နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

အရပ်သားများအပေါ် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုသည် အောင်ပွဲအတုအယောင် ဖန်တီးရန် ကြိုးပမ်းမှုဖြစ်သည်ဟု ကျွမ်းကျင်သူများပြော

မေလ (၂၇) ရက်။

တတိယတန်းကျောင်းသား စတိန်နိစလပ်ဗ် မာတင်ညူ့ (Stanislav Martyniuk) သည် ကျောင်းတွင် ရိုက်ထားသည့်ဓာတ်ပုံများအထဲမှ ဂုဏ်ယူသည့်မျက်နှာဖြင့် ကင်မရာကို ကြည့်နေသည်ကို တွေ့ရသည်။ စားပွဲပေါ်တွင် လက်နှစ်ဖက်ကိုချိတ်ထားပြီး မျက်မှန်အောက်က မျက်လုံးများက သူသည် ထက်မြက်ပြီး ချစ်စရာကောင်းသည့် ရှစ်နှစ်သားပညာရှင်ပုံ ပေါက်နေသည်။

စတိန်နိစလပ်ဗ်၏ ဓာတ်ပုံနှင့်အတူ ၎င်း၏အစ်မ တာမရာ (အသက် ၁၂ နှစ်) နှင့် အစ်ကို ရိုမန် (Roman) အသက် ၁၇ နှစ်တို့နှင့်အတူ ကျောင်းတွင် ယာယီအမှတ်တရ ပြသခဲ့ပြီး ဆိုရှယ်မီဒီယာတွင် မျှဝေခဲ့သည်။ သီတင်းပတ်ကုန်က ရုရှားစစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ၎င်းတို့ မောင်နှမများ၏ နေအိမ်ကို ထိမှန်ခဲ့ပြီး သုံးဦးစလုံး သေဆုံးခဲ့ရသည်။

၎င်းတို့ မောင်နှမ ၃ ဦးသည် သီတင်းပတ်ကုန်က ရုရှားလေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ အနည်းဆုံး အရပ်သား ၁၄ ဦး သေဆုံးခဲ့သည့် အထဲတွင် ပါဝင်ခဲ့သည်။

ရက်စက်ကြမ်းကြုတ်သည့် စစ်ဆင်ရေးသည် ရုရှားတို့က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ သည့် ဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောပါသည်။ ၎င်းတို့သည် ပဋိပက္ခတွင် အသာစီးရရန်၊ ယူကရိန်းတို့ကို စိတ်ဓာတ် ကျဆင်းစေကာ ၎င်း၏ အနောက်တိုင်း ကျောထောက်နောက်ခံများထံ ထပ်လောင်းဖိအားပေးနိုင်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။

ရုရှားသည် ပြီးခဲ့သည့် ဆောင်းရာသီတွင် အီရန်လုပ် ဒရုန်း Shahed ၏ ရုရှားဗားရှင်းကို အောင်မြင်စွာ တိုးချဲ့ထုတ်လုပ်နိုင်ခဲ့ပြီးနောက် ယူကရိန်းအပေါ် လေကြောင်းမှ တိုက်ခိုက်မှုများကို အရှိန်မြှင့်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ပြန်ရောက်သည့် ဇန်နဝါရီကတည်းက ယင်းတိုက်ခိုက်မှုများ၏ အကြိမ်ရေနှင့် အတိုင်းအတာသည် တစ်ဖန် တိုးလာခဲ့သည်။ ထရမ့် အိမ်ဖြူတော်သို့ ပြန်ရောက်ကတည်းက ရုရှားဒရုန်းတိုက်ခိုက်မှု ငါးခုကို လုပ်ဆောင်ခဲ့ပြီး ၎င်းတို့ထဲမှ လေးခုမှာ လွန်ခဲ့သည့် ၁၀ ရက်အတွင်း ဖြစ်ပွားခဲ့ကြောင်း CNN ၏ စာရင်းဇယားများအရ သိရသည်။

ယမန်နှစ် သမ္မတရွေးကောက်ပွဲတွင် ထရန့်သည် ၎င်း၏ ဦးစားပေးကိစ္စများအနက်မှ တစ်ခုဖြစ်သော ယူကရိန်းစစ်ပွဲကို သမ္မတအဖြစ်တာဝန်ယူအပြီး ၂၄ နာရီအတွင်း ပဋိပက္ခကို အဆုံးသတ်မည်ဟု ပြောကြားခဲ့သည်။

ယင်းသို့ ကတိပေးခဲ့သော်လည်း ထရမ့်သည် ရုရှားနှင့် ယူကရိန်းအစိုးရများအပေါ်တွင် ပိုမိုစိတ်ပျက်နေပုံရသည်။ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို မလိုက်နာပါက ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ လုံးဝ နှုတ်ထွက်မည်ဟု ရုရှားကို ခြိမ်းခြောက်ခဲ့ပြီး ရုရှားအပေါ် ၎င်း၏ ရပ်တည်ချက်ကို ပြောင်းလဲခဲ့သည်။

သီတင်းပတ်ကုန်က စစ်ပွဲစတင်ချိန်ကတည်းက ယူကရိန်းကို ရုရှားက အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ “လုံးဝ ရူးသွပ်သွားပြီ” ဟု ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။ နောက်ပိုင်းမှာ သူက သတင်းထောက်များကို “ပူတင်လုပ်နေတာတွေကို မကြိုက်ဘူး” ဟု ပြောဆိုခဲ့သည်။

“အမေရိကန် နှုတ်ဆိတ်နေခြင်း” သည် ပူတင်အား ဆက်လက်တိုက်ခိုက်ရန် အားပေးနေသည်ဟု ယူကရိန်းသမ္မတ ဇလန်းစကီးက ဝေဖန်ခဲ့သည်။ ဇလန်းစကီး ၏ပါးစပ်မှထွက်လာသောစကားများသည် ယူကရိန်းကို ထိခိုက်စေပြီး ပြဿနာများကို ဖြစ်စေသည့်အတွက် ရပ်သင့်သည်ဟု ထရမ့်က ပြောကြားခဲ့သည်။

ရုရှားအနိုင်ရရန် တစ်ခုတည်းသော နည်းလမ်း

ရုရှား၏ ရက်စက်ကြမ်းကြုတ်သော လေကြောင်းတိုက်ခိုက်မှုများသည် ရုရှားက စစ်ပွဲကို အနိုင်ရနေသည်ဆိုသည့် စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ယူကရိန်းတို့အား စိတ်ဓာတ် ပျက်ပြားစေရန်နှင့် အနောက်နိုင်ငံများက ရုရှားကသာ အောင်ပွဲရမည်ဖြစ်ပြီး ယူကရိန်းကို ထောက်ပံ့ခြင်းမှာ အချည်းနှီးဖြစ်ကြောင်းကို ပြသလိုခြင်းဖြစ်ကြောင်း အမေရိကန်မှ ပညာရှင်အဖွဲ့မှ ကျွမ်းကျင်သူများက ပြောဆိုကြသည်။

မဝေးတော့သည့် အနာဂတ်တွင် ရုရှားက ယူကရိန်းစစ်ပွဲကို အောင်နိုင်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ယူကရိန်းကို ထောက်ပံ့နေသည့် အနောက်အုပ်စုနိုင်ငံများ အထူးသဖြင့် အမေရိကန်က ယူကရိန်းစစ်ပွဲအား ထောက်ပံ့နေခြင်းကို ရပ်တန့်ခြင်းသာဖြစ်ကြောင်း ပူတင်က နားလည်ထားသည်။

ယူကရိန်း၏ ဥရောပမှ ကူညီထောက်ပံ့နေသည့်နိုင်ငံများတွင် ရုရှားနှင့် ဆက်နွှယ်နေသည့် ဖောက်ခွဲဖျက်ဆီးမှု၊ ဆိုက်ဘာတိုက်ခိုက်မှုနှင့် မီးရှို့မှုတို့ တိုးလာသည်ကို မြင်တွေ့နေရသည်။ ၎င်းက ယူကရိန်းအစိုးရကို ထောက်ခံသည့်အတွက် ပေးဆပ်ရခြင်းသာဖြစ်သည်ဟု မဲဆန္ဒရှင်များကို ပြသခြင်းအားဖြင့် ယူကရိန်းအစိုးရကို ပိုမိုဖိအားပေးရန် ရုရှားအစိုးရ၏ ကြိုးပမ်းမှု ဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် ပူတင်သည် ထရမ့်အဆိုပြုထားသော အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို အောင်မြင်စွာ နှောင့်နေးအောင် ပြုလုပ်နိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့က ပူးပေါင်းဆောင်ရွက်နေသည့် အနေအထား ပုံဖော်ရန်နှင့် ယူကရိန်းအပေါ် အပြစ်ပုံချရန် ကြိုးပမ်းလျက်ရှိသည်။

ပူတင်သည် ထရမ့်၏ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ပယ်ချခဲ့ပြီး တောင်းဆိုချက်အသစ်များကို တင်ပြခဲ့ပြီး ၎င်းတို့အား လက်ခံရန် ငြင်းဆိုခဲ့သည်ဟု ယူကရိန်းကို စွပ်စွဲခဲ့သည်။

နောက်ဆုံး ရာဇသံနှင့် ရင်ဆိုင်နေရသည့် ပူတင်က ၎င်းရာဇသံကို လျစ်လျူရှုခဲ့ပြီး ယူကရိန်းနှင့် ရုရှားကြား တိုက်ရိုက်ညှိနှိုင်းရန် တောင်းဆိုခဲ့သည်။ ထရမ့်သည် ၎င်းကို လျင်မြန်စွာ ထောက်ခံခဲ့ပြီး ယူကရိန်း၏ ကျောထောက်နောက်ခံနိုင်ငံများကို အံ့အားသင့်စေခဲ့သည်။

ယူကရိန်းအပေါ် အမေရိကန်ရဲ့ စစ်ရေးအကူအညီကို ယခင်ကဲ့သို့ “ဆက်လက် လုပ်ဆောင်သွားဖို့ မလိုလားဘူး” ဟု ထရမ့်က ထပ်ခါတလဲလဲ ပြောခဲ့ပါသည်။ ယခုနှစ်အစောပိုင်းတွင် ထရမ့်နှင့် ဇလန်းစကီးအကြား ကွဲပြားမှုများကြောင့် ယူကရိန်းသို့ အကူအညီများ တင်ပို့မှုကို အမေရိကန်က ယာယီ ရပ်ဆိုင်းခဲ့သည်။ အကူအညီများ ပြန်လည်စတင်နေပြီဖြစ်သော်လည်း ယင်းဖြစ်ရပ်သည် ထရမ့်သည် ယူကရိန်းကို စွန့်လွှတ်ရန် ဆန္ဒရှိကြောင်း ပူတင်အား ပြတ်သားစွာ အချက်ပြခဲ့သည်။

ရုရှားသည် ယူကရိန်းထက် လေကြောင်း သာလွန်မှုရှိပြီး ယူကရိန်းပြည်သူများကို နေ့စဉ်နေ့တိုင်း အကြမ်းဖက်နေသော်လည်း ရုရှားသည် စစ်ပွဲတွင် အနိုင်ရရန် ဝေးကွာနေပါသည်။

လက်ရှိအခြေအနေသည် ရုရှားနှင့် ယူကရိန်းနှစ်နိုင်ငံစလုံး ဆုံးရှုံးနေသည်ဟု ရှုမြင်ခြင်းသည် သင့်လျော်သည်ဟု ရုရှားကျွမ်းကျင်သူ Mark Galeotti က CNN သို့ ယခင်က ပြောကြားထားသည်။ “ဒါပေမယ့် တကယ့်လက်တွေ့မှာ ယူကရိန်းဘက်က မြန်မြန်ဆန်ဆန် ရှုံးနေတာတဲ့ အခြေအနေ” ဖြစ်ကြောင်း ပြောခဲ့သည်။

အထက်တွင် ဖော်ပြခဲ့သည့် မောင်နှမသုံးဦး တက်ရောက်ခဲ့သည့် ကျောင်း၏ အဆိုအရ အကြီးဆုံး ရိုမန်သည် ကျောင်းပြီးရန် ရက်အနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရသည်။

၂၆ ရက်နေ့သည် ကျောင်းအတွက် အလွန်ခက်ခဲသောနေ့ဖြစ်ကြောင်း တာမရာ ၏ဆရာက CNN သို့ ပြောကြားခဲ့သည်။

စစ်ပွဲ၏ ဒဏ်ရာဒဏ်ချက်များကို နေရာတိုင်းတွင် မြင်နေရသည်။ ပေါက်ကွဲမှု၏ အရှိန်ကြောင့် ကျောင်းပြတင်းပေါက်များ လွင့်ထွက်သွားသည်။ ကျောင်းအ၀င်ဝတွင် ပန်းများ၊ အရုပ်များဖြင့် ပြည့်နှက်နေသည်။

“ဒီသတင်းက လူမှုအသိုင်းအဝိုင်းကို တုန်လှုပ်စေခဲ့ပြီး တချို့ကလေးတွေက ကျောင်းကို လာဖို့ ဒါမှမဟုတ် အောက်မေ့ဖွယ်ပွဲကို တက်ရောက်ဖို့ အရမ်းတုန်လှုပ်နေကြတယ်” ဟု တာမရာ၏ ဆရာမက ပြောပါသည်။ “ဘယ်သူကမှ ဆော်သြစရာ မလိုဘဲ ကျောင်းက ကျောင်းသူကျောင်းသား အားလုံးနီးပါး အနက်ရောင်ဝတ်ကြတယ်။ တာမရာဟာ သူ့မွေးချင်းတွေလိုပဲ အကျင့်စာရိတ္တကောင်းပြီး ကျိုးနွံတဲ့ကလေးတစ်ယောက်ပါ။”

ဓာတ်ပုံ (၁)

ယူကရိန်းနိုင်ငံ ကိုရိုစတစ်ရှုဗ်မြို့ကို ရုရှားတိုက်ခိုက်မှုတွင် သေဆုံးခဲ့ရသည့် မောင်နှမသုံးဦး

ဓာတ်ပုံ (၂)

၂၅ ရက်နေ့က ယူကရိန်းမြို့တော် ကိယက်ဗ်တွင် ရုရှားဒရုန်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အိမ်တစ်လုံးကို ဒေသခံများ ကြည့်ရှုနေစဉ်/သောမတ်ပီတာ/ရိုက်တာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊