နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

1027 Operations

1027 Operations မြန်မာသတင်း

လားရှိုးအကျဉ်းထောင်အနီး တိုက်ပွဲတွေကြောင့် ထောင်ဖောက်ထွက်ပြေးလာတဲ့ အကျဉ်းသား (၁၀၀)ကျော် သေနတ်ထိမှန်သေဆုံးခဲ့ရ

ဩဂုတ်လ (၃)ရက်။

ဇူလိုင်လ (၂၈)ရက်နေ့က လားရှိုးအကျဉ်းထောင်အနီး တိုက်ပွဲတွေကြောင့် အကျဉ်းသား (၁၀၀)ကျော် သေနတ်ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ အကျဉ်းသားတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ ဇူလိုင် (၂၈)ရက်နေ့ နံနက် (၁၀)နာရီခွဲမှာ ထောင်အနီးတိုက်ပွဲတွေဖြစ်တော့ အကျဉ်းထောင်၀န်ထမ်းတွေ ထွက်ပြေးကြတာ၊ အဲ့ဒါကြောင့် အကျဉ်းသားတွေက ထောင်ဖောက်ပြီးပြေးကြတာ။ အဲ့ဒီလို အပြင်ကိုပြေးတဲ့အချိန် သေနတ်ထိမှန်ပြီး (၁၀၀)ကျော်လောက် သေဆုံးခဲ့ပါတယ်” လို့ လွတ်မြောက်လာတဲ့အကျဉ်းသားတစ်ဦးက ဆိုပါတယ်။

ထောင်အနီးတိုက်ပွဲတွေကြောင့် အကျဉ်းထောင်၀န်ထမ်းတွေဟာ ထွက်ပြေးသွားခဲ့တဲ့အတွက် အကျဉ်းသားတွေကိုယ်တိုင် ထောင်ဖောက်ပြေးလာခဲ့ကြတာဖြစ်ပြီး သေနတ်ထိမှန်ကာ သေဆုံးသွားခဲ့ရသူတွေရဲ့ အသေးစိတ်ကိုတော့ မသိရှိရပါ။

လားရှိုးအကျဉ်းထောင်ထဲမှာ အကျဉ်းသား (၂၅၀၀)နဲ့ အချုပ်သား (၂၀၀)ခန့်ရှိပြီး အဲ့ဒီထဲက နိုင်ငံရေးအကျဉ်းသားတွေအပါအ၀င် အကျဉ်းသား (၁၈၀၀)ကျော်ကို MNDAA က ထိန်းသိမ်းထားကာ လက်နက်ကိုင်တွေနဲ့ဆက်စပ်တဲ့ အကျဉ်းသားတွေကို ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကျဉ်းသားတွေထဲက တအာင်းလူမျိုး (၁၃၀)ကျော်ကိုလဲ TNLA ထံ ပြန်လည်အပ်နှံပြီးဖြစ်ကာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အခြားအကျဉ်းသားတွေကို ခွဲခြားထားပြီး ဘယ်လိုဆောင်ရွက်မယ်ဆိုတာကိုတော့ MNDAA ဘက်က ပြောဆိုထားတာမရှိ‌သေးပါဘူး။

လားရှိုးတိုက်ပွဲ (၁)လပြည့်တဲ့ ဒီကနေ့ ဩဂုတ်လ (၃)ရက်နေ့မှာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးစောင့်ကြည့်သူတွေရဲ့ ကနဦးပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 23 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 21 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 19 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 24 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 25 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ တောက် …. လူ့ပလ္လင် ခွေးတက်လေခြင်း” ဆိုတဲ့ လှုပ်ရှားမှုကို Yangon Revolution
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 59 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 22 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 26 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ