နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်မှမိုင် ၂၅၀အကွာအဝေးတွင်အမေရိကန်က Reaperဒရုန်းအသစ်ကိုချထားလိုက်ခြင်း

CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၉ရက်

ဆိုးလ်၊ တောင်ကိုရီးယား- အမေရိကန်လေတပ်သည် ကိုးရီးယားကျွန်းဆွယ်ပေါ်တွင် အမြဲတမ်း ဒရုန်း တပ်ဖွဲ့ကို ထားရှိရန်လုပ်ဆောင်နေပြီး၊ ဒေသရှိ စစ်ရေးတင်းမာမှုများအကြား အန္တရာယ်ကာကွယ်ရေးကို တိုးမြှင့်ရန် ဒုတိယကမ္ဘာစစ်ကာလ ဦးဆောင်ခဲ့သည့် စစ်ဌာနတစ်ခုကို ပြန်လည် တည်ထောင် ထားသည်။

တနင်္လာနေ့တွင် တောင်ကိုးရီးယား မြို့တော် ဆိုးလ်၏ တောင်ဘက်၊ အနောက်ကမ်းခြေ ကွန်ဆန် လေတပ်စခန်းတွင် ၄၃၁ စူးစမ်းလေ့လာရေးနှင့်ကင်းထောက်ရေး ဒရုန်းတပ် (431st Expeditionary Reconnaissance Squadron) ကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး MQ-9 Reaper ဒရုန်းများကို ဤစခန်းမှ ပျံသန်းစွမ်းဆောင်မည်ဖြစ်သည်။

မကြာသေးမီလများအတွင်း အမေရိကန်သည် F-16 ယာဉ်များကို မြောက်ကိုးရီးယားအနီးသို့ ရှေ့ပြေးထားပြီးနောက်၊ ၎င်းသည် ကိုးရီးယားကျွန်းပေါ်ရှိ လေတပ်စွမ်းအားကို တိုးမြှင့်ရန် ပြုလုပ်သည့် အခြားလှုပ်ရှားမှုတစ်ခုဖြစ်သည်။ ထို့အပြင် မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် (Xi Jinping) နှင့် ဘီဂျင်းတွင် စစ်အင်အားပြပွဲကြီးတစ်ခု၌ အတူရပ်ပြခဲ့ပြီးနေခဲ့နောက် ရက်ပေါင်းများ မကြာမီ နောက်ထပ် လှုပ်ရှားမှုတခုဖြစ်ပါသည်။

Reaper ဒရုန်းများမှာ လူမဲ့ အင်ဂျင်တစ်ခု တပ်ဆင်ထားသည့် turboprop များဖြစ်ပြီး တိုက်ခိုက်ခြေမှုန်းရေးအမျိုးမျိုးနှင့် အခြားလုပ်ငန်းများကိုဆောင်ရွက်နိုင်သည်ဟု လေတပ် အချက်အလက်စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။

ပျံသန်းနိုင်သည့် အကွာအဝေးသည် ၁,၆၀၀ မိုင် (၂,၅၇၅ ကီလိုမီတာ) ထက်ပိုပြီး လေထဲတွင် မဆင်သက်ဘဲ လေထဲတွင်ဆီဖြည့်နိုင်ခြင်းကြောင့်၊ Reaper များသည် ဒေသရှိ အမေရိကန် တပ်ဖွဲ့များအား စွမ်းအားကြီးသောဆောင်ရွက်မှုကို တိုးမြှင့်ပေးမည်ဖြစ်သည်။

Reaper များ၏ အကွာအဝေးသည် မြောက်ကိုးရီးယားသာမက – မြောက်နှင့် တောင်ကိုးရီးယားအကြား ကွန်ဆန်၏ မြောက်ဘက် ၁၅၀ မိုင်အကွာတွင်တည်ရှိသော သတ်မှတ်ထားသည့် စစ်မဲ့ဇုန် (DMZ) ကိုလွှမ်းခြုံနိုင်သလို – အရှေ့တရုတ်ပင်လယ်နှင့် တိုင်ဝမ် (အနည်းဆုံး ၈၀၀ မိုင်) ကိုပါ ချဲ့ထွင်လုပ်ဆောင်နိုင်စွမ်းရှိသည်။

တရုတ် ပြည်မကြီးသည် ကွန်ဆန်မှ ၂၅၀ မိုင်ခန့်သာကွာပြီး၊ တရုတ်ရေတပ် မကြာခဏ လေ့ကျင့်ရေး ပြုလုပ်သည့် ဘိုဟိုင် ပင်လယ်သည် အမေရိကန်လေတပ်စခန်းမှ ၆၀၀ မိုင်ခန့်အကွာတွင်တည်ရှိသည်။

လေတပ်က ထုတ်ပြန်ချက်တွင် “MQ-9 အော်ပရေးရှင်းများသည် အင်ဒို-ပစိဖစ် ဒေသအတွင်း အမေရိကန်-ကိုးရီးယား ထောက်လှမ်း‌ရေးစွမ်းဆောင်ရည်များ၊ ကင်းလှည့်ကြည့်ရှုမှု၊ အချက်အလက် ရှာဖွေမှု၊ နှင့် စူးစမ်းလေ့လာရေးကိုတို့ ထောက်ပံ့မည်” ဟု ဖော်ပြထားသည်။ ၎င်းစစ်ဒေသသည် အမေရိကန်အနောက်ကမ်းခြေမှ အိန္ဒိယအနောက်နယ်စပ်အထိ၊ အာန်တာက်တိကမှ မြောက်ဝင်ရိုးစွန်းအထိ တိုးချဲ့ထားသည်။

၄၃၁ ကြိမ်တပ်ကို ဦးဆောင်မည့် တပ်မှူး ဒေါက်ဂလပ်စ် စလေတာ (Lt. Col. Douglas Slater) က “MQ-9 တပ်ဆင်ခြင်းဖြင့် ဒေသအတွက် အားကောင်းသော စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မည်” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့သည် မစ်ရှင်ကို ထောက်ပံ့ရန်၊ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် အင်ဒို-ပစိဖစ်ဒေသအတွင်း လုံခြုံမှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် သဘောတူညီမှုကို ပြသရန် ရောက်ရှိနေခြင်းဖြစ်သည်” ဟု စလေတာက ထပ်မံ ပြောကြားခဲ့သည်။

စစ်ဆင်ရေး မစ်ရှင်များအတွက် MQ-9 များသည် Hellfire ဒုံးပျံများမှ လေဆာဖြင့်ညွှန်ကြားပစ်ချနိုင်သည့် ဗုံးများအထိ အမျိုးမျိုးသော လက်နက်များကို သယ်ဆောင်နိုင်သည်။

ကွန်ဆန် (Kunsan) တွင် Reaper များကို အမြဲတမ်း တပ်ဆင်ခြင်းသည် ထရန့် အစိုးရကမိမိ နိုင်ငံတွင်း လုံခြုံရေး စိန်ခေါ်မှုများကို သာအာရုံစိုက်နေခြင်းအဖြစ် အချို့ကမိတ်ဖက်နိုင်ငံများ က ယုံကြည်ရန်သံသယရှိနေမှုကို ဝါရှင်တန်၏ တောင်ကိုးရီးယားနှင့် အခြား ပစိဖိတ် မိတ်ဖက်နိုင်ငံများ အတွက်လုံခြုံရေး အတည်ပြုချက်ကို ပြသလိုက်ခြင်းဖြစ်သည်။

ကွန်ဆန်တွင် Reaper များအရေအတွက်ကို မကြေညာသော်လည်း လေတပ်အချက်အလက် စာရွက်စာတမ်းအရ ဇန်နဝါရီလအခြေအနေဖြင့် အမေရိကန် အထူးစစ်ဆင်ရေးဌာနအတွက် အခု ၅၀ ရရှိထားသည်။

စစ်တပ်အဖွဲ့အမည် ပြန်လည်အသုံးချခြင်း
ဒရုန်းတပ်ကို ၄၃၁ တပ်အမည်ဖြင့် သတ်မှတ်ခြင်းသည် ဒုတိယကမ္ဘာစစ်ကာလမှ နာမည်တစ်ခုကို ပြန်လည်အသုံးချခြင်းဖြစ်သည်။ ၁၉၄၃ ခုနှစ်တွင် ဩစတြေးလျားတွင် ၄၃၁ တိုက်လေယာဉ်အုပ်အဖြစ် တက်ကြွခဲ့ပြီး အရှေ့တောင်ပစိဖိတ်ဒေသတွင် အမေရိကန်ဗုံးကြဲလေယာဉ်များအား ကာကွယ်ရန် ခရီးရှည် P-38 Lightning တိုက်လေယာဉ်များကို ပျံသန်းစေခဲ့ဘူးသည်။

၁၉၉၂ တွင် ပိတ်သိမ်းခဲ့သည့် ၄၃၁တပ်သည် နောက်ဆုံးကာလတွင် ကယ်လီဖိုးနီးယားရှိ F-111 လေယာဉ်များအတွက် စမ်းသပ်ရေး တပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ။

တောင်ကိုးရီးယားကျွန်းဆွယ်တွင် တပ်ဖွဲ့ကို ပြန်လည်ဖွင့်လှစ်ခြင်းသည် လေတပ်၏ ခုနှစ်အတွင်း ဒေသအတွင်း ဒုတိယကြီးမားသော လှုပ်ရှားမှုဖြစ်သည်။

ဇူလိုင်လတွင် လေတပ်သည် F-16 တိုက်လေယာဉ်များကို ကွန်ဆန်မှ မြောက်ဘက် ၈၀ မိုင်ကျော်အကွာရှိ အိုဆန်(Osan) လေတပ်စခန်းသို့ ရွှေ့ပြောင်းပြီး မြောက်ကိုးရီးယားအနီး “super squadron” တပ်ဖွဲ့တည်ဆောက်ခဲ့သည်။

ဇူလိုင်လတွင် လေတပ်က ထုတ်ပြန်ချက်အရ ကွန်ဆန်မှ Osan သို့ F-16 ၃၁ လေယာဉ်နှင့် ဝန်ထမ်း ၁,၀၀၀ ကို အောက်တိုဘာလအတွင်း ရွှေ့ပြောင်းရန် စီစဉ်ခဲ့သည်။

ယာယီရွှေ့ပြောင်းမှုကို နောက်နှစ်အောက်တိုဘာလအထိ ဆက်ထားပြီး “ကိုးရီးယားကျွန်းဆွယ်ပေါ်တွင် စွမ်းဆောင်ရည် အမြင့်ဆုံးနှင့် စစ်ဆင်ရေး ထိရောက်မှု တိုးမြှင့်နိုင်မလား” ဟု စမ်းသပ်ရန် ဖြစ်သည်ဟု လေတပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

MQ-9 Reaper ဒရုန်းသစ် အမျိုးအစား

၄၃၁ စူးစမ်းလေ့လာရေးနှင့်ကင်းထောက်ရေး ဒရုန်းတပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု