နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်နှင့် ဟက်ဂ်ဆက်သ်တို့ အမေရိကန် ထိပ်တန်း ဗိုလ်ချုပ်ကြီးများအား ပုံမှန်မဟုတ်သော စစ်ရေးစုဝေးပွဲတွင် မိန့်ခွန်းပြောမည်

BBC- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ၊ ၃၀ရကိ

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်ပ်နှင့် ကာကွယ်ရေးဝန်ကြီး ပီ့ဟက်ဂ်ဆက်သ်တို့သည် အင်္ဂါနေ့တွင် ဝါရှင်တန်ဒီစီမြို့အနီးရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် ပုံမှန်မဟုတ်သော အခမ်းအနားတစ်ခုအတွက် အမေရိကန်စစ်တပ်၏ ထိပ်တန်းအရာရှိကြီးများအား ကိုယ်တိုင် တွေ့ဆုံ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကြီးများနှင့် ရေတပ်ဗိုလ်ချုပ်ကြီးများ အပါအဝင် စစ်ဘက်ခေါင်းဆောင် ရာပေါင်းများစွာ တက်ရောက်ရန် မျှော်လင့်ရသည်။ ၎င်းသည် ထိုမျှများပြားသော အကြီးတန်းပုဂ္ဂိုလ်များ တစ်နေရာတည်းတွင် စုဝေးခြင်းသည် ရှားပါးသောအဖြစ်အပျက်ကို ကိုယ်စားပြုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ခေါင်းဆောင်များကို အချိန်တိုအတွင်း ခေါ်ယူခဲ့ခြင်းအတွက် တရားဝင်အကြောင်းပြချက်ကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်းမရှိသည့်အတွက် အမျိုးမျိုးသော ထင်မြင်ချက်များ ပေါ်ပေါက်စေခဲ့သည်။ ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်ကမူ အဆိုပါ အခမ်းအနား၏ အရေးပါမှုကို လျှော့ချရန် ကြိုးပမ်းခဲ့သည်။

ဗာဂျီးနီးယားရှိ ဧက ၅၅,၀၀၀ ကျယ်ဝန်းသော ကွမ်တီကို(Quantico) မရိန်းတပ်ဖွဲ့ အခြေစိုက်စခန်း တွင် ကျင်းပမည့် ဤထိပ်သီး အစည်းအဝေးအတွက် လုံခြုံရေးကို အထူးတင်းကျပ်ထားသည်။

ဟက်ဂ်ဆက်သ်နှင့် ထရန့်ပ်တို့ မိန့်ခွန်းပြောရန် စီစဥ်ထားသည့် စင်မြင့်နောက်ခံတွင် ကြီးမားသော အမေရိကန်အလံကို ချိတ်ဆွဲထားပြီး၊ ဘေးတစ်ဖက်စီတွင် “ခွန်အား၊ ဝန်ဆောင်မှုပေးခြင်း၊ အမေရိက” ဟူသော စာသားပါ အလံများ နှင့် လက်နက်ကိုင်တပ်ဖွဲ့ အမျိုးမျိုး၏ အလံများကို ပြသထားသည်။

တနင်္ဂနွေနေ့က ၎င်းကိုယ်တိုင် တက်ရောက်မည်ဖြစ်ကြောင်း အတည်ပြုရင်း ထရန့်က ၎င်းသည် “စစ်ရေးအရ ကျွန်တော်တို့ ဘယ်လောက်ကောင်းနေလဲဆိုတာ ဆွေးနွေးခြင်း၊ ကြီးမြတ်သောပုံသဏ္ဍာန်၌ရှိနေခြင်း ဆွေးနွေးခြင်း၊ ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ အရာတွေ အများကြီးကို ဆွေးနွေးခြင်းဆိုတဲ့ တကယ့်ကို ကောင်းမွန်တဲ့ အစည်းအဝေးလေး တစ်ခုပါပဲ” ဟု ပြောကြားခဲ့သည်။

သမ္မတက NBC သတင်းဌာနသို့ ပြောကြားရာတွင် ၎င်းသည် “ esprit de corps” (စည်းလုံးညီညွတ်မှုစိတ်ဓာတ်/အဖွဲ့အစည်းစိတ်ဓာတ်) ကို ဖန်တီးပေးမည့် လေ့ကျင့်ခန်း တစ်ခု ဖြစ်မည်ဟု ပြောဆိုခဲ့ပြီး ၎င်း၏တပ်ဖွဲ့များကို စည်းရုံးလှုံ့ဆော်ရန် အခွင့်အလမ်းကို မြင်သည်ဟု ဆိုလိုခဲ့သည်။

ဗန့်စ်သည် သူ၏ယခင် မှတ်ချက်များတွင် မီဒီယာကို ၎င်းအား “ကြီးကျယ်သောသတင်း” အဖြစ်သို့ တင်ပြနေသည်ဟု စွပ်စွဲခဲ့ပြီး၊ ဟက်ဂ်ဆက်သ်အနေနှင့် ဗိုလ်ချုပ်များကိုသူ ကိုယ်တိုင်တွေ့ဆုံခြင်းသည် “အထူးတလည် ပုံမှန်မဟုတ်တာ မဟုတ်ပါဘူး” ဟု အလေးပေး ပြောကြားခဲ့သည်။

အချို့သော လေ့လာသူများကမူ သဘောမတူကြပေ။ နေတိုးစစ်ရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် အီတလီရေတပ်ဗိုလ်ချုပ်ကြီး ဂျူဆက်ပီ ကာဗို ဒရာဂိုနီကို (Giuseppe Cavo Dragone)ပြောကြားချက်ကို AP သတင်းအေဂျင်စီက ကိုးကားဖော်ပြ ရာတွင်- ကာဗို ဒရာဂိုနီကိုက “ ကျွန်တော့်ရဲ့ ၄၉ နှစ်တာ ဝန်ထမ်းသက်တမ်းမှာ ဒါမျိုး တစ်ခါမှ မမြင်ဖူးပါဘူး။” ဟု ပြောကြားခဲ့သည်။

သေနင်္ဂဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးစင်တာ(Center for Strategic and International Studies) အဖွဲ့မှ မာ့ခ် ကန်စီယန်(Mark Cancian )က Reuters သတင်းဌာနသို့ ပြောကြား ရာတွင် “အကြီးတန်းအရာရှိတွေ ခရီးသွားလာဖို့ အချိန်အများကြီး မကုန်ရအောင် ဘာကြောင့် ဒါကို ဖုန်း/ဗီဒီယို ကွန်ဖရင့်နဲ့ မလုပ်ရတာလဲဆိုတာ နားမလည်နိုင်အောင်ပါပဲ” ဟု ပြောကြား ခဲ့သည်။

မစ္စတာ ကန်စီယန်က ဆက်လက်ပြောကြားရာတွင် ဟက်ဂ်ဆက်သ်သည် ၎င်း၏အချက်များ ကို လူကိုယ်တိုင်ပြောကြားမှသာ ပိုမိုအကျိုးသက်ရောက်မှု ရှိမည်ဟု ခံစားရပုံရကြောင်း ထင်မြင်ချက်ပေးခဲ့သည်။

ကာကွယ်ရေးဝန်ကြီးအဖြစ် သူ၏တာဝန်ထမ်းဆောင်ချိန်အတွင်း ဟက်ဂ်ဆက်သ်သည် အမေရိကန်စစ်သားများအား “ စစ်သည်တော်စိတ်ဓာတ်” (warrior ethos) သွင်းပေးရန် လိုအပ်ကြောင်းကို အလေးပေးပြောကြားခဲ့ပြီး၊ ၎င်း၏အစိုးရဌာနကို ကာကွယ်ရေး ဝန်ကြီးဌာန (Department of Defense) မှ စစ်ရေးဝန်ကြီးဌာန (Department of War) သို့ အမည်ပြောင်းလဲရန်ကိုလည်း ထောက်ခံအားပေးခဲ့သည်။

အင်္ဂါနေ့တွင် တက်ရောက်မည့်သူ အရေအတွက် အတိအကျကို မသိရသေးသော်လည်း ဥရောပ၊ တောင်ကိုရီးယားနှင့် အရှေ့အလယ်ပိုင်းကဲ့သို့ အဝေးရောက် စစ်တပ်အခြေစိုက် စခန်းများမှ အရာရှိများအပါအဝင် စုစုပေါင်း ၈၀၀ ကျော် ရှိနိုင်ကြောင်း သတင်းရရှိပါသည်။

အရာရှိများစွာသည် အခမ်းအနားမတိုင်မီ နာရီပေါင်းများစွာ စောရောက်လာကြပြီး ၎င်းတို့၏ တပ်ဖွဲ့ခွဲများဖြစ်သည့် – ကြည်းတပ် (Army)၊ မရိန်းတပ်ဖွဲ့ (Marine Corps)၊ ရေတပ် (Navy)၊ လေတပ် (Air Force) နှင့် အာကာသတပ်ဖွဲ့ (Space Force) တို့အလိုက် သက်ဆိုင်ရာ ယူနီဖောင်းများဖြင့် ခွဲခြားသိမြင်နိုင်စေရန် စာသင်ခန်းမအတွင်း နေရာယူခဲ့ကြသည်။

၎င်းတို့အများအပြားသည် ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် တိုက်ခိုက်မှုများနောက်ပိုင်း စတင်ခဲ့သော အာဖဂန်နစ္စတန်၊ အီရတ် သို့မဟုတ် အမေရိကန်၏ အကြမ်းဖက်မှုအပေါ် တုံပြန်သည့် ကျယ်ပြန့်သောစစ်ပွဲတွင် ပါဝင်ခဲ့ကြောင်း ပြသသည့် စစ်ဆင်ရေးဆိုင်ရာ ဆုတံဆိပ်များကို ဝတ်ဆင်ထားသည်။

ပရိသတ်ထဲတွင် ဗိုလ်ချုပ်များအပြင် ကမ္ဘာတစ်ဝန်းရှိ အမေရိကန်တပ်ဖွဲ့အသီးသီးမှ အကြီးတန်းအကျဆုံး စာရင်းသွင်းထားသော အရာရှိများ (senior-most enlisted officers) လည်း ပါဝင်သည်။ ဆိုလိုသည်မှာ ၎င်းတို့၏ သက်ဆိုင်ရာ ယူနစ်များအတွက် တပ်မှူး၏ အဓိက ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်သူများ ဖြစ်ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု