နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေမှော်ကပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်

စက်တင်ဘာလ (၁၆)ရက်။

စက်တင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းက ကန့်ဘလူမြို့မှာ ရွှေမှော်ကနေ ပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ ကျွန်‌တော်တို့က စက်တင်ဘာ (၉)ရက်နေ့ မနက် (၈)နာရီလောက်ထွက်ခဲ့တာ၊ ဖမ်းခံရတော့ နေ့လယ် (၃)နာရီလောက်ရှိပြီ။ အကုန်လုံး ငှက်ပျောတိုင်းရွာဟောင်းသား‌တွေပဲ (၇)ယောက်အဖွဲ့၊ စဉ့်ကူးဘက်က ရွှေမှော်မှာ အလုပ်လုပ်တာအဆင်မ‌ပြေလို့ ဆိုင်ကယ်(၃)စီးနဲ့ ပြန်လာကြတာဗျ။ လိုင်း‌ပေါ်မှာ ကားသမားတွေ ပြည်သူတွေတင်ထားတာ ဗျူဟာလမ်းအတိုင်း အေးအေးဆေးဆေး အစစ်ဆေးမရှိ သွားလို့ရပြီ၊ ဘာမှ‌ကြောက်စရာမရှိဘူးဘာညာတင်ထားတော့ ကျွန်တော်တို့လဲ အေး‌ဆေးပြန်ခဲ့ကြတာဗျ။‌ ရေကြည်ဦးကျော်အထိ အေးဆေးပဲ၊ ဘူးကုန်းလမ်းခွဲနားက ဇရပ်ရောက်မှ ဖမ်းခံရတာ” လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ အသက်(၁၅)နှစ်အရွယ် လူငယ်က ဆိုပါတယ်။

သူတို့ဟာ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်း ရွှေဘိုဘက်ကနေ ကန့်ဘလူဘက်ကို မောင်းနှင်လာရာ ကန့်ဘလူမြို့နယ်၊‌ ရေကြည်ဦးရွာနဲ့ ဘူးကုန်းရွာကြားက ဘူးကုန်းလမ်းခွဲဇရပ်ရှိ စစ်တပ်နဲ့ ပျူစောထီးအထိုင်ဂိတ်မှာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရပြီး ဘူးကုန်းဘုန်းကြီးကျောင်းကို ခေါ်ဆောင်ခံရတာလို့ သိရပါတယ်။

အဲ့ဒီနောက် သူတို့ကို ဘုန်းကြီးကျောင်းမှာ (၄)ရက်ဆက်တိုက် အကြမ်းဖက် နှိပ်စက်ရိုက်နှက်ခဲ့ကြပြီး   စက်တင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းအချိန်မှာ ကြိုးတုပ်ကာ ကားတာယာတွေနဲ့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာပါ။

“ ကျောင်းထဲရောက်တာ့ အင်္ကျီတွေချွတ်ခိုင်းပြီး ဝါးအစိုနဲ့ထပ်ရိုက်တယ်။ (၄)ရက်လုံး ထမင်းမကျွေးဘဲ  လက်ပြန်ကြိုးတုပ်ပြီး နှိပ်စက်နေခဲ့တာ။ စက်တင်ဘာလ (၁၂)ရက်နေ့ ညနေအချိန်တော့ အတိအကျမသိဘူး၊ ကျွန်တာ်တို့ (၇)ယောက်လုံးကို လက်ပြန်ကြိုးတုပ်နဲ့ပဲ တာယာပုံပေါ်တက်ခိုင်းတယ်၊ ပြီး‌တော့ ခေါင်းတွေကို တုတ်တွေနဲ့ရိုက်တယ်၊ မေ့မျောလို့ မပြေးနိုင်တော့ဘူးဆိုမှ မီးရှို့ပစ်ထားခဲ့တာ၊ အဲ့ထဲမှာ ကျွန်တာ်က ကံကောင်းပြီး သတိရလို့ ထွက်ပြေးလွတ်မြောက်ခဲ့တာ” လို့ သူက ဆက်ပြောပါတယ်။

မီးရှို့သတ်ဖြတ်ခံရသူတွေဟာ အသက် (၄၅)နှစ်အရွယ် ဦးစိုးတင့်၊ (၂၃)နှစ်အရွယ် ကိုချစ်သဲ‌မောင်နဲ့ ကိုသန်း‌ဇော်ထွန်း၊ (၁၈)နှစ်အရွယ် ကိုရီ‌ဝေမိုးအပြင် အသက်မပြည့်သေးတဲ့ (၁၆)နှစ်အရွယ် မိုးသက်ခနဲ့ (၁၄)နှစ်အရွယ် ချမ်းဖြိုးဝေတို့ဖြစ်တယ်လို့ သိရပါတယ်။

“ မိုးသက်ခနဲ့ ချမ်းဖြိုး‌ဝေက ကျွန်တော့်သူငယ်ချင်းတွေ၊ ကျွန်တော်နဲ့‌အသက်မကွာဘူး၊ တစ်နှစ်ကြီးတစ်နှစ်ငယ်တွေပဲ၊ ကျွန်‌တော်က (၁၅)နှစ်ပါ။ အသက်မပြည့်‌သေး‌ပေမယ့် မိသားစုမပြေလည်တာကြောင့် အလုပ်ထွက်လုပ်ကြတာပါ၊ အခုလို အဖြစ်ဆိုးမျိုး တွေးတောင်မကြည့်ဖူးတော့ သွေးပျက်မတတ် တအားလဲလန့်ပြီး ကြောက်တယ်” လို့ သူက ဆိုပါတယ်။

အဲ့ဒီစစ်တပ်နဲ့ ပျူစောထီးတွေဟာ ကန့်ဘလူမြို့နယ်မှာ လှည့်ပတ်စစ်ကြောင်းထိုးနေတာ တစ်လနီးပါးကြာမြင့်နေပြီဖြစ်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာနဲ့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် စစ်တပ်က ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို အလုံးစုံစိုးမိုးနိုင်ဖို့ ကြိုးပမ်းနေကာ အခုအခါ ရေကြည်ဦး၊ ဘူးကုန်းရွာလမ်းခွဲနဲ့ ဇီးကုန်း-မလယ်လမ်းဆုံတို့မှာ ထပ်တိုးနေရာယူပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် ခရီးသွားပြည်သူတွေ အထူးသတိထားသွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 51 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 56 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 45 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 48 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 49 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 48 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ