နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အဖမ်းဆီးခံပါလက်စတိုင်း ကဗျာဆရာ မိုဆပ်ဘ်အဘူတိုဟာ ပြန်လည်လွတ်မြောက်လာ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်၊ ဂါဇာ။

ပါလက်စတိုင်း ကဗျာဆရာ မိုဆပ်ဘ်အဘူတိုဟာ (Mosab Abu Toha) နဲ့ မိသားစုဟာ အစ္စရေးကာကွယ်ရေးတပ် (IDF) က ပြီးခဲ့တဲ့လက ဖမ်းဆီးခံရပြီးနောက် ဂါဇာကို ထွက်ခွာသွားခဲ့တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

ပါလက်စတိုင်း ကဗျာဆရာ၊ စာရေးဆရာ မိုဆပ်ဘ် အဘူတိုဟာ (Mosab Abu Toha) နဲ့ သူ့မိသားစုဟာ တောင်ဘက်စွန်းက ထွက်ခွာဖို့ ကြိုးစားချိန်မှာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံရပြီးနောက် ပြီးခဲ့တဲ့လက ဂါဇာကမ်းမြောင်ကနေ ထွက်ခွာနိုင်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက CNN ကို စနေနေ့က ပြောပါတယ်။ အဘူတိုဟာသည် ရာဖာမှ အီဂျစ်သို့ ဖြတ်ကူးခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

အဘူတိုဟာသည် နိုဝင်ဘာ ၂၀ ရက်က မြောက်ဘက်မှ တောင်ဘက်သို့ ထွက်ခွာလာစဉ် ဂါဇာရှိ စစ်ဆေးရေးဂိတ်သို့အရောက်တွင် IDF မှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ၎င်း၏အစ်ကိုဖြစ်သူက ပြီးခဲ့သည့်လက လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ပြောကြားခဲ့သည်။ အဘူ တိုဟာသည် နောက်တစ်နေ့တွင် ပြန်လွတ်လာသည်ဟု IDF မှ ကြေညာသည်။ IDF မှ လွတ်မြောက်လာပြီးနောက် အဘူတိုဟာသည် လုံခြုံသည်ဟု လူမှုကွန်ရက်စာမျက်နှာ X (ယခင်က တွစ်တာ) တွင် ပို့စ်တင်ခဲ့သော်လည်း နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်ဟု စွပ်စွဲခဲ့သည်။

“ကျွန်တော်က ဘေးကင်းပေမယ့် အစ္စရေးစစ်တပ်ရဲ့ ရိုက်နှက်မှုကြောင့် နှာခေါင်းနဲ့ သွားတွေ နာကျင်နေပါသေးတယ်။ အမေရိကန်နိုင်ငံသားဖြစ်နေတဲ့ကျွန်တော်ရဲ့သား အပါအဝင် မိသားစုရဲ့ နိုင်ငံကူးလက်မှတ်အားလုံးကို ကျွန်တော်တို့က ပေးခဲ့ပေမဲ့ ဘာမှ ပြန်မပေးဘူး။ ကျွန်တော့အဝတ်အစားတွေ သားသမီးအဝတ်အစားတွေအားလုံးကို သိမ်းယူသွားပြီး ဘာကိုမှ ပြန်မပေးဘူး။ ပိုက်ဆံအိတ်၊ ပိုက်ဆံ၊ ခရက်ဒစ်ကတ်အားလုံးယူထားလိုက်လို့ ဘာမှမရှိတော့ဘူး” လို့ ရေးသားထားပါသည်။ အဘူတိုဟာ၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် IDF ကို CNN က တောင်းဆိုထားသည်။ အဘူတိုဟာသည် စစ်ပွဲအတွင်း ဂါဇာကမ်းမြောင်ဒေသရှိ သူ၏ဘဝအကြောင်း ရောင်ပြန်ဟပ်မှုများနှင့်အတူ The New Yorker နှင့် အခြားသော စာစောင်များတွင် သူစာများကို ရေးသားခဲ့သည်။

ပါလက်စတိုင်း ကဗျာဆရာ၊ စာရေးဆရာ မိုဆပ်ဘ်အဘူတိုဟာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

Pager များ ပေါက်ကွဲမှုတွင် အစ္စရေးတာဝန်ရှိကြောင်း လက်ဘနွန်အစိုးရဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 9 Views
စက်တင်ဘာလ (၁၈) ရက်။ မနေ့က စက်တင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက လက်ဘနွန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော Pager များ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက်ထားမှုဇုန် တိုက်ခိုက်မှုအတွင်း လူ ၄၀ သေဆုံးခဲ့ပြီး ဒေသဆိုင်ရာ အာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 19 Views
စက်တင်ဘာလ (၁၀) ရက်။ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းအရပ်သား ကာကွယ်ရေး အာဏာပိုင်များက ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်းယူနစ်မြို့အနီး မော်ဝါစီတွင် စက်တင်ဘာလ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဓားစာခံ ၆ ဦး သေဆုံးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်က ထုတ်ဖော်ပြောကြားပြီးနောက် ဂါဇာကမ်းမြောင်ဒေသ သဘောတူညီချက်ကို ပြုလုပ်ရန် အစ္စရေးမှာ နိုင်ငံတစ်ဝှမ်း တောင်းဆိုဆန္ဒပြခဲ့ကြသည်။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 24 Views
စက်တင်ဘာလ (၂) ရက်။ CNN သတင်း။ အစ္စရေးနိုင်ငံတစ်ဝှမ်းလုံးတွင် သပိတ်မှောက်မှုများ ပြုလုပ်နေပါသည်။ ဘယ်သူတွေ ပါဝင်ဖို့ မျှော်လင့်ထားလဲ။ “အစ္စရေးစီးပွားရေး တစ်ခုလုံးကို ပိတ်ပစ်မယ်” ဟု ခြိမ်းခြောက်သည့် တစ်နိုင်ငံလုံး သပိတ်ပြုလုပ်ပြီး ဂါဇာရှိ ဟားမတ်စ်တို့
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးဝန်ကြီးက ဂါဇာပုံစံစစ်ဆင်ရေးကို တောင်းဆိုနေချိန်တွင် အစ္စရေးက အနောက်ဘက်ကမ်းကို အကြီးစားစီးနင်းတိုက်ခိုက်ခဲ့သည်။

  • 2024 ခုနှစ်၊ ဩဂုတ်လ 28 ရက်
  • 23 Views
သြဂုတ်လ (၂၈)၊ CNN သတင်း။ အစ္စရေးစစ်တပ်သည် ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ၎င်းတို့သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း၏ အစိတ်အပိုင်းများစွာကို စီးနင်းတိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ထိုးစစ်တွင် ပါလက်စတိုင်း ကိုးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရပြီး အနောက်ဘက်ကမ်းကို ယခုနှစ်များအတွင်း အစ္စရေးက
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အသတ်ခံရတဲ့တပ်မှူးအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးကို ဟစ်ဇ်ဘိုလာ ဒုံးကျည်ရာနဲ့ချီ ပစ်ခတ်ခဲ့

  • 2024 ခုနှစ်၊ ဩဂုတ်လ 26 ရက်
  • 26 Views
++++++++++++++++++++++++++++++++++++++++++++++++ သြဂုတ်လ (၂၅) ရက်၊ ဂျေရုဆလင်/ဘေရွတ် (Reuters)။ သြဂုတ်လ (၂၅) ရက်နေ့က ဟစ်ဇ်ဘိုလာသည် ၎င်း၏ထိပ်တန်းခေါင်းဆောင်ကို အစ္စရေးက သတ်ဖြတ်ခဲ့ခြင်းအတွက် ရာနှင့်ချီသော ဒုံးကျည်များနှင့် ဒရုန်းများကို အစ္စရေးဘက်သို့ ပစ်လွှတ်ခဲ့သည်။ လက်ဘနွန်ရှိ ရှီးယိုက်အစ္စလာမ္မစ်အဖွဲ့
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာတွင် သေဆုံးသူ ၄၀၀၀၀ ကျော်ရှိပြီ အများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်

  • 2024 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 35 Views
သြဂုတ်လ (၁၆) ရက်, CNN။ (CNN) ဂါဇာကမ်းမြောင်ဒေသရှိ ကျန်းမာရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စတင်ခဲ့သည့် ဟားမတ်စ်နှင့် အစ္စရေးတို့ကြား စစ်ပွဲတွင် ပါလက်စတိုင်းလူမျိုး ၄၀,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သြဂုတ်လ ၁၅ ရက်က
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းမြို့ကို ဂျူးအခြေချနေထိုင်သူများက တိုက်ခိုက်ခဲ့မှုကို အစ္စရေး ထိပ်တန်းအာဏာပိုင်များက ရှုတ်ချ

  • 2024 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 48 Views
သြဂုတ်လ (၁၆) ရက်၊ CNN။ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းမြို့ကို ဂျူးအခြေချနေထိုင်သူများက တိုက်ခိုက်ခဲ့မှုကို အစ္စရေး ထိပ်တန်းအာဏာပိုင်များက ရှုတ်ချခဲ့သည်။ သြဂုတ်လ (၁၅) ရက်နေ့တွင် အစ္စရေးတို့သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းမြို့တစ်မြို့ကို လက်နက်ကိုင် ဂျူးလူမျိုးအခြေချနေထိုင်သူ ၇၀
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ယာယာစင်ဝါကို ဟားမတ်စ်ခေါင်းဆောင်သစ်အဖြစ် ‌ရွေးချယ်

  • 2024 ခုနှစ်၊ ဩဂုတ်လ 7 ရက်
  • 43 Views
သြဂုတ်လ (၇) ရက်။ လွန်ခဲ့တဲ့သီတင်းပတ် ဇူလိုင်လ ၃၁ ရက်နေ့က တီဟီရန်မြို့မှာ လုပ်ကြံခံလိုက်ရတဲ့ ဟားမတ်စ် ခေါင်းဆောင် အစ္စမေးလ်ဟာနီယာရဲ့ နေရာမှာ အစားထိုးဖို့ ယာ့ယာစင်ဝါ (Yahya Sinwar) ကို သူတို့အပွေ့ရဲ့ နိုင်ငံရေးဗျူရိုအကြီးအကဲအဖြစ်