နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားတပ်ဖွဲ့များသည် ရုရှား-ယူကရိန်းနယ်စပ်တလျှောက် ‘ကြားခံဇုန်’ ဖန်တီးနေသည်ဟု ပူတင်ပြော

+++++++++++++++++++

မေလ (၂၆) ရက်။

ရုရှားနှင့် ယူကရိန်းကြား နယ်နိမိတ်တစ်လျှောက် “လုံခြုံရေးကြားခံဇုန်” ကို ရုရှားလက်နက်ကိုင်တပ်ဖွဲ့များက ဖန်တီးနေကြောင်း သမ္မတဗလာဒီမာပူတင်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“နယ်စပ်တလျှောက် လိုအပ်တဲ့လုံခြုံရေးကြားခံဇုန် ဖန်တီးဖို့ ဆုံးဖြတ်ချက်ချပြီးပြီလို့ ကျနော် ပြောထားပြီးသားပါ။ ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေက ဒီပြဿနာကို လောလောဆယ် ဖြေရှင်းနေပါတယ်။ ရန်သူတွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို တက်ကြွစွာ ဖြိုခွင်းနေပြီး လုပ်ဆောင်မှုတွေကို ဆက်လုပ်နေပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Heorhii Tykhyi က အဆိုပါ အစီအစဉ်သည်ရန်လိုမှုဖြစ်ပြီး ရုရှားသည် ယခု ငြိမ်းချမ်းရေး ကြိုးပမ်းမှု၏ အတားအဆီး ဖြစ်ကြောင်း သက်သေပြသခဲ့သည်ဟု ဆိုသည်။

ယူကရိန်းနှင့် ရုရှားအကြား အကျဉ်းသား လဲလှယ်ရန် မျှော်လင့်ထားသည့် ကြာသပတေးနေ့က ကြေညာချက်သည် သုံးနှစ်အတွင်း နှစ်နိုင်ငံကြား ပထမဆုံးအကြိမ် တိုက်ရိုက်တွေ့ဆုံမှုအဖြစ် ပြီးခဲ့သည့် သီတင်းပတ်က တူရကီ၌ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှု၏ ရလဒ်ဖြစ်သည်။

ရုရှားသမ္မတသည် မတ်လတွင် ရုရှားနိုင်ငံ Kursk ဒေသသို့ အလည်အပတ်သွားရောက်စဉ်တွင် “ကြားခံဇုန်” ဖန်တီးနိုင်ခြေကို ယခင်က ပြောကြားခဲ့ဖူးသည်။ သူသည် ကြာသပတေးနေ့တွင် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ်တွင် နယ်စပ်စီမံကိန်းကို နှစ်ဆတိုးမြှင့် လုပ်ဆောင်စေပြီး နယ်စပ်ဒေသတွင် ပျက်စီးသွားသော အရာအားလုံးကို ပြန်လည်တည်ဆောက်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

“လူတွေကို သူတို့ရဲ့ ဇာတိရွာတွေ၊ အခြေချနေထိုင်သူတွေ (နဲ့) လုံခြုံရေးအခြေအနေတွေအရ၊ သယ်ယူပို့ဆောင်ရေးနဲ့ တခြားအခြေခံအဆောက်အအုံတွေအားလုံးကို ပြန်လည်ထူထောင်ဖို့ (ကျွန်တော်တို့) ကူညီပေးရမယ်” ဟု ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။

ရုရှားခေါင်းဆောင်သည် “ပြန်လည်ထူထောင်ရေး” ပရောဂျက်များကို ဆွေးနွေးရန်အတွက် သီးခြားအစည်းအဝေးတစ်ခု ကျင်းပရန် စီစဉ်နေကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံ ကာ့စ် (Kursk) ဒေသကို ယူကရိန်းတပ်ဖွဲ့များထံမှ လုံး၀ပြန်လည်သိမ်းယူကြောင်း ကြေညာပြီးသည့်နောက် ရက်ပိုင်းအတွင်း ရုရှားနိုင်ငံ ကာ့စ်ဒေသသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့ပြီး ရက်ပိုင်းအကြာတွင် အဆိုပါ ကြေညာချက် ထွက်ပေါ် လာခြင်း ဖြစ်သည်။

ကာ့စ်ရှိ အီလီဂေါ (Lgov) မြို့ကို ယူကရိန်း တိုက်ခိုက်မှုအတွင်း ကလေးနှစ်ဦး အပါအဝင် အရပ်သား ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသယာယီအုပ်ချုပ်ရေးမှူးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ကနဦးအကဲဖြတ်ချက်အရ ယာဉ်လေးစီး၊ အိမ်နှစ်အိမ်နှင့် တိုက်ခန်းတစ်ခန်းတို့လည်း ပြင်းထန်စွာ ဒုံးကျဥ်ထိမှန်ခဲ့ကြောင်း တာဝန်ရှိသူက ပြောသည်။

ရုရှားခေါင်းဆောင်သည် ၎င်းဒေသသို့ လာရောက်လည်ပတ်စဉ်အတွင်း ကြားခံဇုန်အသစ်အား မြူနီစပယ်အရာရှိများနှင့် ဆွေးနွေးခဲ့ကြောင်း အမေရိကန်အခြေစိုက် ပဋိပက္ခစောင့်ကြည့် လေ့လာရေးအင်စတီကျုမှ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။

ဆူမီဒေသတွင် ကြားခံဇုန်တည်ဆောက်ရန် ဒေသခံအရာရှိတစ်ဦးမှ ပူတင်အား တောင်းဆိုခဲ့ပြီး ပူတင်သည် ဇုန်အတွင်း ကီလိုမီတာမည်မျှ ရှိသင့်သနည်းဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယူကရိန်းတပ်ဖွဲ့ဝင်များသည် ရုရှားနယ်စပ်သို့ ရွှေ့ပြောင်းရန် ကြိုးပမ်းခဲ့ကြောင်း ၎င်း၏ ခရီးစဉ်အတွင်း ပူတင်က ပြောကြားခဲ့ကြောင်း RIA Novosti သတင်းဌာနက ဖော်ပြခဲ့သည်။

ကိယက်ဗ်သည် ပြီးခဲ့သောသြဂုတ်လတွင် ရုရှားနယ်နိမိတ်အတွင်းသို့ ထိုးစစ်ဆင်ခဲ့ရာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားနိုင်ငံအား ပြည်ပမှ ပထမဆုံးမြေပြင်ကျူးကျော်မှုအဖြစ် စတင်ခဲ့ပြီး ဒေသ၏အစိတ်အပိုင်းများကို ပြီးခဲ့သည့်လနှောင်းပိုင်းအထိ ထိန်းချုပ်ထားခဲ့သည်။ ကိယက်ဗ်သည် မည်သည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်မဆို ၎င်းဒေသအား အဓိကအလျှော့အတင်း ပြုလုပ်ရန် ရည်ရွယ်ထားသည်။

စစ်ပွဲအဆုံးသတ်ရေး စတင်ဆွေးနွေးပြီး တစ်ဖက်မှ လူ ၁၀၀၀ ကို တူရကီတွင် လူချင်းလဲ လှယ် ရန် ကိယက်ဗ်နှင့် မော်စကိုမှ အဖွဲ့ဝင်များ လူချင်းတွေ့ဆုံပြီး အကျဉ်းသားလဲလှယ်ရေး သဘောတူညီခဲ့ကြသည့် ပြီးခဲ့သော သီတင်းပတ်အထိ ယင်းဆွေးနွေးပွဲသည် အကောင်အထည် မပေါ်သေးပေ။

ရုရှားနိုင်ငံသည် ယူကရိန်း၏ အဆိုပြုထားသည့် စစ်သုံ့ပန်းများစာရင်းကို မျှော်လင့်ထားသော လဲလှယ်မှုအတွင်း လဲလှယ်ကြရန် ရုရှားနိုင်ငံမှ လက်ခံရရှိထားကြောင်း ကရင်မလင်၏ ပြောရေး ဆိုခွင့်ရှိသူ ဒီမီထရီပက့်စ်ကော့ဗ် (Dmitry Peskov) က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“ဟုတ်ပါတယ်၊ အခု ကျွန်တော်တို့ လက်ခံရရှိထားပါတယ်” ဟု ပက့်စ်ကော့ဗ်က ယူကရိန်း စာရင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးက ယူကရိန်းသည် “ရုရှားဘက်မှ တင်ပြသော စာရင်းတွင်ပါဝင်သော လူတစ်ဦးစီအတွက် အသေးစိတ်အချက်အလက်များကို ရှင်းလင်းပေးခဲ့သည်” ဟု X ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“ရုရှားသုံ့ပန်းများထဲမှ ကျွန်တော်တို့၏လူ ၁,၀၀၀ ကို လွှတ်ပေးရန် သဘောတူညီချက်သည် တူရကီတွင် တွေ့ဆုံမှု၏ တစ်ခုတည်းသော မြင်သာထင်သာသော ရလဒ်ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဤရလဒ်ကို အောင်မြင်စေရန်အတွက် ကျွန်တော်တို့ လုပ်ဆောင်နေသည်” ဟု ဇလန်းစကီးက ရေးသားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 93 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 93 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 89 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 90 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 105 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက