နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းလူမျိုး အော်စကာဆုရှင် ဟမ်ဒမ် ဘဲလ်လာကို အစ္စရေးစစ်သားတွေက ရိုက်နှက်

အော်စကာဆုရှင် ဟမ်ဒမ် ဘဲလ်လာ (Hamdan Ballal) က သူ့ကို ထိန်းသိမ်းထားစဉ် အစ္စရေးစစ်သားတွေက သူ့ကို ရိုက်နှက်ခဲ့သည်ဟု ပြောခဲ့သည်။

အစ္စရေးအခြေချနေထိုင်သူတစ်ဦးသည် ၎င်း၏ရွာကို တိုက်ခိုက်စဉ် ၎င်း၏ဦးခေါင်းအား “ဘောလုံးကဲ့သို့” ကန်ခဲ့ကြောင်း ဘဲလ်လာ (Ballal) က ပြောကြားခဲ့သည်။

လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်က အစ္စရေး၏သိမ်းပိုက်မှုကို ဆန့်ကျင်သည့် ၎င်း၏ အနောက်ဘက်ကမ်းကျေးရွာကို သရုပ်ဖော်ထားသည့် မှတ်တမ်းရုပ်ရှင် “No Other Land” ဇာတ်ကားအတွက် ဒါရိုက်တာတဦးဖြစ်သူ ဟမ်ဒမ် ဘဲလ်လာသည် လော့စ်အိန်ဂျလိစ်မြို့ အော်စကာဆုပေးပွဲတွင် အော်စကာဆုကို စင်မြင့်ပေါ်တွင် လက်ခံရရှိခဲ့သည်။

အင်္ဂါနေ့တွင်၊ ဟမ်ဒမ် ဘဲလ်လာ၏မျက်နှာသည် ပွန်းပဲ့နေပြီးအဝတ်အစားများတွင် သွေးများ စွန်းထင် နေသည်။ မနေ့ညကသူ့အား အစ္စရေးအခြေချနေထိုင်သူများနှင့် စစ်သားများ၏ ပြင်းထန်စွာ ရိုက်နှက်ခံရပုံကို အေပီသတင်းဌာနသို့ ပြန်ပြောပြခဲ့သည်။ အခြေချနေထိုင်သူများသည် ၎င်း၏ရွာကို တိုက်ခိုက်စဉ်တွင် ၎င်း၏ ဦးခေါင်းကို “ဘောလုံးကဲ့သို့” ကန်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် စစ်သားများက ၎င်းနှင့် အခြားပါလက်စတိုင်းနှစ်ဦးကို ဖမ်းဆီးထိမ်းသိမ်းခဲ့သည်။ ဆူညံနေသော လေအေးပေးစက်အောက်တွင် ကြမ်းပြင်ပေါ်တွင် ထိုင်ကာ နာရီ ၂၀ ကျော်ကြာအောင် မျက်လုံးကိုအဝတ်နှင့်စည်းထားခံခဲ့သည်ဟု ဘဲလ်လာမှပြောကြားခဲ့သည်။ စစ်သားတွေက အစောင့်တွေ လဲတိုင်း တုတ်နဲ့ ရိုက်တယ်” ဟု ၎င်းက ပြောသည်။ ဘဲလ်လာသည် ဟီဘရူးစကားမပြောတတ်သော်လည်း သူ၏အမည်နှင့် အော်စကာဟူသော စကားလုံးကို သူက ကြားလိုက်သည်ဟု ဆိုသည်။

“သူတို့က ငါ့ကို ပစ်မှတ်ထားပြီးသတ်သတ်မှတ် တိုက်ခိုက်နေတာကို ငါနားလည်ခဲ့တယ်” ဟု အင်္ဂါနေ့က လွတ်မြောက်လာပြီးနောက် အနောက်ဖက်ကမ်း (West Bank) ဆေးရုံတွင် အင်တာဗျူးတစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။ သူတို့က” အော်စကာ” လို့ ပြောရင် ကျွန်တော့်ကို ပြောနေတယ်ဆိုတာ ခင်ဗျား နားလည်ပါတယ်။ သူတို့က ခင်ဗျား နာမည်ကိုပြောရင် ခင်ဗျားအကြောင်းပြောနေတယ်ဆိုတာ ခင်ဗျား နားလည်ပါတယ်။”

ဘဲလ်လာကို အစ္စရေးစစ်သားများ၏ ရိုက်နှက်ခြင်း ခံရသည့်အပေါ် အစ္စရေးစစ်တပ်က ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။ ယခင်က ဘဲလ်လာကို ခြိမ်းခြောက်ခဲ့သည့် ထိုနေရာတွင် လာရောက်အခြေချနေထိုင်သူ ရှမ်တာ့ဗ် လပ်စကီ (Shem Tov Luski) သည် ၎င်းကို တိုက်ခိုက်ခဲ့သူဟု ဘဲလ်လာက ဖော်ထုတ်ခဲ့သည်။ ထိုသူ သို့မဟုတ် စစ်သားများက သူ့ကို ရိုက်နှက်ခြင်း မရှိကြောင်း ငြင်းဆိုကာ ဘဲလ်လာနှင့် ရွာရှိ အခြားပါလက်စတိုင်းသားများက သူ့ကားကို ခဲနှင့်ပေါက်ခဲ့ကြောင်း အေပီသတင်းဌာနကို ​​ပြောကြားခဲ့သည်။ ဘဲလ်လာသည် “ အော်စကာဆုရှင်မှန်း မသိခဲ့ဘူး” ဟု ဆိုသည်။

ကျောက်ခဲများဖြင့် ပစ်ပေါက်သည်ဟု သံသယရှိသော ပါလက်စတိုင်း ၃ ဦးနှင့် အစ္စရေး အရပ်သားတစ်ဦးတို့ကို ဖမ်းဆီးထားပြီး မကြာမီ ပြန်လွှတ်ပေးခဲ့ကြောင်း အစ္စရေးစစ်တပ်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ကျောက်ခဲနဲ့ ပေါက်သည်ဆိုသည်ကို ဘဲလ်လာက ငြင်းဆိုထားသည်။

ငါသေတော့မယ်

တိုက်ခိုက်မှုသည် တနင်္လာနေ့ညက အနောက်ဘက်ကမ်းရှိ ဆူစီယာ (Susiya) ရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် “No Other Land” တွင် ဖော်ပြထားသော မာဆာဖာ ရပ်တာ(Masafer Yatta) ဒေသ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပါလက်စတိုင်း ဒေသခံများက အခြေချနေထိုင်သူများ၏ တိုက်ခိုက်မှုများကို ကာကွယ်ရန်နှင့် ၎င်းတို့၏ နေအိမ်များကို စစ်တပ်မှ ဖြိုချရန် အစီအစဉ်များကိုဆန့်ကျင်တားဆီးနေမှုကို ဇာတ်ကားတွင် ဖော်ထားသည်။

နေဝင်ချိန်ဝန်းကျင်တွင် နေထိုင်သူများသည် ၎င်းတို့၏ တနေ့တာ ဥပုသ်လကို ကုန်ဆုံးနေချိန်တွင် ရဲများနှင့်အတူ ဂျူးအခြေချနေထိုင်သူ နှစ်ဒါဇင်ခန့်သည် ရွာထဲသို့ ဝင်ရောက်ကာ နေအိမ်များကို ခဲနှင့်ပစ်ပေါက်ကာ ပစ္စည်းများကို ဖြိုခွင်းခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။ သိပ်မကြာခင်မှာပဲ စစ်သား ၃၀ လောက် ရောက်လာသည်။ ရွာသားများကို ထောက်ခံအားပေးသည့် တက်ကြွလှုပ်ရှားသူအုပ်စုမှ ဂျူးအစ္စရေးလူမျိုးများကိုပင် တိုက်ခိုက်ခြင်းခံရသည်ကို ဗီဒီယိုဖိုင်တွင်တွေ့မြင်ခဲ့ရပြီး ဂျူးအခြေချနေထိုင်သူများသည် ရွာသားများကို ထောက်ခံအားပေးသည့် ဂျူးလူ့အခွင့်ရေးသမားတက်ကြွသူတို့၏ကားကို တုတ်၊ ကျောက်ခဲများဖြင့် ရိုက်ကြသည်။

အခြေချနေထိုင်သူများကြောင့် ပျက်စီးဆုံးရှုံးမှုအချို့ကို ရိုက်ကူးခဲ့သည်ဟု ဘဲလ်လာက ပြောသည်။ ထို့နောက် သူ့အိမ်သို့သွားကာ ဇနီးဖြစ်သူနှင့် ကလေးသုံးဦးတို့နှင့်အတူ အိမ်တံခါးကို သော့ခတ်ထားခဲ့သည်။

“သူတို့က ငါ့ကိုတိုက်ခိုက်ရင် ငါ့ကိုသတ်ရင် ငါ့မိသားစုကို ငါကာကွယ်မယ်” ဟု ပြောခဲ့သည်။

စစ်သားနှစ်ယောက်နှင့် လပ်စကီးတို့ သူ့အနီးသို့ ချဉ်းကပ်လာသည်ဟု ဘဲလ်လာက ပြောပါသည်။ လပ်စကီးက သူ၏ဦးခေါင်းကို ရိုက်လိုက်သည့်အခါ သူမြေပြင်သို့ လဲကျသွားပြီးနောက် သူ့ခေါင်းကို ဆက်တိုက် ကန်ကျောက် ထုရိုက်သည်။ တစ်ချိန်တည်းမှာပင် စစ်သားတစ်ဦးမှ သူ၏ခြေထောက်များကို သေနတ်ဒင်ဖြင့် ထုခဲ့ပြီး ကျန်တစ်ဦးမှာ သူ့ကို လက်နက်နှင့် ချိန်ရွယ်ခဲ့သည်ဟု ဘဲလ်လာက ပြောခဲ့သည်။

ဒါရိုက်တာဘဲလ်လာ၏ဇနီး လာမီရာ ဘဲလ်လာ (Lamia Ballal) က သူမသည် ၎င်းတို့၏ကလေးများကို အိမ်ထဲမှာ ပွေ့ပိုက်ထားပြီး သူမယောက်ျားက “ သေတော့မယ်” ဟု အော်သံကို ကြားရတယ်ဟု ဆိုသည်။

လပ်စကီးက ထိုရွာတွင် ဂျူးအခြေချနေထိုင်သူတဦးအား ပါလက်စတိုင်းများက ကျောက်ခဲများ ဖြင့် ပစ်ပေါက်ခံရသည်ဟု ပြောဆိုသည့်သူတစ်ဦးအား ကူညီရန် သူနှင့် အခြားအခြေချနေထိုင်သူများ ရွာသို့ ရောက်ရှိလာခဲ့ကြောင်း လပ်စကီးက အေပီကို ပြောကြားခဲ့သည်။ ဘဲလ်လာအပါအဝင် မျက်နှာဖုံးစွပ် ပါလက်စတိုင်းသား ဒါဇင်ပေါင်းများစွာက သူ့ကားကို ကျောက်ခဲတွေနှင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုခဲ့သည်။ “သူက ကျွန်တော့်ပြတင်းပေါက်ကို ရိုက်ချိုးပြီး ကျွန်တော့်ရင်ဘတ်ကို ကျောက်ခဲနဲ့ ပစ်ပေါက်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။

စစ်သားများ ရောက်လာချိန်မှာတော့ သူ့ကို တိုက်ခိုက်သူတွေထဲက တစ်ယောက်ကို ပြသဖို့ ဘဲလ်လာ၏အိမ်ကို ခေါ်သွားခဲ့တာသာ ဖြစ်ပြီး သူက ဘဲလ်လာကို ဝင်တိုက်ခိုက်ခြင်းနှင့် ရွာတွင် အခြေချနေထိုင်သူများက တိုက်ခိုက်ခြင်း မရှိခဲ့ဟု ငြင်းဆိုခဲ့သည်။

လပ်စကီးက ညက အဖြစ်အပျက်တွေကို ဗီဒီယိုရိုက်ထားသည်ဟု ပြောခဲ့သော်လည်း AP ကို ​​ပြဖို့ တောင်းဆိုသည့်အခါ သူက အပိုစကားများနှင့်သာ တုံ့ပြန်ခဲ့ပါသည်။

အင်္ဂါနေ့က ဘဲလ်လာ၏အိမ်အပြင်ဘက်တွင် သွေးအနည်းငယ် စွန်းထင်းသည်ကို မြင်တွေ့ရပြီး မိသားစုကား၏ ပြတင်းပေါက်များ ကွဲအက်နေခဲ့သည်။ အိမ်နီးနားချင်းတွေက အနီးနားက ရေကန်ကို ညွှန်ပြပြီး အခြေချနေထိုင်သူများက ထိုးကြိတ်ခဲ့ကြသည်ဟု ပြောခဲ့ကြသည်။

ထိန်းသိမ်းခံနေရခြင်း။

ဘဲလ်လာနှင့်အတူ ထိန်းသိမ်းခံထားရသည့် အခြားပါလက်စတိုင်းနှစ်ဦးကို ကိုယ်စားပြုသည့် ရှေ့နေ Lea Tsemel က ၎င်းတို့သည် တိုက်ခိုက်မှုကြောင့် ၎င်းတို့၏ ဒဏ်ရာများအတွက် အနည်းငယ်မျှသာ ဂရုစိုက်မှု ရရှိခဲ့ပြီး စစ်တပ်အခြေစိုက်စခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။ အဖမ်းခံရပြီး နာရီအတော်ကြာသည်အထိ သူတို့ဆီသို့ သွားခွင့်မရခဲ့ဘူးဟု သူမက ပြောပါသည်။

ဘဲလ်လာက သူ့ကိုဘယ်မှာ ချုပ်နှောင်ထားတယ်ဆိုတာ မသိခဲ့ရသလို ဘာမှ မမြင်ရဘဲ လေအေးပေးစက်အောက်မှာ မျက်လုံးကို ပိတ်စီးထားခံရပြီး နာရီများစွာကြာအောင် နေခဲ့ရပြီး “ အေးစက်တုန်ခိုက်နေတယ်” ဟု ပြောပါသည်။

၎င်းတို့ ၃ ဦးအား ကာရပ် အာဘာ (Kiryat Arba) ၏ အနောက်ဘက်ကမ်းတွင် အခြေချနေထိုင်သည့် အစ္စရေး ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီးနောက် အင်္ဂါနေ့မွန်းလွဲပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

“ကျွန်တော့တစ်ကိုယ်လုံး နာကျင်နေတယ်” ဟု အနီးနားရှိ ပါလက်စတိုင်းမြို့ ဟေဘရွန်မြို့ရှိ ဆေးရုံတစ်ခုသို့ ထော့နဲ့ထော့နဲ့ လမ်းလျှောက်ရင်း လွတ်မြောက်လာပြီးနောက် ချက်ချင်းပင် AP သတင်းကို ပြောကြားခဲ့သည်။

ဘဲလ်လာသည် ၎င်း၏ ခန္ဓာကိုယ်အနှံ့ ပွန်းပဲ့ဒဏ်ရာများ၊ မျက်လုံးအောက် ပွန်းပဲ့ဒဏ်ရာများနှင့် မေးစေ့တွင် ပြတ်ရှဒဏ်ရာများ ရရှိထားသော်လည်း အတွင်းဒဏ်ရာ မရှိကြောင်း ဆေးရုံမှ ဆရာဝန်များက ပြောသည်။ ဖမ်းဆီးခံထားရသော ပါလက်စတိုင်းသားနှစ်ဦးမှာလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။

အခြေချနေထိုင်သူများနှင့် ထိပ်တိုက်တွေ့ခြင်း။

ဩဂုတ်လမှ ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေသည့် ဗီဒီယိုတစ်ခုတွင် လပ်စကီးနှင့် အခြားမျက်နှာဖုံးစွပ်ထားသည့် အခြေချနေထိုင်သူ အများအပြားသည် ဘဲလ်လာနှင့် ငြင်းခုံကြသည်ကို မြင်တွေ့ရသည်။ လပ်စကီးက သူ့ကို ဆဲဆိုကြိမ်းမောင်းပြီး ရန်ဖြစ်ရန် ကြိုးပမ်းသည်။

“ဒါက ငါ့မြေပါ၊ ဘုရားသခင်က ပေးထားတာ” ဟု လပ်စကီးက ဆိုသည်။ “နောက်တစ်ခါ ဆိုရင်တော့သိပ်ကြည့်ကောင်းမှာ မဟုတ်ဘူး” ဟု သူက ဆိုပြီး ဘဲလ်လာအား နာမည်ဆိုးဖြင့် ကျော်ကြားသော စစ်အကျဉ်းထောင် စဒီတိုင်မန် (Sde Teiman) သို့ ပို့မည်ဟု ချိမ်းခြောက်ခဲ့သည်။ ဂါဇာတွင် ထိန်းသိမ်း ခံထားရသော ပါလက်စတိုင်းများကို ထားသည့် နာမည်ဆိုးဖြင့် ကျော်ကြားသော ထိုစဒီတိုင်မန်ထောင်တွင် စစ်သားငါးဦးက အကျဉ်းသားတစ်ဦးကို ဓားထောက် အဓမ္မပြုကျင့်မှုဖြင့် စွဲချက်တင်ခံ ထားရသည်။

ဟီဘရူးဘာသာဖြင့် “ပိုမိုမြင့်မားသောအကြောင်းအရာတွက် မုဒိမ်းကျင့်ခြင်း”ဟု သူက ဟီးဘရူးလိုပြောပြီးနောက် ဘဲလ်လာကို ထိုးလိုက်သည်။

အစ္စရေး-နှင့် ပါလက်စတိုင်းသားတို့ ပူးပေါင်းထုတ်လုပ်သည့် “No Other Land” ရုပ်ရှင်သည် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း အစ္စရေးစစ်တပ်က အာရပ်ဗဒူအင်အများစုနေသည့်သည့် မာဆာဖာရပ်တာ(Masafer Yatta) ဒေသကို တိုက်ရိုက်ပစ်ခတ်လေ့ကျင့်ရေးဇုန်အဖြစ် သတ်မှတ်ကာ မာဆာဖာရပ်တာ(Masafer Yatta) ရှိ နေထိုင်သူများကိုမောင်းထုတ်ခဲ့သည့် အကြောင်းကို မှတ်တမ်းပြုစုထားသည်။

နေထိုင်သူ ၁၀၀၀ ခန့်မှာ အများစု ကျန်ရှိနေသော်လည်း စစ်သားများသည် နေအိမ်များ၊ ရွက်ဖျင်တဲများ၊ ရေကန်များနှင့် သံလွင်ပင်ဥယျာဉ်ခြံများကို ဖြိုချရန် ပုံမှန်လာရောက် ကြသည်။

ဂျူးအခြေချနေထိုင်သူများသည် ထိုဒေသတဝိုက်တွင် ကင်းစခန်းများ တည်ဆောက် ထူထောင်ပြီး တစ်ခါတစ်ရံ ပါလက်စတိုင်းတို့၏ ပိုင်ဆိုင်မှုများကို ဖျက်ဆီးကြသည်။ ပါလက်စတိုင်းများနှင့် လူ့အခွင့်အရေးအဖွဲ့များက အစ္စရေးတပ်ဖွဲ့များသည် ဂျူးအခြေချနေထိုင်သူများ၏ရန်စကျူးကျော်တိုက်ခိုက်မှုများကို များသောအားဖြင့် မသိချင်ရောင်ဆောင်နေခြင်း သို့မဟုတ် ဂျူးအခြေချနေထိုင်သူများကိုယ်စား ဝင်ရောက် စွက်ဖက်လေ့ရှိသည်ဟု ဆိုသည်။

အဆိုပါဇာတ်ကားသည် အစ္စရေးနှင့် ပြည်ပတွင် ဒေါသထွက်စေခဲ့ပြီးနောက် မီယာမီ ကမ်းခြေတွင်ထိုဇတ်ကားကို ပြသသည့် ရုပ်ရှင်ရုံကို ငှားရမ်းမှုကို အဆုံးသတ်ပိတ်ပင်ခဲ့သည်။

ရုပ်ရှင်၏ တွဲဖက်ဒါရိုက်တာများနှင့် ထင်ရှားသော ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် ဘာဆယ် အက်ဒရာ (Basel Adra) က အော်စကာဆုရကတည်းက အခြေချနေထိုင်သူများနှင့် အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုမှာ ကြီးမားစွာ မြင့်တက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

“ ကျွန်ုပ်တို့အားလုံး ဂါဇာနဲ့ အနောက်ဖက်ကမ်းရဲ့ မှောင်မိုက်တဲ့နေ့များမှာ နေထိုင်နေကြရတယ်” ဟု ၎င်းက ဆိုသည်။ “ဒါကို ဘယ်သူကမှ မတားဘူး။”

၁၉၆၇ အရှေ့အလယ်ပိုင်းစစ်ပွဲတွင် ဂါဇာကမ်းမြှောင်နှင့် အရှေ့ဂျေရုဆလင်တို့နှင့်အတူ အစ္စရေးက အနောက်ဘက်ကမ်းကို သိမ်းပိုက်ခဲ့သည်။ ပါလက်စတိုင်းသားတို့သည် ထိုဒေသသုံးခုစလုံးကို ၎င်းတို့၏ အနာဂတ်နိုင်ငံတော်အတွက် လိုလားကြသည်။

အစ္စရေးသည် အခြေချနေထိုင်မှု ၁၀၀ ကျော်ကို ကောင်းစွာတည်ဆောက်ထားပြီး အစ္စရေးနိုင်ငံသားဖြစ်ခွင့်ရှိသည့် အခြေချနေထိုင်သူ ၅၀၀,၀၀၀ ကျော် နေထိုင်သည်။ နိုင်ငံတကာ အသိုက်အဝန်းအများစုသည် အခြေချနေထိုင်မှုများကို တရားမဝင်ဟု ယူဆကြသည်။

အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း ၃ သန်းသည် အစ္စရေး စစ်အုပ်ချုပ်ရေးအောက်တွင် နေထိုင်ကြသည်။

ဂါဇာကမ်းမြောင်ဒေသစစ်ပွဲကြောင့် အစ္စရေးစစ်တပ်သည် ပါလက်စတိုင်း ရာနှင့်ချီ သေဆုံးစေခဲ့ပြီး ကျယ်ပြန့်သောစစ်ဆင်ရေးများဖြင့် အနောက်ဘက်ကမ်းတွင် သောင်းနှင့်ချီသော ပါလက်စတိုင်းဒုက္ခသည်ရွေ့ပြောင်းနေထိုင်သူများ မြင့်တက်လာခဲ့သည်။ ဂျူးအခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုတွေနှင့်အတူ ပါလက်စတိုင်းများ၏ အစ္စရေးတွေအပေါ် တိုက်ခိုက်မှုတွေကလည်း တိုးလာနေပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံရန် ကြံစည်မှုများ၊ အရှုပ်တော်ပုံများနှင့် လေးနှစ်တာစစ်ပွဲကြား ဗိုလိုဒီမာ ဇလန်းစကီး အထိနာခဲ့သော်လည်း အလဲမထိုးနိုင်သေးပုံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 13 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက် ကိယက်ဗ်မြို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတင့်ကားများ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်၌ ဗိုလိုဒီမာ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

တီဟီရန်တွင် ဆန္ဒပြပွဲသစ်များ ပြန်လည်ဖြစ်ပွား၊ အီရန်က အဘယ်ကြောင့် ‘အရှုံးမပေး’ သေးသည်ကို ထရမ့် သိလိုစိတ်ပြင်းပြနေဟု ဝစ်ကော့ဖ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် အီရန်မြို့တော် တီဟီရန်ရှိ တက္ကသိုလ်များတွင် ဆန္ဒပြပွဲများ ဒုတိယမြောက်နေ့အဖြစ်
နိုင်ငံတကာသတင်း မက္ကဆီကို လက်တင်အမေရိက

မက္ကဆီကိုကမူးယစ်ရာဇာ “အယ်မန်ချို”ကို သူ့ချစ်သူ၏ယုံကြည်ရသူနှင့် အမေရိကန် ထောက်လှန်ရေးအကူအညီပူးပေါင်းပြီးဘယ်လိုထောက်လှမ်းသုတ်သင်နိုင်ခဲ့သလဲ?

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 10 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံ၏ အလိုရှိဆုံး ဂိုဏ်းခေါင်းဆောင် နေမီစီယို အယ်မန်ချို အိုစီဂွေရာ ဆာဗားန်တေးစ်ကို တနင်္ဂနွေနေ့က အန္တရာယ်ကြီးမားသော စစ်ဆင်ရေးတစ်ခုအတွင်း အသေဖမ်းဆီးနိုင်ခဲ့ရာ၊
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းတွင် မှားယွင်းသော တွက်ချက်မှုတစ်ခုကြောင့် ရုရှားသည် လေးနှစ်ကြာသည့်တိုင် အဖိုးအခပေးဆပ်နေရဆဲဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အစောပိုင်းနာရီများတွင် ကိယက်ဗ် (Kyiv) မြို့ရှိ ဟိုတယ်တစ်ခု၏ အေးစိမ့်နေသော ခေါင်မိုးပေါ်၌ ကျွန်တော်ရပ်နေစဉ်၊
နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏ ဒုတိယမြောက် သက်တမ်း အတွင်း အပြင်းထန်ဆုံးသော ပယ်ချမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ သမ္မတကိုယ်တိုင် ခန့်အပ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 53 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း