နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံတယ်ဟု ပူတင် ပြောသော်လည်း ထရန့်ကို ဖုန်းခေါ်ဖို့ လိုနိုင်တယ်လို့ဆို

မတ်လ (၁၄) ရက်။

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အယူအဆက မှန်ကန်ပြီး ကျွန်တော် သေချာပေါက် ထောက်ခံမှာ ဖြစ်ပေမယ့် ဆွေးနွေးဖို့ လိုအပ်တဲ့ကိစ္စရပ်တွေ ရှိသေးကြောင်း ပူတင်က ပြောကြားခဲ့ပါတယ်။

သမ္မတ ဗလာဒီမာပူတင်က ရုရှားက အပစ်အခတ်ရပ်စဲရေးအတွက် အဆင်သင့်ဖြစ်နေပြီဟု ပြောကြားခဲ့ပေမယ့် သဘောတူညီချက် မရရှိမီ ယူကရိန်းက နောက်ထပ်အခြေအနေတွေကို လက်ခံဖို့ လိုအပ်တယ်လို့ အကြံပြုခဲ့ပါတယ်။

“ရန်လိုမှုတွေကို ရပ်တန့်ဖို့ အဆိုပြုချက်တွေကို ကျွန်တော်တို့ သဘောတူပါတယ်” ဟု ရုရှားခေါင်းဆောင်က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ တိုက်ပွဲတွေ ခေတ္တရပ်ဖို့ ရုရှားက ထောက်ခံပေမယ့် “ဆွေးနွေးဖို့ လိုအပ်တဲ့ ပြဿနာတွေ ရှိနေသေးတယ်” လို့ ပူတင်က ပြောကြားလိုက်ပြီး “ ထရန့်နဲ့ ဖုန်းခေါ်ဆိုဖို့ လိုအပ်နိုင်တယ်” လို့ ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတပူတင်ရဲ့ ပြောကြားချက်အပေါ် ကြာသပတေးနေ့က တုံ့ပြန်ရာမှာ သမတထရန့်က ရုရှားခေါင်းဆောင်ဟာ “အလားအလာရှိတဲ့ကြေညာချက်” ကို ထုတ်ပြန်ခဲ့ပေမဲ့ သူ့အနေနဲ့ အပစ်အခတ်ရပ်စဲရေးကို ရုရှားက သဘောတူတာကို မြင်လိုကြောင်း ပြောကြားခဲ့ပါတယ်။

နေတိုးအကြီးအကဲ မာ့ခ် ရပ်တီ (Mark Rutte) နဲ့ တွေ့ဆုံစဉ် ဘဲဥပုံရုံးမှာ စကားပြောကြားခဲ့ရာ ထရန့် က ရုရှားအနေနဲ့ မှန်ကန်တဲ့လုပ်ရပ်ကို လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း၊ ပူတင်နဲ့ အခြားသူတွေနဲ့လည်း လေးလေးနက်နက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

ပူတင်နဲ့တွေ့ဖို့ ဆန္ဒရှိလားလို့ မေးတဲ့အခါ ထရန့်က “ကျွန်တော် သူနဲ့တွေ့ပြီး စကားပြောချင်ပါတယ်” လို့ ပြောသည်။

ထရန့်ရဲ့ အထူးသံတမန် စတီ့ဗ် ဝတ်ကော့ဗ် (Steve Witkoff) က ကြာသပတေးနေ့မှာ မော်စကိုကို ရောက်ရှိခဲ့ပြီး ပူတင်နဲ့တွေ့ဆုံဖို့ မျှော်လင့်ထားပါတယ်။

အမေရိကန်နဲ့ ယူကရိန်းတို့က အကြံပြုထားတဲ့ ယာယီအပစ်အခတ်ရပ်စဲရေးမှာ ယူကရိန်းတပ်ဖွဲ့တွေ အင်အားပြန်လည်စုဖွဲ့ဖို့ အလားအလာရှိနေပြီး အပစ်အခတ် ရပ်စဲရေးကာလအတွင်း အဲလို မဖြစ်ဖို့ တားဆီးဖို့ ယန္တရားတွေ ရှိမရှိကို မေးခွန်းထုတ်ဖို့ လိုမယ်လို့ ပူတင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးကို ဘယ်သူက စောင့်ကြည့်ပြီး လိုက်နာမလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း ထည့်သွင်း စဉ်းစားဖို့လိုတယ်လို့ သူက ပြောပါတယ်။

ရုရှားက အသာစီးရနေတယ်လို့ ပူတင်က ယုံကြည်နေပြီး စစ်ပွဲအဆုံးသတ်ရေးအတွက် အမြင့်ဆုံးတောင်းဆိုမှုတွေကို ရုရှားက လုပ်နေခဲ့ပါတယ်။ ရုရှားသိမ်းပိုက်ထားတဲ့ ဒေသတွေက ယူကရိန်းက တစ်စိတ်တစ်ပိုင်း ဆုတ်ခွာသွားစေလိုကြောင်း၊ အဓိကအားဖြင့် ကရင်မလင်ကို ပိုင်နက်နယ်မြေ ပိုပေးတာ၊ NATO ကို ဝင်ရောက်တာ ခွင့်မပြုဖို့နှင့် နိုင်ငံအတွင်း ရုရှားယဉ်ကျေးမှုနဲ့ ဘာသာစကားတွေကို အကာအကွယ်ပေးဖို့ ကတိပေးရမှာ ဖြစ်ကြောင်း အရင်က ပူတင်က ပြောကြားခဲ့ပါတယ်။

ကြာသပတေးနေ့ အစောပိုင်းက ရှေ့တန်းကို ပူတင် လာရောက်စဉ်မှာ ရုရှားစစ်သားတွေကို အမြန်ဆုံး ပြတ်ပြတ်သားသား အောင်ပွဲရယူဖို့ တိုက်တွန်းခဲ့ပါတယ်။

ပူတင်ရဲ့ပြောကြားချက်ဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ အခုသီတင်းပတ်အတွင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယိုနဲ့ ယူကရိန်းဘက်က ရေးဆွဲထားတဲ့ ယာယီ ရက် ၃၀ အပစ်အခတ်ရပ်စဲရေး အစီအစဉ်အပေါ် မော်စကိုရဲ့ ပထမဆုံး တုံ့ပြန်မှု ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဲ့ဒီအဆိုပြုချက်ကို ပယ်ချပါက ရုရှားကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။

ကြာသပတေးနေ့အစောပိုင်းမှာ ပူတင်ရဲ့ နိုင်ငံခြားရေးမူဝါဒအကြံပေး ယူရီအူရှာကော့ဗ် (Yuri Ushakov) က ဖော်ပြထားတဲ့အစီအစဉ်က “ယူကရိန်းစစ်တပ်အတွက် ယာယီသက်သာရာရမှုကလလွဲပြီး အခြားဘာမှ မရှိတော့ပါ” လို့ ဆိုပါတယ်။

ရုရှားနိုင်ငံပိုင် မီဒီယာကို သူက ပြောကြားရာမှာ နိုင်ငံရဲ့ရည်မှန်းချက်ဟာ ရေရှည်ငြိမ်းချမ်းတဲ့ ပြေလည်မှုရရှိရေးဖြစ်ပြီး အဲ့ဒီအချက်က ကျွန်တော်တို့နိုင်ငံရဲ့ တရားဝင် အကျိုးစီးပွားအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

“ငြိမ်းချမ်းတဲ့ လုပ်ရပ်တွေလို့ ဟန်ဆောင်ထားတဲ့ ခြေလှမ်းတွေက ဘယ်သူ့အတွက်မှ အသုံးမဝင်ဘူး လို့ ထင်ပါတယ်” လို့ သူက ထပ်ဆင့်ပြောကြားခဲ့ပြီး အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး မိုက် ဝေါ့ဇ် (Mike Waltz) ကို ဗုဒ္ဓဟူးနေ့က သူတို့ရဲ့ရပ်တည်မှုကို ဖုန်းနဲ့ပြောဆိုခဲ့ကြောင်း သူက ပြောကြားခဲ့ပါတယ်။

KGB အေးဂျင့်ဟောင်း ပူတင်ဟာ ယူကရိန်းတပ်တွေ သိမ်းပိုက်ထားတဲ့ ရုရှားရဲ့တစ်ခုတည်းသော ဒေသဖြစ်တဲ့ ကာ့စ်ခ် (Kursk/ကူးစ်ခ် *ရုရှားအသံထွက်*) ကို သွားရောက်စဉ် စစ်ပျောက်ကျား၀တ်စုံကို ဝတ်ဆင်ထားပါတယ်။ မကြာခင်မှာပဲ ယူကရိန်းတပ်တွေ သိမ်းပိုက်ထားပြီး အခြေချထားတဲ့ ဆုဒ်ဇာ (Sudzha) မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

မဝေးတော့တဲ့အနာဂတ်မှာ ကျွန်တော်တို့ရဲ့ တာဝန်မှာ ဖြစ်နိုင်ခြေ အတိုဆုံး အချိန်ဘောင်အတွင်း ကာ့စ်ခ် (Kursk) ဒေသမှာ အမြစ်တွယ်နေတဲ့ရန်သူကို ပြတ်ပြတ်သားသား အနိုင်ယူဖို့ ဖြစ်တယ်” လို့ ပူတင်က ပြောကြားခဲ့ပါတယ်။ နယ်စပ်မှာ “လုံခြုံရေးဇုန်” ကို ဖန်တီးဖို့လည်း အကြံပြုခဲ့ပါတယ်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) က ကြာသပတေးနေ့ မီဒီယာရှင်းလင်းပွဲတစ်ခုမှာ “ကာ့စ်ခ်ဒေသဟာ မကြာမီ လွတ်မြောက်တော့မှာ သံသယဖြစ်ဖွယ် မရှိဘူး” လို့ ပြောကြားခဲ့ပါတယ်။

ကနေဒါနိုင်ငံကို သိမ်းပိုက်ချင်တယ်လို့ ထရန့်က ထပ်ခါတလဲလဲ ပြောကြားထားတဲ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုအနေနဲ့ ကွီဘက်မြို့မှာ ကျင်းပမယ့် G-7 ထိပ်သီးအစည်းအဝေးကို တက်ရောက်ရာမှာ မျက်နှာပူစရာ ကို့ယို့ကားရားနိုင်ပြီး ထိပ်သီးသံတမန်တွေနဲ့ ကြာသပတေးနေ့ တွေ့ဆုံချိန်မှာ ရူဘီယိုသည် စစ်ပွဲအကြောင်း ဆွေးနွေးနိုင်ပါတယ်။

အမေရိကန်နဲ့ ရုရှားတာဝန်ရှိသူတွေဟာ အခုသီတင်းပတ်အတွင်း နောက်ကွယ်မှာ စကားပြောဆိုနေကြပါတယ်။ ထရမ့်က ကရင်မလင်ကို ပိတ်ဆို့အရေးယူဖို့ ခြိမ်းခြောက်နေစဉ် ဝတ်ကော့ဗ် (Witkoff) ကို ရုရှားနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။

“ရုရှားအတွက် ငွေရေးကြေးရေးအရ အရမ်းဆိုးစေမယ့်ကိစ္စကို ကျွန်တော် လုပ်နိုင်တယ်” ဟု ထရန့်က ဘဲဥပုံရုံးခန်းမှာ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဒါကို မလုပ်ချင်ဘူး ဘာကြောင့်လဲ ဆို‌တော့ ငါြငိမ်းချမ်းရေးကို လိုချင်တယ်” လို့ ဆိုပါတယ်။

အဲ့ဒီခြိမ်းခြောက်တွေကြားမှာ ထရန့်က ရုရှားသမ္မတပူတင်ရဲ့တောင်းဆိုချက် အများအပြားကို ယူကရိန်းက သဘောတူရမှာဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း အကြံပြုထားပေမယ့် လိုက်လျောမှု အနည်းငယ်ပေးဖို့ ကရင်မလင်ကို ထရန့်က တောင်းဆိုထားပါတယ်။

ဆော်ဒီအာရေးဗီးယား ဆွေးနွေးပွဲကနေ ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး အကြံပြုချက်ကို ဥရောပခေါင်းဆောင်တွေက ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ယူကရိန်းသမ္မတ ဗလိုဒီမာ ဇလန်းစကီးက ရုရှားနိုင်ငံရဲ့ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှု သမိုင်းကြောင်းနဲ့ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့ညပိုင်းက ပြောကြားတဲ့မိန့်ခွန်းမှာ သတိပေးခဲ့ပါတယ်။

“ရုရှားဟာ လှည့်စားဖို့ မဟုတ်ဘဲ စစ်ပွဲကို အမှန်တကယ် အဆုံးသတ်ဖို့ အဆင်သင့် ဖြစ်နေကြောင်း သေချာအောင်လုပ်ဖို့က ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ စွမ်းရည်တွေက အဓိကကျပါတယ်” လို့ ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။

ယူကရိန်းအာဏာပိုင်တွေနဲ့ နိုင်ငံသားတွေက ငြိမ်းချမ်းရေး လိုလားကြပေမယ့် ကရင်မလင်က ထပ်မံတိုက်ခိုက်တာ မပြုလုပ်ဖို့ သေချာစေမယ့်လုံခြုံရေးအာမခံချက်တွေနဲ့ ယှဉ်တွဲမှသာဖြစ်မယ်လို့ ဆိုပါတယ်။

“ယူကရိန်းနိုင်ငံသား ၉၉ ရာခိုင်နှုန်းက စစ်ပွဲကို တရားမျှတတဲ့ နည်းလမ်းနဲ့ အဆုံးသတ် စေချင်တယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ မိုင်ကိုလိုက်ဗ် (Mykolaiv) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဗာတယ်လီကင်မ် (Vitaliy Kim) က NBC News ကို ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ “နှစ်အနည်းငယ်အတွင်း ပြန်မလာတော့ဘူးဆိုတဲ့ အာမခံချက်တချို့ လိုချင်ပါတယ်။”

တောင်ပိုင်းရှိ မိုင်ကိုလိုက်ဗ်မှာ နေထိုင်သူအချို့ဟာ ထရန့်ရဲ့ ယူကရိန်းကို ဖိအားပေးကာ အန္တရာယ်များပြီး ဒေသခံတွေ မလိုလားတဲ့ သဘောတူညီချက်ကိုပေးဖို့ ထရန့်ရဲ့ ကြိုးပမ်းမှုကို အလွန်အမင်း စိတ်ပျက်နေကြပါတယ်။

“ဒါဟာ ကလေးလှည့်ကွက်တွေ” နဲ့ တူတယ်လို့ သေဆုံးသွားတဲ့ စစ်သားတွေအတွက် မြို့ရဲ့အမှတ်တရနေရာအနီးမှာ အသက်၄၆နှစ် အရွယ် ဆောက်လုပ်‌ရေးအလုပ်သမ ယူရီက ကလေးကို တွန်းလှည်းအတွင်းထည့်ရင်း “ကျွန်မသမီးက တတစ်လပဲ ရှိသေးသေးမဲ့ ထရန့်ထက် လုပ်ဆောင်မှု ပိုကောင်းပါတယ်။ ကလေးက သူမရဲ့ အနှီးထဲမှာပဲ အညစ်အကြေးစွန့်တယ်။ အဲဒီလူက တစ်ကမ္ဘာလုံးပေါ်မှာ အညစ်အကြေးတွေ စွန့်ပစ်နေတယ်” လို့ ပြောကြားခဲ့ပါတယ်။

အခွင့်အရေးမရတဲ့နိုင်ငံတစ်ခုကတော့ အရှေ့အုပ်စုဝင် နိုင်ငံဟောင်း ပိုလန်ဖြစ်ပြီး အခုနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ၄.၇% အထိ မြှင့်တင်ခဲ့ပါတယ်။ ရုရှားအပေါ် အသံထွက်ဆုံး ဝေဖန်သူများထဲမှာ ပါဝင်ပါတယ်။

ပိုလန်သမ္မတ အင်ဇက်ဒူဘာ (Andrzej Duda) က သူ့ရဲ့နိုင်ငံအတွင်းမှာ အနောက်ဥရောပမှာ အမေရိကန်နျူကလီးယားလက်နက်တွေကို ပြန်လည်ဖြန့်ကျက်စေလိုကြောင်း Financial Times သတင်းစာကို ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

“နေတိုးရဲ့ အရှေ့ဘက် အခြေခံအဆောက်အအုံတွေ အပြောင်းအလဲလည်း ရှိသင့်တယ်” လို့ သူက ဆိုပါတယ်။ “ကျွန်တော့်အတွက်ကတော့ ဒါက ရှင်းပါတယ်” လို့ ဆိုပါတယ်။

(ဘာသာပြန်သူ မှတ်ချက်သဘောမှာ ယူကရိန်းပြီးရင် ရုရှားက သူတို့နိုင်ငံကို လာတိုက်မယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။)

NBC သတင်း

မိုင်ကိုလာဗစ် ၊ ယူကရိန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 59 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 65 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက