နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 16 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

ဂျော်ဒန်အနောက်ဘက်ကမ်းဟာလည်း အစ္စရေးအတွက် တတိယမြောက်စစ်မျက်နှာပြင် ဖြစ်လာနိုင်ဖွယ်ရှိနေ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်၊ ရာမာလာ/ဂျေရုဆလင်။

ဒီလ (၇) ရက်နေ့က အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်နဲ့ အစ္စရေးတို့ကြား စစ်ရေးအရ ပဋိပက္ခ ဖြစ်ခဲ့ရာ အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်း အနောက်ဘက်ကမ်းတွင် အကြမ်းဖက်မှုများ လျင်မြန်စွာ မြင့်တက်လာခဲ့ပါတယ်။

ဟားမတ်စ်တို့ ထိရောက်စွာ ထိန်းချုပ်ထားတဲ့ဂါဇာကို အစ္စရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်လျက်ရှိပါတယ်။ လက်ဘနွန်နယ်စပ်မှာ ရှီးယားအစ္စလာမ္မစ် ဟစ်ဇ်ဘိုလာအဖွဲ့နဲ့လည်း အစ္စရေးက ပဋိပက္ခဖြစ်နေပြီး ဂျော်ဒန်အနောက်ဘက်ကမ်းဟာလည်း အစ္စရေးအတွက် တတိယမြောက်စစ်မျက်နှာပြင် ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

ဂျော်ဒန်အနောက်ဘက်ကမ်းတွင် အစ္စရေးစစ်သားများနှင့် အခြေချနေထိုင်သူများနှင့် ပါလက်စတိုင်းတို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး ယခုလ ၇ ရက်နေ့မှစပြီး အကြမ်းဖက်မှုတွင် ပါလက်စတိုင်း ၈၀ ကျော် သေဆုံးခဲ့သည်။ အစ္စရေးက လူ ၉၀၀ ကျော်ကို ဖမ်းဆီးထားပါတယ်။

ဂျော်ဒန်အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ်က အောက်တိုဘာလ (၁၉) ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးရဲစခန်း စီးနင်းမှုမှာ ရဲအရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

၂၀ ရက်နေ့အစောပိုင်းတွင် အစ္စရေးဘက်မှလည်း စီးနင်းမှုပြုလုပ်ခဲ့ပြီး ဒါဇင်နှင့်ချီသောလူများကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက ဂျော်ဒန်အနောက်ဘက်ကမ်းမှာ လှုပ်ရှားနေတဲ့ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေရဲ့ တိုက်ခိုက်မှုအတွက် ကြိုတင်ပြင်ဆင်ထားပြီး သတိကြီးကြီးထားပြီးနေရတယ်လို့ ကြေညာခဲ့ပါတယ်။။ “ခြိမ်းခြောက်မှုတွေ တိုးလာနေတယ်” ဟု ၎င်းက ဆိုပါတယ်။

Source: ရိုက်တာ။

ဓာတ်ပုံ။

အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်နဲ့ အစ္စရေးတို့ အကြား ဒီလ ၇ ရက်နေ့က တိုက်ပွဲများ ဖြစ်ပွားပြီးကတည်းက အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ဂျော်ဒန်အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ အကြမ်းဖက်မှုများ လျင်မြန်စွာ မြင့်တက်လာခဲ့ပါတယ်။ ၁၈ ရက်နေ့က ရာမာလာမှာ အစ္စရေးစစ်သားတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသွားတဲ့ ပါလက်စတိုင်းတစ်ဦးရဲ့ဈာပနမှာ ဝမ်းနည်းပူဆွေးနေကြတဲ့ပါလက်စတိုင်းများ။

(2023 Reuters/Mohamad Torokman)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ပိတ်ဆို့ထားနှင့်ပြီးဖြစ်သော ရေလက်ကြားကို ထရန့်က အဘယ်ကြောင့် ပြန်လည်ပိတ်ဆို့မည်ဟု ခြိမ်းခြောက်နေသနည်း

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်နေသည်။ ၎င်းသည် အီရန်အနေဖြင့် မည်သည့်စည်းကမ်းချက်မျှမပါဘဲ ချက်ချင်းပြန်ဖွင့်ပေးရမည်ဟု သူကိုယ်တိုင် ထပ်တလဲလဲ ပြောဆိုထားသည့်
အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ ဖြစ်ပေါ်လာစေမည့် “ ကမ္ဘာပျက်ကိန်း” သတိပေးချက်ကို ရင်ဆိုင်ရန် သမ္မတ ဒေါ်နယ်ထရမ့်က သတ်မှတ်ထားသည့်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ တိုက်ပွဲများအပြီးတွင် အီရန်နှင့် အမေရိကန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည့် သတင်းအပေါ် အရှေ့အလယ်ပိုင်းနိုင်ငံများက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 72 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 63 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက