နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဘိုင်ဒင်သည် ယူကရိန်းအတွက် လေကြောင်းရန် ကာကွယ်ရေးအသစ်များကို ကြေညာခြင်းဖြင့် နေတိုးထိပ်သီးအစည်းအဝေးကို ဖွင့်လှစ်

ဇူလိုင်လ (၁၀) ရက်။

NATO ထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ယူကရိန်းကို လေကြောင်းရန် ကာကွယ်ရေးအသစ် ထောက်ပံ့ပေးမည့် အစီအစဉ်ကို သမ္မတ ဂျိုးဘိုင်ဒန်က အင်္ဂါနေ့က ကြေညာခဲ့ပြီး ရုရှားကျူးကျော်မှုကို ခုခံရာတွင် ယူကရိန်းနိုင်ငံအတွက် အလွန်လိုအပ်နေသည့် အထောက်အပံ့များကို ပေးအပ်လိုက်ပါသည်။ အမေရိကန်၊ ဂျာမနီနှင့် ရိုမေးနီးယားတို့သည် Patriot ဘက်ထရီတစ်လုံးစီ ထောက်ပံ့ပေးမည်ဖြစ်ပြီး နယ်သာလန်သည် နောက်ထပ် Patriot ဘက်ထရီကို အသုံးပြုနိုင်ရန် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတစ်ခုစီက ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင် အီတလီနိုင်ငံသည် SAMP-T တာဝေးပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုလည်း ပံ့ပိုးပေးမည်ဖြစ်သည်။ လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် ယူကရိန်းမြို့ကြီးများ၊ အရပ်သားများနှင့် စစ်သားများကို အကာအကွယ်ပေးမည်ဖြစ်ပြီး အဆိုပါစနစ်များကို လျင်မြန်စွာအသုံးပြုနိုင်စေရန်အတွက် ယူကရိန်းအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်္ဂါနေ့တွင် ၎င်း၏မိန့်ခွန်းအတွင်း ဘိုင်ဒင်က “ကျွန်တော်တို့ အရေးကြီးတဲ့လေကြောင်းရန်ကာကွယ်ရေး ကြားဖြတ်ဒုံးတွေကို တင်ပို့တဲ့အခါ ယူကရိန်းက ရှေ့တန်းကို သေသေချာချာ ရောက်အောင်သွားနိုင်ဖို့ အမေရိကန်ပြည်ထောင်စုက ကူညီမယ်” ဟု ကတိပြုခဲ့သည်။ “သူတို့က တခြားသူတွေ ဒီကာကွယ်ရေးစနစ်ကို လက်မခံခင် ဒီအကူအညီကို အရင်ရလိမ့်မယ်” ဟု ဘိုင်ဒင်က ထပ်လောင်းပြောသည်။ အစ္စရေးသည် မောင်းသူမဲ့ လေယာဉ်များနှင့် ဒုံးပျံများကို ကြားဖြတ်ဟန့်တားရန် Iron Dome ပေါ်တွင် ပိုမိုအားကိုးနေသော်လည်း အစ္စရေးသည် အမေရိကန်ထံမှ ခံစစ်ကြားဖြတ်ဒုံးများကို လက်ခံရရှိထားသည်။ ယူကရိန်းသို့ အစ္စရေးထံမှ Patriot ကြားဖြတ်တပ်များ ပေးရန် အမေရိကန်က ယခင်က ဆွေးနွေးခဲ့ဖူးသည်။

တာဝေးပစ်လေကြောင်းကာကွယ်ရေးစနစ်များအပြင် အမေရိကန်နှင့် အခြားနိုင်ငံများကလည်း ကိ့ဗ်တွင် ရုရှားမောင်းသူမဲ့လေယာဉ်များနှင့် ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်စေရန်အတွက် တာတိုနှင့် တာလတ်ပစ်စနစ်များ ဒါဇင်ပေါင်းများစွာကို ယူကရိန်းအား ထောက်ပံ့ပေးလျက်ရှိသည်။ ထိုထောက်ပံ့ပေးသည့်ကာကွယ်ရေး စနစ်များမှာ NASAMS၊ HAWKs၊ IRIS T-SLM၊ IRIS T-SLS နှင့် Gepard စနစ်များ ဖြစ်သည်။ ကနေဒါ၊ နော်ဝေး၊ စပိန်၊ ယူကေနှင့် အခြားနိုင်ငံများသည် ယူကရိန်းအား စနစ်များကို ပံ့ပိုးပေးရာတွင် “အခြားထောက်ခံပံ့ပိုးသူများ” က ကြားဖြတ်ဒုံးကျည်များကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ယူကရိန်းကို ကူညီဖို့ အမေရိကန်နဲ့ ဥရောပတို့ဆီက ပြတ်သားစွာ အရေးယူဆောက်ရွက်ပေးတဲ့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်” ဟု ပြောသည်။ “ကျွန်တော်တို့နိုင်ငံအတွက် ဒီဒုံးကာကွယ်ရေးစနစ်ကို လိုအပ်ရုံသာမက၊ လူတိုင်းအတွက် လိုအပ်တယ်၊ အမှန်အားဖြင့် မိတ်ဖက်တိုင်းပြည်ရှိ လူမျိုးတိုင်းအတွက် လိုအပ်ပါတယ်” ဟု ဇလန်းစကီးက အမေရိကန် သို့ရောက်ရှိပြီးနောက် ၎င်း၏ ပထမဆုံး မှတ်ချက်တွင် ပြောကြားခဲ့သည်။ လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ F-16 ဂျက်တိုက်လေယာဉ်များနှင့် “လက်နက်နှင့်ဘဏ္ဍာရေး၊ နိုင်ငံရေး အထောက်အပံ့များအပါအဝင် လုံခြုံရေး အာမခံချက်များ” တို့ကို ထပ်မံတောင်း ဆိုသွားမည်ဟု ယူကရိန်းသမ္မတက ပြောကြားခဲ့သည်။

ဘိုင်ဒင်က ယူကရိန်းကိုထောက်ပံ့မှုအကြောင်း မကြေညာမီတစ်ရက်အလိုတွင် ယူကရိန်းတစ်ဝှမ်းရှိ မြို့များ၌ ရုရှား၏တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး ၆၈ ဦး ဒဏ်ရာရခဲ့ပြီး နိုင်ငံ၏အကြီးဆုံး ကလေးဆေးရုံကြီးကို တိုက်ခိုက်မှုအကြောင်း ယူကရိန်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တနင်္လာနေ့ညနေပိုင်းတွင် ဘိုင်ဒင်က အဆိုပါတိုက်ခိုက်မှုသည် ရုရှား၏ ရက်စက်ကြမ်းကြုတ်မှုကို ကြောက်ရွံ့ဖွယ်သတိပေးချက်တစ်ခုဟု ခေါ်ဆိုခဲ့သည်။ ရုရှားနှင့် နှစ်နှစ်ခွဲကြာ စစ်ပွဲအတွင်း ဇလန်းစကီးသည် မော်စကို၏ စစ်ရေးစွမ်းရည်ကို ဟန့်တားရန် သူ့နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးကို ခိုင်မာစေရန် မဟာမိတ်နိုင်ငံများကို ထပ်ခါတလဲလဲ တောင်းဆိုခဲ့သည်။

ယူကရိန်းနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ရုရှားကျူးကျော်ဝင်ရောက်လာချိန်မှစ၍ ယူကရိန်းအတွက် အမေရိကန်သည် အရေးပါသော မဟာမိတ်ဖြစ်ခဲ့သော်လည်း အဆိုပါမဟာမိတ်၏အနာဂတ်မှာ မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

သမ္မတဟောင်း ဒေါ်နယ်ထရန့်က “သူသမ္မတ ဖြစ်လာခဲ့ရင် ကိယက်ဗ်ကို သူ့နယ်မြေကို ခွဲဝေပေးလိုက်ဖို့ လုပ်ငန်းစဉ်မှာ ရုရှားနဲ့ ငြိမ်းချမ်းရေး သဘောတူညီဖို့ ဖိအားပေးမယ်” ဟု ပြောကြားခဲ့ပါသည်။ ခုနှစ်အစောပိုင်းတွင်၊ ထရန့်သည် နေတိုးကာကွယ်ရေးရန်ပုံငွေဆိုင်ရာ တာဝန်ဝတ္တရားများနှင့် မကိုက်ညီသော နိုင်ငံများကို ရုရှားက “သူလိုချင်တာမှန်သမျှလုပ်ခွင့်ပေးမယ်” ဟု ပြောခဲ့ပါတယ်။

ယခုနှစ် အီတလီနိုင်ငံတွင်ပြုလုပ်သည့် G7 ထိပ်သီးအစည်းအဝေးတွင် အဓိက ခေါင်းစဉ်တစ်ခုသည် ယူကရိန်းနိုင်ငံအတွက် ပံ့ပိုးကူညီမှု ဖြစ်ပြီး ယူကရိန်းတပ်ဖွဲ့များအား လေ့ကျင့်မှု ဆက်လက်ပြုလုပ်ရန် အမေရိကန်က ၁၀ နှစ်ကြာ ကတိပြုသည့် သဘောတူညီချက်တစ်ရပ် ဘိုင်ဒင်နှင့် ဇလန်းစကီးတို့က လက်မှတ်ရေး ထိုးခဲ့ကြပြီး အမေရိကန်မှ လက်နက်နှင့် စစ်ဘက်ဆိုင်ရာ ကိရိယာများ ထုတ်လုပ်မှုတွင် ပိုမိုပူးပေါင်းဆောင်ရွက်မှု၊ စစ်ရေးအကူအညီနှင့် ထောက်လှမ်းရေးကိစ္စ မျှဝေမှုတို့ကို ဆက်လက်ပံ့ပိုးပေးခဲ့သည်။

သို့ရာတွင် ဤသဘောတူညီချက်ကို မတူညီသည့် အစိုးရအုပ်ချုပ်မှုအောက်တွင် ပြန်ဖျက်နိုင်ပါသည်။ ဘိုင်ဒင်သည် ၁၉၄၉ ခုနှစ်တွင် မြောက်အတ္တလန္တိတ်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် Mellon Auditorium ခန်းမတွင် အင်္ဂါနေ့က စကားပြောခဲ့သည်။ ထိုနေရာတွင် နေတိုးမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုနေရာတွင် သမ္မတဟောင်း ဘီလ်ကလင်တန်က နေတိုး မဟာမိတ်၏ နှစ် ၅၀ ပြည့် ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့သည်။

နောက်ခံအခင်းအကျင်းအရ ဘိုင်ဒင်သည် မဟာမိတ်အဖွဲ့၏ သမိုင်းကြောင်းနှင့် ရင်ဆိုင်နေရသော ခြိမ်းခြောက်မှုများကို တင်ပြပြီး ၎င်း၏ခေါင်းဆောင်မှုအောက်တွင် နေတိုးသည် ယခင်ကထက် ပိုမိုအားကောင်းလာသည်ဟု ပြောဆိုခဲ့သည်။

“ဒီစစ်ပွဲမတိုင်ခင်မှာ ကျွန်တော်တို့ မဟာမိတ်တွေအားလုံးသိနေတာက ပူတင်က နေတိုးကို ဖြိုခွဲနိုင်မယ်လို့တွေးထင်ထားခဲ့တာ” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။ “ဒီနေ့ နေတိုးဟာ သမိုင်းတွင် ရှိခဲ့ဖူးတာထက် ပိုမိုအားကောင်းလာပါတယ်။ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် ဂျင်း စတော်တင်ဘာ့ဂ် (Jens Stoltenberg) အား သမ္မတ၏ လွတ်လပ်ရေး ဆုတံဆိပ်ကို ပေးအပ်ပြီး ၎င်း၏ မိန့်ခွန်းကို နိဂုံးချုပ်ခဲ့သည်။

ဘိုင်ဒင်သည် သူ၏မှတ်ချက်ကို မော်နီတာမှ (teleprompter) မှ ကြည့်ရှုခဲ့ရသော်လည်း ၎င်း၏ ပါတီဝင်များနှင့် လူထုအများအပြားက ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ၎င်း၏ ညံ့ဖျင်းသော စကားစစ်ထိုးပွဲ စွမ်းဆောင်ရည်ကို အနီးကပ်စောင့်ကြည့်နေကြသောကြောင့် သမ္မတအတွက် ယှဉ်ပြိုင်နိုင်မှု အပေါ်သံသယများ မြင့်မား လာခဲ့သည်။ ၎င်း၏ပါတီဝင်အချို့က မကြာသေးမီကမှ သူတို့အနေနှင့် ဘိုင်ဒင်အား နောက် ၄ နှစ်အကြာ သူ့အား ထောက်ခံအားပေးရန်အတွက် ၎င်း၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဆိုင်ရာ သက်သေအထောက်အထားများ ထပ်မံရယူလိုကြောင်း ပြောကြားခဲ့သည်။

ဘိုင်ဒင်သည် ဆုတံဆိပ်ကို စတော့တင်ဘာဂ့်အား ပေးအပ်နေစဉ်တွင် ၎င်း၏ပြင်ဆင်ထားသော မှတ်စုကို မတော်တဆ ဖတ်မိသွားပုံရသော်လည်း ကြီးကြီးမားမား အထစ်အငေါ့မရှိဘဲ ၎င်း၏မိန့်ခွန်းကို ကောင်းမွန်စွာပြောနိုင်ခဲ့သည်။

ဘိုင်ဒင်၏ စကားစစ်ထိုးပွဲ စွမ်းဆောင်ရည်ကြောင့် နိုင်ငံခြားသံတမန်များသည် ထိတ်လန့်သွားသော်လည်း သမ္မတသည် ကြာသပတေးနေ့တွင် ပြုလုပ်သည့် တစ်ကိုယ်တော် သတင်းစာရှင်းလင်းပွဲအတွင်း အပါအဝင် ယခုသီတင်းပတ်အတွင်း သူ့ကိုယ်သူ သက်သေပြရန် အခွင့်အရေးများစွာ ရှိပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 47 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက