နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပျုစောထီးရွာတွေက နှမ်းတွေဝယ်ပြီး တော်လှန်ရေးစိုးမိုးနယ်မြေထဲ အမြတ်တင်ပြန်ရောင်းဖို့ကြိုးစားတဲ့ KKG တပ်ရင်း(၄)ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့

နိုဝင်ဘာလ (၂၃)ရက်။

ဂန့်ဂေါမြို့နယ်ထဲရှိ ပျူစောထီးရွာတွေကနေ နှမ်းတွေဝယ်ပြီး တော်လှန်ရေးစိုးမိုးနယ်မြေထဲ အမြတ်တင်ပြန်ရောင်းဖို့ကြိုးစားတဲ့ KKG တပ်ရင်း (၄)ကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ယောအလင်းတန်းကို ပြောဆိုထားချက်အရ သိရပါတယ်။

“ ဟုတ်ပါတယ်။ KKG ရင်း(၄)က lo ကို နှမ်းကား (၂)စီးနဲ့ နှမ်းတင်းရေ (၂၉၈)တင်း ဖမ်းမိထားတာ မှန်ပါတယ်။ အခုတော့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ KKG အဖွဲ့ကို တင်ပြထားပြီး လမ်းညွှန်ချက်တွေအတိုင်း အရေးယူသွားမှာပါ” လို့ ဆိုထားပါတယ်။

KKG တပ်ရင်း(၄)က lo ဦးဆောင်ပြီး ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ပျူစောထီးရွာတွေဖြစ်တဲ့ ဟံသာဝတီနဲ့ မြောက်ခင်ရန်း စတဲ့ ကျေးရွာတွေကနေ ကား (၂)စီးနဲ့ နှမ်းအတင်းရေ (၂၉၈)တင်းကို ဝယ်ယူပြီး တော်လှန်ရေးစိုးမိုးနယ်မြေထဲ ပြန်ရောင်းချဖို့ ကြိုးစားခဲ့တာပါ။

“ သူက ပျူစောထီးရွာတွေက နှမ်းတွေကို တစ်တင်း (၂၅၀၀၀)ကျပ်နဲ့ ဝယ်ပြီး နှမ်းပွဲစားတွေဆီကို (၆၀၀၀၀)ကျော်ကစပြီး ဈေးအမျိုးမျိုးနဲ့ အမြတ်တင်ရောင်းနေတာ။ ဒါက ပထမဆုံးအကြိမ်မဟုတ်ဘူး၊ သက်သေမခိုင်လို့သာ ဖမ်းမရဖြစ်နေတာ။ အခုတော့ သက်သေအခိုင်အမာနဲ့ ဖမ်းမိတာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

KKG တပ်ရင်း(၄)က lo ဦးဆောင်ပြီး ပျုစောထီးရွာတွေကနေ နှမ်းတွေဝယ်ယူကာ ဈေးအမျိုးမျိုးနဲ့ အမြတ်တင်ရောင်းတာဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ အရင်ကလဲ သယ်ယူရောင်းချခဲ့ပေမယ့် သက်သေမခိုင်လုံတာကြောင့် မဖမ်းနိုင်ခဲ့ကာ အခုတကြိမ်မှာတော့ သက်သေနဲ့အတူ ဖမ်းမိခဲ့တာလို့ သိရပါတယ်။

“ ကြားတာကတော့ နှမ်းတင်မကဘူး၊ ရွှေတွေကိုပါ အမြတ်တင်ပြီး ပြန်ရောင်းတာလို့ ကြားတယ်။ အခုဖမ်းမိတဲ့ ကားထဲက တစ်စီးက မြောက်ခင်ရန်းရွာက ပျူစောထီး ဇော်သိန်းရဲ့ကားလဲပါတယ်။ အခုမိတာကလဲ ပွဲစားချင်း ဈေးလုပြီး ရန်ဖြစ်တာကနေ မြောက်ခင်ရန်းက နှမ်းမှန်းသိပြီး ဖမ်းမိတာ။ မြောက်ခင်ရန်းဆိုတာ ပျူစောထီး အများဆုံးရှိတဲ့ရွာ၊ သူတို့ကြောင့်လဲ ရဲဘော် (၂)ဦး အရှင်လတ်လတ် မီးရှို့သတ်ခံခဲ့ရတာ” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် မြောက်ခင်ရန်းရွာအနီးရှိ ကျေးရွာတွေဖြစ်တဲ့ စမ်းမြိုရွာ၊ သင်တောရွာ၊ ရေသာရွာနဲ့ ရွှေဘိုရွာတို့ဟာလဲ လူနေအိမ်တွေ မကျန်တော့သလောက် မီးရှို့ဖျက်ဆီးခံထားရပြီး ဒေသကာကွယ်ရေးအဖွဲ့တွေကိုယ်တိုင် ပြည်သူတွေကို ပျူစောထီးတွေနဲ့ အရောင်းအဝယ်မလုပ်ဖို့ တားမြစ်ထားပါတယ်။

အခုလို ပျုစောထီးရွာတွေနဲ့ ဆက်နွယ်ပြီး အရောင်းအဝယ်ပြုလုပ်ရာကနေ ဖမ်းဆီးခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး KKG တပ်ရင်းဘက်က တရားဝင် ထုတ်ပြန်ပြောဆိုထားတာမရှိပါဘူး။

နောက်ပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဟာ မြောက်ခင်ရန်းရွာအပါအဝင် ပျူစောထီးရွာတွေကို ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နှစ်ဆန်းပိုင်းအချိန်ကစပြီး ရိက္ခာဝင်ရောက်တဲ့လမ်းကို ပိတ်ထားခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လွှတ်တော်ကျင်းပမယ့် နေ့ရက်တွေ စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ လာမယ့် မတ်လပိုင်းထဲမှာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပသွားမယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲ
မြန်မာသတင်း

ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ မြစ်ကြီးနားလေဆိပ် လေယာဉ်ပြေးဆွဲတာတွေ ခေတ္တရပ်နားထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် မြစ်ကြီးနားလေဆိပ်ရဲ့ လေယာဉ်ပြေးဆွဲတာတွေကို ခေတ္တရပ်နားထားဖို့ အသိပေးထားတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနမှာ CDM ဝန်ထမ်း (၆၀)ရာခိုင်နှုန်း ခန့်အပ်ထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနထဲ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ လက်တွဲပူးပေါင်းကာ CDM ဝန်ထမ်းတွေကို ခန့်အပ်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ CDM ဝန်ထမ်းတွေကို စုစုပေါင်း ဝန်ထမ်းအင်အားရဲ့ (၆၀)ရာခိုင်နှုန်း
မြန်မာသတင်း

ဒေါ်ကြည်ပြာကိစ္စ ထုတ်ပြန်ရှင်းလင်းပေးတဲ့အပေါ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ ကြိုဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 31 Views
‌ရပ်နားထားတဲ့လုပ်ငန်းစဉ်တွေကို ပြန်လည်စတင်မယ်လို့ဆို ဖေဖော်ဝါရီလ (၂၃)ရက်။ ဒေါ်ကြည်ပြာကိစ္စ NUG ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ရှင်းလင်းပေးတဲ့အပေါ် ကြိုဆိုတယ်လို့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပြည်သူ့အသံ၊ CDM တွေရဲ့အသံကို နားထောင်ပြီး ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ရှင်းလင်းပေးတဲ့အပေါ် ကြိုဆိုပြီး
မြန်မာသတင်း

တွန်းဇံမြို့နယ်ထဲရှိ လူငယ်တွေကို တပ်သားသစ်စုဆောင်းမယ်လို့ မြို့နယ်ကောင်စီထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 25 Views
စစ်မှုမထမ်းလိုသူတွေကို နယ်နှင်ဒဏ်ပေးမယ်လို့ဆို ဖေဖော်ဝါရီလ (၂၃)ရက်။ တွန်းဇံမြို့နယ်ထဲရှိ လူငယ် အမျိုးသားနဲ့ အမျိုးသမီးတွေကို တပ်သားသစ် စုဆောင်းသွားမယ်လို့ တွန်းဇံမြို့နယ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုခါ စစ်ကော်မရှင်ဟာ CC တပ်ပေါင်းစုနဲ့ CB တပ်ပေါင်းစုတို့
မြန်မာသတင်း

IPDF အပါအဝင် မဟာမိတ်အင်အားစုတွေ စုပေါင်းပြီး အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 26 Views
ဖေဖေယ်ဝါရီလ (၂၃)ရက်။ အင်းလေးဒေသ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့(IRLO)ကို ဖွဲ့စည်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ဟာ အဆုံးအဖြတ်ပေးမယ့်အဆင့်ကို ရောက်ရှိလာတာနဲ့အတူ အင်းလေးဒေသထဲက တော်လှန်ရေးအင်အားစုတွေပါဝင်တဲ့ IRLO အနေနဲ့ အဆင့်မြှင့်တင်
မြန်မာသတင်း

Non CDM ဝန်ထမ်းတွေ ထိန်းချုပ်ဒေသထဲ‌တွေ့ရင် အရေးယူမယ်လို့သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ အလင်းမဝင်တဲ့ Non CDM ဝန်ထမ်းတွေကို ထိန်းချုပ်ဒေသထဲ တွေ့ရှိရင် ထိရောက်စွာ အရေးယူမယ်လို့ စေတုတ္တရာမြို့နယ်ပကဖရဲ့ မနေ့က သတိပေးထားချက်အရ သိရပါတယ်။ စေတုတ္တရာမြို့နယ်ထဲ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်ထမ်းဆောင်နေတဲ့ Non CDM
မြန်မာသတင်း

“အတီအတာ ပလီပလာနဲ့ ကြည်ပြာအမှုပလပ်”

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 34 Views
အထက်ပါ ခေါင်းစဥ်နဲ့ဒီအပတ် ၃၅ ကြိမ်မြောက် အပတ်စဉ်နိုင်ငံရေးဖြစ်စဉ်ကို လေ့လာသုံးသပ်ကြည့်ခြင်း ဆွေးနွေးပွဲကိုပြောကြမှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအတွင်းဝန် မကြည်ပြာအမှုကို NUG က ဘယ်လိုကိုင်တွယ်ခဲ့သလဲ၊ တရားလိုတွေက ဘယ်လိုတုံပြန်ခဲ့ကြသလဲဆိုတာတွေအပြင် မကြည်ပြာအမှုနဲ့တပြိုင်တည်း ပြည်တွင်းပြည်ပကို ဂယက်ရိုက်ခတ်စေခဲ့တဲ့ ၄ နှစ်ကျော် တည်ထောင်လာတဲ့