နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းအောင်လှိုင်က သူ့ကိုယ်သူ အာဏာလွှဲအပ်ခဲ့တဲ့အမိန့်ကို ကာ/လုံအစည်းအဝေးမှာ ပြန်လည်ပယ်ဖျက်

ညိုစော ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်တို့ကို ဖွဲ့စည်းခဲ့

ဇူလိုက်လ (၃၁)ရက်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ အာဏာလွှဲအပ်ခဲ့တဲ့ အမိန့်ကို ဒီကနေ့မှာ ကာ/လုံအစည်းအဝေးခေါ်ပြီး ပြန်လည်ပယ်ဖျက်လိုက်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အရေးပေါ်ကာလသက်တမ်း (၆)လထပ်တိုးထားတာ ပြည့်သွားတဲ့နောက် ဒီကနေ့ နံနက်ပိုင်းအချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာ/လုံ)အစည်းအဝေးကို ခေါ်ယူခဲ့တာပါ။

အဲ့ဒီလို ကာ/လုံအစည်းအဝေး ခေါ်ယူပြီး နိုင်ငံအာဏာလွှဲအပ်ထားတာကို စစ်တပ်ဦးစီးချုပ်ဖြစ်တဲ့ မင်းအောင်လှိုင်က တာဝန်ပြီးမြောက်တဲ့ အစီရင်ခံစာကို တင်ပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မင်းအောင်လှိုင်တင်ပြတဲ့ အစီရင်ခံစာကို လက်ခံရရှိကာ ကာ/လုံအစည်အဝေးအနေနဲ့ နိုင်ငံအာဏာလွှဲအပ်ခဲ့တဲ့ အမိန့်ကို ယာယီသမ္မတ မင်းအောင်လှိုင်က ပယ်ဖျက်လိုက်တာလို့ ရေးသားထားပါတယ်။

နောက်ပြီး အဲ့ဒီကာ/လုံအစည်းအဝေးမှာ ဝန်ကြီးချုပ်အနေနဲ့ ညိုစော ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သလို လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ကိုလဲ ထည့်သွင်းဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်မှာ မင်းအောင်လှိုင်က ဥက္ကဋ္ဌ၊ စိုးဝင်းက ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအနေနဲ့ ရဲဝင်းဦးဖြစ်ကာ အဖွဲ့ဝင်တွေကတော့ ညိုစော၊ အောင်လင်းဒွေး၊ မောင်မောင်အေး၊ ထွန်းထွန်းနောင်၊ ရာပြည့်၊ ဦးသန်းဆွေနဲ့ ကျော်စွာလင်းတို့ ဖြစ်ပါတယ်။

(၄)နှစ်ခွဲကျော်ကြာ နိုင်ငံအာဏာကို အဓမ္မရယူဖို့ ကြိုးစားခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အဲ့ဒီကာလထဲ အပြစ်မဲ့ပြည်သူ (၇၀၀၀)ကျော်ကို သတ်ဖြတ်ခဲ့ပြီး အခုအချိန်မှာတော့ စစ်ရေးထွက်ပေါက်အနေနဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာပါ။

စစ်ကောင်စီဟာ ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ဖို့ အရေးပေါ်ကာလကို သက်တမ်းထပ်မတိုးတော့ဘဲ စစ်တပ်ဦးစီးချုပ်နဲ့ ယာယီသမ္မတတာဝန်ယူထားခဲ့တဲ့ မင်းအောင်လှိုင်ဟာ ဥပဒေတွေ တခုပြီးတခု ထုတ်ပြန်နေတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ပေးနေတယ်ဆိုပြီး ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 21 Views
ဇန်နဝါရီလ (၁၅)ရက်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ပေးနေတယ်လို့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ
မြန်မာသတင်း

ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်းကို မူးယစ်ဆေးဝါးတွေနဲ့အတူ PDF ဖမ်းမိ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 25 Views
ဇန်နဝါရီလ (၁၅)ရက်။ မနေ့က မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်း စိန်လွင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ပြည်ပသံရုံးတရုံးနဲ့ တွေ့ဆုံတာကြောင့် ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင်တဦးကို ဖမ်းဆီးတာလို့ စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 16 Views
ဇန်နဝါရီလ (၁၅)ရက်။ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင် ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ပသံရုံးတရုံးနဲ့ လျှို့ဝှက်စွာတွေ့ဆုံတာကြောင့် ဖမ်းဆီးတာဆိုပြီး စစ်တပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်သက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ဒီဇင်ဘာလ (၁၈)ရက်နေ့က ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ
မြန်မာသတင်း

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 35 Views
ဇန်နဝါရီလ (၁၄)ရက်။ မနေ့က ညနေပိုင်းအချိန်က ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က လာဖမ်းသွားတယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့ ညနေကပဲ ဗဟန်းက သူ့ရဲ့နေအိမ်မှာ လာဖမ်းသွားတာ။
မြန်မာသတင်း

တနှစ်တာထဲ KNU တပ်မဟာ(၅)မှာ တိုက်ပွဲပေါင်း (၁၀၀၀)ကျော် ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 25 Views
ဇန်နဝါရီလ (၁၄)ရက်။ ပြီးခဲ့တဲ့ (၁)နှစ်တာကာလထဲ KNU တပ်မဟာ(၅)မှာ စစ်တပ်နဲ့ တိုက်ပွဲပေါင်း (၁၁၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲ စစ်တပ်ဘက်က (၂၈၄)ဦးသေဆုံးပြီး (၄၅၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲ G-3
မြန်မာသတင်း

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ဖိတ်ခေါ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 26 Views
ဇန်နဝါရီလ (၁၄)ရက်။ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ ထပ်မံဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးဆိုတာဟာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ ရရှိမှာဖြစ်တာကြောင့် ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်သင့်တာကို
မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 50 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UDLA က ပေးပို့တဲ့ ပြစ်တင်ရှုတ်ချလွှာမှာ အချက် (၄)ချက်နဲ့ ဖော်ပြထားပြီး NUG
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 37 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းတုန်းမြို့ကနေ သရက်မြို့ကို မဲပုံးတွေလာပို့တဲ့