နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

လရဲ့အမှောင်ဘက်ခြမ်းကို လေ့လာမယ့် မောင်းသူမဲ့ယာဉ်ကို တရုတ်လွှတ်တင်

လရဲ့အမှောင်ဘက်ခြမ်းကို လေ့လာမယ့် မောင်းသူမဲ့ယာဉ်ကို တရုတ်လွှတ်တင် ++++++++++++++++++++++++++ တရုတ်နိုင်ငံဟာ လကမ္ဘာရဲ့အစွန်အဖျားကို လေ့လာဖို့အတွက် မောင်းသူမဲ့ဒုံးပျံတစ်စင်းကို လွှတ်တင်ခဲ့တာကြောင့် သမိုင်းဝင်မစ်ရှင်ကို ကြိုးပမ်းတဲ့ ပထမဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။ အဲဒီမစ်ရှင်အတွက် တရုတ်နိုင်ငံရဲ့ အကြီးဆုံးဒုံးပျံဖြစ်တဲ့ Long March 5 ကို တောင်ပိုင်းက ဟိုင်နန်ကျွန်းမှာ Chang’e 6 အာကာသစူးစမ်းလေ့လာရေးယာဉ်နဲ့အတူ လွှတ်တင်ခဲ့တာပါ။ နှစ်လနီးပါးကြာမြင့်မယ့် အဲဒီမစ်ရှင်အတွင်း လကမ္ဘာ အမှောင်ဘက်ခြမ်းက ကျောက်တုံးတွေနဲ့ မြေဆီလွှာတွေကို သယ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ ကမ္ဘာမြေကနေ မမြင်ရတဲ့ လကမ္ဘာအမှောင်ဘက်ခြမ်းက မြေဆီနမူနာတွေကို စူးစမ်းလေ့လာခွင့်ရတဲ့ ပထမဆုံးနိုင်ငံဖြစ်လာတော့မှာပါ။ ဒါဟာ တရုတ်နိုင်ငံ အာကာသလေ့လာစူးစမ်းရေးအစီအစဉ်ရဲ့ သမိုင်းမှတ်တိုင်သစ်လည်းဖြစ်ပါတယ်။ ဆယ်စုနှစ် ၄ ခုတာကာလအတွင်းက ယခင်မစ်ရှင်တွေမှာ လူသားတွေဟာ လကမ္ဘာပေါ်ကို အခြေချနိုင်ဖို့ ကြိုးစားခဲ့ကြသလို တရုတ်နိုင်ငံက မောင်းသူမဲ့ ယာဉ်နဲ့ လပေါ်ဆင်းသက်ခြင်းတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။ တရုတ်မောင်းသူမဲ့အာသယာဉ်အနေနဲ့ လကမ္ဘာပေါ် နောက်ဆုံးအကြိမ်ဆင်းသက်မှုကို ဇွန်လအတွင်းပြုလုပ်သွားမှာဖြစ်ပြီး မြေဆီနမူနာကို ၄ ပေါင်ခန့်ရဖို့ နှစ်ရက်ကြာ စုဆောင်းရမှာဖြစ်ပါတယ်။ လကမ္ဘာပေါ်က အချက်အလက်တွေစုဆောင်းခြင်းနဲ့ စူးစမ်းလေ့လာမှုဟာ တရုတ်နဲ့ရုရှားတို့ဦးဆောင်မယ့် လကမ္ဘာပေါ် သုတေသနစခန်းတစ်ခုတည်ဆောက်မယ့် အစိတ်အပိုင်တစ်ခုလည်းဖြစ်ပါတယ်။ ဒုံးပျံလွှတ်တင်ချိန်မှာ ဥရောပနဲ့ ပါကစ္စတန်က သိပ္ပံပညာရှင်တွေ၊ သံတမန်တွေနဲ့ အာကာသအေဂျင်စီမှ တာဝန်ရှိသူတွေလာရောက်လေ့လာခဲ့ကြပေမယ့် အမေရိကန်အဖွဲ့အစည်းတွေကတော့ လာရောက်ခြင်းမရှိကြဘူးလို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဥပဒေအရ တရုတ်နိုင်ငံကို အမေရိကန် အာကာသအေဂျင်စီ နာဆာနဲ့ မည်သည့်ပူးပေါင်းဆောင်ရွက်မှုမှ မပြုလုပ်ဖို့ ပိတ်ပင်ထားတယ်လို့ သိရပါတယ် ခင်ဗျာ . . . ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 5 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး