နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

ဆောင်းပါးများ

ဆောင်းပါးများ နိုင်ငံတကာစီးပွားရေး အတွေးအမြင်ကဏ္ဍ အာရှ

အိန္ဒိယနှင့် မလေးရှားတို့သည် G20 ထိပ်သီးအစည်းအဝေးမတိုင်မီ အသစ်ထုတ်ဝေသည့် မြေပုံတွင် တရုတ်နိုင်ငံ၏ မြေယာပိုင်ဆိုင်ခွင့်ကို ကန့်ကွက်ခဲ့ကြ

အိန္ဒိယနှင့် မလေးရှားတို့သည် G20 ထိပ်သီးအစည်းအဝေးမတိုင်မီ အသစ်ထုတ်ဝေသည့် မြေပုံတွင် တရုတ်နိုင်ငံ၏ မြေယာပိုင်ဆိုင်ခွင့်ကို ကန့်ကွက်ခဲ့ကြသည်။

လာမည့်သီတင်းပတ် နယူးဒေလီတွင် ကျင်းပပြုလုပ်မည့် ထိပ်သီးအစည်းအဝေးမတိုင်မီ ဘော်နီယိုကျွန်းအနီးရှိ မလေးရှား၏ မလေးရှားပိုင်နက်နယ်မြေများနှင့် အိန္ဒိယနယ်မြေတို့ကို သူတို့ပိုင်အဖြစ် ဖော်ပြထားသည့် တရုတ်မြေပုံအသစ်ကို ဗုဒ္ဓဟူးနေ့တွင် မလေးရှားနိုင်ငံသည် အိန္ဒိယနှင့် ပူးပေါင်းဆန့်ကျင်ခဲ့သည်။

ယင်းသည် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် သုံးနှစ်ကြာ စစ်ရေးအရ တင်းမာမှုတွင် ပါဝင်နေသည့် တရုတ်နှင့် အိန္ဒိယကြား တင်းမာမှုများကို ပိုမိုဆိုးရွားစေခဲ့သည်။ တရုတ်သမ္မတရှီကျင့်ဖျင်သည် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် မျှော်လင့်ထားသောကြောင့် ဆန္ဒပြမည့်အချိန်သည် အဓိကကျလိမ့်မည်။

“အခြေခံအထောက်အထားမရှိတဲ့ ဒီတောင်းဆိုမှုတွေကို ကျွန်တော်တို့က ပယ်ချပါတယ်။ တရုတ်ဘက်မှ အဲ့ဒီလုပ်ဆောင်နေတဲ့ ခြေလှမ်းများဟာ နယ်နိမိတ်ပြဿနာ ဖြေရှင်းမှုကို ပိုမိုရှုပ်ထွေးစေတယ်” ဟု အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Arindam Bagchi က အင်္ဂါနေ့နှောင်းပိုင်းတွင် ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်နိုင်ငံ၏ တစ်ဖက်သတ် ကြေညာချက်များကို ပယ်ချခဲ့ပြီး အဆိုပါမြေပုံသည် တရုတ်နိုင်ငံပိုင်ဆိုင်မှု နှင့် ဆက်စပ်မှုမရှိဟု ထည့်သွင်းပြောကြားခဲ့သည်အိန္ဒိယက ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဆင်ခြင်တုံတရားဖြင့် ကိုင်တွယ်ဖြေရှင်းရန်လည်း သံတမန်ရေးလမ်းကြောင်းမှ ဆွေးနွေးညှိနှိုင်းမှု များဖြင့် တောင်းဆိုခဲ့သည်။

အိန္ဒိယ၏ပိုင်နက်ကို တရုတ်ပိုင်အဖြစ်ထည့်သွင်း ရေးဆွဲထားသည့် ၂၀၂၃ “စံပြမြေပုံ” ဟူသော အဆိုအား သံတမန်လမ်းကြောင်းများမှတစ်ဆင့် ကန့်ကွက်ကြောင်း အင်္ဂါနေ့တွင် အိန္ဒိယက တရားဝင် ကြေငြာခဲ့သည်။

တနင်္လာနေ့တွင် ထုတ်ပြန်သည့် တရုတ်မြေပုံဖော်ပြမှုတွင် တရုတ်နယ်စပ်ရှိ (Arunachal Pradesh) အရူနာချယ်ပရာဒက်ရှ်နှင့် (Doklam Plateau) ဒေါကလ ကုန်းပြင်မြင့်တို့သည် အိန္ဒိယနှင့် အငြင်းပွားနယ်မြေများ ဖြစ်သည်။ ထို့ပြင် တရုတ်ဖက်မှထိန်းချုပ်ထားသည့် တရုတ်နယ်နိမိတ်အတွင်း ပါဝင်သော အနောက်ဘက်ခြမ်းရှိ Aksai Chin ကိုလည်း အိန္ဒိယကသူတို့ပိုင်သည်ဟု တောင်းဆိုထားဆဲဖြစ်သည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီး Jaishankar Subhramanyam ကလည်း အင်္ဂါနေ့ညက ရုပ်မြင်သံကြားအင်တာဗျူးတစ်ခုတွင် တရုတ်၏ ပြောဆိုချက်ကို ပယ်ချခဲ့သည်။ “အိန္ဒိယရဲ့ပိုင်နက်ကို အဓိပ္ပာယ်မဲ့စွာ တောင်းဆိုတာဟာ တရုတ်ရဲ့ ပိုင်နက်အဖြစ် မရောက်စေရပါဘူး” ဟု ၎င်းက ဆိုသည်။

မကြာသေးမီက တရုတ်နိုင်ငံသည် အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ Arunachal Pradesh ပြည်နယ်မှ အရာရှိများ၏ နိုင်ငံကူးလက်မှတ်တွင် ဗီဇာများ တံဆိပ်ရိုက်ပေးရန် ငြင်းဆိုခဲ့ပြီး ယင်းအစား ကလစ်နှင့် ဖိချုပ်ထားသော လက်မှတ်ကို သာထုတ်ပေးပြီး ထိုနေရာသည် တရုတ်တို့၏ ပိုင်နက်ဖြစ်ကြောင်းအဓိပ္ပာယ်သက်ရောက်သည်။

အိန္ဒိယ ထိန်းချုပ်ထားသည့် ကက်ရ်ှမီးယားဒေသအပေါ် အိန္ဒိယ၏ အချုပ်အခြာအာဏာကိုလည်း အသိအမှတ်ပြုရန် ငြင်းဆိုထားပြီး မေလတွင် G20 အစည်းအဝေးသို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန် ငြင်းဆိုခဲ့သည်။

ပြီးခဲ့သည့်အပတ်က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ သည် တောင်အာဖရိကမြို့တော် ဂျိုနက်စ်ဘာ့ခ်၌ BRICS ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတရှီအား အလွတ်သဘော စကား ပြောဆိုခဲ့ပြီး ဝန်ကြီးချုပ်သည် နယူးဒေလီ၏ မဖြေရှင်းရသေးသော နယ်စပ်ပြဿနာများနှင့် ပတ်သက်၍ စိုးရိမ်မှုများကို မီးမောင်းထိုး ပြခဲ့သည်။

အငြင်းပွားနယ်စပ်တွင် တင်းမာမှုများ တိုးမြင့်လာခြင်းကို လျော့ကျစေရန် ကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့်ရန် ခေါင်းဆောင်နှစ်ဦး သဘောတူညီခဲ့ကြပြီး ထိုနေရာတွင် တပ်စွဲထားသည့် ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များကို နေရပ်ပြန်ပို့ရန် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အငြင်းပွားနေသော နယ်နိမိတ်သည် Ladakh ဒေသတွင် ထောင်နှင့်ချီသော အိန္ဒိယနှင့် တရုတ်စစ်သားများကြား သုံးနှစ်ကြာ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်စေခဲ့သည်။

လွန်ခဲ့သည့် ၃ နှစ်က ယင်းဒေသတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ရာ အိန္ဒိယ စစ်သား ၂၀ နှင့် တရုတ် ၄ ဦး သေဆုံးခဲ့သည်။

“နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ အလုံးစုံ အကျိုးစီးပွားကို အလေးထားပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်း ကာကွယ်ဖို့ နှစ်နိုင်ငံဆက်ဆံရေးကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်” ဟု နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှုအပြီးတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အိန္ဒိယနှင့် တရုတ်စစ်တပ်မှ တပ်မှူးများ ယခုလအစောပိုင်းတွင် တွေ့ဆုံခဲ့ပြီး အခြေအနေကို တည်ငြိမ်စေရန် ကြိုးပမ်းခဲ့သည်။

“အမှန်တကယ် ထိန်းချုပ်ရေးမျဉ်း” ဟုအမည်ပေးထားသည့် နယ်စပ်မျဉ်းသည် အနောက်ဘက်ရှိ Ladakh မှ တရုတ်နှင့် အိန္ဒိယပိုင်နယ်မြေများကို တရုတ်က လုံးလုံး လျားလျား တောင်းဆိုထားသည့် အိန္ဒိယအရှေ့ပိုင်း Arunachal Pradesh အထိ ပိုင်းခြားထားသည်။ အိန္ဒိယနှင့် တရုတ်တို့သည် ၁၉၆၂ ခုနှစ်တွင် ၎င်းတို့၏ နယ်နိမိတ်ကို စစ်ပွဲဆင်နွှဲခဲ့ကြသည်။

တရုတ်သည် Arunachal Pradesh အပါအဝင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ရှိ နယ်မြေ ၉၀,၀၀၀ စတုရန်းကီလိုမီတာ (၃၅,၀၀၀ စတုရန်းမိုင်) ခန့်ကို တောင်းဆိုထားသည်။

ထိုဒေသတွင် နေထိုင်သူ အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ အိန္ဒိယနိုင်ငံသည် လက်ရှိရင်ဆိုင် ကြုံတွေ့နေရသော Ladakh ရှိ အိန္ဒိယက တစ်စိတ်တစ်ပိုင်းပိုင်သည်ဟု ယူဆထားသည့် Aksai Chin ကုန်းမြင့်ရှိ ၎င်း၏နယ်မြေ ၃၈,၀၀၀ စတုရန်းကီလိုမီတာ (၁၅,၀၀၀ စတုရန်းမိုင်) ကို တရုတ်က သိမ်းပိုက်ထားကြောင်း အိန္ဒိယက ပြောသည်။

Source: AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာစီးပွားရေး နိုင်ငံတကာသတင်း

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 34 Views
ရှာနာ့ဇ် မူဆာဖာ (Shanaz Musafer) ဘီဘီစီ စီးပွားရေးသတင်းထောက်ပေးပို့သည်။ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် မနေ့ညက အမေရိကန်နှင့်
ဆောင်းပါးများ

NUGရဲ့ ဖြုတ်ထုတ်သတ်လမ်းစဥ်နဲ့ တော်လှန်ရေးအောင်မလား?

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 91 Views
ခေတ်မျက်လုံး အထူးဆောင်းပါး တော်လှန်ရေးအောင်မြင်ဖို့မှာ စစ်အုပ်စုကို တိုက်နေတဲ့အဖွဲ့အစည်းတွေ ကြီးငယ်မ‌ရွေး ညီညွတ်ဖို့လိုသလို ငါတို့ဟာ အင်အားကြီးမားပြီး အလွန်ကောက်ကျစ်တဲ့ ဘုံရန်သူကို တိုက်နေရတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ကြဖို့လို့တယ်၊ ဒီလို အင်အားကြီးတဲ့ရန်သူကို တိုက်တဲ့နေရာမှာ အဓိကကျတဲ့အချက်က ညီညွတ်ရေးပဲ
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 104 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 180 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်သည် “အလွန်ကောင်းမွန်တဲ့ ညှိနှိုင်းရေးအကွက် အချက် (negotiating chip)” တစ်ခုဖြစ်ကြောင်း
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 173 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 175 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 190 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို