တယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် ထရန့်က ဆယ်စုနှစ်များစွာကြာ အနောက်နိုင်ငံတွေက အမေရိကန်ကို မှီခိုအားထားနေရမှုကို အသုံးချနေတာကြောင့် အမေရိကန်ရဲ့ သြဇာအာဏာဟာ လျင်မြန်စွာ ဆုတ်ယုတ်သွားမှာ ဖြစ်ပါတယ်။ ကွန်ဂရက်၊ ငွေကြေးဈေးကွက်တွေ ဒါမဟုတ် မဲဆန္ဒရှင်တွေက သူ့ကိုနောက်ကြောင်းပြန်လှည့်ဖို့ ဆွဲဆောင်နိုင်သေးတယ်။ ဒါပေမယ့် ကမ္ဘာကြီးက တရားမဲ့ခေတ်ကို စတင်ဖို့ ဖြစ်လာနေပြီ ဖြစ်ပါတယ်။
ဥရောပရှိ စာဖတ်သူတွေအတွက် ကျွန်မတို့ရဲ့ အခြားမျက်နှာဖုံးသတင်းဖော်ပြမှုမှာ မိဘမျိုးရိုးလိုက်တဲ့ ကြွယ်ဝမှုရဲ့ အရေးပါမှုကို ကြည့်ရှုလေ့လာခဲ့ပါတယ်။ အဲ့ဒီအချက်ဟာ ချမ်းသာတဲ့ကမ္ဘာတစ်ဝှမ်းမှာ မြင့်မားအရေးပါလာခဲ့ပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေကသူတွေဟာ အခုနှစ်မှာ GDP ရဲ့ ၁၀% ခန့် ရှိတဲ့ ဒေါ်လာ ၆ ထရီလီယံဝန်းကျင် အမွေဆက်ခံကြမှာ ဖြစ်ပါတယ်။ ဒီအမွေဆက်ခံရမှုဟာ ၂၀ ရာစုမှာ ရှိခဲ့တဲ့ စီးပွားရေးအရွယ်အစားနဲ့ နှိုင်းယှဉ်ပါက နှစ်ဆခန့် များပြားပါတယ်။
အဲဒါက ပြဿနာပါ။
လူငယ်တစ်ယောက်ဟာ သူ့အလုပ်အကိုင် အောင်မြင်မှုကြောင့် အိမ်တစ်လုံးဝယ်ပြီး သက်တောင့်သက်သာ နေထိုင်နိုင်မလားဆိုတဲ့ အခြေအနေကနေ အမွေရရင် ဘာအလုပ်မှမလုပ်ဘဲ အိမ်ဝယ်နိုင်ပြီး ချမ်းသာနိုင်တယ်ဆိုတဲ့ အဆုံးအဖြတ် ဖြစ်လာပါတယ်။ ဒီအပြောင်းအလဲဟာ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အကျိုးဆက်တွေကို သတိပေးချက်ပင် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဘာအရည်အသွေးထက်မြက်သူတွေကို ဦးစီးစေတယ်ဆိုတဲ့ အတွေးအခေါ်ကို ထိခိုက်စေရုံသာမက အရင်းရှင်စနစ်ကိုပါ ထိခိုက်စေတဲ့အတွက် ဖြစ်ပါတယ်။
စည်းစိမ်ဥစ္စာ ပိုချမ်းသာလာတာဟာ ရင်သွေးတွေအတွက် ပိုမိုများပြားစွာ အမွေတွေ ပေးနိုင်ပါတယ်။ အမွေကြောင့် ရရှိတဲ့ ချမ်းသာကြွယ်ဝမှုဟာ အလုပ်လုပ်ပြီး ဝင်ငွေရရှိသူတွေထက် မညီမျှတဲ့ပတ်ဝန်းကျင်အသစ်တစ်ခုကို မွေးဖွားပေးခဲ့ပါတယ်။
