နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကမ္ဘာလုံးဆိုင်ရာအာဏာအတွက် ဒေါ်နယ်ထရန့် မာဖီးယားလို ပြုမူဆောင်ရွက်

The Economist အယ်ဒီတာအာဘော်

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-

ဤသီတင်းပတ်၏ မျက်နှာဖုံး ဒီဇိုင်းနောက်ကွယ်မှ သဘောထား သတိပြုကြည့်ပါ။

၁၉၉၂ ခုနှစ်မှာ လူဆိုးဂိုဏ်းဇာတ်ကားဖြစ်တဲ့ “Reservoir Dogs”ကို ကြည့်ဖူးကြမယ်လို့ ထင်ပါတယ်။ ဒေါ်နယ်ထရန့်က အဲ့ဒီဇတ်ကားထဲကလို ဒုစရိုက်ဂိုဏ်းခေါင်းဆောင်အဖြစ် ခံယူထားပါတယ်။ သူ့နောက်မှာ ကမ္ဘာ့အာဏာအတွက် အစိုးရသစ်ကို မာဖီးယားဂိုဏ်းလို သူခိုင်းတဲ့အတိုင်း အဓိက လုပ်ဆောင်ပေးကြမယ့်သူအချို့ရှိပါတယ်။ အင်အားကြီးသူတွေကသာ မှန်တယ်ဆိုတဲ့ကမ္ဘာမှာ အင်အားကြီးသူတွေ တဦးနဲ့ တဦး အပေးအယူ လုပ်ကြပြီး အင်အားနည်းသူတွေကို အနိုင်ကျင့်ကြတဲ့ အယူအဆနဲ့ (မာဖီးယားခေါင်းဆောင်ရဲ့ ကမ္ဘာ့အာဏာစဥ်အသစ်) The Don’s new world order ကို ဖန်တီးခဲ့ပါတယ်။

နေတိုးဟာ မကြာမီ သေဆုံးသွားနိုင်ပြီး ကုလသမဂ္ဂမှာ ယူကရိန်းနဲ့ ဥရောပတို့ကို ဆန့်ကျင်ပြီး အမေရိကန်က ရုရှား၊ မြောက်ကိုရီးယားတို့နဲ့အတူ ရပ်တည်ကြောင်း သတိပေးလိုက်တဲ့ သီတင်းပတ်မှာ ပထဝီဝင်နိုင်ငံရေးကို လူဆိုးဂိုဏ်းပုံစံသစ်နဲ့ ချဉ်းကပ်မှုဟာ ဘယ်လိုဦးတည်ချက်ရှိတယ်ဆိုတာကို အလေးအနက်ထား လေ့လာဖို့ သတိပေးပြောကြားခဲ့ပါတယ်။

ထရန့်အဖွဲ့က သူတို့ရဲ့ ညှိနှိုင်းသဘောတူညီချက်ဟာ ငြိမ်းချမ်းရေးကို ယူဆောင်လာမှာဖြစ်ပြီး နှစ်၈၀ အကြာ နိုင်ငံရေးခရီးမှာ အမေရိကန်က သူ့ရဲ့စူပါပါဝါ အဆင့်အတန်းကို အသုံးချပြီး အကျိုးအမြတ် ရရှိနိုင်ဖို့ ပြောင်းလဲပစ်မယ်လို့ ပြောကြားထားပါတယ်။

ဒီလုပ်ဆောင်မှုကြောင့် ကမ္ဘာကြီးကို ပို၍ အန္တရာယ်များစေမှာဖြစ်ပြီး အမေရိကန်က ပိုမိုအားနည်းလာပြီး ပိုဆင်းရဲသွားစေမယ်လို့ ကျမတို့ရဲ့ ခေါင်းဆောင်က ဟောကိန်းထုတ်လိုက်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးသမားတွေက အမေရိကန်ဟာ သူ့ရဲ့သြဇာအာဏာနဲ့ ညှိနှိုင်းခြင်းနဲ့ သူလိုချင်တဲ့အရာကို ရနိုင်တယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် ထရန့်က ဆယ်စုနှစ်များစွာကြာ အနောက်နိုင်ငံတွေက အမေရိကန်ကို မှီခိုအားထားနေရမှုကို အသုံးချနေတာကြောင့် အမေရိကန်ရဲ့ သြဇာအာဏာဟာ လျင်မြန်စွာ ဆုတ်ယုတ်သွားမှာ ဖြစ်ပါတယ်။ ကွန်ဂရက်၊ ငွေကြေးဈေးကွက်တွေ ဒါမဟုတ် မဲဆန္ဒရှင်တွေက သူ့ကိုနောက်ကြောင်းပြန်လှည့်ဖို့ ဆွဲဆောင်နိုင်သေးတယ်။ ဒါပေမယ့် ကမ္ဘာကြီးက တရားမဲ့ခေတ်ကို စတင်ဖို့ ဖြစ်လာနေပြီ ဖြစ်ပါတယ်။

ဥရောပရှိ စာဖတ်သူတွေအတွက် ကျွန်မတို့ရဲ့ အခြားမျက်နှာဖုံးသတင်းဖော်ပြမှုမှာ မိဘမျိုးရိုးလိုက်တဲ့ ကြွယ်ဝမှုရဲ့ အရေးပါမှုကို ကြည့်ရှုလေ့လာခဲ့ပါတယ်။ အဲ့ဒီအချက်ဟာ ချမ်းသာတဲ့ကမ္ဘာတစ်ဝှမ်းမှာ မြင့်မားအရေးပါလာခဲ့ပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေကသူတွေဟာ အခုနှစ်မှာ GDP ရဲ့ ၁၀% ခန့် ရှိတဲ့ ဒေါ်လာ ၆ ထရီလီယံဝန်းကျင် အမွေဆက်ခံကြမှာ ဖြစ်ပါတယ်။ ဒီအမွေဆက်ခံရမှုဟာ ၂၀ ရာစုမှာ ရှိခဲ့တဲ့ စီးပွားရေးအရွယ်အစားနဲ့ နှိုင်းယှဉ်ပါက နှစ်ဆခန့် များပြားပါတယ်။

အဲဒါက ပြဿနာပါ။

လူငယ်တစ်ယောက်ဟာ သူ့အလုပ်အကိုင် အောင်မြင်မှုကြောင့် အိမ်တစ်လုံးဝယ်ပြီး သက်တောင့်သက်သာ နေထိုင်နိုင်မလားဆိုတဲ့ အခြေအနေကနေ အမွေရရင် ဘာအလုပ်မှမလုပ်ဘဲ အိမ်ဝယ်နိုင်ပြီး ချမ်းသာနိုင်တယ်ဆိုတဲ့ အဆုံးအဖြတ် ဖြစ်လာပါတယ်။ ဒီအပြောင်းအလဲဟာ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အကျိုးဆက်တွေကို သတိပေးချက်ပင် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဘာအရည်အသွေးထက်မြက်သူတွေကို ဦးစီးစေတယ်ဆိုတဲ့ အတွေးအခေါ်ကို ထိခိုက်စေရုံသာမက အရင်းရှင်စနစ်ကိုပါ ထိခိုက်စေတဲ့အတွက် ဖြစ်ပါတယ်။

စည်းစိမ်ဥစ္စာ ပိုချမ်းသာလာတာဟာ ရင်သွေးတွေအတွက် ပိုမိုများပြားစွာ အမွေတွေ ပေးနိုင်ပါတယ်။ အမွေကြောင့် ရရှိတဲ့ ချမ်းသာကြွယ်ဝမှုဟာ အလုပ်လုပ်ပြီး ဝင်ငွေရရှိသူတွေထက် မညီမျှတဲ့ပတ်ဝန်းကျင်အသစ်တစ်ခုကို မွေးဖွားပေးခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန်

ဇီလန်းစကီးက ထရန့်အား ‘ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးပါ’ ဟု တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 10 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ကိယက်ဗ် — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးသည် တနင်္လာနေ့တွင်
တရုတ် နိုင်ငံတကာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြသည့် ဆောင်းပါးရှင် John Liu ရေးသားသည့်တရုတ်နည်းပညာတိုးတက်လာမှုဆောင်းပါး။

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 10 Views
၂၀၂၆ခုနှစ် ဧပြီလ ၁၃ရက် တရုတ်နိုင်ငံသည် နည်းပညာကဏ္ဍတွင် အမေရိကန်ကို အမီလိုက်ရန် ရည်ရွယ်နေခြင်းမဟုတ် ဦးဆောင်ရန် ရည်မှန်းထားခြင်းသာဖြစ်သည်။ ဟောင်ကောင် —
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ပိတ်ဆို့ထားနှင့်ပြီးဖြစ်သော ရေလက်ကြားကို ထရန့်က အဘယ်ကြောင့် ပြန်လည်ပိတ်ဆို့မည်ဟု ခြိမ်းခြောက်နေသနည်း

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 12 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်နေသည်။ ၎င်းသည် အီရန်အနေဖြင့် မည်သည့်စည်းကမ်းချက်မျှမပါဘဲ ချက်ချင်းပြန်ဖွင့်ပေးရမည်ဟု သူကိုယ်တိုင် ထပ်တလဲလဲ ပြောဆိုထားသည့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပေါ်တော့မည် ဖြစ်သည်။ လူထုစစ်တမ်းများအရ အတိုက်အခံ
အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ ဖြစ်ပေါ်လာစေမည့် “ ကမ္ဘာပျက်ကိန်း” သတိပေးချက်ကို ရင်ဆိုင်ရန် သမ္မတ ဒေါ်နယ်ထရမ့်က သတ်မှတ်ထားသည့်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ တိုက်ပွဲများအပြီးတွင် အီရန်နှင့် အမေရိကန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည့် သတင်းအပေါ် အရှေ့အလယ်ပိုင်းနိုင်ငံများက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 54 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက