နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

တရုတ်

တရုတ် တောင်ကိုရီးယား နိုင်ငံတကာသတင်း ဥရောပ

အမေရိကန်သည်မဟာမိတ်များအပေါ် တင်းမာနေချိန် တရုတ်သမတကကမ္ဘာ့ နိုင်ငံအများအပြားနှင့် သံတမန်ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်‌

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်

၂၀၂၆ ခုနှစ်၏ အစောပိုင်း သီတင်းပတ်များအတွင်း တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည် ၊ ဥရောပ၊ မြောက်အမေရိက၊ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် တရုတ်နိုင်ငံ၏ အနီးဝန်းကျင် ဒေသများအထိသံတမန်ဆက်ဆံရေးကို နှစ်နိုင်ငံချင်းဖြစ်စေ၊ နိုင်ငံအများအပြားနှင့်ဖြစ်စေ အပြန်အလှန်အကျိုးပြုရန်အားထုတ်သည့် ထိတွေ့ဆက်ဆံမှုများကို အင်တိုက်အားတိုက် လုပ်ဆောင်ကြောင်းတွေ့ရသည်။

သမ္မတရှီကတရုတ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးကိုအာရုံစိုက်လုပ်ဆောင်နေပြီး တရုတ်နိုင်ငံ အနေနှင့်  ကမ္ဘာကြီး၏ ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် တရုတ်နိုင်ငံက သန္နိဋ္ဌာန်ချ အားထုတ်မှုများကို ကြိုးစား ပြသလျက်ရှိသည်။

နှစ်သစ်ကူးအကြိုနေ့၌ သမ္မတရှီနှင့် ရုရှားသမ္မတ ဗလာတီမာ ပူတင်တို့သည် တဦးနှင့်တဦး နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားများ အပြန်အလှန် ပြောကြား၍ အဓိကမဟာမိတ်များအဖြစ် ရင်းနှီးမှုကိုပြခဲ့ကြသည်။ နှစ်သစ်ကာလ၌ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုအသစ်များ ကို အတူတကွ အားစိုက်လုပ်ဆောင်ကြရန်အတွက် ပူတင်နှင့် နီးကပ်သောဆက်ဆံရေး ကို ဆက်လက်ထိန်းသိမ်းရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

ရှီသည် ၂၀၂၆ ခုနှစ်တွင် ဇန်နဝါရီ ၅ ရက်က တရုတ်နိုင်ငံသို့ ပထမဆုံးလာရောက်သည့် တောင်ကိုရီးယား (ROK) သမ္မတ လီဂျေမြောင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ရှီနှင့် သမ္မတလီတို့သည် နှစ်နိုင်ငံ အပြန်အလှန်ခရီးစဉ်များဖြင့် သွားရောက်ခဲ့ကြပြီး၊ တရုတ်-တောင်ကိုရီးယား ဆက်ဆံရေးကို အလေးထားမမြှင့်တင်ခဲ့ကြသည်။  

ထိုနေ့တွင်ပင် ရှီက တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် အိုင်ယာလန်နိုင်ငံ ဝန်ကြီးချုပ် မိုက်ကယ် မာတင်နှင့် တွေ့ဆုံခဲ့သည်။  ဤထူးခြားချက်မှာ တရုတ်နိုင်ငံသို့ အိုင်ယာလန်ဝန်ကြီးချုပ်တစ်ဦး ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် အိုင်ယာလန်နိုင်ငံနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးခိုင်မာစေရန်၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ရှိစေရန်၊ နှစ်နိုင်ငံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရန်နှင့် တရုတ်-အီးယူ ဆက်ဆံရေးကို မြှင့်တင်ရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့သည်။

ထို့အတူ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မာ့ခ်ကာနီသည် တရုတ်နိုင်ငံသို့ ၈ နှစ်အတွင်း ပထမဆုံးအကြိမ် လာရောက်သည့် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဖြစ်လာသည်။ ဇန်နဝါရီ ၁၆ ရက်နေ့တွင် မာ့ခ်ကာနီသည် ရှီနှင့်ဘီဂျင်းတွင်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေးကို ဆွေးနွေးခဲ့သည်။  

ထိုသို့ တွေ့ဆုံမှုတွင် ရှီက နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်အားကောင်း၍ တိုးတက်မှုရှိသော လမ်းကြောင်းပေါ်တွင်ထိန်းသိမ်းကျောင်းသွားရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် ဖင်လန်နိုင်ငံ ဝန်ကြီးချုပ် ပက်ထရီ အော်ပိုသည်လည်း ဇန်နဝါရီ ၂၅ ရက်မှ ၂၈ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်းသိရသည်။

(ဆင်ဟွာ) သတင်း- ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 36 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု