နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယောကာကွယ်ရေးတပ် ရဲဘော်များအား ကိုယ်ပိုင်အမှတ်ပေးအပ်ခြင်းနှင့် ရာထူးအဆင့်သတ်မှတ်ပေးအပ်သည့် အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်၊ ခေတ်မျက်လုံး။

စစ်သင်တန်းဆင်း ရဲဘော်တွေကို ကိုယ်ပိုင်အမှတ်ပေးအပ်တာနဲ့ ရာထူးအဆင့်ခန့်အပ်တဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ယောကာကွယ်ရေးတပ် (YDF) က ဒီနေ့ ဒီဇင်ဘာလ (၁၅) ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တော်လှန်ရေးကာလမှာ ယောဒေသအတွက် အသက်၊ သွေး၊ ချွေး ရင်းနှီးပြီး သစ္စာရှိရှိ တာဝန်ထမ်းဆောင်နေတဲ့ ယောကာကွယ်ရေးတပ် စစ်သည်တချို့ကိုလည်း ရာထူးအဆင့် ပြန်တမ်းတွေ ထုတ်ပြန်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီအခမ်းအနားမှာ ယောကာကွယ်ရေးတပ် (YDF) ဦးဆောင်သူ ကိုမြတ်သူကိုယ်တိုင် တက်ရောက်ခဲ့ပြီး ရဲဘော်တွေအနေနဲ့ ယောဒေသပြည်သူပြည်သားတွေရဲ့အရေး ဦးထိပ်ထား ဆောင်ရွက်ကြဖို့၊ ပြည်သူလူထုကို မိဘသဖွယ် သဘောထားပြီး ပေးအပ်တဲ့ တာဝန်၊ ဝတ္တရားကို ထမ်းဆောင်ကြဖို့ ပြောကြားသွားပါတယ်။

ယောကာကွယ်ရေးတပ် (YDF) ဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် NUG မပေါ်ပေါက်ခင်ကတည်းက စတင်တည်ထောင်ခဲ့ပြီး တူမီးသေနတ်၊ ခေါက်ချိုးသေနတ်၊ တစ်တောင့်ထိုးသေနတ်တွေနဲ့ စစ်ကောင်စီကို တော်လှန်ခဲ့တဲ့တပ်ဖွဲ့တဖွဲ့ ဖြစ်တယ်လို့ YDF နဲ့ နီးစပ်သူက ခေတ်မျက်လုံးကို ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပေါက်ပေါက်လာပြီး ကာကွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းပြီးတဲ့အချိန်မှာ ဂန့်ဂေါလွှတ်တော်အမတ်ဒေါ်ယဉ်မင်းလှိုင်က သူတို့လက်အောက်ကို ဝင်ဖို့ပြောခဲ့ပြီး သူတို့ လက်အောက်မဝင်ရင် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရပေမယ့် ကြံ့ကြံ့ခံပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့အဖြစ် ဆက်လက်ရပ်တည်နေတဲ့အဖွဲ့လည်း ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကိုလည်း သူတို့အဖွဲ့ကို NUG လက်အောက်ခံ တရားဝင်တပ်ရင်းအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အခုအချိန်ထိ အသိအမှတ်ပြုခြင်း မခံရသေးဘူးလို့ YDF နဲ့ နီးစပ်သူထံက သိရပါတယ်။

ဓာတ်ပုံစာ။

ယောကာကွယ်ရေးတပ် စစ်သည်များအား တွေ့ရစဉ်။

(Photo: YDF)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 4 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 7 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့
မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 58 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက တင်ပြတဲ့ ဒုသမ္မတတွေနဲ့ပတ်သက်ပြီး သမ္မတ‌အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှု
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 23 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို လေကြောင်းဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 18 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 31 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 32 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ