နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ပြည်ပနိုင်ငံတွေကို ထောက်ပံ့ပေးဖို့ ဂျိုးဘိုင်ဒန်အတည်ပြုလက်မှတ်ထိုး

https://youtu.be/ctiB624AirU

“ ဒီနေ့ဟာ အမေရိကအတွက်ရော ဥရောပအတွက်ပါ ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်လည်း တကယ့်ကို ထူးခြားတဲ့နေ့တစ်နေ့ ပါ”

လွှတ်တော်ထဲမှာ ရီပက်ဘလီကန်အမတ်တွေနဲ့ လပေါင်းများစွာ အငြင်းအခုန်ဖြစ်ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဒေါ်လာ ဘီလျံ 100 ကို ပြည်ပနိုင်ငံတွေ အကူအညီပေးရေး လက်မှတ်ရေးထိုးလိုက်ပါတယ်။  အဲဒီထဲကမှ ဒေါ်လာ ဘီလျံ 60 ကျော်ကိုတော့ ရုရှားရဲ့ နှစ်နှစ်ကျော်ကြာ ကျူးကျော်မှုကို တွန်းလှန်တိုက်ဖျက်နေတဲ့ ယူကရိန်းနိုင်ငံ တစ်ခုတည်းကို အကူအညီပေးသွားမှာ ဖြစ်ပါတယ်။

“အမေရိကန်ဟာ ကျတော်တို့ဘက်ကနေ မိတ်ဆွေတွေနဲ့အတူ ရပ်တည်ပေးတယ်။ ကျတော်တို့က အာဏာရှင်တွေကို ဆန့်ကျင်တယ်။ ကျတော်တို့အနေနဲ့ ဗလာဒီမာပူတင်မှ မဟုတ်ဘူး၊ ဘယ်သူ့ကိုမှ ဦးမညွှတ်ပါဘူး”လို့  ယူကရိန်းသမ္မတ ဇယ်လင်စကီးက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ကွန်ဂရက်လွှတ်တော်ကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့တာပါ။

ယူကရိန်းအတွက် လက်နက်ထောက်ပံ့မှုအဖြစ် ကနဦးမှာ ဒေါ်လာ ၁ ဘီလျံကို ခွင့်ပြုပေးထားပြီးဖြစ်တယ်လို့  ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောကြားခဲ့ပြီး လက်နက်ထောက်ပံ့မှုဟာ ဗုဒ္ဓဟူးနေ့က စပြီး အကျုံးဝင်ပြီလို့ ပြောဆိုခဲ့ပါတယ်။

“ နာရီအနည်းငယ်အတွင်းမှာပဲ လက်နက်တင်ပို့မှုတွေ စတင်တော့မှာပါ။ အတိအကျပြောရရင် လေကြောင်းရန်ကာကွယ်ရေး၊ ခဲယမ်းမီးကျောက်နဲ့ အမြောက်တွေ၊ ဒုံးကျည်စနစ်တွေ၊ သံချပ်ကာယဉ်တွေ စတင်ပေးပို့သွားမှာဖြစ်ပါတယ်”

အမေရိကန်ကွန်ဂရက်အတွင်းမှာ ဒီမိုကရက်တစ်အမတ်တွေဟာ ယူကရိန်းအတွက် ရန်ပုံငွေရရှိစေဖို့ ရီပက်ဘလီကန်အမတ်တွေကို ၆ လကြာ ဖိအားပေးခဲ့ကြတာဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့ 2024 ရွေးကောက်ပွဲ အဓိကပြိုင်ဘက် ဒေါ်နယ်ထရန့်က ယူကရိန်းအတွက် အကူအညီပေးမယ့်အစီအစဉ်ကို ကန့်ကွက်ခဲ့ပြီး ကွန်ဂရက်လွှတ်တော်ထဲက ရီပက်ဘလီကန်အမတ်တွေကလည်း ယူကရိန်းအနေနဲ့ ရုရှားကို တွန်းလှန်နိုင်ပါ့မလားဆိုတာကို မေးခွန်းထုတ်ခဲ့ကြတာပါ။

ဒါပေမယ့် ရီပက်ဘလီကန်အောက်လွှတ်တော်ဥက္ကဌ မိုက်ဂျွန်ဆင်ရဲ့ ထောက်ခံမှုနဲ့ ပြီးခဲ့တဲ့စနေနေ့က ဥပဒေကြမ်းကို အတည်ပြုခဲ့ပြီး အင်္ဂါနေ့မှာတော့ အထက်လွှတ်တော်က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ အဲဒီဥပဒေမှာ အစ္စရေးအတွက် ဒေါ်လာ 26 ဘီလျံအပြင် ဂါဇာအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၁ ဘီလျံလည်း ပါဝင်ပါတယ်။

“အစ္စရေးအနေနဲ့ ဒီအကူအညီတွေကို အချိန်နှောင့်နှေးမှုမရှိဘဲ ဂါဇာထဲက ပါလက်စတိုင်းဒုက္ခသည်တွေဆီကို ရောက်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ ကျတော်တို့ရဲ့ လုပ်ဆောင်ချက်အားလုံးဟာ ဓားစာခံတွေ အိမ်ပြန်ရောက်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေး၊ ထာ၀ရငြိမ်းချမ်းရေးအတွက် အခြေအနေတွေကို သတ်မှတ်ပေးဖို့ လမ်းညွှန်ထားပါတယ်”

အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီပေးရေး ရန်ပုံငွေမှာ ယူကရိန်း၊အစ္စရေးတို့အပြင် အင်ဒို-ပစိဖိတ်ဒေသက မဟာမိတ်တွေအတွက်လည်း ပါဝင်ပြီး တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတဲ့ ထိုင်ဝမ်အတွက်လည်း ဒေါ်လာ ၈ ဘီလျံပါဝင်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်အစိုးရသည် ဥရောပကို ကြမ်းတမ်းသော စကားလုံးများ အသုံးပြု၍ စကားပြောဆိုခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 18 Views
သူတို့အချင်းချင်း သီးသန့်ပြောကြလျှင် ပို၍ကြမ်းတမ်းသည့် အသုံးအနှုန်းကို သုံးစွဲကြသည်။ ယီမင်ဟူသီများအပေါ် အမေရိကန်စစ်တပ်၏ ထိုးနှက်တိုက်ခိုက်မှုအကြောင်းကို ထရန့်အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်များ အချင်းချင်း အများသူငှာသုံးစွဲသည့်မက်ဆေ့ချ်
နိုင်ငံတကာသတင်း ဥရောပ

စစ်ပွဲကျရောက်မည့် အန္တရာယ်ကြောင့် ၃ ရက် (၇၂ နာရီ) စာ ရိက္ခာများကို သိုလှောင်ထားရန် နိုင်ငံသားများအား ဥရောပသမဂ္ဂက တိုက်တွန်းထားသည်။

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 10 Views
မတ်လ (၂၆) ရက်။ ဥရောပသမဂ္ဂ နိုင်ငံသားများသည် အကျပ်အတည်းဖြစ်ချိန်တွင် အနည်းဆုံး ၃ ရက် (၇၂ နာရီ) စာ
နိုင်ငံတကာသတင်း အာရှ

ကမ္ဘာ့ပထမဆုံးတိုက်တေနီယံနှလုံး အစားထိုးခွဲစိတ်မှုခံယူသူ ဆေးရုံမှဆင်းလာ

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 9 Views
++++++++++++++++++ တိုက်တေနီယံသတ္ထုနဲ့ပြုလုပ်ထားတဲ့ နှလုံးအတုကို အစားထိုးပြီး ဆေးရုံကဆင်းလာတဲ့  ဩစတြေးလျနိုင်ငံသား တစ်ဦးဟာ အလုံးစုံနှလုံးတုတပ်ဆင်တဲ့ ကမ္ဘာ့ပထမဆုံး လူသားတစ်ယောက်ဖြစ်လာခဲ့ကြောင်း ဆရာဝန်တွေနဲ့ သုတေသနပညာရှင်တွေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ BiVACOR နှလုံးတု တပ်ဆင်မှုကို 2024 ခုနှစ် နိုဝင်ဘာလ အတွင်း
နိုင်ငံတကာသတင်း အမေရိကန်

ဥရောပမှာ EV ကား ဝယ်လိုအားတက်လာပေမယ့် တယ်စလာကားများ ရောင်းအားထိုးကျ

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 11 Views
+++++++++++++++++++++++++ အီလွန်မက်စ်ရဲ့ တယ်စလာကားရောင်းအားဟာ ဥရောပမှာ အခုနှစ် ပထမနှစ်လအတွင်း 49 ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ဥရောပမော်တော်ယာဉ်ထုတ်လုပ်သူများအဖွဲ့ရဲ့ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။ တယ်စလာလျှပ်စစ်ကားတွေရဲ့ မော်ဒယ်ဟာ သက်တမ်းအိုမင်းလာခြင်းနဲ့အတူ CEO အီလွန်မက်စ်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ရဲ့ ဆက်နွှယ်မှုအပေါ် တုံ့ပြန်မှုတွေကြောင့်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာမှာ သတင်းထောက်တွေကို အစ္စရေးပစ်မှတ်ထားတိုက်ခိုက်

  • 2025 ခုနှစ်၊ မတ်လ 25 ရက်
  • 16 Views
မတ်လ (၂၅) ရက်။ ဂါဇာမှာ အသက် ၂၃ နှစ်အရွယ် သတင်းထောက် ဟော့စမ်ရှားဘတ် (Hossam Shabat) ဟာ တနင်္လာနေ့အစောပိုင်းမှာ အစ္စရေးရဲ့ တိုက်ရိုက်တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့ပါတယ်။ ဟော့စမ်ဟာ ဂါဇာမှာ အစ္စရေးစစ်ပွဲကို ၁၇
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရ၏အမျိုးသားလုံခြုံရေးအဖွဲ့မှ စစ်ရေးလျှို့ဝှက်ချက်များကို မဂ္ဂဇင်းအယ်ဒီတာထံပေးပို့ခဲ့

  • 2025 ခုနှစ်၊ မတ်လ 25 ရက်
  • 29 Views
ထရန့်အစိုးရသည် ၎င်း၏ အမျိုးသားလုံခြုံရေးအဖွဲ့မှ စစ်ရေးအစီအစဥ်များကို မဂ္ဂဇင်းအယ်ဒီတာထံ မည်သို့ ပေးပို့မိသည်ကို ပြန်လည်သုံးသပ်နေပါသည်။ ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်က The Atlantic သို့ စစ်‌ရေးသတင်းပေးပို့မှုနှင့် ပတ်သက်၍ ၎င်း၏ ပထမဆုံး လူသိရှင်ကြား မှတ်ချက်တွင် “
နိုင်ငံတကာသတင်း အမေရိကန်

အစမ်းခန့် ဖက်ဒရယ်ဝန်ထမ်းများကို ပြန်လည်ခန့်အပ်ရန် တရားသူကြီး၏အမိန့်ကို ရပ်ဆိုင်းရန် ထရန့် အစိုးရက တရားရုံးချုပ်ကို တောင်းဆိုထားသည်။

  • 2025 ခုနှစ်၊ မတ်လ 24 ရက်
  • 17 Views
မတ်လ (၂၄) ရက်။ ဝါရှင်တန် (AP)။ ထရန့်အစိုးရက ဖက်ဒရယ်အစိုးရ အရွယ်အစားကို သိသိသာသာ လျှော့ချဖို့ ရည်ရွယ်တဲ့ ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေကို အစုလိုက်အပြုံလိုက် ထုတ်ပစ်မှုကို ရပ်ဆိုင်းပြီး ပြန်လည်ခန့်အပ်ဖို့ အမိန့်ချမှတ်မှုကို ဗဟိုတရားရုံးချုပ်က ရပ်ဆိုင်းပေးဖို့
နိုင်ငံတကာသတင်း ဥရောပ

‘အမေရိကန်တွေက သူတို့ရဲ့ သင်ခန်းစာကို မသင်ယူခဲ့ကြဘူး’ – အမေရိကန်ကုန်ပစ္စည်းတွေကို ဥရောပသားတွေ သပိတ်မှောက်

  • 2025 ခုနှစ်၊ မတ်လ 24 ရက်
  • 19 Views
မတ်လ (၂၄) ရက်။ မိုယာ အိုစူလေဗန် (Moya O’Sullivan) သည် သူမ၏ ဗီဒိုများကို ကြည့်လိုက်ရာ ပြဿနာတစ်ခုကို တွေ့လိုက်သည်။ သူမ၏ ခရင်မ်ချိစ်၊ သွားတိုက်ဆေး၊ ခံတွင်းဆေး၊ ဝီစကီနှင့် အချိုရည်အားလုံးသည် အမေရိကန်ထုတ်ကုန်တွေ