နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကော့ကရိတ်မှာ စစ်အုပ်စုက တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကျဲတိုက်ခိုက်

ကော့ကရိတ်မြို့အဝင်တံတား မိုင်းထိကာပျက်စီး

၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ (၂၁) ရက် ၊ ကော့ကရိတ်။

ယနေ့ ဒီဇင်ဘာ (၂၁) ရက် မနက်ပိုင်း ၄ နာရီဝန်းကျင်အချိန် က ကော့ကရိတ်မြို့ KNU တပ်မဟာ ၆ နယ်မြေ ကို စစ်အုပ်စု က လေကြောင်းကနေ တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံများထံကသိရသည်။

ကော့ကရိတ်မြို့က ဒေသတွေမှာ စကစ နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ တို့ နှစ်ဘက် တိုက်ပွဲတွေပြင်းထန်နေပြီး ကော့ကရိတ် – မြ၀တီ အာရှလမ်းမကြီးကတော့ တိုက်ပွဲများကြောင့် ယာယီပိတ်ထားဆဲဖြစ်သည်။

ကော့ကရိတ်မြို့အဝင်က တံတားတခုလည်း မိုင်းခွဲခံရပြီး ကျိူးကျ ပျက်စီးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်က အနည်းငယ်ထိခိုက်မှုရှိပေမယ့် သေဆုံးသူမရှိပေ။

စစ်အုပ်စုက ရွာများကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ရွာသူ၊ ရွာသားများနှင့် ကလေး သူငယ်များ ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရကြောင်း NUG တောင်ပိုင်းစစ်ဒေသသတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ကော့ကရိတ်မြို့နယ် တောနော်ရေတံခွန်အနီး မိုင်းခွဲခံထားရသော တံတားတွင် ကားများ တစ်စီးပြီးမှ တစ်စီး ပုံစံဖြင့် ဖြတ်သန်းနေရသဖြင့် ကားလမ်းများ ပိတ်ဆို့လျက်ရှိနေသေးကြောင်းသိရသည်။

AlinKar/Era’sEyes | Photo – CRD – မိုင်းထိကာပျက်စီးသွားသည့်တံတားကိုတွေ့ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျွန်းလှမြို့ထဲ စစ်ကောင်စီက (၃)ရက်ဆက်တိုက် မီးရှို့တာနဲ့ လေကြောင်းပစ်ခတ်တာကြောင့် ဒေသခံ (၈၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 2 Views
နိုဝင်ဘာလ (၂၃)ရက်။ နိုဝင်ဘာလ (၂၀)ရက်နေ့ကစပြီး (၂၂)ရက်နေ့အထိ ကျွန်းလှမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီနဲ့ ပျူစောထီးတွေက စစ်ကြောင်းထိုးမီးရှို့တာ၊ လေကြောင်းပစ်ခတ်တာနဲ့ ဒရုန်းနဲ့
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ဖိလစ်ပိုင်မှာကျင်းပတဲ့ အာဆီယံကြည်းတပ်ဦးစီးချုပ်‌တွေ အစည်းအဝေး စစ်ကောင်စီတက်ရောက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 2 Views
နိုဝင်ဘာလ (၂၃)ရက်။ နိုဝင်ဘာလ (၂၁)ရက်နေ့က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်တွေ အစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်ကောင်စီရဲ့ မထောအခြေစိုက်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 2 Views
နိုဝင်ဘာလ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီ (၄၈)မိနစ်အချိန်က စစ်ကောင်စီရဲ့ မထောအခြေစိုက်တပ်စခန်းကို အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မထောအခြေစိုက်တပ်စခန်းဟာ စစ်ကောင်စီရဲ့ စကခ(၈)လက်အောက်ခံ ခမရ(၄၀၇)၊ ခမရ(၄၀၈)နဲ့
မြန်မာသတင်း

NUG က ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်နဲ့ ဝင်ခွင့်လျှောက်ထားတဲ့ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက အမည်မည်းစာရင်းသွင်းပြီး နိုတြီပြုလုပ်ပေးသူ (၃)ဦးကို ဖမ်းဆီးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 10 Views
နိုဝင်ဘာလ (၂၂)ရက်။ NUG က ထုတ်ပေးတဲ့ ဆေးပညာဘွဲ့လက်မှတ်နဲ့ ထိုင်းမှာ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားတဲ့ အမျိုးသမီး (၂)ဦးကို စစ်ကောင်စီက Black List(အမည်မည်းစာရင်း)သွင်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မဆုပြည့်မျိုးသက်နဲ့ မသဉ္ဇာထက်တို့ဟာ ဆေးတက္ကသိုလ်(မန္တလေး)က သင်တန်းကို
မြန်မာသတင်း

ရေဦးမြို့မှာ ပျူစောထီးတွေ သင်တန်းဆင်းနေချိန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ၊ (၄)ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 8 Views
နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်မှာ ရေဦးမြို့ရှိ ထွေအုပ်ရုံးထဲ ပျုစောထီးတွေ သင်တန်းဆင်းနေချိန် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေဦး PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထွေအုပ်ရုံးထဲ ပျူစောထီးတွေ သင်တန်းဆင်းနေချိန် ရွှေဘိုခရိုင်
မြန်မာသတင်း

စစ်ကောင်စီဖွဲ့စည်းတဲ့ မီဒီယာကောင်စီဟာ မြန်မာသတင်းသမားတွေကို ကိုယ်စားမပြုဘဲ ပြင်းထန်စွာကန့်ကွက်တယ်လို့ IPCM ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 9 Views
နိုဝင်ဘာလ (၂၂)ရက်။ စစ်ကောင်စီဖွဲ့စည်းတဲ့ သတင်းမီဒီယာကောင်စီဟာ လွတ်လပ်တဲ့ မြန်မာသတင်းသမားတွေကို ကိုယ်စားမပြုဘူးလို့ လွတ်လပ်သော သတင်းမီဒီယာကောင်စီ(IPCM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကောင်စီဟာ စစ်ကောင်စီ သက်ဆိုးရှည်ဖို့ ဝါဒဖြန့်ချိရေးယန္တရား ပိုမိုခိုင်မာစေဖို့နဲ့ နိုင်ငံတကာကို သတင်းမှားဖြန့်ချိဖို့ လုပ်ဆောင်ဖို့အတွက်
မြန်မာသတင်း

မတ္တရာတိုက်ပွဲထဲ စစ်ကောင်စီက လေကြောင်းကနေ ဓါတုအဆိပ်ငွေ့ဗုံးတွေ အသုံးပြုတိုက်ခိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 8 Views
နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ နံနက် (၁၁)နာရီခွဲအချိန်က မတ္တရာမြို့နယ်အနောက်ဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲထဲ စစ်ကောင်စီက ဓါတုအ‌ဆိပ်ငွေ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မတ္တရာအနောက်ဘက် မြစ်ရိုးတလျှောက်က ရွာတွေကို စကစက အဆိပ်ဓါတုဗုံးတွေနဲ့
မြန်မာသတင်း

မကွေးမြို့ရှိ ဆေးခန်းတစ်ခုက ဆရာဝန်မတစ်ဦး ဓါးထိုးခံရပြီးသေဆုံး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 10 Views
နိုဝင်ဘာလ (၂၂)ရက်။ မနေ့က ညနေ (၅)နာရီကျော်အချိန်က မကွေးမြို့၊ ပြည်တော်သာလမ်းနဲ့ ဆေးရုံလမ်းထောင့်အနီးက စိမ်းဆေးခန်းမှာ ဆရာဝန်မတစ်ဦး ဓါးထိုးခံရပြီး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့က ညနေပိုင်းလောက် ‌ဆေးရုံကြီးမျက်နှာချင်းဆိုင်က စိမ်းဆေးခန်းမှာ