နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

မာချာဒို၏ အကြံပြုချက်အပေါ် နိုဘယ်လ်အဖွဲ့အစည်းက ငြိမ်းချမ်းရေးဆုကို လွှဲပြောင်းပေး၍မရနိုင်ကြောင်း တုံ့ပြန်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) က သူမရရှိထားသည့် ၂၀၂၅ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား လွှဲပြောင်းပေးကောင်း ပေးနိုင်သည်ဟု ပြောဆိုခဲ့ပြီးနောက်၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို လွှဲပြောင်းခြင်း၊ ခွဲဝေခြင်း သို့မဟုတ် ပြန်လည်ရုပ်သိမ်းခြင်းများ ပြုလုပ်၍မရကြောင်း နော်ဝေနိုဘယ်လ်အဖွဲ့အစည်းက ပြောကြားလိုက်သည်။

နိုဘယ်လ်ဆု ပေးအပ်ရန် ဆုံးဖြတ်ချက်သည် အပြီးသတ်ဖြစ်ပြီး အတည်ဖြစ်ကြောင်း၊ အယူခံဝင်ခွင့်ကို ခွင့်မပြုထားသည့် နိုဘယ်လ်ဖောင်ဒေးရှင်း၏ စည်းမျဉ်းများကို ကိုးကား၍ အဖွဲ့အစည်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ဆုပေးအပ်သည့် ကော်မတီများအနေဖြင့် ဆုရရှိသူများ ဆုလက်ခံရရှိပြီးနောက် ပြုလုပ်သည့် လုပ်ရပ်များ သို့မဟုတ် ပြောကြားချက်များအပေါ် မှတ်ချက်ပေးလေ့မရှိကြောင်းလည်း မှတ်ချက် ပြုခဲ့သည်။

“ နိုဘယ်လ်ဆုကို ကြေညာပြီးတာနဲ့ တစ်ပြိုင်နက် ပြန်လည်ရုပ်သိမ်းတာ၊ ခွဲဝေတာ ဒါမှမဟုတ် တခြားသူကို လွှဲပြောင်းပေးတာမျိုး လုပ်လို့မရပါဘူး” ဟု နော်ဝေနိုဘယ်လ်ကော်မတီနှင့် နော်ဝေနိုဘယ်လ်အဖွဲ့အစည်းတို့က သောကြာနေ့တွင် ပြောကြားခဲ့သည်။ “ ဒီဆုံးဖြတ်ချက်ဟာ အပြီးသတ်ဖြစ်ပြီး ထာဝရအတည်ဖြစ်ပါတယ်။”

တနင်္လာနေ့က Fox News သတင်း မှ ရှောင်းဟင်နတီ (Sean Hannity) နှင့် တွေ့ဆုံ မေးမြန်း ခန်းတွင် မာချာဒိုက ပြောကြားရာ၌ – ပြီးခဲ့သည့်အပတ်က အမေရိကန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသော ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဖယ်ရှားပေးခဲ့သည့်အတွက် ဗင်နီဇွဲလား ပြည်သူများ၏ ကျေးဇူးတင်လွှာအနေဖြင့် ထရန့်ကို ဤဆုပေးအပ်ခြင်းဖြစ်ကြောင်း ဆိုသည်။

“ သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု ပေးမယ်လို့ ကမ်းလှမ်းခဲ့တာ ရှိပါသလား။ ဒါ တကယ်ပဲ ဖြစ်ခဲ့တာလား” ဟု Hannity က မေးမြန်းခဲ့သည်။

သူမက “ အင်း၊ အခုထိတော့ မဖြစ်သေးပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

နိုဘယ်လ်ဆုရရှိရန် ကာလရှည်ကြာ စိတ်ဝင်စားမှုရှိနေပြီး ၎င်း၏ သံတမန်ရေးရာ အောင်မြင် မှုများနှင့် ဆက်စပ်ပြောဆိုလေ့ရှိသည့် ထရန့်ကမူ – လာမည့်အပတ် ဝါရှင်တန်တွင် ပြုလုပ် မည့် တွေ့ဆုံပွဲ၌ မာချာဒိုကသာ ကမ်းလှမ်းလာပါက ၎င်းအနေဖြင့် ဂုဏ်ယူစွာ လက်ခံမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လွှတ်တော်အမတ်ဟောင်းဖြစ်သူ မာချာဒိုသည် မာဒူရိုအစိုးရနှင့် နီးစပ်သည့် အာဏာပိုင်များ ၏ တားမြစ်ခြင်းကြောင့် ၂၀၂၄ ခုနှစ် ဗင်နီဇွဲလား အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခွင့် မရခဲ့ပေ။

သို့သော် မာဒူရိုက အနိုင်ရသည်ဟု ကြေညာထားသော်လည်း အမှန်တကယ်တွင် သူမသည် သာအမှန်တကယ် အနိုင်ရသည်ဟု လူအများက ယူဆထားကြပြီးသူမအစား အစားထိုး ကိုယ်စား လှယ်လောင်းကို ထောက်ခံမဲ ပေးခဲ့ကြသည်။ လွတ်လပ်သော စောင့်ကြည့် လေ့လာသူများ၏ မဲစာရင်းစစ်ဆေးချက်များအရ အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များတွင် ပုံမှန်မဟုတ်သော မမှန်ကန်မှုများ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုက ၂၀၂၅ ခုနှစ်အတွက် သူမ၏ ဆုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ ပေးအပ်နိုင်ကြောင်း အကြံပြုခဲ့သည်။ Rune Hellestad/Getty Images (ပုံ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ငြိမ်းချမ်းရေးဆုကို ရယူရန် စိတ်ဝင်စားကြောင်း ကြာမြင့်စွာကတည်းက ဖော်ပြခဲ့သည်။ Saul Loeb/AFP/Getty Images(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 36 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု