နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ပြည်ပနိုင်ငံတွေကို ထောက်ပံ့ပေးဖို့ ဂျိုးဘိုင်ဒန်အတည်ပြုလက်မှတ်ထိုး

https://youtu.be/ctiB624AirU

“ ဒီနေ့ဟာ အမေရိကအတွက်ရော ဥရောပအတွက်ပါ ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်လည်း တကယ့်ကို ထူးခြားတဲ့နေ့တစ်နေ့ ပါ”

လွှတ်တော်ထဲမှာ ရီပက်ဘလီကန်အမတ်တွေနဲ့ လပေါင်းများစွာ အငြင်းအခုန်ဖြစ်ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဒေါ်လာ ဘီလျံ 100 ကို ပြည်ပနိုင်ငံတွေ အကူအညီပေးရေး လက်မှတ်ရေးထိုးလိုက်ပါတယ်။  အဲဒီထဲကမှ ဒေါ်လာ ဘီလျံ 60 ကျော်ကိုတော့ ရုရှားရဲ့ နှစ်နှစ်ကျော်ကြာ ကျူးကျော်မှုကို တွန်းလှန်တိုက်ဖျက်နေတဲ့ ယူကရိန်းနိုင်ငံ တစ်ခုတည်းကို အကူအညီပေးသွားမှာ ဖြစ်ပါတယ်။

“အမေရိကန်ဟာ ကျတော်တို့ဘက်ကနေ မိတ်ဆွေတွေနဲ့အတူ ရပ်တည်ပေးတယ်။ ကျတော်တို့က အာဏာရှင်တွေကို ဆန့်ကျင်တယ်။ ကျတော်တို့အနေနဲ့ ဗလာဒီမာပူတင်မှ မဟုတ်ဘူး၊ ဘယ်သူ့ကိုမှ ဦးမညွှတ်ပါဘူး”လို့  ယူကရိန်းသမ္မတ ဇယ်လင်စကီးက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ကွန်ဂရက်လွှတ်တော်ကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့တာပါ။

ယူကရိန်းအတွက် လက်နက်ထောက်ပံ့မှုအဖြစ် ကနဦးမှာ ဒေါ်လာ ၁ ဘီလျံကို ခွင့်ပြုပေးထားပြီးဖြစ်တယ်လို့  ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောကြားခဲ့ပြီး လက်နက်ထောက်ပံ့မှုဟာ ဗုဒ္ဓဟူးနေ့က စပြီး အကျုံးဝင်ပြီလို့ ပြောဆိုခဲ့ပါတယ်။

“ နာရီအနည်းငယ်အတွင်းမှာပဲ လက်နက်တင်ပို့မှုတွေ စတင်တော့မှာပါ။ အတိအကျပြောရရင် လေကြောင်းရန်ကာကွယ်ရေး၊ ခဲယမ်းမီးကျောက်နဲ့ အမြောက်တွေ၊ ဒုံးကျည်စနစ်တွေ၊ သံချပ်ကာယဉ်တွေ စတင်ပေးပို့သွားမှာဖြစ်ပါတယ်”

အမေရိကန်ကွန်ဂရက်အတွင်းမှာ ဒီမိုကရက်တစ်အမတ်တွေဟာ ယူကရိန်းအတွက် ရန်ပုံငွေရရှိစေဖို့ ရီပက်ဘလီကန်အမတ်တွေကို ၆ လကြာ ဖိအားပေးခဲ့ကြတာဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့ 2024 ရွေးကောက်ပွဲ အဓိကပြိုင်ဘက် ဒေါ်နယ်ထရန့်က ယူကရိန်းအတွက် အကူအညီပေးမယ့်အစီအစဉ်ကို ကန့်ကွက်ခဲ့ပြီး ကွန်ဂရက်လွှတ်တော်ထဲက ရီပက်ဘလီကန်အမတ်တွေကလည်း ယူကရိန်းအနေနဲ့ ရုရှားကို တွန်းလှန်နိုင်ပါ့မလားဆိုတာကို မေးခွန်းထုတ်ခဲ့ကြတာပါ။

ဒါပေမယ့် ရီပက်ဘလီကန်အောက်လွှတ်တော်ဥက္ကဌ မိုက်ဂျွန်ဆင်ရဲ့ ထောက်ခံမှုနဲ့ ပြီးခဲ့တဲ့စနေနေ့က ဥပဒေကြမ်းကို အတည်ပြုခဲ့ပြီး အင်္ဂါနေ့မှာတော့ အထက်လွှတ်တော်က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ အဲဒီဥပဒေမှာ အစ္စရေးအတွက် ဒေါ်လာ 26 ဘီလျံအပြင် ဂါဇာအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၁ ဘီလျံလည်း ပါဝင်ပါတယ်။

“အစ္စရေးအနေနဲ့ ဒီအကူအညီတွေကို အချိန်နှောင့်နှေးမှုမရှိဘဲ ဂါဇာထဲက ပါလက်စတိုင်းဒုက္ခသည်တွေဆီကို ရောက်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ ကျတော်တို့ရဲ့ လုပ်ဆောင်ချက်အားလုံးဟာ ဓားစာခံတွေ အိမ်ပြန်ရောက်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေး၊ ထာ၀ရငြိမ်းချမ်းရေးအတွက် အခြေအနေတွေကို သတ်မှတ်ပေးဖို့ လမ်းညွှန်ထားပါတယ်”

အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီပေးရေး ရန်ပုံငွေမှာ ယူကရိန်း၊အစ္စရေးတို့အပြင် အင်ဒို-ပစိဖိတ်ဒေသက မဟာမိတ်တွေအတွက်လည်း ပါဝင်ပြီး တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတဲ့ ထိုင်ဝမ်အတွက်လည်း ဒေါ်လာ ၈ ဘီလျံပါဝင်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 12 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 19 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး