နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီနှင့် နီးစပ်သည့် ထွန်းမင်းလတ်ကို ထိုင်းတရားရုံးက တရားသေလွှတ်

ဇန်နဝါရီလ (၃၁) ရက်။

ပြီးခဲ့သည့် တစ်နှစ်ကျော်က ဘန်ကောက်မြို့တွင် ဖမ်းဆီးခံခဲ့ရကာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများတွင် ပါဝင်မှုဖြင့် တရားစွဲဆိုခံထားရသည့် စစ်ကောင်စီနှင့် နီးစပ်သည့် ထွန်းမင်းလတ်ကို ထိုင်းတရားရုံးက ဇန်နဝါရီလ (၃ဝ) ရက်နေ့တွင် တရားသေလွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အပါအဝင် အခြားဆက်စပ်သော စွဲချက်များဖြင့် တရားစွဲဆိုခံထားရသည့် ထွန်းမင်းလတ်နှင့် အခြားသံသယရှိသူ (၃) ဦးတို၏ အမှု (၃၂) ခုနှင့်ပတ်သက်ပြီး ရဲများလက်ဝယ်ရှိသည့် သက်သေများမှာ မလုံလောက်သည့်အတွက် ထိုင်းရာဇဝတ်တရားရုံးက ယခုကဲ့သို တရားသေလွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

ထွန်းမင်းလတ်ကို ဖမ်းဆီးပြီးနောက် ထိုင်းရဲတပ်ဖွဲ့က ၎င်းပိုင်ဆိုင်သည့် ငွေကြေး၊ ကား၊ ဇိမ်ခံပစ္စည်းများ၊ ဟိုတယ်၊ အပန်းဖြေကမ်းခြေများကို သိမ်းဆည်းခဲ့ပြီး ၎င်းပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ထိုင်းဘတ် ၁ ဒသမ ၈ ဘီလျံကျော် ရှိကြောင်းလည်း သိရသည်။

ထိုင်းရဲတပ်ဖွဲက ထွန်းမင်းလတ်ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှုတိုကို လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလတွင် ဘန်ကောက်မြိုမှာ ဖမ်းဆီးခဲ့သည်။

ထွန်းမင်းလတ်သည် စစ်ကောင်စီကို ကူညီထောက်ပံ့ပေးနေသူဖြစ်သလို မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းများကိုလည်း လုပ်ကိုင်နေပြီး ငွေကြေးခဝါချမှု

များကိုလည်း လုပ်ဆောင်နေသူဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲက ထုတ်ဖော်ပြောဆိုထားသည်။

ထိုအပြင် ထိုင်းအထက်လွှတ်တော်အမတ် Upakit Pachariyangkun သည် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု၊ ငွေကြေးခဝါချမှုတိုတွင်

ပူးပေါင်း ပါဝင်မှုဖြင့် ပြီးခဲ့သည့်လက စွဲချက်တင်ခံခဲ့ရပြီး ၎င်း၏ပထမဆုံး အကြိမ်ကြားနာမှုကို မေလတွင် လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ထွန်းမင်းလတ်နှင့်အတူ ဖမ်းဆီးခံထားရသည့် အထက်လွှတ်တော်အမတ်၏ သမက်ဖြစ်သူ Dean Young Gultula ကိုလည်း ထွန်းမင်းလတ်နှင့်အတူ တရားရုံးက ၎င်း၏အမှုကို ပလပ်လိုက်သည်။

ထိုင်းအရေးကျွမ်းကျင်သူ စတီဗင်စန်းယုကလည်း ထွန်းမင်းလတ်အမှုကို တရားသေလွှတ်မှာ ဖြစ်ကြောင်း ခေတ်မျက်လုံး၏ အပတ်စဉ်အစီအစဉ် “ မြန်မာ့နိုင်ငံအရေးနှင့် ထိုင်းအတွေး” အပိုင်းလေး (၄) သုံးသပ်ချက်တွင် ကြိုတင် ပြောကြားခဲ့သေးသည်။

Source: ရိုက်တာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 28 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 30 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့
မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 123 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက တင်ပြတဲ့ ဒုသမ္မတတွေနဲ့ပတ်သက်ပြီး သမ္မတ‌အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှု
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 24 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို လေကြောင်းဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 20 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 34 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 30 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 34 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ