နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ပို့ဆောင်ဖို့ C-130 ဂျပန်စစ်လေယာဉ်တစီး မြန်မာနိုင်ငံကို စေလွှတ်မယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးပြော

ဧပြီလ (၉) ရက်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်လက်ဆောင်ရွက်ဖို့ မန္တလေးတိုင်းမှာ ရောက်ရှိနေတဲ့ ဂျပန်ဆေးဘက်ဆိုင်ရာအဖွဲ့အတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ ရောဂါရှာဖွေရေးစက်ပစ္စည်းတွေ အပါအဝင် ဆေးဝါးနဲ့ အခြားစက်ပစ္စည်းကိရိယာတွေကို ဂျပန်နိုင်ငံက C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်နဲ့ ဧပြီလ (၈) ရက်နေ့မှာ ပို့ဆောင်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ကာကွယ်ရေးဝန်ကြီး နာကာတာနီက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

လက်ရှိအချိန်မှာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပုံမှန်အရပ်ဘက်လေယာဉ်တွေနဲ့ အဆင်မပြေတာကြောင့် စစ်ဘက်ဆိုင်ရာသုံး C-130 သယ်ယူပို့ဆောင်ရေးလေယာဉ်ကို အသုံးပြုတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလေယာဉ်နဲ့ဆိုရင် မြေပြင်မှာ လုပ်ဆောင်နေတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေဆီကို လိုအပ်တဲ့ဆေးဝါးနဲ့ ကိရိယာတွေကို ပိုမိုလျင်မြန် စိတ်ချယုံကြည်စွာ ပို့ဆောင်နိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေမှာ ဂျပန်နိုင်ငံ ဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့များ အက်ဥပဒေကို အခြေခံပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တရားဝင် ဆွေးနွေးညှိနှိုင်းပြီးနောက် နိုင်ငံတကာဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ အခြားပစ္စည်းတွေ ပို့ဆောင်ဖို့ ပူးတွဲစစ်ဆင်ရေး တပ်မှူးကို ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းတွေနဲ့ အနီးကပ် ဆက်လက်လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပြီး ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ လေယာဉ်တွေရဲ့ စွမ်းဆောင်ရည်တွေကို အမြင့်ဆုံးအသုံးချပြီး မြန်မာနိုင်ငံ ပြည်သူတွေနဲ့အတူရပ်တည်ပြီး မြန်မာပြည်သူတွေမြင်တဲ့ရှုထောင့်ကနေ အစွမ်းကုန် တုံ့ပြန် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူက ပြောဆိုလိုက်ပါတယ်။

အခုတစ်ခေါက် မြန်မာနိုင်ငံကို စေလွှတ်တာဟာ JJOC ကို စတင်တည်ထောင်ပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံတကာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်း ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်။ JJOC (Joint Operations Command) ဟာ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကြည်း၊ ရေ၊ လေကို တစ်စုတစ်စည်းတည်း ကွပ်ကဲကြီးကြပ်ပေးတဲ့ ပူးတွဲယူနစ် ဖြစ်ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်မှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေအပေါ် တုံ့ပြန်ဖို့ ဂျပန်နိုင်ငံအစိုးရဟာ မြန်မာနိုင်ငံ ပြည်သူတွေအတွက် တိုက်ရိုက်အကျိုးပြုမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ ဆရာဝန်တွေနဲ့ သူနာပြုတွေပါဝင်တဲ့ နိုင်ငံတကာ သဘာဝဘေးကယ်ဆယ်ရေးဆေးဘက်ဆိုင်ရာအဖွဲ့ကို ဧပြီလ ၂ ရက်နေ့က မြန်မာနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။

Update: ဂျပန်စစ်လေယာဉ် ဒီနေ့ ဧပြီလ (၉) ရက်နေ့မှာ ရန်ကုန်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

သတင်းရင်းမြစ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးရုံး

ဓာတ်ပုံ။

ဂျပန်ကာကွယ်ရေးဝန်ကြီး နာကာတာနီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းနိုင်ငံ ဆူမီမြို့ကို ရုရှားတိုက်ခိုက်မှုကို အနောက်နိုင်ငံခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂက ရှုတ်ချ

  • 2025 ခုနှစ်၊ ဧပြီလ 14 ရက်
  • 4 Views
+++++++++++++++++++++++ ဧပြီလ (၁၄) ရက်။ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆူမီမြို့လယ်ကို ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းအပေါ် ပံ့ပိုးကူညီသည့် အနောက်နိုင်ငံများက
နိုင်ငံတကာသတင်း မြန်မာသတင်း

ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက မြန်မာနိုင်ငံအတွက် (၄၂) တန်ကျော် လူသားချင်း စာနာမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများ ပေးအပ်

  • 2025 ခုနှစ်၊ ဧပြီလ 14 ရက်
  • 7 Views
ဧပြီလ (၁၄) ရက်။ ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက ပေးပိုတဲ့ (၄၂) တန်ကျော်ရှိတဲ့ လူသားချင်း စာနာမှုဆိုင်ရာထောက်ပံ့ပစ္စည်းတွေကို ဧပြီလ (၁၃)
မြန်မာသတင်း

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ချင်းပြည်နယ်မှာ လုံးဝလက်မခံဘူးလို့ ICNCC သတင်းထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 14 ရက်
  • 9 Views
ဧပြီလ (၁၄) ရက်။ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ဖွဲ့စည်းခြင်း (၄) နှစ်မြောက် အထိမ်းအမှတ်နဲ့ ICNCC က သတင်းထုတ်ပြန်ပါတယ်။ ဧပြီလ ၁၃ရက်နေ့စွဲနဲ့ ICNCC ရဲ့ ထုတ်ပြန်ချက်မှာ မိမိတို့ဟာ အမျိုးသား ညီညွတ်ရေး
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

ဒီမိုကရေစီကို ပြန်လည်အသက်သွင်းဖို့ ဆက်လက်ထောက်ခံအားပေးသွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး သတင်းထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 14 ရက်
  • 8 Views
ဧပြီလ (၁၄) ရက်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ငလျင်ဒဏ်ခံစားနေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေကြောင်း ဧပြီလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ သင်္ကြန်ပွဲတော်ဟာ အတိတ်က အကြောင်းအရာတွေကို စဥ်းစားတွေးခေါ်ပြီး တောက်ပတဲ့ အနာဂါတ်ကို ရှေးရှူဖို့ဖြစ်ပါတယ်။
မြန်မာသတင်း

စစ်ကိုင်းတိုင်း ကနီမြို့နယ်က ကျေးရွာသုံးရွာကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 14 ရက်
  • 7 Views
ဧပြီလ (၁၄) ရက်။ စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းက ကျေးရွာသုံးရွာကို ဒီနေ့ ဧပြီလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်၊ Y-12 လေယာဉ်၊ ဒရုန်းတွေသုံးပြီး လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ကနီမြို့နယ်ထဲက သမင်ခြံရွာနဲ့
မြန်မာသတင်း

အင်းတော်တွင် သင်္ကြန်ကာလ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 14 ရက်
  • 6 Views
ဧပြီလ (၁၄) ရက်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဒီနေ့ ဧပြီလ ၁၄ ရက်နေ့ မနက် ၁၁ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ ဂျက်တိုက်လေယာဉ်တစ်စီးကနေ ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးသည် ဂါဇာမြို့တော်ရှိ နောက်ဆုံး လည်ပတ်နေသော ဆေးရုံကို တိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 14 ရက်
  • 6 Views
ဧပြီလ (၁၄) ရက်။ ဧပြီလ (၁၃) ရက်နေ့က ဂါဇာကမ်းမြှောင်မြောက်ပိုင်းရှိ နောက်ဆုံးလည်ပတ်နေသောဆေးရုံကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့်ဆေးရုံရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်လို့ သိရပါတယ်။ ဆေးရုံကို ယာယီပိတ်ထားခဲ့ရပြီး လူနာတွေကို အခြားဆေးရုံသုံးရုံကို သွားဖို့ ညွှန်ကြားထားကြောင်း
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေး၏ ဂါဇာ ထိုးစစ်ကြောင့် ထောင်နှင့်ချီသော ပါလက်စတိုင်းများကို ပိုမိုသေးငယ်သောဧရိယာသို့ တွန်းပို့ပြီး ဂါဇာကို သိမ်းဖို့လုပ်ဆောင်နေ

  • 2025 ခုနှစ်၊ ဧပြီလ 14 ရက်
  • 4 Views
+++++++++++++++++++++++++++++ အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသအတွင်း မြေပြင်စစ်ဆင်ရေးများကို တိုးချဲ့လုပ်ဆောင်နေပြီး ကမ်းမြှောင်နှင့် အစ္စရေးပိုင်နက်ကြား ကြီးမားသော ကြားခံဇုန်တစ်ခု ဖန်တီးကာ မြေထဲပင်လယ်ကမ်းရိုးတန်းရှိ အရပ်သားထောင်ပေါင်းများစွာကို ယခင်ကထက် ပိုမိုသေးငယ်သော ဧရိယာသို့ တွန်းပို့လျက်ရှိသည်။ CNN ၏စာရင်းဇယားအရ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များသည် မတ်