နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်ရဲ့သမတမဲဆွယ်စည်းရုံးစဥ်ကပေးခဲ့သောကတိ (၉) ခု ရက် ၁၀၀ သက်တမ်းအတွင်း ဘယ်လောက် အောင်မြင်ခဲ့သလဲ။

ဒါကတော့ သူ့ရဲ့ အဓိက မဲဆွယ်စည်းရုံးရေးကတိ ၁၄ ခုမှာ ထရန့်လုပ်ခဲ့တာတွေပါ။

NBC သတင်းသည် ထရန့်၏ကတိဂဝတ်များ မည်မျှအထိ ဖြည့်ဆည်းနိုင်သည်ကို လေ့လာခဲ့သည်။

————————-

ကတိပြုချက်။ သမတမဖြစ်မီ ၁ ရက် သို့မဟုတ် ထိုရက်မတိုင်မီ ယူကရိန်းတွင် စစ်ပွဲကို အဆုံးသတ်မည်။

၎င်း၏ ၇၂၁ ရက်ကြာ မဲဆွယ်စည်းရုံးမှုအတွင်း၊ ထရန့်သည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် တစိုက်မတ်မတ် ကတိပြုခဲ့သည်။ ၂၄ နာရီအတွင်း အပြီးသတ်မယ်ဟု ပြောဆိုခဲ့သည်။

“ ကျွန်တော် ဘဲဥပုံရုံးခန်း (Oval Office) ကို မရောက်လာခင်မှာဘဲ သမ္မတရာထူးရပြီး မကြာခင်မှာပဲ ရုရှားနဲ့ ယူကရိန်းကြား ဆိုးရွားတဲ့စစ်ပွဲကို ပြေငြိမ်းစေမှာပါ” ဟု ၂၀၂၃ ခုနှစ် မတ်လတွင် တက္ကဆက်ပြည်နယ် ဝါကို (Waco) တွင် စုဝေးရောက်ရှိနေသော လူစုလူဝေးအား ပြောကြားခဲ့သည်။

ဩဂုတ်လက ရေတပ် ဆီးလ်စစ်သည်ဟောင်းတဦးဖြစ်သူ ရှောင်းရိုင်ယန် (Navy SEAL Shawn Ryan) ၏ podcast နှင့်အင်တာဗျူးတွင် ၎င်းက “ ကျွန်တော်သမ္မတဖြစ်တဲ့အချိန်မှာ ဒီစစ်ပွဲကို ပြီးပြတ်အောင် လုပ်မှာပါ၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ သမတရာထူးမယူခင်မှာ ဒီစစ်ပွဲကို ဖြေရှင်းပေးပါ့မယ်” ဟု ပြောကြားခဲ့သည်။

ကတိအခြေအနေ။ မအောင်မြင်ပါ။

————————–

ကတိပြုချက်။ နယ်စပ်ကို ပိတ်မည်။

လူဝင်မှုကြီးကြပ်ရေးသည် သူ၏မဲဆွယ်စည်းရုံးမှုများတွင် ထရန့်၏ထိပ်တန်း အရေးတကြီးကိုင်တွယ်မည့် ပြဿနာများထဲမှ တစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ်သမတ ပြိုင်ပွဲတစ်လျှောက်တွင် တရားမဝင် လူဝင်မှုကြီးကြပ်ရေးနှင့် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ကို လျှော့ချရန် ရည်ရွယ်သည့် အစပျိုးမှု အမျိုးမျိုးကို ချမှတ်ခဲ့သည်။ သို့ရာတွင် အဓိကအားဖြင့်တော့ သူ၏အစီအစဉ်သည် အထူးသဖြင့် မက္ကဆီကိုနဲ့ တောင်ပိုင်းနယ်စပ်ကို ပိတ်ခြင်းနဲ့ စတင်ခဲ့သည်။

ထရန့် သည် စီးပွားရေးအပါအဝင် အခြားအကြောင်းအရာများထက် လူဝင်မှုကြီးကြပ်ရေး အပေါ် အာရုံစိုက်သည့် ပွဲများကို ပိုမိုကျင်းပခဲ့သည်။ အောက်တိုဘာ ၁၁ ရက်က ကော်လိုရာဒိုတွင် ပြုလုပ်သည့် လူထုစည်းဝေးပွဲ၌ သူက “ နယ်စပ်ကို ပိတ်မယ်။ ကျွန်တော်တို့ နိုင်ငံထဲကို တရားမဝင် ကျူးကျော်ဝင်ရောက်မှုကို ရပ်တန့်မယ်။ နယ်မြေကို ကာကွယ်မယ်။ သိမ်းပိုက်မှာ မဟုတ်ဘူး။ ငါတို့ရဲ့ အချုပ်အခြာအာဏာကို ပြန်ထူထောင်မယ်” ဟု ကတိပြုခဲ့သည်။

ကတိအခြေအနေ- ထိန်းသိမ်းထားနိုင်သည်။

—————————–

ကတိပြုချက်။ အမေရိကန်သမိုင်းတွင် အကြီးမားဆုံး အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးခြင်း စစ်ဆင်ရေးကို လုပ်ဆောင်မည်။

အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးခြင်းသည် ထရန့် ၏ ၂၀၂၄ မဲဆွယ်စည်းရုံးရေး၏ အုတ်မြစ်ဖြစ်ပြီး၊ ထိုကဲ့သို့သော လုပ်ဆောင်ချက်ကို မည်ကဲ့သို့ အကောင်အထည်ဖော်မည် သို့မဟုတ် အခကြေးငွေပေးမည်ကိုမူ တိတိကျကျ မဖော်ပြထားသော်လည်း “ ဒန်ဗာ (Denver) မြို့ အပါအဝင် ကျွန်တော်တို့ နိုင်ငံရှိ သန့်ရှင်းရာဌာနေမြို့တွေအားလုံးကို တားမြစ်ဖို့ ကွန်ဂရက်လွှတ်တော်ကို ပေးပို့ထားတဲ့ ဥပဒေမူကြမ်းကို ပေးပို့မှာဖြစ်ပြီး ကျွန်တော်တို့ဟာ အမေရိကန်သမိုင်းမှာ အကြီးမားဆုံး နေရပ်ပြန်ပို့တဲ့လုပ်ငန်းကို စတင်တော့မှာဖြစ်တယ်” ဟု ကော်လိုရာဒို၌ အောက်တိုဘာလတွင် ပြုလုပ်သည့် လူထုစည်းဝေးပွဲ၌ ၎င်းက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလို အောက်တိုဘာ ၂၇ ရက်တွင် ထရမ့်က နယူးယောက်မြို့၌ ပြုလုပ်သည့် လူထုစည်းဝေးပွဲ၌ “ပထမနေ့မှာ ရာဇ၀တ်ကောင်တွေကို ဖယ်ရှားဖို့ အမေရိကန်သမိုင်းမှာ အကြီးမားဆုံး ပြည်နှင်ဒဏ်ပေးရေး အစီအစဉ်ကို ကျွန်တော် စတင်လုပ်ဆောင်မှာဖြစ်တယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

ကတိအခြေအနေ။ ပြန်ပို့နိုင်ရန် တရားရုံးတွင် ဖြေရှင်းနေရဆဲဖြစ်သည်။

————————————

ကတိပြုချက်။ မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို အဆုံးသတ်မည်။

၂၀၂၃ ခုနှစ်တွင် ထရန့်သည် မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို အဆုံးသတ်ရန်နှင့် “ နိုင်ငံတွင်းသို့အလည်ရာရောက်၍ ကလေးမွေးဖွားပြီး နိုင်ငံသားခံယူသည့်လုပ်ငန်း ” ဟု ခေါ်သည့်အရာကို တားမြစ်ရန် အဆိုပြုသည့် ဗီဒီယိုကို ထုတ်ခဲ့သည်။

“ကျွန်တော့်ရဲ့ သက်တမ်းသစ်တစ်ခုဖြစ်တဲ့ နေ့မှာ၊ ဥပဒေရဲ့ မှန်ကန်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှု အောက်မှာ ဖက်ဒရယ်အေဂျင်စီတွေအတွက် သမတအမိန့်ကို ရှင်းရှင်းလင်းလင်း လက်မှတ်ရေးထိုးမယ်” ဟု ၎င်းက ကတိပေးခဲ့သည်။

ကတိအခြေအနေ- တရားရုံးနှင့် အခြေအတင် လျှောက်လဲနေဆဲဖြစ်သည်။

———————————–

ကတိပြုချက်။ အခွန်စည်းကြပ်မှုများ စည်းကြပ်ပြီး စီးပွားရေးတိုးတက်စေခြင်း။

ထရန့်သည် “ အကောက်ခွန်” သည် လှပသောစကားလုံးဖြစ်သည်ဟု ထင်သည်။ မဲဆွယ်ကာလမှာ သူက ထိုအချက်ကို ထပ်ခါထပ်ခါ ပြောခဲ့သည်။

“အကောက်ခွန်” ဟူသော စကားလုံးကို မှန်ကန်စွာ သုံးထားခြင်းမှာ ကျွန်တော်ကြားဖူးသမျှ အလှပဆုံး စကားလုံးတွေထဲက တစ်ခု ဖြစ်ပါတယ်။ အဲ့ဒါဟာ ကျွန်တော့်နားထဲမှာတော့ ဂီတဖြစ်ပါတယ်” ဟု ဂျော်ဂျီယာပြည်နယ်၊ ဆာဗားနား (Savannah) တွင် စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သည့် လူထုစည်းဝေးပွဲ၌ ၎င်းက ပြောကြားခဲ့သည်။

အခွန်စည်းကြပ်ခြင်းသည် အမေရိကန်၏ ကုန်ထုတ်လုပ်မှုနှင့် အလုပ်အကိုင်များ ဖန်တီးပေးဆောင်လာစေရန် အထောက်အကူဖြစ်စေကြောင်း မဲဆန္ဒရှင်များအား စည်းရုံးရန် ၎င်း၏ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ဆာဗားနားတွင် မိန့်ခွန်းပြောစဉ်တွင် ၎င်းက “အခွန်စည်းကြပ်ခြင်းက ငွေကြေးဖောင်းပွမှုကို ဖြစ်စေ မှာမဟုတ်” ဟု မကြာခဏ ထည့်သွင်းပြောကြားခဲ့သည်။ ထရန့်သည် ၎င်း၏အကောက်ခွန် အစီအစဉ်၏ အသေးစိတ်အချက်အလက်များကို မကြာခဏဆိုသလို မက္ကဆီကိုမှ မော်တော်ယာဉ် အားလုံးအပေါ် ၁၀၀% စည်းကြပ်ခွန်စည်းကြပ်ရန် ကတိပေးကာ အခြားအချိန်များတွင်လည်း နယ်စပ်တစ်လျှောက် စည်းကြပ်ခွန် ၁၀% မှ ၂၀% အထိ အဆိုပြုခဲ့သည်။

ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ယော့ခ်မြို့တွင် သြဂုတ် ၁၉ ရက်က ပြုလုပ်သော မိန့်ခွန်းတွင် နိုင်ငံခြားသွင်းကုန်များအပေါ် အခွန်စည်းကြပ်ခြင်းသည် “အလုပ်လုပ်ကိုင်သော မိသားစုများအတွက် ကြီးမားသောအခွန်ဖြတ်တောက်မှုကို ခွင့်ပြုပေးမည်ဖြစ်ပြီး၊ အမေရိကန် အလုပ်အကိုင်ပေါင်း ၃ သန်းကျော်ကို ဖန်တီးပေးပြီး အိမ်ထောင်စုဝင်ငွေ ၆ ရာခိုင်နှုန်း တိုးစေမည်” ဟု အခိုင်အမာ ပြောကြားခဲ့သည်။

ဂတိအခြေအနေ။ တိတိကျကျမရှိ ရောနှောနေသည်။

—————————–

ကတိပြုချက်။ ငွေကြေးဖောင်းပွမှုကို အဆုံးသတ်ပြီး ကုန်စျေးနှုန်းများကို သက်သာစေမည်။

စင်မြင့်၏တစ်ဖက်တစ်ချက်ရှိ ကုန်စုံဆိုင်များရှိနေပြီးအခြားတစ်ဖက်တစ်ချက်စီတွင် ထရန့်သည် မဲဆွယ်စည်းရုံးရေးမီဒီယာအဖွဲ့နှင့် ထောက်ခံသူအုပ်စုငယ်များကို သြဂုတ်လတွင် နယူးဂျာစီရှိ ၎င်း၏ကလပ်သို့ ဆင့်ခေါ်ခဲ့ပြီး “ ကျွန်တော်အနိုင်ရရင် သမတဖြစ်တဲ့ပထမနေ့ကစပြီး ကျွန်တော်က စျေးကို ချက်ချင်းချပေးမယ်” ဟု ဆိုခဲ့သည်။

ရက်အနည်းငယ်အကြာတွင်၊ ပင်ဆယ်ဗေးနီးယားပြည်နယ် ယော့ခ် (Pennsylvania၊ York) မြို့ ၌ ထရန့်က “ ကျွန်တော် သမတအာဏာရလာတာနဲ့ ငွေကြေးဖောင်းပွမှုကို အမြန်ဆုံးအနိုင်ယူပြီး အမေရိကန်တွေကို နောက်တဖန် သင့်မြတ်တဲ့တန်ဖိုးနဲ့ ဝယ်ယူနိုင်စေဖို့ လုပ်ဆောင်ပေးမယ်” ဟုလူထုစုဝေးပွဲကြီးကိုပြောကြားခဲ့သည်။

အထူးသဖြင့် မဲဆွယ်ပွဲ ပြီးဆုံးခါနီးမှာ မဲဆန္ဒရှင်အများစုက စီးပွားရေးနှင့် ကုန်ဈေးနှုန်းများက သူတို့၏အဓိက ပူပန်မှုဟု ပြောခဲ့ကြသည်။

ဂတိအခြေအနေ။ ရောနှောရှုပ်ထွေးနေသည်။

—————————————–

ကတိပြုချက်။ အစိုးရစွမ်းဆောင်ရည်ကို ပိုထိရောက်အောင်မြှင့်တင်မည်။

စက်တင်ဘာလတွင် နယူးယောက် စီးပွားရေးကလပ်အသင်း (Economic Club) တွင် မိန့်ခွန်းပြောကြားရာတွင် ထရန့်သည် ဘီလျံနာနည်းပညာအမှုဆောင် အီလွန်မာ့ခ်မှ ပထမဆုံးသော စိတ်ကူးတစ်ခုဖြစ်သည့် အစိုးရ၏ စွမ်းဆောင်ရည် ထိရောက်မှု ကော်မရှင်တစ်ရပ်ကို ဖန်တီးမည်ဟု ကြေညာခဲ့သည်။ “ ဖက်ဒရယ်အစိုးရတစ်ခုလုံးရဲ့ ဘဏ္ဍာရေးနဲ့ စွမ်းဆောင်ရည်ကို ပြီးပြည့်စုံတဲ့ စာရင်းစစ်တာတွေကို ပြုလုပ်ဖို့နဲ့ ပြင်းထန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် အကြံပြုချက်တွေ ပြုလုပ်မှာ ဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။

“ လုပ်ငန်းရဲ့ ပထမအစီအစဥ်အနေနဲ့ ဒီကော်မရှင်ဟာ ခြောက်လအတွင်း လိမ်လည်မှုနဲ့ မလျော်ကန်တဲ့ ငွေပေးထောက်ပံ့မှုတွေကို လုံးဝဖယ်ရှားပစ်ဖို့ ဒီကော်မရှင်က အစီအစဥ်ကို လုပ်ဆောင်အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်။ ဒါကြောင့် ဒေါ်လာထရီလျံပေါင်းများစွာကို သက်သာစေမှာ ဖြစ်တယ်။” ဟု ဆိုခဲ့သည်။

ဂတိအခြေအနေ။ မအောင်မြင်ပါ။

————————-

ကတိပြုချက်။ လိင်ပြောင်းအားကစားသမားများအား အမျိုးသမီးများ အားကစားတွင် တားမြစ်ခြင်း လုပ်ဆောင်မည်။

သူ၏မဲဆွယ်စည်းရုံးရေးတွင် ထရန့်သည် “ ယောက်ျားများကို အမျိုးသမီး အားကစားမှ ရှောင်ကြဉ်ရမည်” ဟုကြေညာလိုက်တိုင်း ၎င်းသည် သူအများဆုံးရရှိသည့်လက်ခုပ်သံများ ဖြစ်သည်။

ဂတိအခြေအနေ။ ပေးထားသည့်အတိုင်းလုပ်ဆောင်နိုင်သည်။

——————–

ကတိပြုချက်။ ပညာရေးဝန်ကြီးဌာနကို ဖယ်ရှားမည်။

“ပြည်နယ်များသို့ ပညာရေးကို ပြန်လည်ပေးအပ်ခြင်း” နှင့် မိဘများကို ပိုမိုထိန်းချုပ်ခွင့်ပေးခြင်းသည် ထရန့်၏ မဲဆွယ်စည်းရုံးရေးလမ်းကြောင်းတွင် မကြာခဏဆိုသလို ထပ်ခါထပ်ခါပြောကြားနေသော မူဝါဒတစ်ခုဖြစ်သည်။

“ ပညာရေးဝန်ကြီးဌာနကိုပိတ်ပြီး ပညာရေးကို ဥပဒေနဲ့အညီ ပြည်နယ်တွေဆီ ပြန်ပြောင်းမယ်။ မိဘတွေက သူတို့ရဲ့ကလေးတွေရဲ့ဘဝကို အပြည့်အဝထိန်းချုပ်စေမယ်” ဟု ဖလော်ရီဒါပြည်နယ် West Palm Beach တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ပြုလုပ်သည့် Turning Point Action ထိပ်သီးအစည်းအဝေးတွင် ထရန့်က ပြောကြားခဲ့သည်။

ကတိအခြေအနေ။ မအောင်မြင်ပါ။

——————————————

ကတိပေးချက်။ IVF ကုသမှုအတွက်အစိုးရမှအကုန်အကျခံရန်

ထရန့်သည် IVF ကုသမှုများအတွက် အစိုးရက တာဝန်ယူ ပေးဆောင်သွားမည် ဖြစ်ကြောင်း သြဂုတ်လတွင် NBC သတင်းကိုပြောကြားခဲ့သည်။

“ ကျွန်တော်ရဲ့အစိုးရအုပ်ချုပ်မှုအောက်မှာ ကျွန်တော်တို့ဟာ အဲ့ဒီကုသမှုအတွက် ပေးဆောင်ရလိမ့်မယ်” ဟု သူက ထပ်လောင်းပြောကြားခဲ့ပြီး “ အာမခံကုမ္ပဏီကို ပေးဆောင်ဖို့ ကျွန်တော်တို့က လုပ်ပိုင်ခွင့်ပေးမယ်” ဟု ဆိုခဲ့သည်။

မည်ကဲ့သို့မူဝါဒကို အကောင်အထည်ဖော်မည် သို့မဟုတ် မည်ကဲ့သို့ ပေးဆောင်ရမည်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ၎င်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

ကတိအခြေအနေ။ ဂျူရီလူကြီးများနှင့်ဆွေး‌နွေးအဖြေထုတ်နေဆဲဖြစ်သည်။

——————————————

ကတိပြုချက်။ ဇန်နဝါရီ ၆ရက် အကြမ်းဖက်သမားများကို လွတ်ငြိမ်းခွင့်ပေးမည်။

ဇန်န၀ါရီလ ၆ ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော သူ့အားထောက်ခံခဲ့သည့် အကြမ်းဖက်သမားများကို ထရန့်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် ပထမဆုံးအရိပ်အယောင်မှာ ၂၀၂၃ ခုနှစ်၊ မတ်လတွင်ဖြစ်သည်။

“The Star-Spangled Banner” နိုင်ငံတော်သီချင်းဗားရှင်းကို တီးခတ်ခဲ့သည့် တက္ကဆက်ပြည်နယ်ဝါကိုလ် (Waco၊ Texas) တွင် တရားစီရင်ခြင်းကိုစောင့်ဆိုင်းအမှုရင်ဆိုင်နေစဥ် ဇန်န၀ါရီလ ၆ရက် တရားခံများအဖွဲ့က တက်ရောက်ခဲ့သည့် စုဝေးပွဲ၌ ပါဝင်ခဲ့ပြီး သူသမတဖြစ်သည့်အချိန်တွင် ထိုသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ကတိပြုခဲ့သည်။

ကတိအခြေအနေ။ ကတိတည်ခဲ့သည်။

——————

ကတိပြုချက်။ DEI (မတူကွဲပြားမှု၊ သာတူညီမျှဖြစ်မှု၊ ပါဝင်နိုင်မှု) ကို အစိုးရတွင် အဆုံးသတ်မည်။

အစောပိုင်း မဲဆွယ်ပွဲ ဗီဒီယိုတစ်ခုတွင် ထရန့်က ဘိုင်ဒင်သည် “ ဤလူမျိုးရေးဝါဒနှင့် ဤကွန်မြူနစ်ဝါဒနှင့် မာ့က်စ်ဝါဒကို ထောက်ခံအားပေးရန် အစိုးရအာဏာ၏ ကိရိယာအားလုံးကို လက်နက်အဖြစ်အသုံးချနေသည်” ဟုဆိုခဲ့သည်။

“ ဒီလို ခွဲခြားဆက်ဆံမှုဟာ လုံးဝတရားမ၀င်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသိရအောင် တရားရေးဌာနကို ကျွန်တော် ညွှန်ကြားမှာပါ” ဟု ၎င်းက ထပ်လောင်းပြောကြားပြီး “ ဘိုင်ဒင်အစိုးရရဲ့ ဥပဒေမဲ့ လွှမ်းမိုးချုပ်ကိုင်မှုနှင့် ခွဲခြားဆက်ဆံမှုနှင့် အရပ်ဘက်အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထရန့် သည် မတူကွဲပြားမှု၊ သာတူညီမျှမှုနှင့် ပါဝင်မှုအစပြုမှုများကို ချေမှုန်းခဲ့ပြီး အစိုးရတွင် ဆက်စပ်အလုပ်ခန့်သည့်အလေ့အကျင့်များနှင့် အစိုးရထဲတွင် လေ့ကျင့်ပေးမှုများကို အဆုံးသတ်မည်ဟု ကတိပြုခဲ့သည်။

ကတိအခြေအနေ။ ကတိတည်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 55 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 50 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 78 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 56 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး