နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးက အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲ၏ ‘နောက်တစ်ဆင့်’ သို့ ကူးပြောင်းတော့မည်ဟု ဆို

CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်

အမေရိကန်ပြည်ထောင်စုတွင် သမ္မတ၏ အီရန်စစ်ပွဲ ဆင်နွှဲမှုကို ကန့်သတ်ထိန်းချုပ်မည့် လုပ်ငန်းစဉ်မှာ အောက်လွှတ်တော်တွင် အတည်ပြုရန် ပျက်ပြားသွားခဲ့သည်။ တစ်ဆက်တည်းမှာပင် ထရမ့်က အီရန်၏ နောက်ထပ်ခေါင်းဆောင်သစ်ကို ရွေးချယ်ရာတွင် ၎င်းအနေဖြင့် ပါဝင်ပတ်သက်လိုကြောင်း ပြောကြားခဲ့သည်။

တိုက်ခိုက်မှုပေါင်း ၂,၅၀၀ ပြုလုပ်ပြီးနောက် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲ၏ “နောက်တစ်ဆင့်” သို့ ကူးပြောင်းနေပြီဟု အစ္စရေးစစ်ဗိုလ်ချုပ်ကြီး ပြောကြား

အစ္စရေးသည် လက်နက်ခဲယမ်းပေါင်း ၆,၀၀၀ ကျော် အသုံးပြုကာ တိုက်ခိုက်မှုပေါင်း ၂,၅၀၀ ပြုလုပ်ပြီးနောက် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲ၏ “နောက်တစ်ဆင့်” သို့ ကူးပြောင်း နေပြီ ဖြစ်ကြောင်း အစ္စရေးစစ်ဦးစီးချုပ်က ကြာသပတေးနေ့ ညနေပိုင်းတွင် ပြောကြားခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အီယဲလ် ဇာမာ (Lt. Gen. Eyal Zamir) က ဤစစ်ပွဲသည် “သမိုင်းဝင် စစ်ဆင်ရေး” တစ်ခုဖြစ်ကြောင်း၊ အီရန်၏ လေကြောင်းကာကွယ်ရေးစနစ် ၈၀ ရာခိုင်နှုန်းနှင့် ပစ်လွှတ်စင်များအပါအဝင် ပဲ့ထိန်း ဒုံးကျည် စနစ် ၆၀ ရာခိုင်နှုန်းကို ဖျက်ဆီးနိုင်ခဲ့သည့် “အံ့အားသင့်ဖွယ် တိုက်ခိုက်မှုအဆင့်” ဖြင့် စတင် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အခု စစ်ဆင်ရေးရဲ့ နောက်တစ်ဆင့်ကို ကူးပြောင်းနေပါပြီ” ဟု ဇာမာက ဗီဒီယို ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ “ဒီအဆင့်မှာတော့ အီရန်အစိုးရယန္တရားနဲ့ သူတို့ရဲ့ စစ်ရေးစွမ်းဆောင်ရည်တွေကို ပိုမိုချေမှုန်းသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ထုတ်ဖော် ပြောကြားဖို့ အစီအစဉ်မရှိသေးတဲ့ နောက်ထပ် အံ့အားသင့်စရာ အစီအစဉ်တွေလည်း ရှိနေပါသေးတယ်။”

ထို့အပြင် ဇာမာက လက်ဘနွန်နိုင်ငံအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ရန် IDF ကို အမိန့်ပေးထားကြောင်းလည်း ပြောကြားခဲ့သည်။ လွန်ခဲ့သည့် နှစ်ရက်အတွင်း IDF သည် လီတာနီမြစ် (Litani River) တောင်ဘက်ရှိ လက်ဘနွန်တောင်ပိုင်းဒေသအားလုံး၊ ဘေရွတ်မြို့ တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်များနှင့် ဘီကာတောင်ကြား (Beqaa Valley) ၏ အချို့သော နေရာများအတွက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

“နယ်စပ်တစ်လျှောက် ထိန်းချုပ်ရေးမျဉ်းကို ပိုမိုခိုင်မာစေဖို့နဲ့ လက်ဘနွန်တောင်ပိုင်းက အချက်အချာကျတဲ့ နေရာတွေမှာ အခြေစိုက်စခန်းတွေ တည်ဆောက်ဖို့အတွက် ရှေ့တိုး ချီတက်ကြဖို့ IDF တပ်ဖွဲ့တွေကို ကျွန်တော် ညွှန်ကြားထားပါတယ်” ဟု ဇာမာက ပြောကြားခဲ့ပြီး အစ္စရေးအနေဖြင့် “ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက်ဖြုတ်သိမ်းရေး ရည်မှန်းချက်ကို လက်လျှော့မှာ မဟုတ်ဘူး” ဟု ကတိပြုခဲ့သည်။

ကြာသပတေးနေ့ ညနေပိုင်းတွင် ဟစ်ဇ်ဘိုလာအဖွဲ့က တင့်ဖျက်ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ သောကြောင့် အစ္စရေးအရာရှိတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး နောက်ထပ်တစ်ဦးမှာလည်း အသင့်အတင့် ဒဏ်ရာရရှိခဲ့ကြောင်း IDF က ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူ စစ်သည် များကို ဆေးကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်သည်။

ဗုဒ္ဓဟူးနေ့က အစ္စရေးမြောက်ပိုင်းနှင့် လက်ဘနွန်တောင်ပိုင်း နယ်စပ်တစ်လျှောက် ပျံသန်းနေစဉ်အတွင်း အစ္စရေးရဟတ်ယာဉ်တစ်စင်းမှ ပစ်ခတ်နေစဉ်။ Jalaa Marey/AFP/Getty Images (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 23 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 56 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 52 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 60 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 58 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 66 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း