နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် (၄)ဦး ကျွန်းလှအချုပ်ထောင်ဖောက်ပြီး PDF ဆီ ထွက်ပြေးလွတ်မြောက်လာ

နိုဝင်ဘာလ (၁၇)ရက်။

ကန့်ဘလူမြို ဘူးကုန်းစစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရသူတွေထဲက လူငယ်အမျိုးသား (၄)ဦး ကျွန်းအချုပ်ထောင်ဖောက်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ အခု (၄)ယောက်က တရက်ထဲ အဖမ်းခံရတဲ့သူတွေမဟုတ်ဘူး။ တချိုက ရွှေမျှောလုပ်ဖိုသွားတာ။ ကျွန်တော်က မုံရွာ ချမ်းသာကျွန်းရွာက။ မြစ်ကြီးနားဘက် ငှက်ပျောခြံမှာ အလုပ်လုပ်ဖိုသွားရင်း အန်စာတုံးကားနဲ့လာတာကနေ ဘူးကုန်းဂိတ်မှာ ဖမ်းခံရတာ” လို ထွက်ပြေးလွတ်မြောက်လာသူထဲက (၂၁)နှစ်အရွယ် အမျိုးသားက ‌ပြောဆိုထားပါတယ်။

ကန့်ဘလူမြို ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းကြောရှိ ဘူးကုန်းစစ်ကောင်စီအထိုင်ဂိတ်မှာ အောက်တိုဘာလ (၃၀)ရက်နေ့ကနေ နိုဝင်ဘာလ (၈)ရက်အထိ ပေါ်တာဆွဲဖမ်းဆီးခံရသူ (၃၀)ကျော်ရှိပြီး ကျွန်းလှမြိုအဝင်ရှိ အချုပ်ထောင်မှာ ဖမ်းဆီးခံခဲ့ရတာလို သိရပါတယ်။

“ ကျွန်တော်တိုက အဖမ်းခံရတော့ ဒီလိုတော့မနေနိုင်ဘူးဆိုပြီး ရောက်တဲ့နေ့ညမှာပဲ သံဆူးကြိုးက အပြားလေးကို ရအောင်ဆွဲဖြတ်ပြီး အချုပ်ခန်း အောက်ခင်းပျဉ်ကို တိုက်ဖြတ်တာ၊ မရတော့မှ အိမ်သာ မင်းတုန်းက အပြားလေးနဲ့ ပျဉ်(၃)ပြားကို (၈)ရက်လောက် တိုက်ဖြတ်ပြီး (၁၀)ရက်နေ့ ည (၁၁)ခွဲလောက် ထွက်ပြေးကြတာ။ ထွက်ပြေးတာ ဖိနပ်မပါဘူး။ ကိုယ့်ဒေသမဟုတ်တော့ လမ်းလဲမကျွမ်း၊ မီးအလင်းရောင်ရှောင်ပြီး ငှက်ပျောသီး မီးဖုတ်စားပြီး (၃)ရက်လောက် လမ်းလျှောက်ပြီးမှ တော်လှန်ရေးတပ်တွေဆီ ရောက်လာတာ” လို (၁၉)နှစ်အရွယ် လူငယ်တဦးက ဆက်ပြောပါတယ်။

ပေါ်တာဆွဲဖမ်းဆီးခံရချိန်မှာ စစ်ကောင်စီတပ်က ထမင်းကို မသေရုံကျွေးပြီး ထမင်းနဲ့ ဟင်းထဲ ဆေးခတ်တာတွေကြောင့် အချုပ်ထောင်ထဲ ဖမ်းဆီးခံရသူတွေဟာ မူးပြီး ပျော့ခွေတာတွေရှိသလို ဗိုလ်အဆင့်ရှိသူတဦးက တရက်ခြားတခါ စည်းရုံးပြောဆိုတာတွေလဲ ရှိပါတယ်။

ကန့်ဘလူမြို ဗျူဟာလမ်းကြောရှိ စစ်ကောင်စီအထိုင်ဂိတ်တွေဟာ ပျူစောထီးလိုအပ်ချက် ကြီးမားနေတဲ့ ဝါသဝရဲ့ ပျူစစ်ကြောင်းအတွက် ခရီးသွားပြည်သူတွေထဲက လူငယ်လူရွယ် အမျိုးသားနဲ့ အမျိုးသမီးတွေပါမကျန် ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို ဖော်ပြထားပါတယ်။

နောက်ပြီး ဖမ်းဆီးခံရသူတွေကို ပြန်ရွေးတဲ့အခါ လူလဲဆုံး ငွေလဲဆုံးတဲ့အပြင် လိုက်လာတဲ့သူပါ ထပ်မံဖမ်းဆီးတာတွေ ပြုလုပ်ပြီး ဖမ်းဆီးထားသူတွေကို ကျွန်းလှအချုပ်ထောင်မှာ ယာယီထိန်းသိမ်းကာ စစ်သင်တန်းတက်ဖို ကန့်ဘလူ၆၀၀၆ကို အလှည့်ကျပိုဆောင်ပြီး အဲ့ဒီကနေတဆင့် Mi-17 နဲ့ ခေါ်ဆောင်သွားတာလို ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းကြောကို အသုံးပြုသွားလာကြတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ စစ်ကောင်စီအထိုင်စခန်းတွေရှိတဲ့ ဗျူဟာလမ်းကြောကို အတတ်နိုင်ဆုံး ရှောင်ကွင်းသွားလာကြဖို သတိပေးတိုက်တွန်းထားတယ်လို သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 24 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့
မြန်မာသတင်း

ရေးမြို့တိုက်ပွဲထဲ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ YGF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ရေးမြို့ အောင်သပြေရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးပြောက်ကျားတပ်(YGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ MDY-PDF ကတိပြုထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ကတိပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ MDY-PDF အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ကို
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် HDCO ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာရှိ ဈေးဆိုင်တန်းကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က နောင်ဝိုး၊ ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းတပ်နယ် တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်တင်မြှောက်ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းကာ နိုင်ငံရဲ့တာဝန်ကို
မြန်မာသတင်း

လွှတ်တော်ကျင်းပမယ့် နေ့ရက်တွေ စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 42 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ လာမယ့် မတ်လပိုင်းထဲမှာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပသွားမယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲ ပြည်သူ့လွှတ်တော်အစည်းအဝေးကို မတ်လ (၁၆)ရက်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးကို မတ်လ (၁၈)ရက်နေ့မှာ ကျင်းပမယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ မြစ်ကြီးနားလေဆိပ် လေယာဉ်ပြေးဆွဲတာတွေ ခေတ္တရပ်နားထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 38 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် မြစ်ကြီးနားလေဆိပ်ရဲ့ လေယာဉ်ပြေးဆွဲတာတွေကို ခေတ္တရပ်နားထားဖို့ အသိပေးထားတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၂၀)ရက်နေ့က မြစ်ကြီးနားလေဆိပ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ MNA လေယာဉ်တစီး ထိမှန်ပျက်စီးခဲ့တယ်လို့
မြန်မာသတင်း

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနမှာ CDM ဝန်ထမ်း (၆၀)ရာခိုင်နှုန်း ခန့်အပ်ထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 35 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနထဲ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ လက်တွဲပူးပေါင်းကာ CDM ဝန်ထမ်းတွေကို ခန့်အပ်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ CDM ဝန်ထမ်းတွေကို စုစုပေါင်း ဝန်ထမ်းအင်အားရဲ့ (၆၀)ရာခိုင်နှုန်း