နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပခုက္ကူမြို့တိုက်ပွဲထဲ ရဲဘော်တွေပြန်ဆုတ်နိုင်အောင် ကာပစ်ပေးခဲ့တဲ့ PLA နိုင်ငံရေးမှူးရဲဘော်တစ်ဦး ကျဆုံးခဲ့

မေလ (၂၇)ရက်။

မေလ (၂၆)ရက်နေ့က ပခုက္ကူမြို့အနောက်တောင်ဘက် ဖလမ်အိုကျေးရွာမှာ အခြေချတပ်စွဲနေတဲ့ စစ်ကောင်စီကင်းစခန်းကို အမှတ်(၈၁၅) PLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ တိုက်ပွဲမှာ ရန်သူ့စစ်ကူတွေ ရောက်လာတာကြောင့် ပြန်ဆုတ်ခွာခဲ့ရပါတယ်။ ပြန်ဆုတ်တဲ့အချိန် ရဲဘော်တွေ ပြန်ဆုတ်နိုင်ဖို့ PLA တပ်ဖွဲ့ နိုင်ငံရေးမှူး ရဲဘော်ထွန်းနိုင်က ကာပစ်ပေးခဲ့တယ်။ ရဲဘော်အားလုံး ဆုတ်ခွာပြီးချိန်မှာ ရဲဘော်ထွန်းနိုင် ဆုတ်ခွာခဲ့တယ်” လို့ PLA က ဆိုပါတယ်။

ရဲဘော်ထွန်းနိုင် ပြန်လည်ဆုတ်ခွာချိန်မှာ စစ်ကောင်စီရဲ့ကျည် ဦးခေါင်းကို ထိမှန်ခဲ့ပြီး ကျည်ထိမှန်ခဲ့တာကို စကားပြောစက်ကနေ သတင်းပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ စကားပြောစက်မှာ ထိသွားပြီလို့ ရဲဘော်တွေကို သတင်းပို့ခဲ့တယ်။ ဘာမှမဖြစ်ဘူးလို့လဲ ပြောခဲ့တယ်။ ဒဏ်ရာရသွားလို့ ရဲဘော်တွေက ပြန်ကူပြီး ပုခက်နဲ့ ထမ်းခေါ်ဖို့ ကြိုးစားတဲ့အချိန်မှာ ကျဆုံးသွားခဲ့တာပါ” လို့ ဆက်ပြောပါတယ်။

တိုက်ပွဲထဲ ကျဆုံးခဲ့ရတဲ့ ရဲဘော်ထွန်းနိုင်(ခ)ကိုအောင်သူရဟာ အနောက်မြောက်စစ်ဒေသရဲ့ ပါတီကလာပ်စီးအဖွဲ့ဝင်ဖြစ်ကာ အမှတ်(၈၁၅) PLA တပ်ဖွဲ့မှာ နိုင်ငံရေးမှူး တာဝန်ယူထားသူလို့ ရေးသားထားပါတယ်။

အခုလို တိုက်ပွဲမှာ အသက်ပေးလှူသွားခဲ့တဲ့ နိုင်ငံရေးမှူး ရဲဘော်ထွန်းနိုင်အတွက် ကျန်ရစ်သူ မိသားစုတွေနဲ့အတူ ဝမ်းနည်းရကာ နိုင်ငံရေးနဲ့ စစ်ရေးတာဝန်တွေကို ကျေပွန်စွာထမ်းရွက်ခဲ့တဲ့ PLA ရဲ့ သူရဲကောင်းအာဇာနည်တစ်ဦးလို့ ပြောဆိုထားပါတယ်။

ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းအာဇာနည် ရဲဘော်ထွန်းနိုင်ကို PLA က လှိုက်လှဲစွာ အလေးနီပြု ဦးညွတ်ကာ မပြီးပြတ်သေးတဲ့ ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေးကို အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သံတောင်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်း ၇၉မမနဲ့ ပစ်ခတ်ခံရပြီး (၁၀)ဦးထက်မနည်း ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 19 Views
ဧပြီလ (၂၇)ရက်။ သံတောင်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ၇၉မမ အလုံး (၂၀)နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်မှုအောက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 18 Views
ဧပြီလ (၂၇)ရက်။ မင်းအောင်လှိုင်ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိးတိုးတက်မယ်ဆိုပြီး နေပြည်တော်ရောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုခဲ့တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဘုတ်ပြင်းမြို့မှာ စစ်ကောင်စီတပ်သားတဦး PDF ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 20 Views
ဧပြီလ (၂၇)ရက်။ ဧပြီလ (၂၂)ရက်နေ့က ‌ဘုတ်ပြင်းမြို့မှာ စစ်ကောင်စီတပ်သားတဦး အလင်းဝင်လာတယ်လို့ ကော့သောင်းခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ဘုတ်ပြင်းမြို့အခြေစိုက် ခလရ(၂၂၄)တပ်ရင်းက အသက် (၃၃)နှစ်အရွယ် ပေါက်ကြီးဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ လူမှုထူးချွန်ဆု(တတိယအဆင့်)ချီးမြှင့်ခံရတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 21 Views
ဧပြီလ (၂၇)ရက်။ ဧပြီလ (၁၈)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်က ပေါင်းတလည်မြို့ ဒွကျေးရွာအနီးမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပစ်ခတ်ရှင်းလင်းခံရသူဟာ ပြည်မြို့၊ ဝက်ထီးကန်နယ်မြေ အင်းဝင်းအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး
မြန်မာသတင်း

နယ်မြေဆုံးရှုံးတာတွေနဲ့ တပ်ထဲဖိအားတွေကြောင့် နတခတိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက် တာဝန်ကနေ ဖယ်ရှားခံရ

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 22 Views
ဧပြီလ (၂၅)ရက်။ ဧရာဝတီတိုင်း ပုသိမ်အခြေစိုက် နတခတိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်ကို စစ်တပ်က တာဝန်ကနေ ဖယ်ရှားလိုက်တယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ ဧရာဝတီတိုင်းထဲ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာ (၂၂၈)ရွာကို တနှစ်ကျော်ကြာတဲ့အထိ ပြန်လည်မသိမ်းပိုက်နိုင်တာကြောင့် အခုလို
မြန်မာသတင်း

“အတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းချက်နဲ့

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 37 Views
နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေး” မင်းအောင်လှိုင်ကအတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းတယ်လို့ ပြီးပြည်နယ်တွေ တိုင်းတွေကို ဗုံးတွေကြဲနေတယ်၊ နောက်သူသမတတက်လုပ်ပြီးတဲ့နောက် မတရား ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်ပေးမယ်ပြောပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အများစုကိုလွှတ်မပေးဘူး။ ဒီလိုဘဲနျုူဂျီကလည်းသူတို့နဲ့သဘောထားမတူနဲ့တော်လှန်းရေးသမားတွေ သူတို့စီအိုစီ အောက်မဝင်တဲ့ အဖွဲ့အစည်းတွေကို တိုက်ထုတ်ပြီး ဘဝတူ တော်လှန်ရေးသမားတွေကို ဖမ်းထားပြီး၊
မြန်မာသတင်း

ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေပြော

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 37 Views
ဧပြီလ (၂၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်မှာ ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ပြောဆိုထားတယ်လို့ သိရပါတယ်။ ချင်းပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို စစ်တပ်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်ပိုင်းကစပြီး အင်အားအလွန်အကျွံသုံးကာ ထိုးစစ်ဆင်ခဲ့တာပါ။ ဖလမ်းမြို့ကို
မြန်မာသတင်း

ဘိုဒါးရွာထဲ (၂)နှစ်ကျော်ကြာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 35 Views
ဧပြီလ (၂၅)ရက်။ ဘိုဒါးရွာထဲ စစ်တပ်က တပ်စွဲထားတဲ့စခန်းကို ‌တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ ဘိုဒါးစခန်းဟာ လယ်ကဆောမြို့နယ်၊ ဘုတ်ပြင်းမြို့နဲ့ ပြည်ကြီးမဏ္ဍိုင်မြို့ကြား ပြည်ထောင်စုလမ်းမပေါ်ရှိ ဘိုဒါးရွာထဲမှာ စစ်တပ်က (၂)နှစ်ကျော်ကြာ