နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

“ဟောင်ကောင်ကို ကြည့်ပြီး တိုင်ဝမ်အရေးကို စဉ်းစားကြပါ”

တရုတ်ထိန်းချုပ်ထားတဲ့ ဟောင်ကောင်မှာ ဖြစ်ပျက်နေတာကို ကြည့်ပြီး ထိုင်ဝမ်အတွက် စဉ်းစားပေးကြဖို့ ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်က ဒီဇင်ဘာလ 3 ရက်နေ့မှာ မဲဆန္ဒရှင်တွေကို ပန်ကြားလိုက်ပါတယ်။ နောက်လထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်မယ့် အဖွဲ့အစည်းကို ရွေးချယ်ကြဖို့ ဆိုင်အင်ဝမ်က တိုက်တွန်းခဲ့တာပါ။

ထိုင်ဝမ်နိုင်ငံဟာ 2024 ခုနှစ် ဇန်နဝါရီလထဲမှာ သမ္မတသစ်နဲ့ ပါလီမန်သစ်ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတာဖြစ်ပြီး အင်အားကြီးတရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းကို သူတို့ရဲ့ပိုင်နက်အဖြစ် အခိုင်အမာပြောဆိုနေမှုနဲ့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲအတွင်း ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုကြီး 2 ကြိမ်တိတိပြုလုပ်ကာ ဖိအားပေးခဲ့ပါတယ်။

တရုတ်နဲ့ ထိုင်ဝမ်အတိုက်အခံပါတီဖြစ်တဲ့ ကူမင်တန်ကတော့ ရွေးကောက်ပွဲကို စစ်ပွဲနဲ့ ငြိမ်းချမ်းရေးအတွက် ရွေးချယ်စရာတစ်ခုအဖြစ် ရှုမြင်ထားကြပါတယ်။ ဒါကြောင့် ထိုင်ဝမ်လက်ရှိအာဏာရပါတီဖြစ်တဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP)ရဲ့ သမ္မတလောင်း လိုင်ကျင်းတီက ကူမန်တန်တွေကို အန္တရာယ်ရှိတဲ့ ခွဲထွက်ရေးသမားတွေလို့ ခေါ်ဆိုခဲ့ပါတယ်။

တိုင်ဝမ်သမ္မတဆိုင်အင်းဝမ်က ထိုင်ဝမ်မြို့တော်မှာ ပြုလုပ်တဲ့ လိုင်ကျင်းတီအတွက် မဲဆွယ်စည်းရုံးရေးပွဲမှာ အတိုက်အခံတွေဟာ စစ်ပွဲနဲ့ ငြိမ်းချမ်းရေးကို ခြောက်လှန့်ပြောဆိုပြီး နှိုးဆော်တိုက်တွန်းမှုတွေရှိနေတယ်လို့ ပြောဆိုခဲ့တာပါ။ မဲပေးသူတွေအနေနဲ့ ဗြိတိန်ကိုလိုနီဟောင်းဖြစ်တဲ့ ဟောင်ကောင်ကျွန်းကို တရုတ်က ဖိနှိပ်ချုပ်ချယ်တာကြည့်ပြီး စဉ်းစားကြဖို့ကိုလည်း သူမက တိုက်တွန်းခဲ့ပါတယ်။

ဗြိတိန်ရဲ့ ကိုလိုနီဖြစ်ခဲ့တဲ့ ထိုင်ဝမ်ကျွန်းဟာ 1997 ခုနှစ်မှာ တရုတ်ရဲ့ အုပ်ချုပ်မှုအောက်ကို ပြန်လည်ရောက်ရှိခဲ့ပြီး “တစ်နိုင်ငံ၊ စနစ် နှစ်ခု” ဆိုတဲ့ မူဘောင်အောက်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ အလားတူ ထိုင်ဝမ်ကျွန်းကိုလည်း အဲဒီလို မူဘောင်တွေနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် 2019 ခုနှစ်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တာကြောင့် 2020 ခုနှစ်မှာ တည်ငြိမ်မှုရရှိဖို့ အရေးကြီးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပြင်းထန်တဲ့အမျိုးသားလုံခြုံရေးဥပဒေတစ်ရပ်ကို ပြဌာန်းလာခဲ့ပါတယ်။

ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်ဟာ သမ္မတသက်တမ်းကန့်သတ်ချက်တွေကြောင့် ပြန်အရွေးခံလို့ မရတော့ပေမယ့် သူ့သက်တမ်းကာလအတွင်းမှာ ထိုင်ဝမ်းကျွန်းရဲ့ ကာကွယ်ရေးစနစ်ကို ပိုမိုအားကောင်းလာဖို့ အုတ်မြစ်ချကာ လိုင်ကျင်းတီက ပိုမိုတိုးတက်ကောင်းမွန်လာအောင် ပြုလုပ်ပေးနိုင်မယ်လို့ ယုံကြည်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 24 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 33 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 40 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 38 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 50 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု