နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်ပရောက် မြန်မာ‌လုပ်သားတွေ သတ်မှတ်ထားတဲ့ ဘဏ်တွေကနေ ငွေပြန်လွှဲရင် လျှပ်စစ်ကားနဲ့ဆိုင်ကယ်တွေ တင်သွင်းခွင့်ပြုမယ်လို့ စစ်ကောင်စီပြော

နိုဝင်ဘာလ (၁)ရက်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဘဏ်လမ်းကြောင်းကနေ လစာငွေ ဒါမှမဟုတ် အခြားဝင်ငွေတွေကို ပြန်လွှဲပို့ရင် လျှပ်စစ်ကား/လျှပ်စစ်ဆိုင်ကယ်တွေ တင်သွင်းခွင့်ပြုမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ စစ်ကောင်စီသံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ လစာငွေ ဒါမှမဟုတ် အခြားဝင်ငွေတွေကို စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ဘဏ်တွေနဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာငွေလွှဲအဖွဲ့တွေကနေ ပြန်လွှဲပို့တာ‌အတွက် အထူးအစီအစဉ်အနေနဲ့ ခွင့်ပြုတာလို့ ဆိုပါတယ်။

ဒီလို စစ်ကောင်စီက အထူးအစီအစဉ်နဲ့ ခွင့်ပြုတာမှာ သင်္ဘောသားတွေအပါအဝင် ပုံမှန်လစာဝင်သူတွေဟာ တစ်နှစ်ထဲ အမေရိကန်ဒေါ်လာ (၂)သိန်းအထက်လွှဲပို့ရင် လွှဲပို့ငွေရဲ့ (၅)ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ လျှပ်စစ်ကား/ဆိုင်ကယ် တစ်နှစ်ကို တစ်စီးနှုန်း တင်သွင်းခွင့်ပြုမယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ပုံမှန်လစာဝင်ငွေရသူတွေကလွဲပြီး အခြားဝင်ငွေရသူတွေကို တစ်နှစ်ထဲ အမေရိကန်ဒေါ်လာ (၅)သောင်းနဲ့အထက် လွှဲပို့ရင် လွှဲပို့ငွေရဲ့ (၅)ရာခိုင်နှုန်းနဲ့ညီမျှတဲ့ လျှပ်စစ်ကား/ဆိုင်ကယ် တစ်စီး တင်သွင်းခွင့်ပြုသွားမယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် အခုလို အကျုံးဝင်သူတွေဟာ လျှပ်စစ်ကား/လျှပ်စစ်ဆိုင်ကယ် တင်သွင်းခွင့်ပြုတာမှာ တဦးချင်းတင်သွင်းတာအပါအဝင် တစ်ဦးထဲ တင်သွင်းဖို့ ယာဉ်တန်ဖိုး မပြည့်မီရင် စုပေါင်းတင်သွင်းခွင့်ပြုတယ်လို့လဲ စစ်ကောင်စီသံရုံးရဲ့ ထုတ်ပြန်ချက်ထဲ ပြောဆိုထားပါတယ်။

အခုလို ထုတ်ပြန်တာဟာ စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေရရှိဖို့ မက်လုံးပေးထုတ်ပြန်တာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတွေကလဲ စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာ (၄၇)သန်းကျော်အပါအဝင် ထိုင်းဘတ်ငွေနဲ့ တရုတ်ယွမ်ငွေတွေ (၅)ရက်ဆက်တိုက် ထုတ်ရောင်းခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒီ‌ကနေ့ကစပြီး ဒီဇင်ဘာလ (၃၁)ရက်အထိ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်တဲ့ကာလအနေနဲ့ သတ်မှတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 6 Views
အောက်တိုဘာလ (၂၈)ရက်။ ဒီကနေ့ကစပြီး ဒီဇင်ဘာလ (၃၁)ရက်အထိ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်တဲ့ ကာလအနေနဲ့ သတ်မှတ်ထားတယ်လို့ အထွေထွေသပိတ်
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်း (၂)ဦး အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 6 Views
အောက်တိုဘာလ (၂၈)ရက်။ မနေ့က မုံရွာမြို့မှာ စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သား (၂)ဦး အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ်ပကဖရဲ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တနင်္သာရီမြို့မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူတွေ ခရီးမသွားဖို့ PDF-တိုင်းစစ်ဌာန ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 7 Views
အောက်တိုဘာလ (၂၈)ရက်။ အခုအခါ တနင်္သာရီမြို့နယ်ထဲ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ PDF-တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကော်မရှင်ရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ)နဲ့ အမှတ်(၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃)တို့ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုသာမက တိုက်ပွဲမရှိတဲ့ နေရာတွေကိုပါ
မြန်မာသတင်း

အာဆီယံအနေနဲ့ NUG နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေကို ထောက်ပံ့ပေးဖို့ ထပ်မံတောင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 30 Views
အောက်တိုဘာလ (၂၈)ရက်။ အာဆီယံအနေနဲ့ NUG နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းဖော်ဆောင်နေတဲ့ လမ်းကြောင်းကို ထောက်ပံ့ပေးဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing မှာ ထပ်မံတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

နိုင်ငံ့လူဦးရေ ဆယ်စုနှစ်ထဲ ပထမဆုံးအကြိမ် လျော့ကျလာတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 26 Views
အောက်တိုဘာလ (၂၈)ရက်။ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ဆယ်စုနှစ်ထဲ ပထမဆုံးအကြိမ်အနေနဲ့ အနည်းငယ်လျော့ကျလာတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ၂၀၂၄ခုနှစ် သန်းခေါင်စာရင်းထုတ်ပြန်တဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ၂၀၂၄ခုနှစ် သန်းခေါင်စာရင်းအချက်အလက်တွေအရ နိုင်ငံရဲ့ လူဦးရေဟာ
မြန်မာသတင်း

ရေးမြို့ရှိ DKBA စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 24 Views
အောက်တိုဘာလ (၂၇)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ရေးမြို့ နှင်းစုံကျေးရွာက DKBA ရဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သိန်းတန်ဦးဆောင်တဲ့ စကမ ပူးပေါင်း DKBA စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ရင်းက
မြန်မာသတင်း

ကန်ပက်လက်မြို့မှာ လူစုလူဝေးဖြစ်စေမယ့် ပွဲကျင်းပတာတွေ မလုပ်ဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 19 Views
အောက်တိုဘာလ (၂၇)ရက်။ ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ လူစုလူဝေးဖြစ်စေမယ့် ပွဲကျင်းပတာတွေ မပြုလုပ်ဖို့ မြို့နယ်ပအဖက အထူးမေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၄)ရက်နဲ့ (၂၅)ရက်တို့မှာ စစ်ကော်မရှင်က ကန်ပက်လက်မြို့ မြို့မ(၂)ရပ်ကွက်ကို ပေါင် (၅၀၀)ဗုံးတွေနဲ့ (၂)ရက်ဆက်တိုက်
မြန်မာသတင်း

စစ်အုပ်စုရဲ့ ဝါဒဖြန့်ဇာတ်လမ်းတိုမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို လူမှုရေးပြစ်ဒဏ်ခတ်ဖို့ နှိုးဆော်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 39 Views
အောက်တိုဘာလ (၂၇)ရက်။ စစ်အုပ်စုရဲ့ ဝါဒဖြန့်ဇာတ်လမ်းတိုမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို ထိရောက်စွာ လူမှုရေးပြစ်ဒဏ်ခတ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုမှာ “ ခေတ်သမိုင်းကို ဒုန်းစိုင်းမယ့်သူများ” ဆိုတဲ့ ဝါဒဖြန့်ဇာတ်လမ်းကို ဖြန့်ဝေခဲ့ပြီး