နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဝါရှင်တန်ရှိ အစ္စရေးသံရုံးအပြင်ဘက်မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီး ဆန္ဒဖော်ထုတ်ခဲ့တဲ့ အကြီးတန်းလေတပ်သား သေဆုံးသွားပြီလို့ အမေရိကန်လေတပ်က အတည်ပြု

ဖေဖော်ဝါရီလ (၂၇) ရက်။

အမေရိကန်လေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အကြီးတန်းလေတပ်သား အာရွန် ဘွတ်ရှ်နယ်လ် (Aaron Bushnell) က “ ပါလက်စတိုင်းလွတ်မြောက်ရေး (Free Plasticine)” လို့ ထပ်ခါတလဲလဲ အော်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ အသေအပျောက်များတဲ့ အားအလွန်အကျွံသုံးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒထုတ်ဖော်ဖို့ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ဒဏ်ရာတွေနဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အရပ်သားတွေ သေဆုံးမှုအပေါ် ကန့်ကွက်တဲ့အနေနဲ့ ဝါရှင်တန်မှာရှိတဲ့ အစ္စရေးသံရုံးအပြင်ဘက်မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တဲ့ အမေရိကန် လေတပ်သားဟာ မီးလောင်ဒဏ်ရာတွေနဲ့ တနင်္ဂနွေနေ့ညက သေဆုံးသွားခဲ့တယ်လို့ အမေရိကန်လေတပ်ရဲ့ ပြောခွင့်ရအမျိုးသမီး Rose M. Riley က တနင်္လာနေ့မှာ ပြောပါတယ်။

လေတပ်သား “ အာရွန် ဘွတ်ရှ်နယ်လ်” ဟာ အသက် ၂၅ နှစ်ဖြစ်ပြီး ဆိုက်ဘာကာကွယ်ရေး စစ်ဆင်ရေး အထူးကျွမ်းကျင်သူဖြစ်ကာ ၂၀၂၀ ပြည့်နှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တယ်လို့ အမေရိကန်လေတပ်ရဲ့ တနင်္လာနေ့ညက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘွတ်ရှ်နယ်လ်ဟာ တနင်္ဂနွေနေ့က ဆန္ဒပြပွဲကို ရိုက်ကူးခဲ့ပြီး လူမှုမီဒီယာပလက်ဖောင်း Twitch မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုကို တင်တဲ့အကောင့်ပိုင်ရှင်က ဘယ်သူဘယ်ဝါဖြစ်တာကို အတည်မပြုနိုင်သေးပေမဲ့ ဗီဒီယိုဖိုင်ဟာ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အချက်အလက် အသေးစိတ်နှင့် ကိုက်ညီနေတယ်လို့ ဒေသတွင်းသတင်း The New York Time မှာ ဖော်ပြထားပါတယ်။။

စစ်၀တ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးဟာ ဗီဒီယိုထဲမှာ သူ့ကိုယ်သူ ဘွတ်ရှ်နယ်လ်လို့ ပြောခဲ့ပြီး သူ့သူဟာ တာဝန်ထမ်းနေဆဲ လေတပ်တပ်သားတစ်ဦးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“လူမျိုးတုံးသတ်ဖြတ်မှုမှာ ကျွန်တော် ရောထွေးပါဝင်နေတော့မှာ မဟုတ်ဘူး” လို့ ဘွတ်ရှ်နယ်လ်က ဂါဇာမှာ အစ္စရေးစစ်တပ် ထိုးစစ်ဆင်နေတဲ့စစ်ပွဲကို ဖော်ပြဖို့ အသုံးပြုခဲ့တဲ့စကားကို ပဲ့တင်ထပ်ကာ ဗီဒီယိုထဲမှာ ပြောထားပါတယ်။ “ကျွန်တော် အခု ပြင်းထန်တဲ့ ဆန္ဒပြမှုမှာ ပါဝင်တော့မှာ ဖြစ်ပေမယ့် ပါလက်စတိုင်းမှာ သူတို့ရဲ့ ကိုလိုနီနယ်ချဲ့တွေရဲ့ လက်ချက်နဲ့ ကြုံနေရတာနဲ့ နှိုင်းယှဉ်ရင် ဒါဟာ လုံးဝ အစွန်းရောက်တာတော့ မဟုတ်ပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။

ဝါရှင်တန်ရှိ အစ္စရေးသံရုံး ဂိတ်တံခါးရှေ့မှာ ရပ်ပြီး သတ္တုပုလင်းထဲက အရည်တွေကို လောင်းချဖို့အတွက် သူ့ဖုန်းကို ချလိုက်ပါတယ်။ အဲ့ဒီနောက် “ပါလက်စတိုင်း လွတ်မြောက်ရေး” လို့ အော်ရင်း သူ့ကိုယ်သူ မီးရှို့လိုက်ပါတယ်။ အဲ့ဒီနောက်တော့ မြေပေါ်ကို လဲကျသွားခဲ့ပါတယ်။

ဗီဒီယိုမှာ မီးမလောင်မီ စက္ကန့်ပိုင်းအလိုတွင် ဥပဒေအရာရှိတွေက သူ့ထံ ချဉ်းကပ်လာတာကို တွေ့ရပါတယ်။ ကင်မရာအပြင်က တစ်ယောက်က “ ကျွန်တော် ကူညီပေးနိုင်မလား” လို့ မေးလိုက်တာကို ကြားရပြီး မီးငြှိမ်းသတ်ရန် မီးသတ်ဝန်ထမ်းတွေ တစ်မိနစ်ကျော်ကြာ ဝိုင်းအုံနေကြတာကို တွေ့ရပါတယ်။။

မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်က ဝါရှင်တန်အနောက်မြောက်ပိုင်းရှိ သံရုံးတွင် အမေရိကန်လျှို့ဝှက်တပ်ဖွဲ့မှ အရာရှိတွေက ပထမဆုံးတုံ့ပြန်ခဲ့ကြောင်း မြို့မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ Vito Maggiolo က ပြောကြားခဲ့ပါတယ်။ ဘွတ်ရှ်နယ်လ်ကို အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံကို ခေါ်ဆောင်သွားပါတယ်။

နောက်ပိုင်း အဲ့ဒီဗီဒီယိုကို Twitch ချန်နယ်က Community Standard လမ်းညွှန်ချက်များကို ချိုးဖောက်ကြောင်း မက်ဆေ့ချ်နဲ့ အစားထိုးပြီး တနင်္ဂနွေနေ့မွန်းလွဲပိုင်းမှာ ဖယ်ရှားလိုက်ပါတယ်။ မဖယ်ရှားမီ New York Times ဗီဒီယိုကို ကြည့်ရှုခဲ့သည်။ အဲ့ဒီအကောင့်မှာ ပါလက်စတိုင်းအလံကို ခေါင်းစီးပုံအဖြစ်တင်ထားပြီး အဲ့ဒီဗီဒီယိုတစ်ခုတည်းသာ တင်ထားတာကို တွေ့ရပါတယ်။

အစ္စရေးသံရုံးမှ ၀န်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သံရုံးပြောရေးဆိုခွင့်ရှိသူ တာလ်နမ်က ပြောပါတယ်။

လျှို့ဝှက်ဝန်ဆောင်မှုနှင့် အရက်၊ ဆေးရွက်ကြီး၊ သေနတ်နှင့် ပေါက်ကွဲစေတတ်သောဗျူရိုမှ အရာရှိတွေက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ဝါရှင်တန်မြို့တော် ရဲဌာနနဲ့ ပူးပေါင်းဆောင်ရွက်ဆဲဖြစ်ကြောင်း အာဏာပိုင်တွေက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှုအပြီး အစ္စရေး ဆန့်ကျင်ရေး ဆန္ဒပြမှုတွေဟာ နိုင်ငံတစ်ဝှမ်းမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပွားလာခဲ့တယ်လို့ အစ္စရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဂါဇာစစ်ပွဲအတွင်း လူပေါင်း ၂၉,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ သိရပါတယ်။

အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတကာမှ တောင်းဆိုမှုတွေ ကြီးထွားလာကာ ဂါဇာတွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုနက်ရှိုင်းတာအိမ်းအမျှ အစ္စရေးသံရုံးမှာ တခါတရံ ဖမ်းဆီးခံရမှုများ ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပေမယ့် အကြမ်းဖက်မှုတွေက ရှားပါတယ်လို့ ဆိုပါတယ်။။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း အတ္တလန်တာရှိ အစ္စရေးကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒပြသူတစ်ဦးဟာ “ပြင်းထန်ဖွယ်ရှိတဲ့ နိုင်ငံရေးဆန္ဒပြမှု လုပ်တော့မယ်” လို့ ရဲတွေကို ပြောဆိုခဲ့ပြီး မိမိကိုယ်ကိုယ် မီးရှို့ခဲ့တဲ့ ဆန္ဒထုတ်ဖော်မှုဖြစ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ။

အကြီးတန်းလေတပ်သား အာရွန် ဘွတ်ရှ်နယ်လ်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်၊ အစ္စရေးသံရုံးရှေ့တွင် သူ့ကိုယ်သူ မီးမရှို့ခင် တွေ့ရစဉ်။ ဘွတ်ရှ်နယ်လ်သည် သူ၏ဆန္ဒထုတ်ဖော်မှုကို အွန်လိုင်းပလက်ဖောင်း Twitch တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

အကြီးတန်းလေတပ်သား အာရွန် ဘွတ်ရှ်နယ်လ်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်၊ အစ္စရေးသံရုံးရှေ့တွင် သူ့ကိုယ်သူ မီးရှို့ပြီး တွေ့ရစဉ်။ ဘွတ်ရှ်နယ်လ်သည် သူ၏ဆန္ဒထုတ်ဖော်မှုကို အွန်လိုင်းပလက်ဖောင်း Twitch တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တောင်ကိုရီးယား နိုင်ငံတကာသတင်း အာရှ

ကမ္ဘောဒီးယားရှိ လိမ်လည်မှုစခန်းများ နှိမ်နင်းမှုနှင့် နောက်ကွယ်မှ ဖိအားများ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 9 Views
ခေတ်မျက်လုံးမှစုစည်းတင်ပြသည်။ ကမ္ဘောဒီးယားအစိုးရသည် ယခင်က ကြီးထွားခွင့်ပေးခဲ့သော ဆိုက်ဘာလိမ်လည်မှုစခန်းများ (Scam Centers) ကို မကြာသေးမီကမှ အကြီးအကျယ် နှိမ်နင်းလာရခြင်း၏ နောက်ခံ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ပူတင်နှင့် ဆွေးနွေးပွဲများ “ မည်သည့်နေရာသို့မှ မရောက်ဟု” ပြောကြားရင်း ထရမ့်က ပိတ်ဆို့မှုအသစ်များ ချမှတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 65 Views
BBC- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၂ရက် ယူကရိန်းတွင် ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရန် မော်စကိုအပေါ် ဖိအားပေးနိုင်ရေး ရည်ရွယ်ချက် ဖြင့် အမေရိကန်က ရုရှား၏ အကြီးဆုံး ရေနံကုမ္ပဏီနှစ်ခုကို ပစ်မှတ်ထားသော ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ကြောင်း ကြေညာလိုက်သည်။
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

အစ္စရေးလွှတ်တော်က နယ်မြေသိမ်းပိုက်မှုအတွက် ရှေ့တိုးဆောင်ရွက်ပြီးနောက် အနောက်ဖက်ကမ်းကိုသိမ်းပိုက်ခြင်းကို ရူဘီယိုက သတိပေး

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 44 Views
BBC-၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၂ရက် အစ္စရေးလွှတ်တော်က သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း(West Bank) နယ်မြေကို အစ္စရေးနိုင်ငံပိုင်အဖြစ်သိမ်းပိုက်ထည့်သွင်းရေးဘက်သို့ ဦးတည်သည့် လုပ်ရပ်တစ်ခုသည် ဂါဇာရှိ ပဋိပက္ခကို အဆုံးသတ်ရန် ဝါရှင်တန်၏ စီမံကိန်းကို ခြိမ်းခြောက်လိမ့်မည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။
နိုင်ငံတကာသတင်း အမေရိကန်

အချက်အလက် စစ်ဆေးချက်- ထရမ့်က ပေါ့ထ်လန်းမြို့ မီးလောင်နေသည်ဟု ထပ်မံ၍ လွဲမှားစွာ ပြောဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 46 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၂ရက် သမ္မတသည် အမေရိကန် မြို့ကြီးတစ်မြို့ မီးလောင်နေသည်ဟု ထပ်ခါတလဲလဲ ပြောဆိုနေသည်။ ထိုအရာသည် အမှန်တရားနှင့် လုံးဝ နီးစပ်မှု မရှိသော်လည်း ပြောဆိုခဲ့သည်။ သမ္မတ ဒေါ်နယ်လ် ထရမ့်က အင်္ဂါနေ့တွင်
နိုင်ငံတကာသတင်း

ဓနုလူထုအနေနဲ့ စစ်တပ်ရွေးကောက်ပွဲ ထောက်ခံအားပေးတာမလုပ်ကြဖို့ DPLF မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 24 Views
အောက်တိုဘာလ (၂၃)ရက်။ ဓနုလူထုတွေအနေနဲ့ စစ်တပ်ရဲ့ ‌ရွေးကောက်ပွဲကို အားပေးထောက်ခံတာ၊ ပူးပေါင်းဆောင်ရွက်တာ မပြုလုပ်ကြဖို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA)က ဒီကနေ့မှာ မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။ DPLF/DPLA အနေနဲ့ အာဏာသိမ်းစစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်ပြု လက်ခံမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာသတင်း အမေရိကန်

အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက် ဂျွန်ဆင် အစိုးရရပ်ဆိုင်းထားမှုအခြေအနေကို ရှင်းလင်း ပြောကြား။

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 22 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၃ရက် အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက် ဂျွန်ဆင် က သူနှင့် အထက်လွှတ်တော် အများစုခေါင်းဆောင် ဂျွန် သူးန် တို့သည် မနေ့က တစ်နာရီခန့်ကြာ တွေ့ဆုံခဲ့ပြီး အစိုးရ ရန်ပုံငွေ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

“ ပူတင်နဲ့ မျှော်လင့်ထားတဲ့ အစည်းအဝေးကို ဖျက်လိုက်ပြီ” လို့ ထရန့်ခ် ပြော။ “ ကျွန်တော့်အတွက်တော့ အဆင်မပြေဘူးလို့ ခံစားရတယ်”

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 39 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၃ရက် သမ္မတ ဒေါ်နယ်လ် ထရန့်ခ်က ဗုဒ္ဓဟူးနေ့မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ မျှော်လင့်ထားတဲ့ အစည်းအဝေးကို “ ဖျက်လိုက်ပြီ” လို့ ပြောကြားခဲ့ပြီး၊ အိမ်ဖြူတော်မှာသတင်းထောက်တွေ ကို “