နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်စစ်မှုထမ်းဟောင်းတဦးကခရစ်ယန်ဘုရားကျောင်းကိုတိုက်ခိုက်ပြီးမီးရှို့ဖျက်စီးခဲ့

CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၈ရက်

ယနေ့ မနက် ဂရင်းဘဲလန့်(Grand Blanc) မြို့နယ်ရှိ The Church of Jesus Christ of Latter-day Saints ဘုရားကျောင်းသို့ ကားဖြင့် ဝင်တိုက်ပြီး နောက် ဘုရားကျောင်းအတွင်းရှိ ကိုးကွယ်ယုံကြည်သူများကို ပစ်ခတ်ကာ အဆောက်အဦးကိုမီးရှို့ ၍မီးလောင်ကျွမ်း ပြာကျသွားစေခဲ့သည့် အကြမ်းဖက်မှုတွင် အနည်းဆုံးလူ ၄ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့သည်။
ပစ်ခတ်သူကို ရဲများပစ်သတ်ပြီး အကြောင်းရင်းကို မူမသိရသေးပေ။ အဆိုပါဖြစ်စဉ်ကို ဖက်ဒရယ်အရာရှိများက အထူးအကြမ်းဖက်မှုအဖြစ် စုံစမ်းနေသည်။

သေဆုံးသူများ – ရဲများအဆိုအရ အနည်းဆုံး ၄ ဦး သေဆုံးပြီး ထိုထဲတွင် ၂ ဦးမှာ သေနတ်ဒဏ်ဖြင့် သေဆုံးသူများဖြစ်သည်။ CNN ကို သတင်းပေးသည့် အရင်းအမြစ်တစ်ဦး အဆိုအရ ကလေးများအပါအဝင် လူ ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ခရစ်ယာန် ကျောင်းဆောင် ခန်းမ အတွင်းတွင် ထပ်မံ သေဆုံးသူတွေကို တွေ့ရှိနိုင်ဘွယ်ရှိကြောင်း အာဏာပိုင်များကဆိုသည်။

သေနတ်သမား – Grand Blanc မြို့နယ်ရဲချုပ် ဝီလီယံရန်ရေး(William Renye)၏ အဆိုအရ အသက် ၄၀ရှိသူဘာတန်( Burton) မြို့သားကို ပစ်ခတ်သူအဖြစ် ခန့်မှတ်ထားသည်။ ၎င်းက တိုက်ပွဲအသုံးပြုရိုင်ဖယ်သေနတ်ကို အသုံးပြုပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနောက်ဆုံးတွင် ရဲက သူ့အား ပစ်သတ်ခဲ့သည်။ “ဒီလိုလုပ်သူကို ကျွန်တော်တို့ လက်ရှိ ထိန်းချုပ်ထားလိုက်နိုင်ပြီလို့ယုံကြည်ကြောင်း” ဟု ရန်ရေး(Renye) က ပြောသည်။

စုံစမ်းမှု – FBI သည် ယခုအမှုကို ဦးဆောင်စုံစမ်းနေပြီး “ပစ်မှတ်ထားလုပ်ဆောင်သည့် အကြမ်းဖက်မှု” အဖြစ်သတ်မှတ်ထားကြောင်းဒက်ထရွိုက် အထူးမြေပြင် အက်ဖ်ဘီအိုင် ထောက်လှန်းရေး ဦးဆောင်သူ ရူဘင်ကိုလ်မန် ဆိုသည်။ ဤအမှုကို ဖက်ဒရယ်ဥပဒေ ချိုးဖောက်မှု အဖြစ်ဖြစ်နိုင်ကြောင်း ခန့်မှန်းရသည်။

မီးလောင်မှု – အဖွဲ့ဝင်များအဆိုအရ သံသယရှိသူက ဘုရားကျောင်းကို တမင်တကာ မီးရှို့ခဲ့ကြောင်းနှင့် မီးတောက်လောင်ရောက်စေမည့် အဆီဖျော်ပစ္စည်းကို အသုံးပြုကာ မီးလောင်စေခဲ့သည်။ ထို့အပြင် ဖောက်ခွဲရေးပစ္စည်း အချို့ကိုလည်း တွေ့ရှိခဲ့ကြသည်။
ရှာဖွေမှု ဆက်လက်ဆောင်ရွက်နေဆဲ – ပစ်ခတ်သူ၏ နေရပ်အိမ်တွင် ရဲက ရှာဖွေမှု လုပ်ဆောင်နေပြီး ၎င်း၏ ဒီဂျစ်တယ်မီဒီယာများတွင် ဘာ,ကြောင့်ထို ကဲ့သို့လုပ်ဆောင် ခဲ့သည်ဆိုသည့် အဖြေကိုရရှိရန်အတွက် ဝရမ်း (warrant) ထုတ်ပေးရန် ကြိုးပမ်းနေကြသည်။

မိချီဂန် ချပ်ဘုရားကျောင်းတိုက်ခိုက်သူ

မိချီဂန် ချပ်ဘုရားကျောင်းတိုက်ခိုက်မှုတွင် သံသယရှိသူ တော်မတ်စ် ဂျေကော့စန်ဖို့ဒ် (Thomas Jacob Sanford) အကြောင်း ဘာတွေသိနိုင်သလဲ
စန်ဖို့ဒ်အကြောင်း
• စန်ဖို့ဒ်သည် အီရတ် စစ်ပွဲ တွင်ပါဝင်တိုက်ခိုက်ခဲ့သည့်စစ်မှုထမ်းဟောင်း တယောက် ဖြစ်ပြီး အပြင်ဘက် အားကစားနှင့် သဘာဝအပေါ် စိတ်ဝင်စားသူလည်း ဖြစ်ကြောင်း စစ်အရာရှိမှတ်တမ်းများနှင့် လူမှုမီဒီယာ ပို့စ်များမှ သိရသည်။
• မိချီဂန် ပြည်နယ် ဘာတန်မြို့သား၊ အသက် ၄၀ နှစ်အရွယ် စန်ဖို့ဒ်သည် The Church of Jesus Christ of Latter-day Saints ဂရန်းဘလန့် မြို့နယ်ရှိ ဘုရားကျောင်းကို ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး မီးရှို့ခဲ့ခြင်းကြောင့် လူ ၂ ဦး သေဆုံးကာ အနည်းဆုံး ၈ ဦး ထိခိုက်ဒဏ်ရာရ ခဲ့ကြောင်း တပ်ဖွဲ့က ထုတ်ပြန်သည်။
• ထို့အပြင် စန်ဖို့ဒ်က ဘုရားကျောင်းကို မီးတောင်မီးလောင်စေခဲ့ပြီး နောက်ပိုင်း ရဲများနှင့် ရင်ဆိုင်ပစ်ခတ်မှုများ ဖြစ်ပွားစဉ်တွင် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
• အစိုးရမှ ဘာကြောင့်ထိုသို့ဖြစ်ရသည့်အကြောင်းရင်းကို တိကျစွာ မထုတ်ဖော်နိုင်သေးပါ။
________________________________________
စစ်ဝန်ထမ်းအတွေ့အကြုံ
• မရင်း တပ်ဖွဲ့ တာဝန်ရှိသူက CNN သို့ ပြောကြားရာတွင် စန်ဖို့ဒ်သည် ၂၀၀၄ မှ ၂၀၀၈ အထိ စစ်ထမ်းခဲ့ပြီး ဆာဂျင့် (sergeant) အဆင့်အဖြစ် တာဝန်ထမ်းဆောင်ကာ ဆုချီးမြှင့်ခံရမှုများ အများအပြားရရှိခဲ့သည်ဟု ဆိုသည်။
• ၂၀၀၇ ခုနှစ် နွေရာသီတွင် အီရတ်လွတ်မြောက်ရေးစစ်ဆင်ရေး(Operation Iraqi Freedom) အတွင်း အီရတ်တွင် တာဝန်ထမ်းခဲ့သည်။
• စန်ဖို့ဒ်သည် ၂၀၀၄ ခုနှစ် Goodrich အထက်တန်းကျောင်းတွင် တက်ရောက်ပြီး ဂုဏ်ယူရသည့် စစ်ထွက်ကျောင်းသားအဖြစ် အမည်စာရင်းထဲ ပါဝင်ခဲ့သည်။
• ၂၀၀၇ ခုနှစ် သတင်းတစ်ပုဒ်တွင်၊ သူသည် ဂျပန်တွင် တပ်ချထားသည့် အမေရိကန်မရိန်း တပ်ဖွဲ့နှင့် အတူ တာဝန်ထမ်းပြီးနောက် အီရတ်သို့ ထပ်မံ ပို့ဆောင်ရန် စီစဉ်နေကြောင်း ဖော်ပြထားသည်။

မိသားစုနှင့် သားအကြောင်း
• လူမှုမီဒီယာတွင် ဆက်စပ်အကောင့်များအရ စန်ဖို့ဒ်သည် အိမ်ထောင်သည် ဖြစ်ပြီး သားတစ်ဦး ရှိသည်။ သားဖြစ်သူမှာ မွေးဖွားစဥ်ရှားပါးသော မျိုးဗီဇချို့ယွင်းမှု ရှိနေခဲ့သည်။
• ၂၀၁၅ ခုနှစ် GoFundMe စာမျက်နှာ အရ သူ၏သားအတွက် ဆေးကုသမှုဆိုင်ရာ ကုန်ကျစရိတ် အကူအညီလိုအပ်ကြောင်း ဖော်ပြခဲ့ပြီးအကူအညီတောင်းခံခဲ့သည်။
• သားလေးသည် congenital hyperinsulinism ဟုခေါ်သည့် ဒြပ်တူမရှိသော မျိုးစပ်ဂျင်အနည်းငယ်ပျက်ကွက်မှုကြောင့် ဖွားမြင်ချိန်တွင် ခွဲစိတ်ကုသမှုများနှင့် အရှည်ကြာ ဆေးရုံစောင့်ကြည့်မှု လိုအပ်ခဲ့သည်။
• ထိုကျန်းမာရေးပြဿနာကြောင့် မိသားစုအပေါ် ငွေကြေးဆိုင်ရာ ဖိအားကြီးမားမှု ဖြစ်ပေါ်ခဲ့ပြီး Coca-Cola အတွက် လုပ်ကိုင်နေသော စန်ဖို့ဒ်သည် သားအနားတွင် နေထိုင်ပြုစုပေးရန်အတွက် ယာဉ်မောင်းအလုပ် မှ အနားယူ ခဲ့ကြောင်း သတင်းထုတ်ဖော်ခဲ့သည်။
• စန်ဖို့ဒ်က သတင်းတစ်ခုကိုမှီငြမ်း၍ရေးသားခဲ့ရာတွင် —
“ကျန်းမာသောကလေးတွေ ရှိတာကို ဘယ်တော့မှ ငါတို့ရသင့်လို့ရတာဘဲလို့မတွေးပါနဲ့။ ကျွန်တော်တို့ သားအပေါ် ဂုဏ်ယူပါတယ်။ မရင်းတပ်ဖွဲ့မှာ နှစ်လေး တာဝန်ထမ်းပြီး အီရတ်မှာလည်း တာဝန်ထမ်းဆောင်ခဲ့တယ်၊ ဒါပေမယ့် အခုလို ကိစ္စကတော့ အနက်ရှိုင်းဆုံး ကိုင်တွယ်ရမဲ့အတွေ့အကြုံ ဖြစ်ပါတယ်” ဟု ရေးထားသည်။
စန်ဖို့ဒ်အမေ၏ဖေ့ဘွတ် ပို့စ်တွင် စန်ဖို့ဒ်သည် အမဲလိုက်သမားတယောက်ဖြစ်ပြီး သူရရှိသည့် သမင်တကောင်နှင့် ဓါတ်ပုံတွဲရိုက်ထားသည့်ပုံကိုဖော်ပြထားသည်။

ပုံ (၁)- မီးလောင်ပြကျသွားသည့်ဘုရားကျောင်း

ပုံ(၂) ပူဆွေးဝမ်းနည်းနေသူများ

ပုံ (၃) ပစ်ခတ်သတ်ဖြတ်သူ စန်ဖို့ဒ်အမဲလိုက်ရရှိထားသည့် သမင်နှင့်အတူအမှတ်တရဓါတ်ပုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု