နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 30 ရက်

ဂျာမဏီ

ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်

မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် – ယင်းသည် ဝါရှင်တန်နှင့် ၎င်း၏ နေတိုး (NATO) မဟာမိတ်များအကြား နည်းပါးလှသော သဘောတူညီမှု ရရှိသည့် အချက်များထဲမှ တစ်ခုဖြစ်သည်။

ဂျာမနီခေါင်းဆောင် ဖရိုင်းဒရစ် မာ့ဇ်က ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ၁၉၄၅ ခုနှစ်နောက်ပိုင်း အခြေချခဲ့သောသဘောတူညီမှု အစီအစဉ်သည် “မရှိတော့ပါ” ဟု ပြောကြားခဲ့ပြီး၊ အမေရိကန် ပြည်ထောင်စုခေါင်းဆောင်များအနေဖြင့် မိမိသဘောတခုတည်းဖြင့် တစ်ကိုယ်တော် လုပ်ဆောင်နေပါက ၎င်း၏အင်အားသည် အကန့်အသတ်သို့ ရောက်ရှိနေပြီး ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုကဏ္ဍမှာလည်း လျော့ပါးနေပြီဖြစ်ကြောင်း သတိပေးခဲ့သည်။

၎င်းက ပြင်သစ်နိုင်ငံနှင့် ဥရောပနျူကလီးယား ဟန့်တားမှုဆိုင်ရာ ဆွေးနွေးမှုများ စတင် နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကလည်း ရုရှား၏ ကျူးကျော်မှုကို ရင်ဆိုင်ရန်အတွက် ဥရောပသည် “ပထဝီနိုင်ငံရေး အင်အားစုတစ်ခု ဖြစ်လာရမည်” ဟု ဆိုသည်။

နိုင်ငံတကာ လုံခြုံရေးကို ဆွေးနွေးရန်နှင့် သံတမန်ရေးရာ ဆွေးနွေးမှုများ ပြုလုပ်ရန် ကမ္ဘာတစ်ဝှမ်းမှ တာဝန်ရှိသူများ စုဝေးရာ ဂျာမနီတောင်ပိုင်း ညီလာခံတွင် မာ့ဇ်၏ မိန့်ခွန်းသည် အမေရိကန်နှင့် ဥရောပအကြား ကြီးထွားလာနေသော ကွဲပြားမှုကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။

အလယ်အလတ် လက်ယာနွယ်ဖွား ခရစ်ယာန်ဒီမိုကရက်တစ်ယူနီယံ ပါတီမှ ဂျာမနီ ခေါင်းဆောင်က အင်အားကြီးနိုင်ငံများက နိုင်ငံတကာစည်းမျဉ်းများကို လျစ်လျူရှုနေသော ခေတ်တွင် ဥရောပ၏ လွတ်လပ်မှုသည် “ရေရာသောအရာ မဟုတ်တော့ကြောင်း” သတိပေး ခဲ့သည်။ ၎င်းက ယူကရိန်းအပေါ် ရုရှား၏ စစ်မက်ပြုမှုကို ရှုတ်ချခဲ့ပြီး ဥရောပအနေဖြင့် မိမိတို့၏ ဟန့်တားမှုစွမ်းအားကို အားကောင်းစေရန် ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်းခဲ့သည်။

ထို့ပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရ၏ အကောက်ခွန်မူဝါဒ၊ ရာသီဥတု ပြောင်းလဲမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အားပြိုင်မှုများ (culture wars) အပေါ် ချမှတ်ထားသော မူဝါဒများကိုလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သည် – ယင်းမှတ်ချက်များသည် ဝါရှင်တန်ကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါသည်။

သို့သော်လည်း အမေရိကန်ဦးဆောင်သော အဖွဲ့အစည်းများနှင့် မဟာမိတ်များက အာမခံထားသည့် ယခင်ကမ္ဘာ့အာဏာစဥ်(previous world orde) ပျက်သုဉ်းသွားပြီ ဆိုသည့်အချက်တွင်မူ ဝါရှင်တန်နှင့် အမြင်ချင်းတူပုံရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက မြူးနစ်သို့ မထွက်ခွာမီ ကြာသပတေး နေ့ညတွင် “ပွင့်ပွင့်လင်းလင်း ပြောရရင် ကမ္ဘာဟောင်းကြီး ပျောက်ကွယ်သွားပါပြီ၊ ကျွန်တော်တို့က ပထဝီနိုင်ငံရေး ခေတ်သစ်တစ်ခုမှာ ရှင်သန်နေကြတာပါ” ဟု ပြောကြားခဲ့သည်။

“ဒါဟာ ကျွန်တော်တို့အားလုံးကို အဲဒီ (ခေတ်သစ်) က ဘယ်လိုပုံစံရှိမလဲ၊ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍက ဘာဖြစ်မလဲဆိုတာ ပြန်လည်စိစစ်ဖို့ လိုအပ်စေမှာပါ” ဟု ရူဘီယိုက ဆက်ပြောပြီး ဥရောပသည် အမေရိကန်အတွက် အရေးကြီးကြောင်းလည်း မှတ်ချက်ပြု ခဲ့သည်။ “သူတို့က ရိုးသားမှုကို လိုချင်ကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ဘယ်ကို ဦးတည်နေသလဲ၊ ဘယ်ကို သွားချင်သလဲ၊ သူတို့နဲ့အတူ ဘယ်ကို သွားချင်သလဲ ဆိုတာကို သူတို့ သိချင်ကြပါတယ်။”

နောက်တစ်နေ့တွင် မာ့ဇ်သည် အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေး (အမေရိကန်နှင့် ဆက်ဆံရေး)အပေါ် အမှန်တကယ်ပင် ရိုးသားစွာ သုံးသပ်ပြခဲ့သည်။

“ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုအကြား ကွဲပြားမှုတစ်ခု ဖြစ်ပေါ်နေပါပြီ” ဟု မာ့ဇ်က ဆိုသည်။

“အမေရိကန်ပြည်ထောင်စုရဲ့ ခေါင်းဆောင်မှုအခွင့်အာဏာဟာ စိန်ခေါ်ခံနေရပြီး ဆုံးရှုံးသွားတာလည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဂျာမနီဝန်ကြီးချုပ်သည် ပြီးခဲ့သည့်နှစ် ညီလာခံတွင် အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) ပြောကြားခဲ့သော အားပြိုင်မှုပြင်းထန်သည့် မိန့်ခွန်းကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် ဆက်လက်ပြောဆိုခဲ့သည်။ ဗန့်စ်၏ ၂၀၂၅ ခုနှစ် မှတ်ချက်များတွင် ဥရောပနိုင်ငံရေးသမားများသည် လွတ်လပ်စွာ ပြောဆိုခွင့်ကို ဖိနှိပ်နေကြောင်း၊ လူဝင်မှုကြီးကြပ်ရေးကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင်းနှင့် အစိုးရအဖွဲ့အတွင်းရှိ လက်ယာစွန်းပါတီများနှင့် လက်တွဲရန် ငြင်းဆိုနေကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

တစ်နှစ်အကြာတွင် မာ့ဇ်က ပြန်လည်တုံ့ပြန်ရာ၌ “အမေရိကန်က MAGA ရဲ့ ယဉ်ကျေးမှု တိုက်ပွဲဟာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ ဒီမှာ (ဂျာမနီမှာ) လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ ပြောဆိုတဲ့ စကားတွေဟာ လူသားတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ကျွန်တော်တို့ရဲ့ အခြေခံဥပဒေကို ဆန့်ကျင်လာရင် အဆုံးသတ်သွားပါတယ်” ဟု ဆိုသည်။

“ကျွန်တော်တို့ဟာ အကောက်ခွန်တွေနဲ့ ကာကွယ်ရေးဝါဒကို မယုံကြည်ပါဘူး၊ လွတ်လပ်စွာ ကုန်သွယ်မှုကိုပဲ ယုံကြည်ပါတယ်” ဟု မာ့ဇ်က ဆက်ပြောရာတွင် ဩဘာသံများ ကျယ်လောင် စွာ ထွက်ပေါ်လာခဲ့သည်။

“ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တာကြောင့် ရာသီဥတုဆိုင်ရာ သဘောတူညီချက်တွေနဲ့ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) ကို ဆက်လက် ဆုပ်ကိုင်ထားမှာပါ” ဟု ၎င်းက ပြောကြားရာတွင်လည်း လက်ခုပ်သံများ ပိုမိုထွက်ပေါ်ခဲ့သည်။

ထိုမှတ်ချက်များသည် ၂၀၂၅ ခုနှစ်တွင် ထရန့်အစိုးရက ဥရောပသမဂ္ဂနှင့် ယူကေတို့အပေါ် အကောက်ခွန်များ တိုးမြှင့်ခဲ့ခြင်း၊ ပါရီရာသီဥတုသဘောတူညီချက်နှင့် WHO တို့မှ နုတ်ထွက် ခဲ့ခြင်းတို့အပြီးတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

ဂျာမနီဝန်ကြီးချုပ်သည် အင်္ဂလိပ်ဘာသာသို့ ပြောင်းလဲပြောဆိုကာ အမေရိကန် ခေါင်းဆောင် မှု အပေါ် ပြင်းထန်သော သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့သော်လည်း အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန်လည်း တိုက်တွန်းခဲ့သည်။

“အင်အားကြီးနိုင်ငံတွေ အားပြိုင်နေတဲ့ ခေတ်မှာ အမေရိကန်ပြည်ထောင်စုတောင်မှ တစ်ကိုယ်တော် သွားနိုင်ဖို့ လုံလောက်တဲ့ အင်အားရှိမှာ မဟုတ်ပါဘူး” ဟု မာ့ဇ်က သတိပေး ခဲ့သည်။ “ချစ်ကြည်ရပါသော မိတ်ဆွေတို့၊ နေတိုး (NATO) အဖွဲ့ဝင် ဖြစ်နေခြင်းဟာ ဥရောပ အတွက်သာ ယှဉ်ပြိုင်မှုဆိုင်ရာ အသာစီးရမှု မဟုတ်ပါဘူး၊ အမေရိကန်ပြည်ထောင်စု အတွက် လည်း ယှဉ်ပြိုင်မှုဆိုင်ရာ အသာစီးရမှု ဖြစ်ပါတယ်။”

အမေရိကန်နှင့် ဥရောပအကြား နောက်ထပ် သဘောထားချင်း တူညီသည့်အချက်မှာ ယူကရိန်းတွင် “တရားမျှတမှုရှိပြီး၊ ရေရှည်တည်တံ့ကာ၊ ခိုင်မာသည့်” ငြိမ်းချမ်းရေးကို ဆွေးနွေးမှုဖြင့် ရယူရန် ထရန့်၏ ကြိုးပမ်းမှုကို မက်ခရွန်က ထောက်ခံလိုက်ခြင်းဖြစ်သည်။

သို့သော်လည်း ရုရှား၏ တောင်းဆိုချက်များကို လိုက်လျောခြင်းသည် အဖြေမဟုတ်ကြောင်း ၎င်းက သတိပေးခဲ့ပြီး “ကျွန်တော်တို့ရဲ့ တိုက်ကြီးပေါ်က မဟာဗျူဟာမြောက် တည်ငြိမ်မှုရဲ့ အနာဂတ်နဲ့ ပတ်သက်လာရင် အထူးသဖြင့် ကျွန်တော်တို့ ဥရောပရဲ့ အကျိုးစီးပွားကို ကာကွယ်ရမှာ ဖြစ်ပါတယ်” ဟု နောက်ပိုင်းတွင် ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်ဦးဆောင်သော အနောက်အုပ်စု အစီအစဉ် ပျက်ပြယ်သွားပြီးနောက် မည်သို့ ဆက်ဖြစ်သင့်သနည်း ဟူသည့်အချက်နှင့် ပတ်သက်၍ မက်ခရွန်က ဥရောပသည် ကိုယ့်ခြေ ထောက်ပေါ်ကိုယ် ရပ်တည်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“ဒီပထဝီနိုင်ငံရေး ပတ်ဝန်းကျင်သစ်မှာ ဥရောပဟာ ပထဝီနိုင်ငံရေး အင်အားစုတစ်ခု ဖြစ်လာ ရပါမယ်” ဟု ၎င်းက ဆိုသည်။

“ဒါဟာ လုပ်ဆောင်နေဆဲ ဖြစ်ပေမယ့်၊ ပိုမို လွတ်လပ်ပြီး အမှီအခိုကင်းလာဖို့အတွက် ကာကွယ်ရေး၊ နည်းပညာနဲ့ အင်အားကြီးနိုင်ငံတွေအကြား အန္တရာယ်လျှော့ချရေး (de-risking) ကဏ္ဍတွေမှာ ပထဝီနိုင်ငံရေး အင်အားစုတစ်ခုရဲ့ အစိတ်အပိုင်းအားလုံးကို အရှိန်မြှင့် တည်ဆောက်သွားရပါမယ်။”

ရူဘီယိုသည် စနေနေ့တွင် ညီလာခံ၌ မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်။

မာ့ဇ်နှင့် ရူဘီယိုတို့သည် သောကြာနေ့က ညီလာခံ၏ ဘေးပန်းတွင် တွေ့ဆုံခဲ့ကြပြီး၊ ယူကရိန်းစစ်ပွဲနှင့် ပဋိပက္ခကို အဆုံးသတ်ရန် ရုရှားနှင့် ဆွေးနွေးနေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း အမေရိကန်နှင့် ဂျာမနီ အစိုးရ သတင်းရင်းမြစ်များအရ သိရသည်။

ဂျာမနီအနေဖြင့် ၂၀၂၂ ခုနှစ်ကတည်းက ဒေါ်လာ ၇၆ ဘီလီယံတန်ဖိုးရှိသော အကူအညီများ အပါအဝင် ယူကရိန်းအပေါ် အခိုင်အမာ ထောက်ခံပေးနေမှုအတွက် ရူဘီယိုက ကျေးဇူးတင် ရှိကြောင်း ပြောကြားခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေး ဆိုခွင့် ရှိသူ တွမ်မီ ပီဂေါ့တ်က ပြောကြားခဲ့သည်။

နေတိုးတွင် ဥရောပ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် မဟာမိတ်အဖွဲ့ကို အားကောင်းစေရန် ဂျာမနီ၏ ကြိုးပမ်းအားထုတ်မှုများကို ရူဘီယိုက အသိအမှတ်ပြုခဲ့ ကြောင်း ဂျာမနီအစိုးရ သတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးသည် အီရန်နိုင်ငံ အခြေအနေနှင့် ယခုလနှောင်းပိုင်းတွင် သွားရောက်မည့် မာ့ဇ်၏ တရုတ်နိုင်ငံ ခရီးစဉ်မတိုင်မီ ကုန်သွယ်ရေးကိစ္စရပ်များ အပါအဝင် အခြားသော အရေးကြီး သည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။

မာ့ဇ်သည် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့်လည်း သီးခြားတွေ့ဆုံခဲ့ပြီး စစ်ပွဲနှင့် လက်နက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း ဂျာမနီ သတင်းရင်းမြစ်က CNN သို့ ပြောသည်။

ရူဘီယိုသည် စနေနေ့တွင် ဇယ်လန်းစကီးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန် အရာရှိတစ်ဦးက အတည်ပြုခဲ့သည်။

သောကြာနေ့က ဇယ်လန်းစကီးက Politico သတင်းဌာနသို့ ပြောကြားရာတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို စစ်ပွဲရပ်တန့်ရန် ဖိအားပေးနိုင်သည့် အင်အားမှာ အမေရိကန် ပြည်ထောင်စုတွင်သာ ရှိသည်ဟု မိမိယုံကြည်ကြောင်း ပြောကြားခဲ့သည်။

“ယူကရိန်း တစ်နိုင်ငံတည်းကပဲ ဥရောပကို ကာကွယ်နေတာပါ။ ဒီနေ့မှာ ဥရောပကပဲ ယူကရိန်းကို ငွေကြေးထောက်ပံ့ပြီး ကူညီနေတာပါ။ ဒီနေ့မှာ အမေရိကန်ပြည်ထောင်စု တစ်ခုတည်းကပဲ ပူတင်ကို ရပ်တန့်နိုင်မှာပါ။ ပြီးတော့ ဒီနေ့မှာ ပူတင် တစ်ယောက်တည်းကပဲ ဒီစစ်ပွဲကို ဆက်ဖြစ်နေစေချင်တာပါ။ ဒါဟာ ကျွန်တော့်ရဲ့ ရပ်တည်ချက်အနေအထားပါပဲ” ဟု ၎င်းက ဆိုသည်။

ယခုဖိုရမ်သည် ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ် (Davos) မြို့တွင် ကမ္ဘာ့ခေါင်းဆောင်များအကြား တင်းမာစွာ တွေ့ဆုံခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုစဉ်က ထရန့်က မိန့်ခွန်းပြောကြားရာတွင် ဥရောပခေါင်းဆောင်များ၏ လူဝင်မှုကြီးကြပ် ရေး မူဝါဒကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဥရောပမဟာမိတ်များက အမေရိကန်ကို အမြတ်ထုတ်နေသည်ဟု ညည်းတွားခဲ့သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဂျာမနီနိုင်ငံတောင်ပိုင်းတွင် ကျင်းပသည့် (၆၂) ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံ ဖွင့်ပွဲတွင် ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ် မိန့်ခွန်းပြောကြားစဉ်။ (Kay Nietfeld/picture-alliance/dpa/AP) (ပုံ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည် ကြာသပတေးနေ့ညက မြူးနစ်သို့ မထွက်ခွာမီ မေရီလန်းပြည်နယ်ရှိ Joint Base Andrews လေတပ်စခန်းတွင် သတင်းစာရှင်းလင်းနေစဉ်။ (Alex Brandon/Reuters) (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 23 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 56 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 53 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 60 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 59 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 66 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း