နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အယ်လ်ကိုက်ဒါအဖွဲ့ဝင်ဟောင်း ရှာရာရာ ဆီးရီးယား အသွင်ကူးပြောင်းရေးအစိုးရ၏ သမ္မတ ဖြစ်လာ

ဇန်နဝါရီလ (၃၁) ရက်။

နိုင်ငံတကာ အကြမ်းဖက်အဖွဲ့ အယ်လ်ကိုက်ဒါအဖွဲ့ဝင်ဟောင်း “အာဘူမိုဟာမက်ဂျိုလာနီ” လို့ လူသိများတဲ့ အာမက်ရှာရာရာ (Ahmed Sharaa) ကို ဆီးရီးယားယာယီအစိုးရရဲ့သမ္မတ အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဆီးရီးယား စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးကွပ်ကဲမှုဌာနက ၂၉ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ကြေညာချက်အရ ရှာရာရာဟာ အသွင်ကူးပြောင်းရေးကာလမှာ သမ္မတနဲ့ နိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ သမ္မတဟာ ယာယီဥပဒေပြုကောင်စီကို ဖွဲ့စည်းနိုင်တဲ့အာဏာကို ပေးအပ်ခံရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲပြီး အသက်ဝင်တဲ့အထိ ဥပဒေပြုကောင်စီက အလုပ်တာဝန်တွေကို အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့ထားဖို့၊ လွှတ်တော်ကို ဖျက်သိမ်းဖို့နဲ့ အရင်အစိုးရတပ်တွေနဲ့ အာဏာရပါတီကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်တွေကိုလည်း စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးကွပ်ကဲမှုဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရှာရာရာဟာ နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ကို တည်ထောင်ခဲ့တဲ့ အာဆတ်အစိုးရကို မနှစ်က ဖြုတ်ချပစ်ခဲ့တဲ့ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

ရှာရာရာဟာ အသက် ၂၀ အရွယ် အစောပိုင်းမှာ ဆီးရီးယားမှာ နိုင်ငံခြားသားတိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပြီး ၂၀၀၃ ခုနှစ် နွေဦးရာသီတွင် အီရတ်ကို အမေရိကန်စစ်တပ် ကျူးကျော် ဝင်ရောက်လာတဲ့အခါ အမေရိကန်တပ်တွေကို တိုက်ခိုက်ဖို့ အီရတ်ကို သွားရောက်ခဲ့ပါတယ်။ သူ့ကို အီရတ်မှာ အမေရိကန်စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး နောက်ပိုင်းမှာ လွတ်မြောက်လာပါတယ်။ အဲ့ဒီနောက်မှာ အီရတ်နှင့် ဆီးရီးယားတို့ရဲ့ အစ္စလမ္မစ်နိုင်ငံတော်ခေါင်းဆောင် ဖြစ်လာမယ့် အာဘူး ဘာကယ်လ် ဘာ(က)ဒါဒီ (Abu Bakr al-Baghdadi) (ကွယ်လွန်) ရဲ့ ထောက်ခံမှုနဲ့ အာဆတ်အစိုးရကို တိုက်ခိုက်ခဲ့ပါတယ်။

ဆီးရီးယားမှာ သူဟာ နတ်ဆာရာတပ်ဦး (Nusra Front) ကို တည်ထောင်ခဲ့ပြီး အယ်လ်ကိုက်ဒါကို သစ္စာခံမယ်လို့ ကတိပြုခဲ့ပေမဲ့ ၂၀၁၆ ခုနှစ်မှာ အယ်လ်ကိုက်ဒါနဲ့ လမ်းခွဲခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ ဆီးရီးယားအနောက်မြောက်ပိုင်း အိုင်ဒလစ်ပြည်နယ်ရှိ သန်းနှင့်ချီတဲ့ ပြည်သူလူထုကို ဦးဆောင် အုပ်ချုပ်ခဲ့ပြီး အစိုးရရဲ့ အခြေခံဝန်ဆောင်မှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

သတင်းရင်းမြစ်။ CNN

(FILES) A handout picture released by Syria’s transitional government shows the country’s new leader Ahmed al-Sharaa waiting for the arrival of Spain’s foreign minister at the presidential palace in Damascus on January 16, 2025. Syria’s new authorities announced on January 29, 2025, that Ahmed al-Sharaa, who took the helm after longtime ruler Bashar al-Assad’s ouster last month, was appointed interim president and tasked with forming a transitional legislature, state media reported. (Photo by Syria’s Transi

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက

ဗင်နီဇွဲလားသမ္မတ မာဒူရို တစ်ပတ်အတွင်း မဟာမိတ်နှစ်နိုင်ငံ ဆုံးရှုံးသွားခြင်း – ဒေသတွင်းတွင် မည်သည့်မိတ်ဖက်များ ကျန်ရှိနေသေး သနည်း?

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 20 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက် ကာရစ်ဘီယံပင်လယ်အတွင်း ဝါရှင်တန်၏ ရေတပ်အင်အားတိုးချဲ့မှုကို ရင်ဆိုင်နေရစဉ် အတွင်း ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုသည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 33 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း အမေရိကန်

ကန်နာဘစ် (ဆေးခြောက်) လုပ်ငန်းရှင်များ၏ တိုက်တွန်းမှုကြောင့် ဆေးခြောက် အမျိုးအစား ပြန်လည်သတ်မှတ်ရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန် ထရန့်က အမိန့်ဒီကရီ ကို လက်မှတ်ရေးထိုး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 26 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဆေးခြောက် (Marijuana) အား အမျိုးအစား ပြန်လည်သတ်မှတ်ခြင်း လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန် အမှုဆောင်အမိန့်တစ်ရပ်ကို ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 32 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 48 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 48 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 45 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 55 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော