ပြီးခဲ့သည့် သီတင်းပတ်က ဂါဇာကမ်းမြောင်ဒေသတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ဗဟိုမီးဖိုချောင် (World Central Kitchen) မှ အကူအညီပေးရေးလုပ်သား ခုနစ်ဦးသေဆုံးပြီးနောက် အောက်လွှတ်တော်ဒီမိုကရက်တစ်အမတ်အချို့သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို ပိုမိုဝေဖန်လာကြသည်။
အမေရိကန် ကိုယ်စားလှယ် ဂျေဆန် ခရိုး (Jason Crow) နှင့် ဂျိမ်း ကလိုင်းဘန်း (James Clyburn) တို့သည် နေတန်ယာဟု “ထွက်ရမည်” ဟု ယုံကြည်ကြောင်း ယနေ့ CNN ၏ Wolf Blitzer သို့ ပြောကြားခဲ့သည်။
“ ဒီမနက်မှာ တွေ့ခဲ့ရတဲ့ သတင်းခေါင်းကြီးပိုင်းကို ကျွန်တော်သဘောတူပါတယ် အစ္စရေးက အနိုင်ရမယ်။ ဒါပေမယ့် နေတန်ယာဟုက တော့ထွက်ရမယ်။ အစ္စရေးက နေတန်ယာဟုကို ဖြုတ်လိုက်ရင် အမှားအားလုံးကို ပြင်သွားနိုင်လိမ့်မယ်။ သူက အမှားလုပ်နေသူပဲ” ဟု ကလိုင်းဘန်းက ပြောကြားခဲ့သည်။
ခရိုးသည် စိတ်ကို စက္ကန့်ပိုင်းလောက် ထိန်းပြီးနောက် “သူဟာ အစ္စရေးကို ရှေ့တန်းတင်မယ့် ခေါင်းဆောင်မဟုတ်ပါဘူး။ သူက နယ်ပယ်တိုင်းမှာ မအောင်မြင်တဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ သူက အစ္စရေးကို ပိုလုံခြုံအောင် မလုပ်နိုင်ဘူး၊ ဒေသတွင်း တင်းမာမှုတွေ တိုးလာအောင် သူကလုပ်ခဲ့တယ်။ သူက ကကျွန်တော်တို့ပြောတာကို နားမထောင်ဘူး၊ သူနဲ့ပတ်သက်တဲ့ ကျွန်တော်တို့အမြင်ကတော့ ကျွန်တော်တို့ တွေ့မြင်နေရတဲ့ ဒီကြီးမားတဲ့လူသားချင်းစာနာမှု ကပ်ဘေးအတွက် နေတန်ယာဟုမှာ တာဝန်ရှိပါတယ်” ဟု ခရိုးက ပြောကြားခဲ့သည်။