နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 13 ရက်

ဆောင်းပါးများ

ဆောင်းပါးများ နိုင်ငံတကာစီးပွားရေး အတွေးအမြင်ကဏ္ဍ အာရှ

အိန္ဒိယနှင့် မလေးရှားတို့သည် G20 ထိပ်သီးအစည်းအဝေးမတိုင်မီ အသစ်ထုတ်ဝေသည့် မြေပုံတွင် တရုတ်နိုင်ငံ၏ မြေယာပိုင်ဆိုင်ခွင့်ကို ကန့်ကွက်ခဲ့ကြ

အိန္ဒိယနှင့် မလေးရှားတို့သည် G20 ထိပ်သီးအစည်းအဝေးမတိုင်မီ အသစ်ထုတ်ဝေသည့် မြေပုံတွင် တရုတ်နိုင်ငံ၏ မြေယာပိုင်ဆိုင်ခွင့်ကို ကန့်ကွက်ခဲ့ကြသည်။

လာမည့်သီတင်းပတ် နယူးဒေလီတွင် ကျင်းပပြုလုပ်မည့် ထိပ်သီးအစည်းအဝေးမတိုင်မီ ဘော်နီယိုကျွန်းအနီးရှိ မလေးရှား၏ မလေးရှားပိုင်နက်နယ်မြေများနှင့် အိန္ဒိယနယ်မြေတို့ကို သူတို့ပိုင်အဖြစ် ဖော်ပြထားသည့် တရုတ်မြေပုံအသစ်ကို ဗုဒ္ဓဟူးနေ့တွင် မလေးရှားနိုင်ငံသည် အိန္ဒိယနှင့် ပူးပေါင်းဆန့်ကျင်ခဲ့သည်။

ယင်းသည် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် သုံးနှစ်ကြာ စစ်ရေးအရ တင်းမာမှုတွင် ပါဝင်နေသည့် တရုတ်နှင့် အိန္ဒိယကြား တင်းမာမှုများကို ပိုမိုဆိုးရွားစေခဲ့သည်။ တရုတ်သမ္မတရှီကျင့်ဖျင်သည် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် မျှော်လင့်ထားသောကြောင့် ဆန္ဒပြမည့်အချိန်သည် အဓိကကျလိမ့်မည်။

“အခြေခံအထောက်အထားမရှိတဲ့ ဒီတောင်းဆိုမှုတွေကို ကျွန်တော်တို့က ပယ်ချပါတယ်။ တရုတ်ဘက်မှ အဲ့ဒီလုပ်ဆောင်နေတဲ့ ခြေလှမ်းများဟာ နယ်နိမိတ်ပြဿနာ ဖြေရှင်းမှုကို ပိုမိုရှုပ်ထွေးစေတယ်” ဟု အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Arindam Bagchi က အင်္ဂါနေ့နှောင်းပိုင်းတွင် ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်နိုင်ငံ၏ တစ်ဖက်သတ် ကြေညာချက်များကို ပယ်ချခဲ့ပြီး အဆိုပါမြေပုံသည် တရုတ်နိုင်ငံပိုင်ဆိုင်မှု နှင့် ဆက်စပ်မှုမရှိဟု ထည့်သွင်းပြောကြားခဲ့သည်အိန္ဒိယက ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဆင်ခြင်တုံတရားဖြင့် ကိုင်တွယ်ဖြေရှင်းရန်လည်း သံတမန်ရေးလမ်းကြောင်းမှ ဆွေးနွေးညှိနှိုင်းမှု များဖြင့် တောင်းဆိုခဲ့သည်။

အိန္ဒိယ၏ပိုင်နက်ကို တရုတ်ပိုင်အဖြစ်ထည့်သွင်း ရေးဆွဲထားသည့် ၂၀၂၃ “စံပြမြေပုံ” ဟူသော အဆိုအား သံတမန်လမ်းကြောင်းများမှတစ်ဆင့် ကန့်ကွက်ကြောင်း အင်္ဂါနေ့တွင် အိန္ဒိယက တရားဝင် ကြေငြာခဲ့သည်။

တနင်္လာနေ့တွင် ထုတ်ပြန်သည့် တရုတ်မြေပုံဖော်ပြမှုတွင် တရုတ်နယ်စပ်ရှိ (Arunachal Pradesh) အရူနာချယ်ပရာဒက်ရှ်နှင့် (Doklam Plateau) ဒေါကလ ကုန်းပြင်မြင့်တို့သည် အိန္ဒိယနှင့် အငြင်းပွားနယ်မြေများ ဖြစ်သည်။ ထို့ပြင် တရုတ်ဖက်မှထိန်းချုပ်ထားသည့် တရုတ်နယ်နိမိတ်အတွင်း ပါဝင်သော အနောက်ဘက်ခြမ်းရှိ Aksai Chin ကိုလည်း အိန္ဒိယကသူတို့ပိုင်သည်ဟု တောင်းဆိုထားဆဲဖြစ်သည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီး Jaishankar Subhramanyam ကလည်း အင်္ဂါနေ့ညက ရုပ်မြင်သံကြားအင်တာဗျူးတစ်ခုတွင် တရုတ်၏ ပြောဆိုချက်ကို ပယ်ချခဲ့သည်။ “အိန္ဒိယရဲ့ပိုင်နက်ကို အဓိပ္ပာယ်မဲ့စွာ တောင်းဆိုတာဟာ တရုတ်ရဲ့ ပိုင်နက်အဖြစ် မရောက်စေရပါဘူး” ဟု ၎င်းက ဆိုသည်။

မကြာသေးမီက တရုတ်နိုင်ငံသည် အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ Arunachal Pradesh ပြည်နယ်မှ အရာရှိများ၏ နိုင်ငံကူးလက်မှတ်တွင် ဗီဇာများ တံဆိပ်ရိုက်ပေးရန် ငြင်းဆိုခဲ့ပြီး ယင်းအစား ကလစ်နှင့် ဖိချုပ်ထားသော လက်မှတ်ကို သာထုတ်ပေးပြီး ထိုနေရာသည် တရုတ်တို့၏ ပိုင်နက်ဖြစ်ကြောင်းအဓိပ္ပာယ်သက်ရောက်သည်။

အိန္ဒိယ ထိန်းချုပ်ထားသည့် ကက်ရ်ှမီးယားဒေသအပေါ် အိန္ဒိယ၏ အချုပ်အခြာအာဏာကိုလည်း အသိအမှတ်ပြုရန် ငြင်းဆိုထားပြီး မေလတွင် G20 အစည်းအဝေးသို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန် ငြင်းဆိုခဲ့သည်။

ပြီးခဲ့သည့်အပတ်က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ သည် တောင်အာဖရိကမြို့တော် ဂျိုနက်စ်ဘာ့ခ်၌ BRICS ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတရှီအား အလွတ်သဘော စကား ပြောဆိုခဲ့ပြီး ဝန်ကြီးချုပ်သည် နယူးဒေလီ၏ မဖြေရှင်းရသေးသော နယ်စပ်ပြဿနာများနှင့် ပတ်သက်၍ စိုးရိမ်မှုများကို မီးမောင်းထိုး ပြခဲ့သည်။

အငြင်းပွားနယ်စပ်တွင် တင်းမာမှုများ တိုးမြင့်လာခြင်းကို လျော့ကျစေရန် ကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့်ရန် ခေါင်းဆောင်နှစ်ဦး သဘောတူညီခဲ့ကြပြီး ထိုနေရာတွင် တပ်စွဲထားသည့် ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များကို နေရပ်ပြန်ပို့ရန် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အငြင်းပွားနေသော နယ်နိမိတ်သည် Ladakh ဒေသတွင် ထောင်နှင့်ချီသော အိန္ဒိယနှင့် တရုတ်စစ်သားများကြား သုံးနှစ်ကြာ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်စေခဲ့သည်။

လွန်ခဲ့သည့် ၃ နှစ်က ယင်းဒေသတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ရာ အိန္ဒိယ စစ်သား ၂၀ နှင့် တရုတ် ၄ ဦး သေဆုံးခဲ့သည်။

“နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ အလုံးစုံ အကျိုးစီးပွားကို အလေးထားပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်း ကာကွယ်ဖို့ နှစ်နိုင်ငံဆက်ဆံရေးကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်” ဟု နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှုအပြီးတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အိန္ဒိယနှင့် တရုတ်စစ်တပ်မှ တပ်မှူးများ ယခုလအစောပိုင်းတွင် တွေ့ဆုံခဲ့ပြီး အခြေအနေကို တည်ငြိမ်စေရန် ကြိုးပမ်းခဲ့သည်။

“အမှန်တကယ် ထိန်းချုပ်ရေးမျဉ်း” ဟုအမည်ပေးထားသည့် နယ်စပ်မျဉ်းသည် အနောက်ဘက်ရှိ Ladakh မှ တရုတ်နှင့် အိန္ဒိယပိုင်နယ်မြေများကို တရုတ်က လုံးလုံး လျားလျား တောင်းဆိုထားသည့် အိန္ဒိယအရှေ့ပိုင်း Arunachal Pradesh အထိ ပိုင်းခြားထားသည်။ အိန္ဒိယနှင့် တရုတ်တို့သည် ၁၉၆၂ ခုနှစ်တွင် ၎င်းတို့၏ နယ်နိမိတ်ကို စစ်ပွဲဆင်နွှဲခဲ့ကြသည်။

တရုတ်သည် Arunachal Pradesh အပါအဝင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ရှိ နယ်မြေ ၉၀,၀၀၀ စတုရန်းကီလိုမီတာ (၃၅,၀၀၀ စတုရန်းမိုင်) ခန့်ကို တောင်းဆိုထားသည်။

ထိုဒေသတွင် နေထိုင်သူ အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ အိန္ဒိယနိုင်ငံသည် လက်ရှိရင်ဆိုင် ကြုံတွေ့နေရသော Ladakh ရှိ အိန္ဒိယက တစ်စိတ်တစ်ပိုင်းပိုင်သည်ဟု ယူဆထားသည့် Aksai Chin ကုန်းမြင့်ရှိ ၎င်း၏နယ်မြေ ၃၈,၀၀၀ စတုရန်းကီလိုမီတာ (၁၅,၀၀၀ စတုရန်းမိုင်) ကို တရုတ်က သိမ်းပိုက်ထားကြောင်း အိန္ဒိယက ပြောသည်။

Source: AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အာရှ

နယ်စပ်ဒေသတည်ငြိမ်ဖို့ မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံအစည်းအဝေးပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 10 Views
ဇူလိုင်လ (၁၃)ရက်။ နယ်စပ်ဒေသတလျှောက် တည်ငြိမ်ဖို့ ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံအစည်းအဝေးကို ဇူလိုင်(၁၁)ရက်က နယူးဒေလီမှာ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ
မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

တရုတ်ခရီးစဉ်ထဲ ဒုစစ်ခေါင်းဆောင် စိုး၀င်းက နယ်စပ်ဒေသတည်ငြိမ်ဖို့ တွေ့ဆုံဆွေးနွေးတာတွေပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 15 Views
ဇူလိုင်လ (၈)ရက်။ မနေ့က ညနေ (၅)နာရီအချိန်မှာ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ဒုစစ်ခေါင်းဆောင် စိုး၀င်းက နယ်စပ်ဒေသတည်ငြိမ်ဖို့ ‌‌နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲထဲ ပြောဆိုခဲ့တယ်လို့
နိုင်ငံတကာသတင်း အာရှ

အိန္ဒိယနိုင်ငံမြောက်ပိုင်း န္ဒူဘာသာရေးပွဲတော်တစ်ခုအတွင်း လူအုပ်ကြီး ကသောင်းကနင်း ဖြစ်ပွားကာ လူ ၁၂၁ ဦး သေဆုံး

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 18 Views
ဇူလိုင်လ (၃) ရက်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ အူတာပရာဒက်ရှ်ပြည်နယ်မှာ ဇူလိုင် ၂ ရက်က ဟိန္ဒူဘာသာရေးပွဲတော်တစ်ခုအတွင်း လူများအလွန်ပြည့်ကျပ်ခဲ့ပြီး လူအုပ်ကြီး ကသောင်းကနင်း ဖြစ်ပွားကာ လူ ၁၂၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ပွဲစီစဉ်သူတွေက
နိုင်ငံတကာသတင်း အာရှ

နှစ် ၂၀ အတွင်း ပထမဆုံး ဒီဇိုင်းပြောင်းလဲမှုနှင့် ဂျပန်နိုင်ငံ၏ ငွေစက္ကူအသစ် ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 28 Views
ဇူလိုင်လ (၃) ရက်။ ငွေသားသုံးစွဲမှုကို နှစ်သက်တဲ့ဂျပန်နိုင်ငံမှာ တဖြည်းဖြည်း ငွေသားကင်းစင်သွားရန်ကြိုးပမ်းနေချိန်မှာ ငွေစက္ကူအတုအယောင် ဆန့်ကျင်ရေး နည်းပညာတွေပါဝင်တဲ့ နောက်ဆုံးပေါ် ယန်း ၁၀၀၀၀၊ ယန်း ၅၀၀၀ နဲ့ ယန်း ၁၀၀၀ တန် ငွေစက္ကူ
နိုင်ငံတကာသတင်း အာရှ

တရုတ်စစ်တပ် ဘယ်လောက် အဆင်သင့်ဖြစ်နေပြီလဲ။

  • 2024 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 33 Views
++ ကာကွယ်ရေးဝန်ကြီး နှစ်ဦး ထုတ်ပယ်ခံရမှုမှာ မေးခွန်းထုတ်စရာ ဖြစ်လာ ++ CNN ဟောင်ကောင် သတင်းဆောင်းပါး လပေါင်းများစွာ ပြင်းထန်သော ထင်ကြေးပေးမှုများနှင့် တရားဝင် တာဝန်မှထုတ်ပယ်ခံရပြီးနောက် တရုတ်သည် ပြီးခဲ့သောနှစ်က လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သော ၎င်း၏
မြန်မာသတင်း အာရှ

အိန္ဒိယပြည်ပရေးရာဝန်ကြီးကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး နယူးဒေလီမှာ သွားရောက်တွေ့ဆုံ

  • 2024 ခုနှစ်၊ ဇွန်လ 28 ရက်
  • 23 Views
ဇွန်လ (၂၈)ရက်။ ဇွန်လ (၂၆)ရက်နေ့က နယူးဒေလီမြို့မှာ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်ရှန်ကာကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက သွားရောက်တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဟာ အီရန်နိုင်ငံ၊ တီဟီရန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အေစီဒီ
တောင်ကိုးရီးယား နိုင်ငံတကာသတင်း အာရှ

မီးလောင်ပေါက်ကွဲခဲ့မှုအတွက် တောင်ကိုရီးယား ဘက်ထရီစက်ရုံ စီအီးအို တောင်းပန်

  • 2024 ခုနှစ်၊ ဇွန်လ 25 ရက်
  • 30 Views
မီးလောင်ပေါက်ကွဲခဲ့မှုအတွက် တောင်ကိုရီးယား ဘက်ထရီစက်ရုံ စီအီးအို တောင်းပန် ++++++++++++++++++++++++ ကြီးမားတဲ့ မီးလောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ အလုပ်သမား 23 ဦးအထိရှိခဲ့တဲ့အပေါ် တောင်ကိုရီးယားဘက်ထရီထုတ်လုပ်ရေး ကုမ္ပဏီရဲ့ စီအီးအိုက တောင်းပန်စကားပြောဆိုခဲ့ပါတယ်။ “ဇွန်လ 24 ရက်နေ့က Aricell
နိုင်ငံတကာသတင်း အာရှ ဥရောပ

ရုရှား-မြောက်ကိုရီးယား ကာကွယ်ရေး သဘောတူညီချက်ကို တောင်ကိုရီးယား ရှုတ်ချ၊

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 29 Views
ယူကရိန်းသို့ တောင်ကိုရီးယားက လက်နက်များ ပေးပို့နေခြင်းသည် ကြီးမားသောအမှားဖြစ်ကြောင်း ပူတင်ပြော ဇွန်လ (၂၁) ရက်။ CNN သတင်း။ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီယားခေါင်းဆောင် ကင်ဂျုံအွန်တို့ အပြန်အလှန် ကာကွယ်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး နောက်တစ်နေ့မှာ “