နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

တပ်မ၉၉လက်အောက်ခံစစ်သားတစ်ဦး MNDAA ထံ လက်နက်ချအလင်းဝင်

မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့် (MNDAA) ထံသို့ တပ်မ ၉၉ လက်အောက်ခံတပ်ရင်း (၄၁၉) မှ တပ်သားတစ်ဦး လက်နက်ချအလင်းဝင်ရောက်လာခဲ့တယ်လို့ The Kokangက ဒီ‌‌ကနေ့မှာ ဖော်ပြထားပါတယ်။

တပ်ရင်း၄၁၉မှ တပ်သား သန်းထိုက်အောင်ဟာ ဇွန်လ၂၀ရက်နေ့မှာ အလင်းဝင်လာခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ်အထူးဒေသ(၁) မုံကိုးခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဂုဏ်ပြုအခမ်းအနားနဲ့ ကျပ်သိန်းနှစ်ဆယ် ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်ရာမှာ ကိုသန်းထိုက်အောင်ဟာ ရိုင်ဖယ်တစ်လက်၊ ကျည်ဘောက်တစ်ခု၊ လက်ပစ်ဗုံးတစ်လုံးနဲ့ ကျည် ၁၈၆တောင့်ကိုတစ်ပါတည်း ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ MNDAA ထံသို့ လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းရှိပြီး အလင်းဝင်ရောက်လာရန် မုံကိုးခရိုင် အထွေထွေအတွင်းရေးမှုးက ဖိတ်ခေါ်ထားပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အာဏာရှင်စနစ် အဆုံးသတ်ချုပ်ငြိမ်းဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်လို့ KNLA စစ်ဦးစီးချုပ်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 8 Views
‌ဇွန်လ (၄)ရက်။ စစ်အာဏာရှင်စနစ် အဆုံးသတ်ချုပ်ငြိမ်းဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်လို့ ကယန်းပြည်သစ်တပ်မတော်(KNLA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်မြားနိုရဲ့ ဒီကနေ့မှာကျရောက်တဲ့ (၆၁)နှစ်ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

တလထဲ တအာင်းဒေသမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 5 Views
ဇွန်လ (၄)ရက်။ ပြီးခဲ့တဲ့ မေလပိုင်းထဲ တအာင်းဒေသမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈)ဦးသေဆုံးပြီး (၁၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA
မြန်မာသတင်း

စဉ့်ကူးမြို့ပေါ်ရှိ မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 8 Views
ဇွန်လ (၄)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန် စဉ့်ကူးမြို့ပေါ်ရှိ မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇွန်လ (၃)ရက်နေ့ နံနက် (၁၁)နာရီ (၅)မိနစ်က
မြန်မာသတင်း

ရန်ကုန်မှာ ကိုဗစ်(၁၉) အတည်ပြုလူနာသစ် (၁၇)ဦး ထပ်မံတွေ့ရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 15 Views
‌ဇွန်လ (၃)ရက်။ အခုတပတ်တာထဲ ရန်ကုန်တိုင်းမှာ ကိုဗစ်(၁၉) အတည်ပြုလူနာသစ် (၁၇)ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ (၂၅)ရက်နေ့ကနေ ဇွန်လ (၁)ရက်နေ့အထိ ဓါတ်ခွဲနမူနာစုစုပေါင်း (၁၇၇၈)ခုကို စစ်ဆေးခဲ့ရာ ကိုဗစ်အတည်ပြုလူနာသစ် (၁၇)ဦးကို
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေက ပြည်သူ (၂)ဦးကို သတ်ဖြတ်ပြီး ကလေးငယ်တွေအပါအဝင် (၁၆)ဦးကို ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 31 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၁)ရက်နေ့ နံနက် (၉)နာရီအချိန်က ကန့်ဘလူမြို့မှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ခန့်က ကံကြီးရွာရှိ ပြည်သူ (၂)ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

အပစ်ရပ်ထားတဲ့ စစ်ကောင်စီက ဗန်းမတ်ဒေသထဲ လက်နက်ကြီးတွေ (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
ဇွန်လ (၃)ရက်။ မနေ့က PNLO ဌာနချုပ်ကို ဦးတည်ပြီး ဗန်းမတ်ဒေသထဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မောက်မယ်မြို့ ကဒူးကြီးဒေသ PNLO
မြန်မာသတင်း

ပန်ဆယ်လိုအပါအဝင် NUG/PDF ကို ထောက်ပံ့နေသူတွေ ရောင်းချတာကို ဝယ်ယူရင် အကြမ်းဖက်ဥပဒေနဲ့ အရေးယူမယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 31 Views
‌ဇွန်လ (၃)ရက်။ NUG/PDF တွေကို ထောက်ပံ့နေသူတွေက ရောင်းချတဲ့ ပစ္စည်းတွေကို ဝယ်ယူတာနဲ့ တဆင့်ခံ ပြန်ရောင်းချတာတွေပြုလုပ်ရင် အရေးယူမယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG/PDF ကို ထောက်ပံ့နိုင်ဖို့အတွက် ပန်ဆယ်လို၊ အိုင်းရင်း၊
မြန်မာသတင်း

မိုးရာသီရောက်လာတာကြောင့် ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားလာပြီး ဆေးဝါးတွေလိုအပ်နေတယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 25 Views
‌ဇွန်လ (၂)ရက်။ မိုးရာသီရောက်လာတာကြောင့် စစ်ဆင်ရေးဒေသတွေမှာ ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားတာတဲ့အတွက် ဆေးဝါးတွေ လိုအပ်နေတယ်လို့ CDF-ASHO ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးဦးကာလ ရောက်လာပြီဖြစ်တဲ့အတွက် ရဲဘော်တွေသာမက စစ်ဆင်ရေးလှုပ်ရှားတဲ့ နယ်မြေဒေသတွေက ပြည်သူတွေပါ