နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ဆန္ဒပြမှုနှိမ်နင်းရေး နည်းဗျူဟာဟောင်းထဲသို့ အဆင့်မြင့် နည်းပညာသစ်များ ပေါင်းထည့်လာခြင်း

CNN- ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၉ရက်

အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို လျင်လျင်မြန်မြန်နှင့် ပြတ်ပြတ်သားသား နှိမ်နင်းရန်အတွက် အီရန်အစိုးရသည် နည်းပညာသစ်များကို အသုံးပြုလာခဲ့သည်။ ယင်းမှာ ပြည်တွင်းမှ ကန့်ကွက်ဆန့်ကျင်မှုများကို အစ္စရေးနှင့်ဖြစ်ပွားခဲ့သော နွေရာသီစစ်ပွဲ၏ နောက်ဆက်တွဲအဖြစ် ရှုမြင်လာသည့် အစိုးရ၏ နည်းဗျူဟာပိုင်း အပြောင်းအလဲတစ်ခုလည်း ဖြစ်သည်။

အစိုးရ၏ ရှေးရိုးစွဲ လူစုလူဝေး ထိန်းသိမ်းရေး နည်းလမ်းများမှသည် နောက်ဆုံးပေါ် စစ်ဘက် ဆိုင်ရာ နည်းပညာများနှင့် ခေတ်မီစိတ်ဓာတ်စစ်ဆင်ရေးများ ပေါင်းစပ်ထားသော အဆင့်မြင့် နှိမ်နင်းရေး နည်းစနစ်များသို့ လျင်မြန်စွာ ကူးပြောင်းသွားခဲ့ကြောင်း ကျွမ်းကျင်သူ များက ဆိုသည်။

အဆင့်ဆင့်သော မငြိမ်မသက်မှုများမှ သင်ခန်းစာယူထားသည့် အီရန်အစိုးရသည် အနိမ့်ပျံ ကင်းထောက်ဒရုန်းများ၊ လှိုင်းဖြတ်တောက်စက်များ (Signal Jammers)၊ လျင်မြန်စွာ တုံ့ပြန်နိုင်သော ဝါဒဖြန့်ချိရေး ယန္တရားနှင့် အကြမ်းဖက် နှိမ်နင်းမှုများကို တစ်ပြိုင်နက်တည်း အသုံးပြုခဲ့သည်။

အီရန်၏ နောက်ဆုံးပေါ် နှိမ်နင်းရေး နည်းဗျူဟာများသည် ပြီးခဲ့သည့် ဇွန်လအတွင်းက ၁၂ ရက်ကြာ စစ်ပွဲတွင် အစ္စရေး၏ အောင်မြင်မှုနောက်ကွယ်၌ အီရန်နိုင်ငံအတွင်း အစ္စရေး၏ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နိုင်မှုကြောင့် အစိုးရအနေဖြင့် အံ့အားသင့်ကာ အရှက်ရခဲ့ရသည့်အပေါ် သင်ခန်းစာယူထားခြင်း ဖြစ်သည်။ ယခုအခါ သံသယစိတ် ကြီးစိုး နေသော အစိုးရသည် ပြည်တွင်းမငြိမ်မသက်မှုများကို အစ္စရေးနှင့်ဖြစ်ပွားသည့် “ ၁၃ ရက် မြောက် စစ်ပွဲ” အဖြစ် ပုံဖော်ကာ ဆန္ဒပြသူများကို “ ကိုင်တွယ်ဖြေရှင်းရမည့်” နိုင်ငံခြား အေးဂျင့်များ အဖြစ် သတ်မှတ်ထားသည်။

‘အားလုံးကို စောင့်ကြည့်နေသည်’

လမ်းမများပေါ်ရှိ CCTV ကင်မရာများဖြင့် ဆန္ဒပြသူများကို အပြင်းအထန် စောင့်ကြည့်ရုံသာမက နေအိမ်များအတွင်းမှ အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်ကာ ဆန္ဒပြသူများကိုပါ စောင့်ကြည့်ခဲ့သည်။ အီရန်ရဲတပ်ဖွဲ့သည် “ခွဲခြားသိမြင် နိုင်သော အသံများ” အမည်ရှိ ဗီဒီယိုတစ်ခုကို ထုတ်ပြန်ခဲ့ပြီး ယင်းတွင် အစိုးရဆန့်ကျင်ရေး ကြွေးကြော်နေသူများကို ရှာဖွေရန် တိုက်ခန်းတွဲများ၏ ပြတင်းပေါက်အပြင်ဘက်တွင် ဒရုန်းများ ပျံဝဲနေသည်ကို ပြသထားသည်။

ခြောက်ခြားဖွယ် နောက်ခံတေးဂီတနှင့်အတူ ပြသထားသော ထိုဗီဒီယိုတွင် ဒရုန်းမောင်းနှင်သူသည် “အာဏာရှင် ကျဆုံးပါစေ” ဟု ကြွေးကြော်နေသူများကို ရှာဖွေရန် လူနေအိမ်ပြတင်းပေါက်များအတွင်းသို့ ချောင်းကြည့်နေသည်ကို တွေ့ရသည်။ ထို့နောက် လုံခြုံရေးတာဝန်ရှိသူများက အဆောက်အအုံများတွင် သတိပေးစတစ်ကာများ ကပ်ခြင်းနှင့် အချို့ကိစ္စများတွင် နေထိုင်သူများကို ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။

အီရန်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် တင်ထားသည့် ဝေဝါးထားသော ဗီဒီယိုတစ်ခု၌ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက “ခင်ဗျားတို့ အဆောက်အအုံထဲက တစ်ယောက်ယောက်က အော်ဟစ်နေတယ်ဆိုတဲ့ သတင်းရတယ်၊ အဲဒါ ခင်ဗျားတို့ တိုက်ခန်းကပဲ” ဟု အမျိုးသား တစ်ဦးကို ပြောနေသည်ကို တွေ့ရသည်။ အီရန်အမျိုးသားရဲတပ်ဖွဲ့ကို ကိုးကား၍ တင်ထား သော ပို့စ်တွင် “အရာအားလုံးဟာ စောင့်ကြည့်မှုအောက်မှာ ရှိနေတယ်” ဟု ရေးသား ထားသည်။

အခြားနည်းဗျူဟာတစ်ခုမှာ မကြုံစဖူး အတိုင်းအတာဖြင့် ဆက်သွယ်ရေးများကို ဖြတ်တောက်ခြင်း ဖြစ်သည်။ ရက်ပေါင်းများစွာတိုင်အောင် အီရန်နိုင်ငံအား ပြင်ပကမ္ဘာမှ ဆက်သွယ်ရန် မဖြစ်နိုင်သလောက် ရှိခဲ့သည်။ ဆင်ဆာဖြတ်တောက်မှုများကို ကျော်လွှားရန် အီရန်နိုင်ငံသားများ အသုံးပြုသည့် SpaceX ၏ Starlink ဂြိုဟ်တုအင်တာနက် စက်ပစ္စည်းများ ကိုပင် စစ်ဘက်သုံး နည်းပညာများဖြင့် နှောင့်ယှက် ဂျမ်းလုပ်(Jamming) ခဲ့ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

“ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ဒါက သာမန် လှိုင်းနှောင့်ယှက်တာ မဟုတ်ဘူး၊ သူတို့မှာ စစ်ဘက်သုံး ကိရိယာတွေ ရှိနေတာ” ဟု နယူးယောက်အခြေစိုက် Miaan အဖွဲ့မှ အီရန် ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူ Amir Rashidi က ပြောသည်။

နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ ပြင်းထန်လာခြင်းကြောင့် အရှိန်မြှင့်လုပ်ဆောင်လာသည့် အီရန်၏ ဆယ်စုနှစ်ချီကြာ အင်တာနက်အခြေခံအဆောက်အအုံကို ပြည်တွင်းပိုင် ပြုလုပ်ရေး ကြိုးပမ်းမှုသည် အစိုးရအား အွန်လိုင်းလှုပ်ရှားမှုများကို ပိုမိုထိရောက်စွာ ဆင်ဆာဖြတ်ရန်နှင့် ထိန်းချုပ်ရန် လုပ်ပိုင်ခွင့်များ ပေးအပ်ထားသည်။

အီရန်သည် ၂၀၁၉ ခုနှစ် စက်သုံးဆီစျေးနှုန်း မြင့်တက်မှု ဆန္ဒပြပွဲများနှင့် ၂၀၂၂ ခုနှစ် အမျိုးသမီး အခွင့်အရေး ဆန္ဒပြပွဲများတွင်လည်း အင်တာနက်ကို အလုံးစုံ ပိတ်ပစ်ခဲ့ဖူးသည်။ သို့သော် ယခုအကြိမ် ဆက်သွယ်ရေးဖြတ်တောက်မှု၏ အတိုင်းအတာနှင့် နည်းပညာ မြင့်မားမှုမှာ အစိုးရ၏ ဆက်သွယ်ရေးထိန်းချုပ်နိုင်စွမ်း သိသိသာသာ တိုးတက်လာမှုကို ပြသနေသည်။

“အခုဆိုရင် ဒီလုပ်ငန်းစဉ်တစ်ခုလုံးက အလိုအလျောက် ဖြစ်နေပြီး ချက်ချင်းလက်ငင်း လုပ်ဆောင်နိုင်တဲ့ အဆင့်ကို ရောက်နေပြီ” ဟု အင်တာနက် စောင့်ကြည့်ရေးအဖွဲ့ Netblocks ၏ တည်ထောင်သူ Alp Toker က CNN သို့ ပြောကြားခဲ့သည်။

ရုရှားစစ်တပ်က ယူကရိန်းတွင် အသုံးပြုသကဲ့သို့ နည်းလမ်းများကို အသုံးပြုကာ Starlink စက်များကို နှောင့်ယှက်နေကြောင်းလည်း Rashidi က ဆိုသည်။

မကြုံစဖူး အကြမ်းဖက် နှိမ်နင်းမှုများ

အီရန်နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများမှာ နှစ်ပတ်ကြာ ဆက်လက်ဖြစ်ပွားနေသော်လည်း ဇန်နဝါရီ ၁၀ ရက်တွင် ပိုမိုပြင်းထန်လာခဲ့သည်။ လူအုပ်ကြီးသည် အစိုးရကို ဖြုတ်ချရန် လမ်းမပေါ် ထွက် တောင်းဆိုခဲ့ကြပြီး ယင်းကြောင့် မကြုံစဖူး အကြမ်းဖက် နှိမ်နင်းမှုများ ဖြစ်ပွားကာ လူပေါင်း ရာနှင့်ချီ သေဆုံးပြီး ထောင်နှင့်ချီ ဖမ်းဆီးခံခဲ့ရသည်။

သုံးရက်နီးပါး ကြာမြင့်ခဲ့သော ထိုနှိမ်နင်းမှုသည် ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးနောက်ပိုင်း သေဆုံးမှု အများဆုံး ဖြစ်ရပ်တစ်ခု ဖြစ်နိုင်ပါသည်။ အီရန်အစိုးရသည် ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့ကြောင်း တာဝန်ယူ တာဝန်ခံခြင်း မရှိသေးဘဲ ဆန္ဒပြသူများကို အစ္စရေးနှင့် အမေရိကန်တို့က ငှားရမ်းထားသော “အကြမ်းဖက်သမားများ” က သတ်ဖြတ်ခြင်း ဖြစ်သည် ဟုသာ အခိုင်အမာ ပြောဆိုနေသည်။

ယခင်ကဆိုလျှင် ထိုကဲ့သို့သော တုံ့ပြန်မှုမျိုး ပြုလုပ်ရန် အစိုးရအနေဖြင့် ရက်သတ္တပတ် ပေါင်းများစွာ အချိန်ယူရမည် ဖြစ်သည်။ သို့သော် အစ္စရေးနှင့် စစ်ဖြစ်စဉ်ကလည်း ထိုးဖောက်ဝင်ရောက်သူများကို ရှာဖွေရန် အသုံးပြုခဲ့သည့် Basij ပြည်သူ့စစ်တပ်ဖွဲ့ကို လျင်မြန်စွာ စုစည်းနိုင်မှုက အာဏာပိုင်များအနေဖြင့် ဆန့်ကျင်ကန့်ကွက်မှုများကို နိုင်ငံခြားသားများ၏ ပူးပေါင်းကြံစည်မှုအဖြစ် သတ်မှတ်ကာ သေစေလောက်သည့် အကြမ်းဖက်မှုများကို အသုံးပြုရန် ဝန်မလေးတော့ကြောင်း ပြသနေသည်။

ကြောက်ရွံ့မှုများ ပျံ့နှံ့စေခြင်း

အစ္စရေးနှင့် စစ်ဖြစ်ပြီးနောက် အီရန်အစိုးရ၏ တရားဝင် ပြောဆိုချက်များတွင် ၎င်းတို့နိုင်ငံ၏ အားနည်းချက်များ ပေါ်ထွက်သွားကြောင်း ဝန်ခံထားသည်။ ယင်းက ဆန္ဒပြသူများကို ရန်သူ့ အေးဂျင့်များအဖြစ် ပုံဖော်ရန်နှင့် ၎င်းတို့အပေါ် ပြင်းထန်သော အကြမ်းဖက်မှုများ အသုံးပြုခြင်းကို တရားမျှတအောင် လုပ်ဆောင်ရန် အစိုးရအတွက် အကြောင်းပြချက် ဖြစ်စေခဲ့သည်။

နိုင်ငံပိုင်နှင့် အစိုးရနှင့် နီးစပ်သော မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ချိရေး ယန္တရားသည် ပြည်သူများအား အမြဲမပြတ် စောင့်ကြည့်ခံနေရကြောင်း သတိပေးကာ ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေရန် လုပ်ဆောင်နေသည်။ ထူးခြားဆန်းကြယ်သော လုပ်ရပ်တစ်ခုအဖြစ် နိုင်ငံပိုင်ရုပ်သံလိုင်းသည် ရင်ခွဲရုံတစ်ခုရှိ အလောင်းအိတ်များ စီတန်းထားမှုကို ပြသခဲ့ပြီး ယင်းမှာ ဆန္ဒပြပွဲတွင် ပါဝင်လိုသူများကို ခြိမ်းခြောက်ရန် ရည်ရွယ်ပုံရသည်။

နိုင်ငံတစ်ဝန်းတွင် အစိုးရကို ထောက်ခံကြောင်း ပြသသည့် လူထုလှုံ့ဆော်ပွဲများကိုလည်း ကျင်းပခဲ့သည်။ တနင်္လာနေ့တွင်မူ အစိုးရ၏ အကြီးအကျယ် နှိမ်နင်းမှုများကြောင့် တီဟီရန်ရှိ ဆန္ဒပြပွဲများမှာ စနေ၊ တနင်္ဂနွေနေ့များလောက် မများတော့သည့် လက္ခဏာများ တွေ့ရသည်။ သို့သော် ဆက်သွယ်ရေး ဖြတ်တောက်ထားမှုကြောင့် အခြေအနေမှန်ကို သိရှိရန် ခက်ခဲနေဆဲ ဖြစ်သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးကမူ အခြေအနေကို “ထိန်းချုပ်နိုင်ပြီ” ဟု တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ အင်္ဂါနေ့တွင် သမ္မတ ထရမ့်က အီရန်ပြည်သူများ ဆက်လက် ဆန္ဒပြကြရန် တိုက်တွန်းခဲ့ပြီး “အကူအညီများ လာနေပြီ” ဟု ကတိပြုခဲ့ခြင်းကြောင့် ဆန္ဒပြပွဲများ ပြန်လည် အရှိန်မြင့်လာနိုင်ဖွယ် ရှိသည်။ “ဆက်လက် ဆန္ဒပြကြပါ – ခင်ဗျားတို့ရဲ့ အစိုးရအဖွဲ့အစည်းတွေကို သိမ်းပိုက်ကြပါ။ သတ်ဖြတ်သူတွေနဲ့ နှိပ်စက်သူတွေရဲ့ နာမည်တွေကို မှတ်ထားကြပါ။ သူတို့တွေ ကြီးလေးတဲ့ တန်ဖိုး ပြန်ပေးဆပ်ရလိမ့်မယ်” ဟု ထရမ့်က Truth Social တွင် ရေးသားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး အဆုံးသတ်ရန် စောင့်ဆိုင်းနေသည့် စစ်ပွဲကို ဟစ်ဇဘိုလာက ပြန်လည်စတင်လိုက်ပြီ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက် တနင်္လာနေ့ နံနက်အာရုဏ်မတက်မီ အချိန်တွင် ဟစ်ဇဘိုလာအဖွဲ့သည် အစ္စရေးမြောက်ပိုင်းရှိ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန် အထက်လွှတ်တော်က အီရန်အရေး စစ်အာဏာသုံးစွဲမှု ကန့်သတ်ချက်ကို ပယ်ချ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 17 Views
၂၀၂၆ ခုနှစ် မတ်လ ၅ ရက် ၂၀၂၆ ခုနှစ် မတ်လ ၄ ရက် (ဗုဒ္ဓဟူးနေ့) က
တရုတ် နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

နှစ်လအတွင်း တရုတ်နှင့် ရင်းနှီးသည့် ခေါင်းဆောင်နှစ်ဦးကို အမေရိကန်က ရှင်းထုတ်လိုက်ပြီ ဖြစ်သော်လည်း အဘယ်ကြောင့် ပေကျင်းက ဘာမှမလုပ်ဘဲ ငြိမ်နေသနည်း။

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 27 Views
 CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက် ဟောင်ကောင်/ပေကျင်း။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်ဦးဖြစ်သည့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို နှင့် အီရန်အမြင့်ဆုံး ခေါင်းဆောင် အလီခါမေနီ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးက လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ထပ်မံရွှေ့ပြောင်းရန် အမိန့်ပေး

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အစ္စရေးသည် ဟစ်ဇဘိုလာအဖွဲ့အပေါ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေစဉ် လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့ပြီး၊ ယင်းမှာ တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် အလားတူစာရင်းတွင် ထပ်မံဖြည့်စွက်လိုက်ခြင်း ဖြစ်သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးက တီဟီရန်ကို တိုက်ခိုက်နေချိန်တွင် အီရန်နှင့် ဆွေးနွေးရန် “ နောက်ကျလွန်းပြီ” ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 41 Views
အမေရိကန်သည် အရှေ့အလယ်ပိုင်းရှိ သံရုံးနှစ်ခုကို ပိတ်လိုက်ပြီး ဒေသတွင်း သံတမန်ရေးရာ တည်ရှိမှုများကို လျှော့ချလျက်ရှိသည်။ CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက် အီရန်နှင့်စစ်ပွဲ: အစ္စရေးသည် လေဘနွန်အတွင်း ထိုးစစ်များကို အရှိန်မြှင့်နေစဉ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အထက်လွှတ်တော်လူများစုခေါင်းဆောင် ဂျွန်သွန်း က အစိုးရအုပ်ချုပ်ရေးအဖွဲ့၏ တိုက်ခိုက်မှုဆိုင်ရာ ဥပဒေကြောင်းအရ အကြောင်းပြချက်ကို နားထောင်ရန် မျှော်လင့်ထားပြီး လွှတ်တော်၏ သဘောတူညီချက် မလိုအပ်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 42 Views
CNN -Morgan Rimmer နှင့် Ted Barrett ရေးသားသည်။ ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အထက်လွှတ်တော် လူများစုခေါင်းဆောင် ဂျွန်သွန်း (John Thune) က ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အီရန်အပေါ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အီရန်စစ်ရေး – ၄၈ နာရီအကြာ- စစ်ဗျူဟာမြောက် အောင်မြင်မှုနှင့် အနာဂတ် အတွက် မရေရာသောဗျူဟာ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အရှေ့အလယ်ပိုင်းတွင် ယခုဖြစ်ပွားနေသည့် အကျပ်အတည်းမျိုးအတွင်း သမ္မတတစ်ဦးသည် ထောက်လှမ်းရေးနှင့် စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များမှ ပြုစုထားသော အသားတင် အကဲဖြတ်ချက် (Net Assessment) ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်အချို့ ပျက်ကျ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် တိုက်လေယာဉ်များ ပျက်ကျခြင်း။ တနင်္လာနေ့တွင် အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ် “အချို့” ပျက်ကျခဲ့ပြီး “လေယာဉ်အမှုထမ်းအားလုံး အသက်ရှင်လွတ်မြောက်ခဲ့သည်” ဟု ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ CNN