ဆီးရီးယားအတိုက်အခံများက မြို့တော်ကို လွတ်မြောက်ပြီဟု နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ကြေညာ
ဒီဇင်ဘာလ (၈) ရက်။
ဒီဇင်ဘာလ (၈) ရက်နေ့တွင် အရှေ့အလယ်ပိုင်းရှိ ဆီးရီးယားအတိုက်အခံများက “ ဒမတ်စကတ်ကို လွတ်မြောက်ပြီ´ ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ကြေညာခဲ့သည်။
နိုဝင်ဘာလနှောင်းပိုင်းမှစတင်၍ အတိုက်အခံတပ်ဖွဲ့များသည် ၎င်းတို့၏ ထိုးစစ်များကို အရှိန်မြှင့်ကာ မြို့တော် ဒမတ်စကတ်သို့ တိုးမြင့်လာကာ အာဆတ်အစိုးရသည် ထိထိရောက်ရောက် ပြိုလဲသွားပုံရသည်။
၂၄ နှစ်ကြာ အာဆတ်အစိုးရ ပြိုလဲသွားပြီ ဖြစ်သည်။
အာဆတ်သည် ရုရှားနိုင်ငံသို့ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ပြောဆိုနေကြသော်လည်း အတည်မပြုနိုင်သေးပါ။