နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 2 ရက်

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အပစ်အခတ်ရပ်စဲရေး ပြိုလဲသွားတဲ့ဂါဇာမှာ ဘာတွေဖြစ်နေပြီလဲ။

အစ္စရေးသည် ဂါဇာကမ်းမြှောင်ကို ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟားမတ်စ်နှင့် အပစ်အခတ်ရပ်စဲရေး ပြိုလဲသွားသည့် ဆွေးနွေးပွဲများအပြီးတွင် အစ္စရေး၏စေ့စပ်ညှိနှိုင်းရေးအဖွဲ့သည် ကာတာမှ နုတ်ထွက်ခဲ့သည်။ အပစ်အခတ် မရပ်မစဲမချင်း အကျဉ်းသားလဲလှယ်ရေးတွင် ဓားစာခံများ ထပ်မံလွှတ်ပေးမည် မဟုတ်ကြောင်း ဟားမတ်စ်အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပြီး အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည်များဖြင့် ဆက်လက်ပစ်ခတ်နေခဲ့သည်။

အစ္စရေးသည် အပစ်မဲ့အရပ်သားများကို ကာကွယ်ရန် ပိုမိုလုပ်ဆောင်ရန် အမေရိကန်၏ ဖိအားများကို ရင်ဆိုင်နေရသော်လည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်ရာဟု (Benjamin Netanyahu) က ငါတို့ရည်မှန်းချက်ပြည့်ဝသည့်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဟု ကြုံးဝါးခဲ့ပြီး ၎င်း၏ စစ်တပ်သည် လူများပြည့်ကြပ်နေသည့် တောင်ပိုင်းဂါဇာကမ်းမြောင်သို့ ဖိအားပေးတိုက်နေမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ပူပန်မှုကို မြင့်တက်စေသည်။ မြောက်ဘက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် မြေပြင်တိုက်ပွဲများ ရက်သတ္တပတ်များအတွင်း တောင်ဘက်သို့ ထွက်ပြေးသည့်လူစုလူဝေးနှင့်အတူ ဟားမတ်စ်ခေါင်းဆောင်များက ပုန်းအောင်းနေကြောင်း အစ္စရေးက ပြောကြားခဲ့သည်။

စနေနေ့တွင် အပစ်အခတ်ရပ်စဲရေး ပျက်သွားပြီးနောက် ရှေးဦးသူနာပြုကားများသည် ရာဖာ သို့ ဝင်ရောက်ခဲ့သည်။ ဂါဇာရှိပြည်သူများအတွက် လောင်စာဆီ၊ ရေသန့်နှင့် စားနပ်ရိက္ခာများ ရှားပါးလာပြီး ထောက်ပံ့မှု လျော့နည်းလာသည်။

အစ္စရေး၏တိုက်ခိုက်မှုအပြီး ရက်သတ္တပတ်များအတွင်း လူပေါင်း ၁၅,၀၀၀ ကျော်သေဆုံးခဲ့ပြီး တိုက်ပွဲများပြန်လည်စတင်ချိန်မှစ၍ ရာနှင့်ချီသေဆုံးခဲ့ပြီး ဂါဇာတွင် လူ ၁.၇ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု ကျန်းမာရေးအရာရှိများက ပြောသည်။ အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုအတွင်း လူ ၁၂၀၀ သေဆုံးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ခန့်မှန်းထားပြီး ဂါဇာတွင် လူ ၁၄၀ ခန့်ကို ဖမ်းဆီးထားဆဲဖြစ်သည်။

Source: NBC သတင်း။

ဓါတ်ပုံစာ။

ခန်းယွမ်နစ်စ် (Khan Younis) မှ ထွက်ပြေးခြင်း (ဓါတ်ပုံ၂ ပုံ)

အစ္စရေးစစ်တပ်က ဟားမတ်စ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေမှာ နယ်မြေတိုးချဲ့ဖို့ အစ္စရေးစစ်တပ်က ပြောဆိုခဲ့ပြီးနောက် ပါလက်စတိုင်း အရပ်သားတွေဟာ ဂါဇာကမ်းမြောင်တောင်ပိုင်း ခန်းယွမ်နစ်စ် မြို့ကနေ ထွက်ပြေးခဲ့ကြရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁)ရက် လက်ဘနွန်တောင်ပိုင်းရှိ မြို့တစ်မြို့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူနှစ်ဦး သေဆုံးပြီး ၁၀ ဦး
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာရှိ ရာဖာ (Rafah) နယ်စပ်ဂိတ်သည် ၂ နှစ်နီးပါးကြာ ပိတ်ထားခဲ့ပြီးနောက် တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 222 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်မီးတောက်နေသော ဂါဇာဒေသအတွင်းမှ ပါလက်စတိုင်း အရေအတွက် အနည်းငယ်ကို ပြန်လည်ထွက်ခွာခွင့်ပြုမည့် အစီအစဉ်နှင့် အမေရိကန်က ကြားဝင်စေ့စပ်ထားသည့် အပစ်အခတ်ရပ်စဲရေး ပထမအဆင့် အကောင်အထည်ဖော်မှု၏ အစိတ်အပိုင်းအဖြစ်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ၊ ခန်းယူနစ် အခြေအနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 280 Views
(AP)သတင်း၊ ဒီဇင်ဘာလ ၂၉ရက် ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ဆောင်းမိုးများ အပြင်းအထန် ရွာသွန်းခဲ့ရာ၊ နှစ်နှစ်ကြာစစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ ခိုလှုံရာ ဒုက္ခသည်စခန်းများတွင် ခြေမျက်စိမြုပ်သည်အထိ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ လပေါင်းများစွာ အသုံးပြုထား၍ စုတ်ပြဲနေသော တဲများအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာနှင့် အနောက်ဖက်ကမ်း (Gaza-West Bank)

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 189 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊၂၈ရက် အနောက်ဖက်ကမ်း၊ ဂျန်နင်မြို့တွင် လက်နက်ချသူနှစ်ဦးကို ပစ်သတ်မှုနှင့်ပတ်သက်၍ အစ္စရေးစစ်ဘက် စုံစမ်းစစ်ဆေးမည် အစ္စရေးအာဏာပိုင်များသည် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်းဒေသ၌ လက်နက်ချအညံ့ခံသည့် ပုံပေါက်နေသော လူနှစ်ဦးကို စစ်သားများက ပစ်သတ်ခဲ့သည့် ဖြစ်ရပ်အား စစ်ဆေးသုံးသပ်လျက်ရှိသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA)
United Nations နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာသို့ နိုင်ငံခြား ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်များ စေလွှတ်ရန် ကုလသမဂ္ဂ ဆွေးနွေးပွဲ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 264 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) သည် ဂါဇာ၏ အနာဂတ်နှင့် ပတ်သက်သော အမေရိကန်ဦးဆောင်ရေးဆွဲသည့် ဆုံးဖြတ်ချက် ကို မကြာသေးမီက အတည်ပြုခဲ့ပြီး ယင်းတွင် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့ (International Stabilization
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန်

 အစ္စရေး၏ ဂါဇာတိုက်ခိုက်မှုများတွင် လူ ၁၀၄ ဦး သေဆုံးကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြောကြား၊ ဟားမတ်စ်အား စစ်သားသတ်မှုဖြင့် အစ္စရေးကစွပ်စွဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 261 Views
BBC- ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အလယ်ပိုင်း ဂါဇာရှိ နူစိုင်ရတ် ဒုက္ခသည်စခန်းတွင် လူ လေးဦး သေဆုံးခဲ့သည်။ အင်္ဂါနေ့ညက ဂါဇာတွင် အစ္စရေးတို့၏ လှိုင်းလုံးလိုက် လေကြောင်း
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

အစ္စရေးလွှတ်တော်က နယ်မြေသိမ်းပိုက်မှုအတွက် ရှေ့တိုးဆောင်ရွက်ပြီးနောက် အနောက်ဖက်ကမ်းကိုသိမ်းပိုက်ခြင်းကို ရူဘီယိုက သတိပေး

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 221 Views
BBC-၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၂ရက် အစ္စရေးလွှတ်တော်က သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း(West Bank) နယ်မြေကို အစ္စရေးနိုင်ငံပိုင်အဖြစ်သိမ်းပိုက်ထည့်သွင်းရေးဘက်သို့ ဦးတည်သည့် လုပ်ရပ်တစ်ခုသည် ဂါဇာရှိ ပဋိပက္ခကို အဆုံးသတ်ရန် ဝါရှင်တန်၏ စီမံကိန်းကို ခြိမ်းခြောက်လိမ့်မည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။