နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 31 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

ဂျော်ဒန်အနောက်ဘက်ကမ်းဟာလည်း အစ္စရေးအတွက် တတိယမြောက်စစ်မျက်နှာပြင် ဖြစ်လာနိုင်ဖွယ်ရှိနေ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်၊ ရာမာလာ/ဂျေရုဆလင်။

ဒီလ (၇) ရက်နေ့က အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်နဲ့ အစ္စရေးတို့ကြား စစ်ရေးအရ ပဋိပက္ခ ဖြစ်ခဲ့ရာ အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်း အနောက်ဘက်ကမ်းတွင် အကြမ်းဖက်မှုများ လျင်မြန်စွာ မြင့်တက်လာခဲ့ပါတယ်။

ဟားမတ်စ်တို့ ထိရောက်စွာ ထိန်းချုပ်ထားတဲ့ဂါဇာကို အစ္စရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်လျက်ရှိပါတယ်။ လက်ဘနွန်နယ်စပ်မှာ ရှီးယားအစ္စလာမ္မစ် ဟစ်ဇ်ဘိုလာအဖွဲ့နဲ့လည်း အစ္စရေးက ပဋိပက္ခဖြစ်နေပြီး ဂျော်ဒန်အနောက်ဘက်ကမ်းဟာလည်း အစ္စရေးအတွက် တတိယမြောက်စစ်မျက်နှာပြင် ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

ဂျော်ဒန်အနောက်ဘက်ကမ်းတွင် အစ္စရေးစစ်သားများနှင့် အခြေချနေထိုင်သူများနှင့် ပါလက်စတိုင်းတို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး ယခုလ ၇ ရက်နေ့မှစပြီး အကြမ်းဖက်မှုတွင် ပါလက်စတိုင်း ၈၀ ကျော် သေဆုံးခဲ့သည်။ အစ္စရေးက လူ ၉၀၀ ကျော်ကို ဖမ်းဆီးထားပါတယ်။

ဂျော်ဒန်အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ်က အောက်တိုဘာလ (၁၉) ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးရဲစခန်း စီးနင်းမှုမှာ ရဲအရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

၂၀ ရက်နေ့အစောပိုင်းတွင် အစ္စရေးဘက်မှလည်း စီးနင်းမှုပြုလုပ်ခဲ့ပြီး ဒါဇင်နှင့်ချီသောလူများကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက ဂျော်ဒန်အနောက်ဘက်ကမ်းမှာ လှုပ်ရှားနေတဲ့ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေရဲ့ တိုက်ခိုက်မှုအတွက် ကြိုတင်ပြင်ဆင်ထားပြီး သတိကြီးကြီးထားပြီးနေရတယ်လို့ ကြေညာခဲ့ပါတယ်။။ “ခြိမ်းခြောက်မှုတွေ တိုးလာနေတယ်” ဟု ၎င်းက ဆိုပါတယ်။

Source: ရိုက်တာ။

ဓာတ်ပုံ။

အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်နဲ့ အစ္စရေးတို့ အကြား ဒီလ ၇ ရက်နေ့က တိုက်ပွဲများ ဖြစ်ပွားပြီးကတည်းက အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ဂျော်ဒန်အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ အကြမ်းဖက်မှုများ လျင်မြန်စွာ မြင့်တက်လာခဲ့ပါတယ်။ ၁၈ ရက်နေ့က ရာမာလာမှာ အစ္စရေးစစ်သားတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသွားတဲ့ ပါလက်စတိုင်းတစ်ဦးရဲ့ဈာပနမှာ ဝမ်းနည်းပူဆွေးနေကြတဲ့ပါလက်စတိုင်းများ။

(2023 Reuters/Mohamad Torokman)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ၊ ခန်းယူနစ် အခြေအနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 36 Views
(AP)သတင်း၊ ဒီဇင်ဘာလ ၂၉ရက် ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ဆောင်းမိုးများ အပြင်းအထန် ရွာသွန်းခဲ့ရာ၊ နှစ်နှစ်ကြာစစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ ခိုလှုံရာ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

BBC သတင်းဌာနသို့ ပါလက်စတိုင်းအမျိုးသားနှစ်ဦး၏ ထွက်ဆိုချက်အရ အစ္စရေးအကျဉ်းထောင်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများ ရှိနေကြောင်း ဖော်ပြထားသည့် သတင်းကို အကျဉ်းချုပ် ဘာသာပြန်ဆိုပေးလိုက်ပါသည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 51 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက် အစ္စရေးအကျဉ်းထောင်များအတွင်း နှိပ်စက်ညှဉ်းပန်းမှု သတင်းအကျဉ်း အစ္စရေးအကျဉ်းထောင်များတွင် ပါလက်စတိုင်းအကျဉ်းသားများအပေါ် စနစ်တကျ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ရှိနေကြောင်း ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်တကြီး ထောက်ပြထားကြသည်။ ကိုယ်တွေ့ထွက်ဆိုချက်များ။* ဆာမီ အယ်လ်ဆေးအီ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 72 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

၂၀၂၃ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂက်စ် မိုဟာမက်ဒီကို အီရန်တွင် ဖမ်းဆီး၊ ထောက်ခံသူများက ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 83 Views
BBC- ၂၀၂၅ခုနှစ်ဒီဇင်ဘာလ ၁၃ရက် အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ နာဂက်စ် မိုဟာမက်ဒီ ကို “ အကြမ်းဖက်စွာ ဖမ်းဆီးခဲ့သည်” ဟု ၎င်း၏ ဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။ နာဂက်စ် ဖောင်ဒေးရှင်း က
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာနှင့် အနောက်ဖက်ကမ်း (Gaza-West Bank)

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 96 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊၂၈ရက် အနောက်ဖက်ကမ်း၊ ဂျန်နင်မြို့တွင် လက်နက်ချသူနှစ်ဦးကို ပစ်သတ်မှုနှင့်ပတ်သက်၍ အစ္စရေးစစ်ဘက် စုံစမ်းစစ်ဆေးမည် အစ္စရေးအာဏာပိုင်များသည် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်းဒေသ၌ လက်နက်ချအညံ့ခံသည့် ပုံပေါက်နေသော လူနှစ်ဦးကို စစ်သားများက ပစ်သတ်ခဲ့သည့် ဖြစ်ရပ်အား စစ်ဆေးသုံးသပ်လျက်ရှိသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာနှင့် အနောက်ဘက်ကမ်းဒေသ နောက်ဆုံးရ သတင်းများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 93 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၆ရက် လက်ရှိအချိန်သည် အမေရိကန်ကြားဝင်စေ့စပ်မှုဖြင့် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ချုပ်ဆိုထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ ပထမအဆင့် ပြီးဆုံးလုနီးပါး အခြေအနေတွင် ရှိနေပြီး၊ လတ်တလော အဓိက ဖြစ်ပေါ်တိုးတက်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ၁။
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

နေတန်ယာဟုက မြင့်တက်လာသော အစွန်းရောက် အကြမ်းဖက်မှုဖြစ်လာမှုများအတွက် အစည်းအဝေး ခေါ်ယူနေချိန်တွင် အနောက်ဖက်ကမ်းရှိ ကားဂိုဒေါင်ဟောင်းကို အစ္စရေးအခြေချနေထိုင်သူများက မီးရှို့တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 109 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက် ဂျေရုဆလင် —အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အစ္စရေးအခြေချနေထိုင်သူများ၏ အကြမ်းဖက် လုပ်ဆောင်မှုများအပေါ် လုံခြုံရေးအစည်းအဝေးတစ်ခု ကျင်းပနေချိန်တွင် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း(West Bank) ဒေသ၌ အစ္စရေးအခြေချနေထိုင်သူများသည် ပါလက်စတိုင်းသားများ၏ ကားများကို မီးရှို့ဖျက်ဆီးခဲ့သည်။