နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 8 ရက်

ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားထိန်းသိမ်းရေးစခန်းမှာ သေဆုံးသွားတဲ့ ယူကရိန်း အမျိုးသမီးငယ် သတင်းထောက်အလောင်းကို မော်စကိုက နှိပ်စက်ညှဉ်းပန်းမှုလက္ခဏာတွေနဲ့ ပြန်ပေး

မေလ (၁) ရက်။

လအတော်ကြာ ရုရှားနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အဆက်အသွယ်မရရှိတဲ့ ယူကရိန်းအမျိုးသမီးငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို ယူကရိန်းနိုင်ငံကို ပြန်ပို့လိုက်ပြီးသူမရဲ့ ကိုယ်ခန္ဓာပေါ်မှာ နှိပ်စက်ညှင်းပန်းခံရတဲ့အမှတ်အသားတွေရှိတယ်လို့ ယူကရိန်းအစိုးရ ရှေ့နေတွေက ပြောပါတယ်။

ဖေဖော်ဝါရီလက ယူကရိန်းနဲ့ ရုရှားအကြား အလောင်းလဲလှယ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ရုရှားက အလောင်းပြန်ပေးလိုက်တဲ့ ယူကရိန်းသတင်းထောက် ဗစ်တိုရီယာ ရိုရှီနာ (Victoria Roshchyna) ဟာ သတင်းပေးပို့တဲ့ခရီးစဉ်အတွင်း ပျောက်ဆုံးသွားသူဖြစ်ပြီး ရုပ်အလောင်းကို ရုရှားက ပြန်လည်ပေးအပ်ခဲ့ကြောင်း ကိ့ဗ်က ပြောပါတယ်။

ယူကရိန်းအစိုးရရှေ့နေချုပ်ရုံးမှ စစ်ရာဇဝတ်မှုဌာန အကြီးအကဲ ယူရီဘယ်လိုဆော့ဗ် (Yuriy Belousov) က မှုခင်းဆေးစစ်ချက်တွင် “ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ကြမ်းတမ်းသော ဆက်ဆံခံရမှု လက္ခဏာများစွာကို တွေ့ရှိခဲ့ရသည်” လို့ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးတွင် ပွန်းပဲ့ခြင်းနဲ့ သွေးယိုစိမ့်ခြင်း၊ နံရိုးကျိုးခြင်းနဲ့ လျှပ်စစ်ရှော့ခ်တိုက်ခြင်းတို့ ဖြစ်နိုင်တဲ့သဲလွန်စတွေ တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့တယ်။

ရိုရှီနာ အသက်ရှင်နေစဥ်အချိန်အတွင်း ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှားဟာ ထိန်းသိမ်းခံထားရတဲ့ ယူကရိန်းနိုင်ငံသားများကို ညှဉ်းပန်းနှိပ်စက်တဲ့နည်းလမ်းအဖြစ် လျှပ်စစ်ရှော့တိုက်တာကို အသုံးပြုကြောင်း လူသိများပြီး အဲ့ဒီအလေ့အကျင့်ကို ကျယ်ပြန့်စွာ အသုံးချတဲ့ သဘောသဘာဝကို အရင်က CNN က မှတ်တမ်းတင်နိုင်ခဲ့တယ်။

“ အမည်မသိအမျိုးသား” လို့ အမည်တပ်ထားတဲ့ ရုရှားက ရောက်ရှိလာတဲ့အလောင်းလို့ သိရပေမဲ့ အဲ့ဒီရုပ်အလောင်းကို ဗစ်တိုရီယာ ရိုရှီနာ ဖြစ်ကြောင်း DNA နဲ့ ထပ်ခါတလဲလဲ ခွဲခြမ်းစိတ်ဖြာမှုတွေကနေ အတည်ပြုနိုင်ခဲ့တာလို့ ဘယ်လို ဆော့ဗ် (Belousov) က ပြောကြားခဲ့ပါတယ်။ ဗစ်တိုရီယာ ရိုရှီနာ ဘယ်လို သေဆုံးရတယ်ဆိုတဲ့ အကြောင်းရင်းကို ဆုံးဖြတ်ဖို့ မဖြစ်နိုင်ကြောင်း အလောင်းရဲ့ အခြေအနေကို ပြောကြားခဲ့ပေမဲ့ အဖြေတွေ ပိုမိုရရှိနိုင်ဖို့ ယူကရိန်းက နိုင်ငံတကာ မှုခင်းဆေးပညာ ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

Ukrainska Pravda သတင်းဌာနမှ ရိုရှီနာ

++++++++++++++++++++

ဗစ်တိုရီယာရိုရှီနာရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူမရဲ့ ခန္ဓာကိုယ်တွင်းက ပျောက်ဆုံးနေတဲ့အင်္ဂါတွေနဲ့အတူ ရုရှားက ပြန်ရောက်လာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ သူမရဲ့ ရုပ်အလောင်းကို ကိုင်တွယ်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ အဖွဲ့ဝင်တွေကို ကိုးကားပြီး ဦးနှောက်၊ မျက်လုံးနဲ့ လေပြွန် ဒါမှမဟုတ် လေပြွန်အစိတ်အပိုင်းတွေ ပျောက်ဆုံးနေပြီး သေဆုံးရတဲ့ အကြောင်းရင်းကို ဖုံးကွယ်ဖို့ ရုရှားက ကြိုးပမ်းခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

CNN အနေနဲ့ ရုရှားလူ့အခွင့်အရေးဆိုင်ရာ ဖက်ဒရယ်ကော်မရှင်နာ တာယာနာ မိုကာလ်ကိုဗာ (Tatyana Moskalkova) နဲ့ ရုရှားပြည်တွင်းရေးဌာနတွေကို မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပါတယ်။

ထိန်းသိမ်းရေးစခန်းတွင် ရက်ရက်စက်စက် ချုပ်နှောင်ခံခဲ့ရခြင်း

ဗစ်တိုရီယာ ရိုရှီနာဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ သတင်းထောက်တဦးဖြစ်တဲ့သူမဟာ ယူကရိန်းနိုင်ငံတွင်းရှိ ရုရှားနိုင်ငံက ချုပ်ကိုင်သိမ်းပိုက်ထားတဲ့ ဒေသအစိတ်အပိုင်းတစ်ခုကို သွားရောက်ကာ ရုရှားတို့ရဲ့ အောက်မှာ နေထိုင်သူတွေရဲ့ အအခြေအနေတွေကို သသတင်းယူဖို့ သွားရောက်ခဲ့တယ်လို့ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေက ပြောကြားခဲ့ပါတယ်။

ယူကရိန်း မီဒီယာတစ်ခုဖြစ်တဲ့ ဟာရိုမက်စကီ (Hromadske) ရဲ့ အယ်ဒီတာဟောင်းအဖြစ် ဗစ်တိုရီယာ ရိုရှီနာနဲ့ တွဲလုပ်ခဲ့တဲ့သတင်းထောက် အီ့ဂျင်နီယာ မိုတိုရာ့ဗ်စကာရာ (Evgeniya Motorevskaya) က ငယ်ရွယ်သူသတင်းထောက်မလေးဟာ သူမရဲ့အလုပ်ကို တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

“ သူမအတွက် သတင်းစာပညာထက် ပိုအရေးကြီးတာ ဘာမှမရှိပါဘူး။ ဗစ်တိုရီယာဟာ နိုင်ငံအတွက် အရေးကြီးဆုံး အဖြစ်အပျက်တွေဖြစ်ခဲ့တဲ့ နေရာကို သတင်းယူဖို့ သွားခဲ့တာပါ။ ပြီးတော့ သူမအနေနဲ့ ဒါကို နှစ်ပေါင်းများစွာ ဆက်လက်လုပ်ဆောင်ချင်ပေမယ့် ရုရှားတွေက သူ့ကို သတ်ခဲ့တယ်” ဟု ဗစ်တိုရီယာ ရိုရှီနာရဲ့ သေဆုံးမှုကို ပထမဆုံးကြေညာတဲ့အချိန်မှာ ဟာရိုမက်စကီသတင်းရဲ့ ၀က်ဘ်ဆိုက်မှာ ထုတ်ဝေတဲ့ ကြေညာချက်မှာ သူမက ပြောကြားခဲ့ပါတယ်။

ဗစ်တိုရီယာ ရိုရှီနာရဲ့ ဖခင်ဟာ တာဝန်ကျစဉ်အတွင်း သူမထံကနေ မက်ဆေ့ခ်ျတွေကို ပြန်လည်တုံ့ပြန်တာ မမရှိတော့တဲ့အတွက် ပထမဦးဆုံးအကြိမ် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ကိုးလအကြာမှာ မော်စကိုက သူမကို ထိန်းသိမ်းထားတယ်လို့ ဝန်ခံခဲ့ပြီး သူမရဲ့မိသားစုဟာ သူမကို ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို မသိရှိခဲ့ကြပါဘူး။

အခြားယူကရိန်းအရပ်သား ထောင်ပေါင်းများစွာကဲ့သို့ပင် ဗစ်တိုရီယာ ရိုရှီနာကို ရုရှားအာဏာပိုင်တွေက သူတို့သိမ်းပိုက်ထားတဲ့ယူကရိန်းနယ်မြေအတွင်းမှာ ဖမ်းဆီးခဲ့ပြီး ရုရှားနိုင်ငံတွင်းကို ခေါ်ဆောင်သွားခဲ့ပေမဲ့ စွဲချက်တင်ခြင်း ဒါမှမဟုတ် စစ်ဆေးခြင်းမရှိဘဲ ချုပ်နှောင်ထားခဲ့ပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ကျန်းမာသန်စွမ်းတဲ့ အသက် ၂၇ နှစ်အရွယ် ဗစ်တိုရီယာ ရိုရှီနာဟာ သေဆုံးသွားခဲ့ပါတယ်။ သူမရဲ့မိသားစုဟာ တလကျော်အကြာမှ ရုရှားနိုင်ငံထံက အကြောင်းကြားစာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်သုံ့ပန်းတွေ ကုသရေး ယူကရိန်းညှိနှိုင်းရေးစင်တာက ပြောရေးဆိုခွင့်ရှိသူ ပက်ထရို ယက်စန်ကို (Petro Yatsenko) က ရုရှားနိုင်ငံတောင်ပိုင်း တာဂန်ရော့(Taganrog) မြို့ရှိ ထိန်းသိမ်းရေးစခန်းကနေ မော်စကိုကို ပြောင်းရွှေ့ခံရစဉ် ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ဗစ်တိုရီယာ ရိုရှီနာ သေဆုံးသွားခဲ့ပါတယ်။ ဗစ်တိုရီယာ ရိုရှီနာ သေဆုံးသွားကြောင်း အောက်တိုဘာလမှာ ရုရှားဖက်က အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

အပြောင်းအရွှေ့ဟာ အကျဉ်းသားလဲလှယ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သူမလွတ်မြောက်ရေးအတွက် ပြင်ဆင်ဖို့ဖြစ်တယ်လို့ ပြောပါတယ်။

တာဂန်ရော့ (Taganrog) ရှိ ထိန်းသိမ်းရေးစခန်းဟာ အကျဉ်းသားတွေကို ရက်စက် ကြမ်းကြုတ်စွာ ပြုမူခြင်းကြောင့် လူသိများပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရတာ၊ အစားအစာ လုံလောက်စွာ မရရှိသလို အခြေခံကျန်းမာရေး စောင့်ရှောက်မှုလည်း မပေးဘူးလို့ သိရပါတယ်။ အဲ့ဒီနေရာမှာ ထိန်းသိမ်းခံခဲ့ရတဲ့ အကျဉ်းသားတွေက အရင်က CNN ကို ပြောဆိုခဲ့ဖူးပါတယ်။

Ukrainska Pravda သတင်းဌာနနဲ့ သတင်းထောက်တွေဟာ သူမသေဆုံးကြောင်း ကြေညာခဲ့ပြီးနောက် နိုင်ငံတကာ မီဒီယာတစ်ဒါဇင်ကျော်က သတင်းထောက်တွေနဲ့ ပူးပေါင်းပြီး သူမဘဝရဲ့ နောက်ဆုံးလအနည်းငယ်အတွင်း ဘယ်လို ဖြစ်ပျက်ခဲ့တယ်ဆိုတာကို သိရှိဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒါဇင်နဲ့ချီတဲ့ အကျဉ်းသားတွေအပြင် ထောင်စောင့်တွေနဲ့ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေပါ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ သူတို့ဟာ သူမရဲ့လှုပ်ရှားမှုတွေကို ခြေရာခံနိုင်ပြီး သူမ ချုပ်နှောင်ခံရမှုအတွင်း ရက်စက်ကြမ်းကြုတ်စွာ နှိပ်ဆက်ခံရမှုကို ဖော်ထုတ်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဗစ်တိုရီယာ ရိုရှီနာ (Victoria Roshchyna)

ဗစ်တိုရီယာ ရိုရှီနာ (Victoria Roshchyna) ၏လုပ်ဖော်ကိုင်ဖက်များသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကိ့ဗ် (Kyiv) တွင် ဆုတောင်းမှုကို တက်ရောက်ခဲ့ကြစဉ်(ဓာတ်ပုံ)

ဗစ်တိုရီယာ ရိုရှီနာ (Victoria Roshchyna)၏သူငယ်ချင်းကသူ့ပုံကိုကိုင်၍ထားစဥ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 37 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော အစွမ်းထက်ဒုံးကျည်စမ်းသပ်မှုဖြင့် ပူတင် အင်အားပြ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 64 Views
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက် မော်စကို —နေတိုး (NATO) အဖွဲ့က “စေတန် ၂” (Satan II) ဟု အမည်ပေးပုံတူကူးထားသည့် ရုရှား၏ ကမ္ဘာ့အစွမ်းထက်ဆုံး ဒုံးကျည်စနစ်ကို အင်္ဂါနေ့က အောင်မြင်စွာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်ပွဲစတင်ကတည်းက အကြီးမားဆုံးနှင့် အချိန်အရှည်ကြာဆုံး ဒရုန်းတိုက်ခိုက်မှုဖြင့် ယူကရိန်းကို ရုရှားက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 66 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် ကိဗ်၊ ယူကရိန်း — ယူကရိန်းအာဏာပိုင်များ၏ ပြောကြားချက်အရ ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်ကို ရုရှားက တစ်ညတာအတွင်း အကြီးအကျယ် လှိုင်းလုံးကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ခြေရှိကြောင်း အရိပ်အမြွက်ပြသ၊ သို့သော် အဘယ်ကြောင့် ယခုမှပြောလာသနည်း

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 50 Views
CNN- နစ်ခ် ပါတန် ဝေါ့ရှ် (Nick Paton Walsh) ၏ ဝေဖန်ဆန်းစစ်ချက်  ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် ပြင်းထန်သော ဖိအားများ ကြုံတွေ့နေရသည့် အချိန်တွင် ထွက်ပေါ်လာသော ထူးခြားသည့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

-ယခုနှစ် မော်စကိုမြို့၏ အောင်ပွဲနေ့စစ်ရေးပြအခမ်းအနားသည် ယခင်နှစ်များနှင့်မတူဘဲ အလွန်ထူးခြားနေခဲ့သည်။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 51 Views
စတိဗ် ရိုဆင်ဘာ့ဂ်ရေးသားသည် BBC- ၂၀၂၆ခုနှစ်၊မေလ (၁၀)ရက် ကျွန်တော် ရင်ပြင်နီ (Red Square) ပေါ်က အောင်ပွဲနေ့စစ်ရေးပြပွဲ အတော်များများကို တက်ရောက်ဖူးပါသည်။ သို့သော် ယခုနှစ်၏ အခမ်းအနားမှာမူ ယခင်နှစ်များနှင့် လုံးဝကွဲပြားခြားနားနေသည်ဟု ခံစားရသည်။ ယခင်နှစ်များကဆိုလျှင်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နယ်မြေသိမ်းပိုက်မှု အရှိန်အဟုန်ကို ယူကရိန်း ပြောင်းပြန်လှန်နိုင်ခဲ့ဖွယ်ရှိကြောင်း သုတေသနအဖွဲ့ ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 75 Views
Aljazeera – ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက် ဧပြီလအတွင်း ရုရှားစစ်သည် ၃၅,၀၀၀ ကျော် သေဆုံး သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့သည်ဟု ယူကရိန်းက အခိုင်အမာ ပြောကြားနေချိန်တွင် မော်စကို၏
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

မော်စကိုရှိ လူသူကင်းမဲ့နေသော ဈေးဝယ်စင်တာတစ်ခုက ရုရှား၏ စီးပွားရေး အကျပ် အတည်းကို လှစ်ဟဖော်ပြနေခြင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက် မော်စကိုမြို့ ဆင်ခြေဖုံးရှိ ခမ်းနားထည်ဝါသော ဈေးဝယ်စင်တာတစ်ခု၏ အတွင်းခန်းမထဲတွင် မြူးကြွသော ပေါ့ပ်တေးဂီတသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ သို့သော်ဈေးဝယ်သူ များ ဖြင့် စည်ကားသိုက်မြိုက်နေစေရန်