မေလ (၂၄) ရက်။
စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးကို ရောက်ရှိနေတယ်လို့ သိရှိပါတယ်။ ဒီနေ့ မေလ ၂၄ရက် မွန်းလွဲပိုင်းမှာ မကွေးမြို့ ၊ မြို့တော်ခန်းမမှာ သက်ဆိုင်ရာတွေနဲ့ တွေ့ဆုံးပြီး ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာတွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီ မကွေးတိုင်းမှာ ကျေးရွာတစ်ရွာမှာ သစ်ပင် အနည်းဆုံး (၂) ဧကစီ စိုက်ပျိုးကြဖို့ တိုက်တွန်းသွားတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းက မြို့နယ်အချို့ဟာ ကမ္ဘာ့အပူဆုံးမြို့များစာရင်းမှာ ပါဝင်တာကိုတွေ့ရတဲ့အတွက် အပူရှိန်လျှော့ချရေးနဲ့ ရာသီဥတုကောင်းမွန်စေရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းသာ ဖြစ်တယ်လို့ ပြောဆိုသွားတယ်လို့ ဆိုပါတယ်။
စစ်အစိုးရအဆက်ဆက် အာဏာတည်မြဲရေးအတွက် သစ်တောတွေကို လက်ညိုးထိုးရောင်းခဲ့တာ နှစ်မပြည့်ဘဲနဲ့ သစ်တောတွေကို ခုတ်ခဲ့လို့ သစ်တောတွေ ပြုန်းတီးခဲ့ရတာ ဖြစ်တယ်လို့ သစ်တောအရာရှိဟောင်းတစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။
စစ်အစိုးရအဆက်ဆက် သစ်တောတွေ ဘာကြောင့်ပြုန်းတီးရတယ်ဆိုတာကို အသေးစိတ်သိလိုပါက အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
အခုလည်း စစ်ကိုင်းတိုင်းမှာ NUG ဆီ အခွန်ဆောင်တာနဲ့ ခိုးထုတ်ထားတဲ့ သစ်တွေကို တရုတ်ဘက်ကို ပို့နေလို့ အခုလည်း သစ်တောတွေ ပြုန်းတီးနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။