နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်အောက်လွှတ်တော်ကြားနာပွဲကို NUG ဝန်ကြီးတွေ တက်ရောက်ခဲ့

ဖေဖော်ဝါရီလ (၅)ရက်။

ဖေဖော်ဝါရီလ (၃)ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော်ရှိ လွှတ်တော်အမတ်တွေရဲ့ ရုံးမှာ မြန်မာအရေးနဲ့ပတ်သက်ပြီး ကျင်းပခဲ့တဲ့ အောက်လွှတ်တော်ကြားနာပွဲကို တက်ရောက်ခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီကြားနာပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦးအပါအဝင် သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်နဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာတို့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ကြားနာပွဲထဲ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ရီပတ်ဘလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် Todd Youngနဲ့ ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် Chris Van Hollen တို့ အွန်လိုင်းကတဆင့် မိန့်ခွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်အောက်လွှတ်တော်မှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေနဲ့ ခရစ်ယာန်ဘာသာဝင် လူနည်းစုတွေအပါအဝင် ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တာတွေကို ကြားနာခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

“ ကျွန်မတို့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ ဆိုလိုတာက ခရစ်ယာန်ဘာသာဝင် လူနည်းစုအပေါ် ဖိနှိပ်တာတင်မဟုတ်ဘဲ ဘယ်သူ့ကိုမဆို စစ်ကောင်စီက ဖိနှိပ်တယ်။ အကြမ်းဖက်တယ်။ အရပ်ဘက်၊ စစ်ဘက်မခွဲခြားဘဲ ဘယ်ဘာသာတရားကိုမှ မခွဲခြားဘဲ ဖိနှိပ်နေတယ်ဆိုတာ ဒီမှာတင်ပြတာဖြစ်ပါတယ်။ ဒီလိုမျိုး congressional hearing တွေက အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို သုံးသပ်တဲ့နေရာမှာ၊ shape လုပ်တဲ့နေရာမှာ အများကြီးအထောက်အကူဖြစ်လိမ့်မယ်လို့ ထင်ပါတယ်” လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုထားပါတယ်။

ကြားနာပွဲကို အမေရိကန်အစိုးရရဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်ဥက္ကဋ္ဌအပါအဝင် မြန်မာတိုင်းရင်းသား ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေ၊ ဗုဒ္ဓဘာသာဆရာတော်တွေ၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေနဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တာဝန်ရှိ‌သူတွေအပြင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြောက်ဦးမြို့ပြည်သူ့ဆေးရုံ ဗုံးကြဲခံရတဲ့အပေါ် NUG ပြင်းထန်စွာရှုတ်ချ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 28 Views
အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေကြံရာပါတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ဆို ဒီဇင်ဘာလ (၁၂)ရက်။ မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းဗုံးကြဲခံရတာနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ NUG
မြန်မာသတင်း

လာမယ့်နှစ် မတ်လကုန်မှာ အစိုးရအဖွဲ့ အပြောင်းအလဲတွေရှိမယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 27 Views
ဒီဇင်ဘာလ (၁၂)ရက်။ ၂၀၂၆ခုနှစ် မတ်လကုန်ပိုင်းမှာ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်လာမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ရန်ကုန်မြို့ကိုရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 43 Views
ဒီဇင်ဘာလ (၁၁)ရက်။ မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing အစီအစဉ်မှာ အသိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ PDF နဲ့ ပကဖတွေအနေနဲ့ မိုးကုတ်-မိုးမိတ်ဒေသကို
မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 33 Views
ဒီဇင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်ကစပြီး လောင်းလုံးမြို့နယ်ရှိ ညင်းမော်ရွာနဲ့ စစ်ပြဲရွာအနီး စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ မနက် (၁၀)နာရီလောက်ကစပြီး ညင်းမော်နဲ့ စစ်ပြဲရွာနားမှာ စခတွေနဲ့ တော်လှန်ရေးတပ်တွေ
နိုင်ငံတကာသတင်း ဗြိတိန်

လန်ဒန်မြို့ရှိ လယ်သမားများ၏ လယ်ထွန်စက်ဆန္ဒပြမှု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 24 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက် လယ်သမားများဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၁၁ရက်နေ့မှာ ထွန်စက်တွေနဲ့ လန်ဒန်မြို့ကို ပိတ်ဆို့ပြီး အကြိမ်ကြိမ် ဆန္ဒပြခဲ့ကြပါတယ်။၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ နဲ့ ဒီဇင်ဘာလမှာလဲ ဆန္ဒပြခဲ့ကြပြီး  ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာလဲ
မြန်မာသတင်း

အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်ကစားတွေ တိုက်ဖျက်နိုင်ဖို့ဆိုပြီး စစ်ကော်မရှင်က ကော်မတီ ဖွဲ့စည်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 43 Views
ဒီဇင်ဘာလ (၁၁)ရက်။ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီဆိုပြီး စစ်ကော်မရှင်က မနေ့ကရက်စွဲနဲ့ ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်က အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှု ကျူးလွန်တာတွေကို နိုင်ငံထဲ လုံးဝအခြေမပြုနိုင်ဖို့ ပြည်တွင်းအင်အားစုတွေအပြင် ပြည်ပနိုင်ငံတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ဖို့လို့ ဆိုပါတယ်။
မြန်မာသတင်း

အသံတိတ်သပိတ် အောင်မြင်ခဲ့တဲ့အပေါ် NUG ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 36 Views
ဒီဇင်ဘာလ (၁၁)ရက်။ မနေ့က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာပြုလုပ်‌တဲ့ အသံတိတ်သပိတ် အောင်မြင်ခဲ့တဲ့အပေါ် NUG က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က တနိုင်ငံလုံးကနေ တပြိုင်ထဲ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ အသံတိတ်သပိတ် လူထုလှုပ်ရှားမှုကြီးဟာ ပြည်သူရဲ့
မြန်မာသတင်း

ဒီကနေ့ ရန်ကုန်မြို့ရဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုမြင်ကွင်းများ(သတင်းဓါတ်ပုံ)

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 45 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒီကနေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ပြုလုပ်တဲ့ ရန်ကုန်မြို့က အသံတိတ်သပိတ်လှုပ်ရှားမှု မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။ “ ဒီနေ့ အသံတိတ်သပိတ်ရှိတော့ ရန်ကုန်မြို့ထဲမှာက အရင်နေ့တွေထက် လူသွားလူလာ မရှိသလောက်ပဲ။ မနက်ပိုင်းကတော့ ကျောင်းတွေရှိတယ်ဆိုပေမယ့် နေ့လည်ပိုင်းကတော့ တော်တော်ကြီးကို