နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

တရုတ်နိုင်ငံက အလိုရှိနေသည့် ထိုင်းနိုင်ငံက ဖမ်းဆီးထားသည့် လောင်းကစားသူဌေးကြီးကို ညှင်းပန်းနှိပ်စက်သည်ဟု စွပ်စွဲမှုကို ထိုင်းအစိုးရ ငြင်းဆို

ဇန်နဝါရီလ (၂၈) ရက်။

တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရန် တောင်းဆိုခံထားရသည့် အရှေ့တောင်အာရှတွင် တရားမဝင် အွန်လိုင်း လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့် လောင်းကစားသူဌေးကြီးတစ်ဦးအားထိုင်းနိုင်ငံတွင် ဖမ်းဆီးချုပ် နှောင်ခံထားရစဥ် ညှင်းပန်းနှိပ်စက်ခဲ့သည်ဟု စွပ်စွဲချက်ကို ထိုင်းနိုင်ငံမှ ငြင်းဆိုထားကြောင်း ထိုင်းနိုင်ငံတရားရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဖွား ရှီဇီချမ်း (She Zhijiang) က ထိုင်းအကျဉ်းထောင်တွင် လူမဆန်စွာ ပြုမူဆက်ဆံမှု ခံယူခဲ့ရသည်ဟု ၎င်း၏ရှေ့နေများက အင်တာပိုလ်ထံသတင်း ပေးပို့ခဲ့သည်ဟု ရိုက်တာသို့ ပေးပို့သော စာတစ်စောင်အရ သိရသည်။

“သူ့အပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ အပြုအမူက တခြားသူ (အကျဉ်းသား) တွေလိုပါပဲ သူတို့ရှေ့နေတွေနဲ့ ပုံမှန်ထိတွေ့ခွင့်ပေးပါတယ်” ဟု ထိုင်းတရားရေးဝန်ကြီး တာဝီး ဆော့ဆောင်း (Tawee Sodsong) က ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

အကျဉ်းသားများအား နှိပ်စက်ညှဉ်းပန်းခြင်း သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းကို တားဆီးနိုင်သည့် လုံခြုံရေးကင်မရာများ ထားရှိထားကြောင်း တာဝီး မှ ပြောကြားခဲ့သည်။

တရုတ်သံရုံးမှ တာဝန်ရှိသူများက ထောင်တွင်းရှိ သူဌေးကြီးအား သူ့ဆန္ဒကို ဆန့်ကျင်ပြီး တရုတ်နိုင်ငံသို့ ပြန်လာရန် ထောင်တွင်းသို့ လာရောက်တွေ့ဆုံခဲ့ပြီး သူ့ ကို ဖြားယောင်းသွေးဆောင်ခဲ့ကြောင်း အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်းဆောင်ရှီ၏ရှေ့နေများက အင်တာပိုလ်ထံ စာရေးသားပေးပို့မှုကို ဝန်ကြီးက မှတ်ချက်မပေးပေ။

ဘန်ကောက်တွင် ၂၀၂၂ ခုနှစ်က အဖမ်းခံခဲ့ရသော လောင်းကစားလုပ်ငန်းများကို ပိုင်ဆိုင်သည့် သူဌေးကြီးက သူ့အပေါ် အမှုဖွင့်ထားခြင်းသည် “ နိုင်ငံရေးအရ လုပ်ဆောင်တာ” ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတကာမှ ဝရမ်းထုတ်ထားမှုနဲ့ ဘေဂျင်းရဲ့ တောင်းဆိုချက်အရ အင်တာပိုလ်က အနီရောင်သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ထိုင်းတရားရုံးတစ်ခုမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ရန် အမိန့်ပေးခဲ့သော်လည်း ရှီကထို စီရင်ချက်ကို အယူခံဝင်လျက်ရှိသည်။

ကမ္ဘောဒီးယားနိုင်ငံကလည်း ရှီသည် ကမ္ဘောဒီးယားနိုင်ငံသား ဖြစ်သောကြောင့် သူ့အား ကမ္ဘောဒီးယားသို့ လွှဲအပ်ရန်လည်း တောင်းဆိုထားကြောင်း တာဝီး က ပြောသည်။ ရှီ အား တရားခံအဖြစ် လွှဲပြောင်းပေးမည့်နေရာကို အယူခံတရားရုံးက ဆုံးဖြတ်မည်ဖြစ်ကြောင်း တာဝီး က ပြောသည်။

မီဒီယာများ၏ အဆိုအရ ရှီသည် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်တွင် ဂိမ်းရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ထားသည့် ယာတိုင်းအုပ်စု (Yatai International Holdings Group) ၏ ဥက္ကဌဖြစ်ပြီး မကြာသေးမီက မြန်မာနိုင်ငံ ကရင်ပြည်နယ် ရွှေကုက္ကိုဟု အမည်တွင်သော နေရာတွင် ဒေါ်လာ ၁၅ ဘီလီယံရင်းနှီးပြီး ကာစီနို၊ ဖျော်ဖြေရေးနှင့် ခရီးသွားလုပ်ငန်း အဆောက်အအုံများကို တည်ထောင်ဆောက်လုပ်ခဲ့သည်။

ရှီသည် တရုတ်နိုင်ငံသားတစ်ဦးဖြစ်ပြီး “ အွန်လိုင်းလောင်းကစားနှင့် တယ်လီကွန်း လိမ်လည်မှု ရာဇ၀တ်မှုများတွင် အဓိကကျသူဖြစ်သည်” ဟု တရုတ်နိုင်ငံခြားရေးဌာနက တနင်္ဂနွေနေ့တွင် ရိုက်တာသတင်းဌာနအား ပြောကြားခဲ့ပြီး သူ့အား စွဲချက်တင်ရန် ခိုင်လုံသော အထောက်အထား ရှိသည်ဟု ရိုက်တာသတင်းသို့ပေးပို့သည့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှ – အထူးသဖြင့် ထိုင်း၊ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ကြား နယ်စပ်ဒေသများသည် COVID-19 ကပ်ရောဂါ ဖြစ်ပွားပြီးနောက် တယ်လီကွန်းနှင့် အခြားအွန်လိုင်း လိမ်လည်မှုများအတွက် အချက်အချာနေရာတစ်ခု ဖြစ်လာခဲ့ကြောင်း ထိုလိမ်လည်မှုစင်တာများတွင် လူထောင်ချီ လူကုန်ကူးခြင်းကို ခံထားရကြောင်း ကုလသမဂ္ဂ၏ ပြောကြားချက်အရ သိရှိရသည်။

သတင်းရင်းမြစ်။ ရိုက်တာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 42 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 44 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 37 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 43 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 31 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို အချိန်တိုအတွင်း အပြီးသတ်ရန် စီစဉ်ခဲ့သော်လည်း ယူကရိန်းရှိ ရုရှား၏ စစ်ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နေဆဲဖြစ်ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး စစ်ဆင်ရေးတစ်ခုအဖြင့် ယူကရိန်း၏ အဓိကမြို့ကြီးများကို ရုရှား အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက် ကီးဗ်၊ ယူကရိန်း — မော်စကိုသည် အင်္ဂါနေ့အစောပိုင်းက ယူကရိန်းနိုင်ငံအပေါ် သေကြေ ပျက်စီးမှုများပြားသည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုကို ဆင်နွှဲခဲ့ပြီး၊ မြို့တော်ကီးဗ် (Kyiv) နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 23 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 24 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်