နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 4 ရက်

ဆောင်းပါးများ

ဆောင်းပါးများ နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးနိုင်ငံ ဘာကြောင့် ရက်စက်ကြမ်းကြုတ်မှုတွေကိုလိုလားတဲ့နိုင်ငံ ဖြစ်လာရတာလဲ။ 

ဂျူးလူမျိုးများအကြောင်း အစ္စရေးသမိုင်းပညာရှင်အီလမ်ပါပေနှင့် အင်တာဗျူး/ဂျိုဒိုသတင်း

 (ကျိုဒိုသတင်း လန်ဒန်ဗျူရို အီတို ဆေးကာနဲ့  ပါမောက္ခ  အီလမ်ပါပေရဲ့ အင်တာဗျူးကို ဂျပန်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထားတာဖြစ်ပါတယ်။)

၂၀၂၃ ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့တွင် အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်ရဲ့ အံ့အားသင့်ဖွယ် တိုက်ခိုက်မှုအပြီးတွင် အစ္စရေးစစ်တပ်ဟာ ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂါဇာကမ်းမြောင်ဒေသကို စတင်တိုက်ခိုက်ခဲ့ရာ ဒီနေ့အထိ လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာလည်း အစ္စရေးစစ်တပ်က ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့များကို အကြမ်းဖက် နှိမ်နင်းမှု စစ်ဆင်ရေးဟု ခေါ်ဝေါ်သည့် တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေပါ သေဆုံးလာခဲ့ရပါတယ်။ ဂျူးအခြေချနေထိုင်သူတွေရဲ့ ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်မှုတွေလည်း မြင့်တက်လာပါတယ်။ 

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ခန့်က ကမ္ဘာတဝှမ်းမှာ ပြန့်ကျဲနေတဲ့ ဂျူးလူမျိုးတွေဟာ ဥရောပမှာ အချိန်ကြာမြင့်စွာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီး လူပေါင်း (၆) သန်းခန့်ဟာ နာဇီဂျာမနီတို့ရဲ့ ဂျူးလူမျိုးတုံး သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ 

နာဇီတို့ရဲ့ ခွဲခြားဆက်ဆံတာကို ခံခဲ့ရပြီး ဒုက္ခရောက်ခဲ့ရတဲ့ ဂျူးလူမျိုးတွေ တည်ထောင်ခဲ့တဲ့ အစ္စရေးဟာ ဘာကြောင့် အကြမ်းဖက်မှုကို ကျူးလွန်လိုတဲ့နိုင်ငံ ဖြစ်လာရသလဲဆိုတာကို အစ္စရေးနိုင်ငံ တည်ထောင်ချိန် ၁၉၄၈ ခုနှစ်ကတည်းက အစိုးရနဲ့ စစ်ဘက်ဆိုင်ရာ မော်ကွန်းတိုက်တွေက အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာခဲ့တဲ့  Exeter တက္ကသိုလ်က အစ္စရေးသမိုင်းပညာရှင်နဲ့ ပါမောက္ခ  အီလမ်ပါပေ (Ilan Pape) ကို ဂျပန်နိုင်ငံ ကျိုဒိုသတင်းက မေးမြန်းခဲ့ရာ သူက သုံးသပ်ဖြေဆိုခဲ့ပါတယ်။

မေး။ ပါလက်စတိုင်းတွေကို ဖယ်ထုတ်ခြင်းရဲ့ နောက်ကွယ်ကယုတ္တိဗေဒ။ ဇီယွန်ဝါဒီ လှုပ်ရှားမှုက ဘာလဲ။ အစ္စရေးဟာ ဇီယွန်ဝါဒီ (Zionist) လှုပ်ရှားမှုရဲ့ ဦးဆောင်မှုအောက်တွင် ဂျူးနိုင်ငံကို တည်ထောင်ခဲ့ပါတယ်။ ဇီယွန်ဝါဒီရဲ့ အယူဝါဒဆိုင်ရာ နောက်ခံအကြောင်းက ဘယ်လိုမျိုးလဲ။

ဖြေ။ “ဇီယွန်ဝါဒီလှုပ်ရှားမှုဟာ ကိုလိုနီစနစ် အမျိုးအစားတစ်ခုအပေါ် အခြေခံထားပေမယ့်၊ ဗြိတိသျှအင်ပါယာရဲ့လွှမ်းမိုးချုပ်ကိုင်မှုလိုမျိုး အိန္ဒိယကို ဗြိတိသျှတို့ အုပ်ချုပ်တဲ့ ကိုလိုနီစနစ်နဲ့ မတူဘဲ အမေရိကန်နိုင်ငံလို ဌာနေတိုင်းရင်းသားတွေကို သူတို့ရဲ့မြေကနေ ဖယ်ရှားရေးပဲ ဖြစ်ပါတယ်။” သမိုင်းပညာရှင်တွေက “အခြေချကိုလိုနီစနစ်” လို့ ခေါ်ပါတယ်။

“ဇီယွန်ဝါဒီလှုပ်ရှားမှုဟာ ကိုလိုနီစနစ် အမျိုးအစားတစ်ခုအပေါ် အခြေခံထားပေမယ့်၊ ဗြိတိသျှအင်ပါယာရဲ့လွှမ်းမိုးချုပ်ကိုင်မှုလိုမျိုး အိန္ဒိယကို ဗြိတိသျှတို့ အုပ်ချုပ်တဲ့ ကိုလိုနီစနစ်နဲ့ မတူဘဲ အမေရိကန်နိုင်ငံလို ဌာနေတိုင်းရင်းသားတွေကို သူတို့ရဲ့မြေကနေ ဖယ်ရှားရေးပဲ ဖြစ်ပါတယ်။” သမိုင်းပညာရှင်တွေက “အခြေချကိုလိုနီစနစ်” လို့ ခေါ်ပါတယ်။

ဇီယွန်ဝါဒီလှုပ်ရှားမှုရဲ့ခေါင်းဆောင်တွေဟာ ဥရောပ ဂျူးဆန့်ကျင်ရေး အကြမ်းဖက်မှုမှ လွတ်မြောက်လာတဲ့ ဂျူးလူမျိုးများ ဖြစ်ပြီး ပါလက်စတိုင်းမှာ ဂျူးနိုင်ငံ ထူထောင်ဖို့ ဌာနေပါလက်စတိုင်းလူမျိုးတွေကို ချေမှုန်းဖို့ လိုအပ်ပါတယ်။ အဲ့ဒီလို လုပ်ရာမှာ အကြမ်းဖက်မှုတွေက မလွဲမသွေ ပါဝင်လာပါတယ်။

ဇီယွန်ဝါဒီလှုပ်ရှားမှုရဲ့ရည်ရွယ်ချက်က တတ်နိုင်သမျှ မြေယာများ ရယူဖို့နဲ့ ပါလက်စတိုင်းတွေကို တတ်နိုင်သမျှ သူတို့ပိုင်နက်ကနေ မောင်းထုတ်ဖို့ ဖြစ်ပါတယ်။ ထုံးစံအတိုင်း ပါလက်စတိုင်းတွေက ခုခံတော်လှန်ကြမှာ ဖြစ်ပါတယ်။ ပါလက်စတိုင်းတွေရဲ့ ခုခံတော်လှန်မှုဟာ ဂျူးတွေအတွက် အကြမ်းဖက်မှု ဖြစ်တယ်လို့ အကြောင်းပြပြီး ဇီယွန်ဝါဒီတွေက ပိုမိုကြမ်းတမ်းတဲ့ အကြမ်းဖက်မှု ပြုလုပ်ကြပြီး အဲ့ဒီလို ပြုလုပ်တာဟာ မှန်ကန်ပြီး တရားတယ်ဆိုတဲ့ အခြေခံမူဝါဒကို ဆွဲကိုင်ထားကြပါတယ်။

ဂျူးနိုင်ငံထူထောင်ရေး လှုပ်ရှားမှုအတွင်းမှာ ပါလက်စတိုင်းတွေရဲ့ ရွာတွေကို မီးရှို့ခြင်း၊ နေအိမ်တွေကို ဖျက်စီးခြင်း၊ နေထိုင်သူပါလက်စတိုင်းတွေကို နှင်ထုတ်ပြီး အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။ ဒါဟာ “လူမျိုးတုံး သုတ်သင်ခြင်း” ဖြစ်ပါတယ်။ ဒီနေ့တိုင် ဆက်လက်တည်ရှိနေပါတယ်။ ဌာနေပါလက်စတိုင်းလူမျိုးတွေဟာ သူတို့ရဲ့ နယ်မြေကို ရိုးရိုးရှင်းရှင်း စွန့်လွှတ်မှာ မဟုတ်တဲ့အပြင် ပါလက်စတိုင်းတွေရဲ့နေရာမှာ ဂျူးလူမျိုး တစ်မျိုးတည်းသာရှိတဲ့ ဂျူးအမျိုးသား နိုင်ငံတော် ထူထောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

မေး။ ဂျူးဘာသာရဲ့ အခန်းကဏ္ဍက ဘာလိုလဲ။ ဂျူးဘာသာဟာ ဇီယွန်ဝါဒီနဲ့ ဘယ်လို ဆက်စပ်နေပါသလဲ။

“ဘာသာတရားအားလုံးမှာ အကြမ်းဖက်မှုဟာ တရားဝင်ပြီး မှန်ကန်တယ်ဆိုတာကို အသုံးချထားပါတယ်။ မူလအစက ဇီယွန်ဝါဒီတွေဟာ သာမန်ဂျူးလူမျိုးတွေ ဖြစ်ကြပါတယ်။ ဇီယွန်ဝါဒီတွေဟာ သူတို့ရဲ့ ဘာသာရေးစာအုပ် ဖြစ်တဲ့ ဂျူးကျမ်းစာမှာ ရေးထားတဲ့ အဖြစ်အပျက်တွေကို အဖြစ်မှန် သမိုင်းအဖြစ် ရှုမြင်ကြပြီး ဥပဒေပြဋ္ဌာန်းချက်မျိုးလို ရည်ညွှန်းပြီး အဲ့ဒီဖော်ပြချက်တွေကို အခြေခံပြီး ပါလက်စတိုင်းမှာ နေထိုင်ခွင့်ကို တောင်းဆိုခဲ့ကြပါတယ်။ အစကတည်းက ဘာသာရေးကို နိုင်ငံရေးအတွက် ရည်ရွယ်ပြီး သုံးခဲ့တာလို့ ပြောဆိုနိုင်ပါတယ်။

“ဇီယွန်ဝါဒကို ဆန့်ကျင်တဲ့ ဂျူးအချို့ရှိပေမယ့် ပြဿနာက ဇီယွန်ဆန့်ကျင်ရေးဝါဒီတွေဟာ အစ္စရေးမှာ လူနည်းစုဖြစ်ပါတယ်။ အစ္စရေးနိုင်ငံအတွင်းမှာ ဇီယွန်ဝါဒကို ဆန့်ကျင်ဖို့က အရမ်းခက်ခဲပါတယ်၊ ဒါပေမယ့် ကမ္ဘာတစ်ဝှမ်းကိုကြည့်ရင် ဇီယွန်ဝါဒီမဟုတ်တဲ့ ဂျူးတွေ အများကြီးရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။”

သိမ်ငယ်စိတ်နဲ့ အသိအမှတ်ပြုတာကို ခံယူလိုစိတ်တို့က  ဇီယွန်ဝါဒကို တွန်းအားပေးခဲ့ပါတယ်။

မေး။ အစ္စရေးနိုင်ငံကို ထူထောင်ပြီးနောက် ဇီယွန်ဝါဒီ လှုပ်ရှားမှုတွေဟာ ဘာတွေ ဖြစ်ခဲ့လဲ။

“ဇီယွန်ဝါဒီလှုပ်ရှားမှုကို တာဝန်ယူလုပ်ခဲ့တဲ့သူတွေက ဥရောပဂျူးတွေ ဖြစ်ကြပြီး အဲ့ဒီထဲမှာ ဆိုရှယ်လစ်စနစ်ကို အလေးထားတဲ့ လက်ဝဲဇီယွန်ဝါဒီလို့ ခေါ်တဲ့ အုပ်စုက ပင်မအုပ်စုဖြစ်ပါတယ်။ 

ပါလက်စတိုင်းကို ဗြိတိသျှ အုပ်ချုပ်တဲ့ကာလ (၁၉၂၀ မှ ၁၉၄၈) အတွင်းကစပြီး သူတို့ဟာ သြဇာလွှမ်းမိုးခဲ့ကြပါတယ်။  အစ္စရေးနိုင်ငံရေးကို ၁၉၇၀ ခုနှစ် အလယ်ပိုင်းအထိ လက်ဝဲဇီယွန်ဝါဒီက လွှမ်းမိုးခဲ့ပါတယ်။ 

နိုင်ငံထူထောင်ချိန်မှာတော့ ဂျူးလူမျိုး အများစု ဖြစ်နိုင်ဖို့ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကမှာနေထိုင်တဲ့  အာရပ်နွယ်ဖွားဂျူးတွေကို ဖိတ်ခေါင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဥရောပဂျူးတွေဟာ အာရပ်ဂျူးတွေကိုကို  “ရှေးဟောင်းပြီး ခေတ်မမီ” လို့ဆိုပြီး ခွဲခြားဆက်ဆံခဲ့ကြပါတယ်။ ဝင်ငွေနည်းတဲ့ အာရပ်ဂျူတွေဟာ သိမ်ငယ်စိတ်၊ အသိအမှတ်ပြုခံချင်စိတ်တို့ကြောင့် မိမိတို့ အာရပ်ဂျူးတွေဟာ အာရပ်အနွယ် ပါလက်စတိုင်းတွေနဲ့ မိမိတို့ဟာ ကွဲပြားတာကို သိစေဖို့ ပါလက်စတိုင်းတွေအပေါ်  အစွန်းရောက်ပြီး အကြမ်းဖက်ခဲ့ကြပြီး အဲ့ဒီလို လုပ်တာကိုလည်း အစ္စရေးလူမှုအသိုင်းအဝိုင်းက အသိမှတ်ပြုဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။

တစ်ဖက်မှာလည်း ဥရောပဂျူးတွေအကြားမှာ ပါလက်စတိုင်းလူမျိုးတွေကို အတင်းအကျပ် မောင်းထုတ်တာကို အလေးပေးတဲ့ လက်ယာစွန်းဇီယွန်ဝါဒီလို့ ခေါ်တဲ့ အုပ်စုတစ်ခု ရှိနေပြီး အဲ့ဒီအုပ်စုကို အာရပ်ဂျူးတွေက ထောက်ခံလာကြပါတယ်။

၁၉၆၇ ခုနှစ် တတိယအရှေ့အလယ်ပိုင်းစစ်ပွဲအပြီးမှာ အစ္စရေးစစ်တပ်ဟာ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းကို သိမ်းပိုက်ခဲ့ပါတယ်။ အဲ့ဒီနောက် ဇီယွန်ဝါဒီ လက်ယာစွန်းဂျူးတွေက သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ ဒီနေ့တိုင် ဆက်လက် အခြေချနေထိုင်လာကြပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်က ပါလက်စတိုင်းတွေကို အနောက်ဘက်ကမ်းကနေ သုတ်သင်ရှင်းလင်းရေးပဲ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်နောက်ပိုင်းမှာ ပါလက်စတိုင်းနဲ့ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတဲ့ လက်ဝဲယိမ်းပါတီဟာ အရှိန်အဟုန် ပျက်ပြားလာခဲ့ပါတယ်။ အဲ့ဒီလို ပျက်ပြားလာရတဲ့ အချက်တွေထဲကတစ်ခုကတော့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ အမေရိကန်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အစ္စရေးအစိုးရဟာ အမေရိကန်က ပြောဆိုခဲ့တဲ့ “အကြမ်းဖက်စစ်ပွဲ” ဆိုတဲ့ အသုံးအနှုန်းကို အခွင့်ကောင်း ယူခဲ့ကြပါတယ်။ ပါလက်စတိုင်းတို့ရဲ့ ခုခံတော်လှန်မှုတွေကို  နှိမ်နှင်းတဲ့လုပ်ရပ်ကို “အကြမ်းဖက် ဆန့်ကျင်မှု စစ်ဆင်ရေး” လို့ ခေါ်ဆိုပြီး ပါလက်စတိုင်းတွေအပေါ်  တင်းကျပ်တဲ့ မူဝါဒကို စတင်ခဲ့ပါတယ်။ အထူးသဖြင့် လက်ယာယိမ်းအစွန်းရောက်တွေရဲ့ တင်းမာတဲ့ စည်းမျဥ်းမူဝါဒတွေကို ဂျူးလူထုက ထောက်ခံလာကြပါတယ်။”

မေး။ နေတန်ယာဟု အစိုးရ၏ လက်ယာစွန်းဝန်ကြီးတွေရဲ့ သဘောထားက ဘယ်လိုလဲ။

နေတန်ယာဟုအစိုးရမှာ ပါလက်စတိုင်းအပေါ် အစွန်းရောက်ပြီး သဘောထား အလွန်တင်းမာတဲ့ လက်ယာစွန်းဝန်ကြီးတွေ ရှိပါတယ်။

“လက်ယာစွန်းပါတီ “ဂျူးတို့၏အင်အား” ၏ ခေါင်းဆောင်နဲ့ အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘင်ဘာ (Itamar Ben-Gvir) ရဲ့ အယူဝါဒတွေဟာ အစွန်းရောက်ဂျူးတွေရဲ့ အုပ်ချုပ်မှုကို ထောက်ခံအားပေးတဲ့ ကာဟန်ဝါဒ (Kahanism) ဖြစ်ပါတယ်။ တည်ထောင်သူ မီယာကာဟန် (Meir Kahane) ဟာ ၁၉၈၀ ခုနှစ်တွေမှာ အစ္စရေးပါလီမန်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ဖွား ဂျူးခေါင်းဆောင် ဖြစ်ပါတယ်။ ဂျူးတွေကို ဂျူးဆန့်ကျင်ရေးဝါဒကနေ ကာကွယ်ပေးတဲ့အမည်နဲ့ အကြမ်းဖက်မှုကို ထောက်ခံအားပေးတဲ့ အစွန်းရောက်လှုပ်ရှားမှုတွေကို အစ္စရေးနိုင်ငံအတွင်းမှာတောင် ခွဲခြားဆက်ဆံမှုအဖြစ် ပိတ်ပင်ထားပါတယ်။  သူတို့ဟာ တစ်ချိန်က လူနည်းစုဖြစ်ခဲ့ပေမဲ့ ပါလက်စတိုင်းတွေအပေါ် မလိုမုန်းထားမှုတွေကို အသိအမှတ်ပြုတဲ့ ကျောင်းပညာရေး၊ စစ်မှုထမ်းစနစ်အောက်မှာရှိတဲ့ စစ်ပညာရေး၊ နိုင်ငံရေးသမားတွေနဲ့ သတင်း မီဒီယာတွေကနေ ပြောကြားတဲ့မိန့်ခွန်းတွေကတဆင့် လူအများအပြားဆီကို ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။ အခုအချိန်မှာ အလွန်အားကောင်းတဲ့ နိုင်ငံရေး အင်အားစု ဖြစ်လာပါတယ်။”

မေး။ အမေရိကန်က အစ္စရေးကို ဆက်ပြီး ထောက်ခံမှာလား။ အမေရိကန်က ဘာကို လိုချင်လဲ။

“အစ္စရေးနိုင်ငံသားတွေက  မိမိတို့ဟာ လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်နေပေမဲ့ အနောက်နိုင်ငံတွေက အစ္စရေးကို ထောက်ခံမယ်လို့ ထင်မြင်ပုံရပါတယ်။ ဒါ့အပြင် “ပါလက်စတိုင်းတွေဟာ အကြမ်းဖက်သမားတွေ ဖြစ်တယ်” ဆိုတဲ့ အစိုးရရဲ့ ဝါဒဖြန့်မှုကို ယုံကြည်လာတဲ့အခါ  ပါလက်စတိုင်းတွေကို နားလည်ဖို့ ကြိုးစားတာမျိုးလည်း ရှိတော့မှာ မဟုတ်ပါဘူး။ အသက် ၁၈ နှစ်ကနေ ၂၁ နှစ်ကြားရှိ လူငယ်တွေကို မဖြစ်မနေ စစ်မှုထမ်းဖို့ ပြုလုပ်ထားတဲ့အတွက် ၎င်းတို့ရဲ့ စစ်ဘက်ပညာရေးကနေတဆင့် ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်တာကို လက်ခံတာက အလွယ်တကူ လွှမ်းမိုးသွားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးက အစ္စရေးကို ခွာသွားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ ကမ္ဘာတစ်ဝှမ်းက လူတွေက အဲဒါကို မထောက်ခံတော့ဘူး။ အစ္စရေးရဲ့လော်ဘီတွေက ဆက်ပြီး လည်ပတ်နေရင်တောင်မှ နိုင်ငံတကာအစိုးရတွေက အစ္စရေးကို ထောက်ခံတာဟာ သူတို့ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် ဟုတ်မဟုတ် ပြန်လည် စဉ်းစားရတော့မှာ ဖြစ်ပါတယ်။

ငွေရေးကြေးရေးကိစ္စလည်း ရှိပါသေးတယ်။ လက်ရှိမှာ ဂါဇာနဲ့ လက်ဘနွန်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကုန်ကျစရိတ်အများစုဟာ အမေရိကန်နိုင်ငံရဲ့ အကူအညီကို မှီခိုနေရပြီး အမေရိကန် အခွန်ထမ်းတွေက ပေးဆောင်ထားတဲ့ငွေတွေပါ။ စစ်ပွဲတွေ ဆက်ဖြစ်နေရင် အစ္စရေးလိုလားတဲ့ အမေရိကန်တွေတောင် သူတို့ရဲ့ ကန့်သတ်ချက်တွေကို ခံစားရမယ့်အချိန် ရောက်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။

အမေရိကန်နိုင်ငံကို ကျွန်တော် လုပ်စေချင်တာက အစ္စရေးမှာ သူ့ရဲ့ ပါဝင်ပတ်သက်မှုကို လျှော့ချစေချင်ပါတယ်။ ငွေကြေး၊ လက်နက်တွေ ပေးအပ်နေတာတွေကို ရပ်တန့်ဖို့နဲ့ ကုလသမဂ္ဂမှာ အစ္စရေးကို အကာအကွယ်ပေးတာတွေ ရပ်တန့်စေလိုပါတယ်။ အမေရိကန် နိုင်ငံရေး အထက်တန်းလွှာတွေအကြား အရှေ့အလယ်ပိုင်းမှာ စိတ်ဝင်စားမှု ကျဆင်းလာတာနဲ့အမျှ အစ္စရေးလော်ဘီတွေရဲ့ သြဇာလည်း ကျဆင်းလာမှာပါ။

မေး။ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဆက်လုပ်နေတဲ့အတွက် အစ္စရေးရဲ့ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဟားမတ်စ် စီးနင်းမှုနောက်ပိုင်း အစ္စရေး လူ့အဖွဲ့အစည်းမှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါသလဲ။

“အစ္စရေးနိုင်ငံဟာ ဟားမတ်စ်တိုက်ခိုက်မှု မဖြစ်ခင်မှာတောင် ပြဿနာရှိခဲ့ပြီး လူထုရဲ့ သဘောထားကွဲလွဲမှုတွေ ပိုများလာပါတယ်။ အတိအကျပြောရရင် အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူတွေနဲ့ ဂျူးဘာသာကို နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်လိုတဲ့ ဘာသာရေး လက်ယာစွန်းတွေနဲ့ လစ်ဘရယ်အကြား ကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။ နှစ်ဘက်ကြားမှာ တူညီတဲ့ အခြေခံအချက်မတွေ မရှိပါဘူး။  ဟားမတ်စ် တိုက်ခိုက်မှုနောက်ပိုင်း ပဋိပက္ခတွေ ပိုမိုပြင်းထန်လာပြီး အကွဲအပြဲတွေ ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။

ဒီလိုပဲ ဂါဇာစစ်ပွဲနဲ့ပက်သက်ပြီး ဝန်ကြီးချုပ်နေတန်ယာဟု အပါအဝင် တာဝန်ရှိသူအချို့ကို စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဖမ်းဝရမ်းထုတ်လိုက်တဲ့အပြည်ပြည်ဆိုင်ရာရာဇ၀တ်တရားရုံး (ICC) တို့ ပါလက်စတိုင်းအပေါ် အစ္စရေးရဲ့ သိမ်းပိုက်မှုမူဝါဒဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တယ်လို့ ဆုံးဖြတ်လိုက်တဲ့အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) တို့ကို ကြည့်ရင် အစ္စရေးဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ အထီးကျန်ဖြစ်လာပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အစ္စရေးထုတ်ကုန်တွေနဲ့ ကုမ္ပဏီတွေကို သပိတ်မှောက်ဖို့ လှုပ်ရှားမှုတွေ ပျံ့နှံ့နေပြီး ဂျူးလူငယ်တွေကတော့ အစ္စရေးနဲ့ ဝေးကွာလာတာတွေကိုလည်း တွေ့ရပါတယ်။

အစ္စရေးလူထုဟာ အစ္စရေးနိုင်ငံရဲ့ အနာဂတ်ကို မျှော်မှန်းနိုင်စွမ်းမရှိတဲ့အပြင် သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြရပါတယ်။ အစ္စရေးနိုင်ငံသားများအနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ဆုံးရှုံးလာတာ မကြုံစဖူး အဆင့်သို့ ရောက်ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ လူထုရဲ့ စည်းလုံးညီညွတ်မှုဟာ ပြင်းထန်စွာ ယိမ်းယိုင်နေပါတယ်။

ပါလက်စတိုင်းပြည်မှာ ဂျူးလူမျိုးတွေ အခြေချကိုလိုနီဇီယွန်ဝါဒီစနစ်ကို အခြေခံထားတဲ့ အစ္စရေးနိုင်ငံဟာ ပြိုလဲလုနီးနီး ဖြစ်နေပါတယ်။ ကျွန်တော့်အမြင်အရတော့ ၁၀ နှစ်ကနေ ၁၅ နှစ်အတွင်းမှာ ကျဆင်းပြိုလဲသွားလိမ့်မယ်။

ပါလက်စတိုင်းပြည်မှာ ဂျူးလူမျိုးတွေ အခြေချကိုလိုနီဇီယွန်ဝါဒီစနစ်ကို အခြေခံထားတဲ့ အစ္စရေးနိုင်ငံဟာ ပြိုလဲလုနီးနီး ဖြစ်နေပါတယ်။ ကျွန်တော့်အမြင်အရတော့ ၁၀ နှစ်ကနေ ၁၅ နှစ်အတွင်းမှာ ကျဆင်းပြိုလဲသွားလိမ့်မယ်။

မေး။ အစ္စရေးလူ့အဖွဲ့အစည်းမှာ ကွဲလွဲမှုဆိုတာ ဘာလဲ။

အစ္စရေးလူ့အဖွဲ့အစည်းဟာ လက်ရှိမှာ ဂျူးဘာသာကို နိုင်ငံတော်အုတ်မြစ်အဖြစ် လိုလားတဲ့ ပထမအုပ်စုနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အလေးပေးတဲ့ ဒုတိယအုပ်စု ဆိုပြီး ကွဲပြားနေပါတယ်။ ပထမအုပ်စုက အစ္စရေးစစ်တပ်နဲ့ နိုင်ငံတော်လုံခြုံရေး အထက်ပိုင်းတွေမှာ သြဇာရှိပါတယ်။ ဒါ့အပြင် ၀န်ကြီးချုပ် နေတန်ယာဟုကို ထောက်ခံပြီး  ပြည်တွင်းမှာ ထောက်ခံမှုတွေ တိုးလာနေပါတယ်။ အဲ့ဒီ ပထမအုပ်စုက ဟားမတ်စ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ဖို့ တောင်းဆိုနေပေမယ့် ဒုတိယအုပ်စုကတော့ လစ်ဘရယ် ပိုကျပြီး ဓားစာခံတွေ လွတ်မြောက်ရေးအတွက် ဟားမတ်စ်နဲ့ ညှိနှိုင်းဖို့ မကြာခဏ တောင်းဆိုနေပြီး အုပ်စု၂ ခုအကြား ပဋိပက္ခတွေ ဖြစ်ပွားနေပါတယ်။

   ×  × ×  × ×  × ×  ×

အီလမ်ပါပေဆိုတာ ဘယ်သူလဲ။

အီလမ်ပါပေကို ၁၉၅၄ ခုနှစ်တွင် အစ္စရေးနိုင်ငံ မြောက်ပိုင်း ဟိုင်ဖာ၌ မွေးဖွားခဲ့သည်။ ၁၉၈၀ ခုနှစ်များအစောပိုင်းတွင် အနှစ် ၃၀ ကြာ လျှို့ဝှက်ကန့်သတ်ထားသည့် ၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံတည်ထောင်စဉ်က နိုင်ငံတော်စာရွက်စာတမ်းများကို အများပြည်သူ ကြည့်ရှုခွင့်ရသည့်အချိန်၌ ယင်းစာရွက်စာတမ်းများမှတဆင့် အစ္စရေးသမိုင်းကို သုတေသနပြုခဲ့သည်။  ၁၉၈၄ ခုနှစ်တွင် သူသည် ပထမအရှေ့အလယ်ပိုင်းစစ်ပွဲစာတမ်းအတွက် Oxford တက္ကသိုလ်မှ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။ 

သူသည် ဇီယွန်ဝါဒကို ဝေဖန်ထောက်ပြသူအဖြစ် သုတေသနပြုလုပ်နေသူဖြစ်သည်။ ဟိုင်ဖာတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနတွင် အကြီးတန်းကထိကအဖြစ် တာဝန်ထမ်းဆောင်နေစဉ် အစ္စရေးပညာရှင်အသိုင်းအဝိုင်း၏ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး အစ္စရေးတွင် သုတေသန ဆက်လက် လုပ်ဆောင်ရန် ခက်ခဲလာသောကြောင့် ဗြိတိန်သို့ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၉ ခုနှစ်မှစ၍ အီဆက်တာတက္ကသိုလ်ရှိ ဥရောပ ပါလက်စတိုင်း သုတေသနစင်တာ (European Palestine Studies) တွင် တွဲဖက်ဒါရိုက်တာအဖြစ် တာဝန်ယူထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးက လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ထပ်မံရွှေ့ပြောင်းရန် အမိန့်ပေး

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အစ္စရေးသည် ဟစ်ဇဘိုလာအဖွဲ့အပေါ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေစဉ် လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ဘေးလွတ်ရာသို့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးက တီဟီရန်ကို တိုက်ခိုက်နေချိန်တွင် အီရန်နှင့် ဆွေးနွေးရန် “ နောက်ကျလွန်းပြီ” ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 25 Views
အမေရိကန်သည် အရှေ့အလယ်ပိုင်းရှိ သံရုံးနှစ်ခုကို ပိတ်လိုက်ပြီး ဒေသတွင်း သံတမန်ရေးရာ တည်ရှိမှုများကို လျှော့ချလျက်ရှိသည်။ CNN – ၂၀၂၆ ခုနှစ်၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အထက်လွှတ်တော်လူများစုခေါင်းဆောင် ဂျွန်သွန်း က အစိုးရအုပ်ချုပ်ရေးအဖွဲ့၏ တိုက်ခိုက်မှုဆိုင်ရာ ဥပဒေကြောင်းအရ အကြောင်းပြချက်ကို နားထောင်ရန် မျှော်လင့်ထားပြီး လွှတ်တော်၏ သဘောတူညီချက် မလိုအပ်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 32 Views
CNN -Morgan Rimmer နှင့် Ted Barrett ရေးသားသည်။ ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အထက်လွှတ်တော် လူများစုခေါင်းဆောင် ဂျွန်သွန်း (John Thune) က ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အီရန်အပေါ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အီရန်စစ်ရေး – ၄၈ နာရီအကြာ- စစ်ဗျူဟာမြောက် အောင်မြင်မှုနှင့် အနာဂတ် အတွက် မရေရာသောဗျူဟာ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အရှေ့အလယ်ပိုင်းတွင် ယခုဖြစ်ပွားနေသည့် အကျပ်အတည်းမျိုးအတွင်း သမ္မတတစ်ဦးသည် ထောက်လှမ်းရေးနှင့် စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များမှ ပြုစုထားသော အသားတင် အကဲဖြတ်ချက် (Net Assessment) ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်အချို့ ပျက်ကျ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် တိုက်လေယာဉ်များ ပျက်ကျခြင်း။ တနင်္လာနေ့တွင် အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ် “အချို့” ပျက်ကျခဲ့ပြီး “လေယာဉ်အမှုထမ်းအားလုံး အသက်ရှင်လွတ်မြောက်ခဲ့သည်” ဟု ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ CNN
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အပေါ် ထရန့်၏ တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံး အရှုံးပေါ်မည့်သူ ဖြစ်လာနိုင်

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ၂ရက် နှစ်လမပြည့်မီသော အချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်နိုင်ငံကို အရေးယူဆောင်ရွက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် တရုတ်၏ ရေနံထောက်ပံ့မှုကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဇန်နဝါရီလတွင် အမေရိကန်က ဖမ်းဆီးခဲ့သည်။ ယခုအခါ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်လယ်ကွေ့ဒေသရှိ အမေရိကန်၏ မဟာမိတ်များ အီရန်၏ တိုက်ခိုက်မှုဒဏ်ကို အပြင်းအထန် ခံစားနေရ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 37 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အဘူဒါဘီမြို့၏ ကြည်လင်နေသော ကောင်းကင်ယံတွင် သဲရောင်ခြယ် ဗီလာအိမ်များနှင့် ရေလောင်းထားသော ဥယျာဉ်များ၏ အထက်တွင် အဖြူရောင် အခိုးအငွေ့တန်းများ ရှည်လျားစွာ ဖြစ်ပေါ်နေသည်။ ၎င်းတို့သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ထရန့် ဝါရှင်တန်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အီရန်နိုင်ငံနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂)ရက်နေ့ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် သမ္မတ ဒေါ်နယ်ထရန့်သည် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အီရန်နှင့် ပတ်သက်၍ သတင်းထောက်များ၏ အော်ဟစ်မေးမြန်းမှုများကိုမူ ၎င်းက