နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

အာဏာသိမ်း (၂) နှစ်ကျော်အတွင်း ကရင်နီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၃၀၀) ကျော်သေဆုံးခဲ့

စစ်တပ်အာဏာသိမ်းပြီးနောက် (၂) နှစ်ကျော်ကာလအတွင်း ကရင်နီပြည်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၃၃၆) ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)ရဲ့ ဒီကနေ့ စက်တင်ဘာလ (၁) ရက်နေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကစပြီး ၂၀၂၃ခုနှစ် ဩဂုတ်လ (၃၁)ရက်အထိ ကရင်နီပြည်အတွင်း စစ်ရေး၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စာရင်းအကျဉ်းချုပ်ကို PKPF က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ အာဏာသိမ်းပြီးနောက် (၂) နှစ်ကျော်အတွင်း ကရင်နီပြည်မှာ တိုက်ပွဲပေါင်း (၈၀၀)နဲ့ လေကြောင်းတိုက်ခိုက်မှု (၆၁၉) ကြိမ်ရှိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၃၃၆)ဦးသေဆုံးပြီး KNDF ပူးပေါင်းတပ်ဘက််က (၃၂၂) ဦး ကျဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့ပြင် ကရင်နီပြည်မှာ သတ်ဖြတ်ခံရတာကြောင့် အရပ်သားသေဆုံးမှု (၃၈၀)ဦးရှိပြီး စစ်ဘေးရှောင်ပြည်သူ သေဆုံးသူ (၁၄၂) ဦးနဲ့ မတရားဖမ်းဆီးခံရသူ (၁၉၂)ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

ကရင်နီပြည်အတွင်း စစ်ကောင်စီယာဉ်တန်း ပျက်စီးမှု (၆၅)စီးရှိခဲ့ပြီး နေအိမ် (၁၇၀၀) ပျက်စီးခဲ့သလို ဘာသာရေးအဆောက်အအုံ (၄၂) ခု ပျက်စီးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

Eraseye\news

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းတပ်မြို့က ပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 2 Views
နိုဝင်ဘာလ (၁၀)ရက်။ မနေ့က နံနက် (၉)နာရီလောက်ကစပြီး မင်းတပ်မြို့ရှိ ခေါနူးရိပ်သာအနီးတဝိုက်က ပြည်သူတွေရဲ့နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ CDF-MINDAT ရဲ့
မြန်မာသတင်း

တရားမဝင် ပတ်စ်ပို့သက်တမ်းတိုးသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 2 Views
နိုဝင်ဘာလ (၁၀)ရက်။ မြန်မာနိုင်ငံသားတွေအနေနဲ့ တရားမဝင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာတွေကို အရေးယူသွားမယ်လို့ ဆိုးလ်မြို့ရှိ စစ်ကောင်စီသံရုံးရဲ့ မနေ့က သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်ကို လှောင်ပြောင်လို့ဆိုပြီး ငါးမင်းဆွေကို စစ်ကောင်စီ ဖမ်းဆီး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 6 Views
နိုဝင်ဘာလ (၉)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာမှာ ဦးမင်းဆွေ(ခ)ငါးမင်းဆွေကို ဖမ်းဆီးခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဖော်ပြထားချက်တွေအရ သိရပါတယ်။ ငါးမင်းဆွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ဓါတ်ပုံနဲ့ လှောင်ပြောင်တာအပါအဝင် PDF တွေနဲ့ပတ်သက်ပြီး ရေးသားတာကြောင့် ဖမ်းဆီးတာလို့
မြန်မာသတင်း

အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းတဲ့အချိန် စစ်ကောင်စီက ပြန်လွှတ်ပေးတာက ထောင်ထဲ ဆေးဝါးမလုံလောက်ဘဲ သေဆုံးရတာကို ဖုံးကွယ်ဖို့ကြိုးစားတာလို့ဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 5 Views
နိုဝင်ဘာလ (၉)ရက်။ အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းတဲ့အချိန်မှာ စစ်ကောင်စီက လွတ်ငြိမ်းပေးပြီး ပြန်လွှတ်ပေးတာက ထောင်ထဲ ဆေးဝါးမလုံလောက်ဘဲ သေဆုံးရတာကို ဖုံးကွယ်ဖို့ ကြိုးစားတာလို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျန်းမာရေးအရမ်းဆိုးရွားနေပြီး အသက်ရှင်သန်ဖို့
မြန်မာသတင်း

တောင်ငူမြို့နယ်ထဲ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာထွက်ပြေးနေရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 5 Views
နိုဝင်ဘာလ (၉)ရက်။ မနေ့က နံနက်ပိုင်းအချိန်ကစပြီး တောင်ငူမြို့ အိုင်ဇောက်ရွာဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အနီးရှိကျေးရွာတွေက ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေကြရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ မနေ့က နံနက်အစောပိုင်းထဲက အိုင်ဇောက်ရွာမှာ အထိုင်ချထားတဲ့ စကစတပ်နဲ့
မြန်မာသတင်း

ရန်ကုန်ရှိ စမ်းချောင်းမြို့က ငွေလဲကောင်တာတခု လုယက်ခံရကာ ဆိုင်မန်နေဂျာ ဓါးထိုးခံရပြီးသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 5 Views
နိုဝင်ဘာလ (၉)ရက်။ မနေ့က နေ့လယ် (၃)နာရီ (၄၀)မိနစ်အချိန်က ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် မြေနီကုန်းတောင်ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ငွေလဲကောင်တာတစ်ခု လုယက်မှုဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်‌အရ သိရပါတယ်။ “ စမ်းချောင်း ဗားကရာလမ်းမှာ ဖွင့်ထားတဲ့ ငွေလဲကောင်တာကို
မြန်မာသတင်း

ပုဂံက ဟိုတယ်တစ်ခုမှာ ဟိုတယ်မန်နေဂျာနဲ့ ဝန်ထမ်းတွေက လာရောက်တည်းခိုတဲ့ လူငယ်တွေကို ရိုက်နှက်ရာက တစ်ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 5 Views
နိုဝင်ဘာလ (၉)ရက်။ နိုဝင်ဘာလ (၃)ရက်နေ့ ညပိုင်းအချိန်က ပုဂံဒေသရှိ ရွှေစည်းခုံဘုရားအနီးက Cheri Land River House ဟိုတယ်မှာ လာရောက်တည်းခိုတဲ့ လူငယ်တွေကို ဟိုတယ်မန်နေဂျာအပါအဝင် ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ကာ တစ်ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့တယ်လို့ မိသားစုဝင်နဲ့
မြန်မာသတင်း

ကျွန်းလှမြို့မှာ စစ်ကောင်စီနဲ့ ပျူစောထီးစစ်ကြောင်းက အရပ်သား (၂)ဦးကို သတ်ဖြတ်ပြီး (၃)ဦးကို ဖမ်းဆီးသွား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 6 Views
နိုဝင်ဘာလ (၉)ရက်။ မနေ့က နံနက် (၉)နာရီကျော်အချိန်က ကျွန်းလှမြို့နယ်၊ သအင်းသရက်တောရွာကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဝင်ရောက်မီးရှို့ပြီး အရပ်သား (၂)ဦးကို သတ်ဖြတ်ကာ (၃)ဦးကို ဖမ်းဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ “ အင်အား