နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာထဲအသက်ရှင်ကျန်နေသူတွေရဲ့ အိဒ်ပွဲတော် အမှတ်ရစရာများ

အရှိန်အဟုန်နဲ့တောက်လောင်နေတဲ့ ဂါဇာပဋိပက္ခကြောင့် ဧပြီလ 10 ရက် ဗုဒ္ဓဟူးနေ့က ကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အိဒ်ပွဲတော်မှာ ဂါဇာထဲက ပါလက်စတိုင်းအနည်းစုလောက်သာ စိတ်သက်သက်သာသာနဲ့ ကျင်းပခွင့်ရခဲ့ကြပါတယ်။

ကမ္ဘာတဝန်းက သန်းနဲ့ ချီတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ အိဒ်နေ့မှာ ဝတ်ပြုဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် ပါလက်စတိုင်းလူမျိုးတွေကလည်း လွန်ခဲ့တဲ့ ခြောက်လအတွင်း စစ်ပွဲကြောင့် သေဆုံးခဲ့သူတွေရဲ့ သချိုင်းမှာ သွားရောက်ဆုတောင်းမှုသာ ပြုလုပ်ခဲ့ကြရတာပါ။

သူတို့ရဲ့ မျှော်လင့်ချက်ကတော့ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်ထိုးစစ်နဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေကြားကနေ အသက်ရှင် ကျန်ရစ်နေဖို့ ဖြစ်ပါတယ်။ သားဖြစ်သူရဲ့ အုတ်ဂူကို လာရောက်လည်ပတ်တဲ့ အာမန်နီ မန်ဆောကတော့ သူမရဲ့ဘ၀မှာ ကောင်းတာတွေအားလုံး ပျက်ဆီးသွားပြီလို့ ပြောပြပါတယ်။

“ ပြီးခဲ့တဲ့ အိဒ်နေ့က ကျမဘ၀ရဲ့ အကောင်းဆုံးအချိန်တွေပါပဲ။ ဘာလို့လည်းဆိုတော့ ငါ့သားလေးကို ပွေ့ချီထားပြီး အမြဲတမ်းအဆင်သင့်ဖြစ်နေတယ်။ ကျမနဲ့အတူ သူ့ကို အမြဲရှိနေစေချင်သလို သူလိုချင်သမျှ အားလုံးကိုလည်း ပေးချင်တယ်”

ဒါကတော့ ရာဖာမြို့က ပြိုကျပျက်စီးနေတဲ့ ဗလီတစ်ခုမှာ ဝတ်ပြုဆုတောင်းနေကြတာဖြစ်ပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာဒေသက ပါလက်စ်တိုင်းလူမျိုး 33000 ကျော် အသက်သေဆုံးခဲ့ကြရပြီး လူပေါင်း 75000 ကျော် ထိခိုက် ဒဏ်ရာရခဲ့ကြတာပါ။ စစ်ဒဏ်ကြောင့် ဆေးရုံတွေ ထိခိုက်ပျက်ဆီးခဲ့ကြသလို ဆေးဝါးတွေကလည်း ပြတ်လပ်နေပြီး အငတ်ဘေးနဲ့လည်း ရင်ဆိုင်နေရကြတာဖြစ်ပါတယ်။

မာမွတ်အဲလ်ဟာမေဒက်ကတော့ အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရပြီး ဝှီးချဲလ်ကို အသုံးပြုနေရတာဖြစ်ပါတယ်။
“ ပြီးခဲ့တဲ့နှစ် အိဒ်နေ့တုန်းက ကျတော့်ကလေးတွေနဲ့ ပျော်ခဲ့ရပါတယ်။ အခုတော့ ကျတော် ဒဏ်ရာရပြီး ဘယ်ကိုမှ မသွားနိုင်တော့ပါဘူး”

အစ္စလာမ်လူမျိုးတွေရဲ့ ရာမာဒမ်ကာလာ နောက်ဆုံးနေ့ကို သတ်မှတ်ပေးထားတဲ့ အိဒ်နေ့မှာ ဂါဇာဒေသက လူတော်တော်များများဟာ အိမ်ခြေယာမဲ့တွေ ဖြစ်နေကြပါတယ်။ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း တစ်သန်းကျော်ဟာ ဂါဇာမြောက်ပိုင်းကနေ တောင်ဘက်ပိုင်းမှာရှိတဲ့ ရာဖာမြို့ကို ပြောင်းရွှေ့လာခဲ့ကြပြီး တဲထိုးနေထိုင်နေကြရတာပါ။

နက်အဲမာ အဲလ်ဒါဟာ အစ္စရေးတွေရဲ့တိုက်ခိုက်မှုကြောင့် သူမကလေး 7 ဦးရှိတဲ့အနက်က နှစ်ဦးကို ဆုံးရှုံးထားတာဖြစ်ပါတယ်။ အခုနှစ် အိဒ်ပွဲတော်ကတော့ ပျက်ဆီးဆုံးရှုံးသွားပြီလို့ သူမက ပြောပါတယ်။

ကျမ ကလေးတွေကို ဆုံးရှုံးခဲ့ရသလို ကိုယ့်ကိုကိုယ်လည်းဆုံးရှုံးခဲ့ရတယ်။ အဲဒီတော့ ဒီအိဒ်က ကျမအတွက် ဘာအဓိပ္ပါယ်ရှိမှာလဲ၊ အခုဆို ငါတို့မှာ စားစရာမရှိဘူး၊ သောက်စရာလည်းမရှိဘူး။ ငါတို့ဘ၀က ဘာတွေဖြစ်သွားပြီလဲ”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 12 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 19 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး