နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်

ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခများ၏ အစဉ်အဆက်” ဖြစ်နေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

၁၉၆၇ ခုနှစ်ကတည်းက အစ္စရေး သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေများရှိ အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဖရန်ချက်စကာ အယ်လ်ဘာနီးစ်က အစ္စရေးတွင် “ နှိပ်စက်ညှဉ်းပန်းမှုသည် နိုင်ငံတော်မူဝါဒသဖွယ် ထိရောက်စွာ ဖြစ်လာနေပြီ” ဟု စွပ်စွဲခဲ့သည်။

“ ခင်ဗျားတို့ရဲ့ အစိုးရအများစုနဲ့ ဝန်ကြီးတွေက ခွင့်ပြုထားတဲ့အတွက် အစ္စရေးဟာ ပါလက်စတိုင်းသားတွေကို နှိပ်စက်ဖို့ လိုင်စင်တစ်ခုကို ထိရောက်စွာ ရရှိထားတာ ဖြစ်ပါတယ်” ဟု သူမက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ နောက်ဆုံးအစီရင်ခံစာ တင်သွင်းစဉ် ပြောကြားခဲ့သည်။

အယ်လ်ဘာနီးစ်သည် သူမ၏ မဆုတ်မနာ ဝေဖန်မှုများနှင့် “ လူမျိုးတုံးသတ်ဖြတ်မှု” ဟု ကာလရှည်ကြာ စွပ်စွဲချက်များကြောင့် အစ္စရေးနှင့် ၎င်း၏မဟာမိတ်အချို့ထံမှ ပြင်းထန်သော ဝေဖန်မှုများ၊ ဂျူးဆန့်ကျင်ရေးဝါဒီဖြစ်သည်ဟူသော စွပ်စွဲချက်များနှင့် ရာထူးမှ ဖယ်ရှားပေး ရန် တောင်းဆိုမှုများကို ရင်ဆိုင်နေရသည်။

“ ဖရန်ချက်စကာ အယ်လ်ဘာနီးစ်ဟာ လူ့အခွင့်အရေး မြှင့်တင်သူတစ်ယောက် မဟုတ်ပါဘူး။ သူမဟာ ပရမ်းပတာဖြစ်အောင် လုပ်ဆောင်တဲ့ ကိုယ်စားလှယ်တစ်ယောက်သာ ဖြစ်ပြီး… သူမထုတ်ဝေတဲ့ ဘယ်စာရွက်စာတမ်းမဆို နိုင်ငံရေးအရ လှုံ့ဆော်ထားတဲ့ တက်ကြွလှုပ်ရှားသူ တစ်ယောက်ရဲ့ အော်ဟစ်ပေါက်ကွဲမှုကလွဲလို့ ဘာမှမဟုတ်ပါဘူး” ဟု ဂျီနီဗာရှိ အစ္စရေးသံ အဖွဲ့ က တနင်္လာနေ့တွင် ထုတ်ပြန်ချက်တစ်စောင်၌ ပြောကြားခဲ့သည်။

အယ်လ်ဘာနီးစ်သည် “ အစ္စရေးနိုင်ငံ တည်ရှိမှုကို ထိပါးစေရန် အန္တရာယ်ရှိသောအစွန်းရောက် ဇာတ်ကြောင်းများကို ထောက်ခံအားပေးနေသည်” ဟုလည်း ထိုထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

အယ်လ်ဘာနီးစ်၏ အစီရင်ခံစာတွင် အစ္စရေးသည် ပါလက်စတိုင်းသားများအပေါ် “ စုပေါင်း ကဲ့ရဲ့ လက်စားချေခြင်းနှင့် ဖျက်ဆီးလိုသော ရည်ရွယ်ချက်” ကို ပြသသည့် အတိုင်းအတာဖြင့် စနစ်တကျ နှိပ်စက်ညှဉ်းပန်းနေသည်ဟု ဆိုထားသည်။

“ နှိပ်စက်ညှဉ်းပန်းမှုဟာ အကျဉ်းထောင်နံရံတွေထက် အများကြီး ကျော်လွန်နေပါတယ်။ ဒါဟာ သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေ တစ်ခုလုံးမှာ အစ္စရေးက ချမှတ်ထားတဲ့ ညှဉ်းပန်း နှိပ်စက်တဲ့ ပတ်ဝန်းကျင်တစ်ခုလို့ပဲ ဖော်ပြလို့ရပါတယ်” ဟု သူမက လူ့အခွင့်အရေး ကောင်စီ တွင် ပြောကြားခဲ့သည်။

နှိပ်စက်ညှဉ်းပန်းမှုများသည် ဘဝကို အဓိပ္ပာယ်ရှိစေသည့် အခြေအနေများကို ဖျက်ဆီးပစ်ကာ လူသားတို့၏ ဂုဏ်သိက္ခာကို ရိုက်ချိုးပြီး လူသားတစ်ယောက်၏ အနှစ်သာရမရှိသော အခွံ သက်သက်ကိုသာ ချန်ထားရစ်ကြောင်း သူမက ဆိုသည်။

“ ကျွန်မနဲ့ တခြားသူအများအပြား မှတ်တမ်းတင်ထားတဲ့ သက်သေခံချက်တွေဟာ ဝမ်းနည်းစရာ ကောင်းတဲ့ ဆင်းရဲဒုက္ခဇာတ်လမ်းတွေတင် မဟုတ်ပါဘူး။ ဒါတွေဟာ သိမ်းပိုက်ခံနယ်မြေတစ်ခုလုံးမှာရှိတဲ့ ပါလက်စတိုင်းလူမျိုး တစ်ရပ်လုံးကို ပစ်မှတ်ထားပြီး ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေရဲ့ သက်သေတွေပဲ ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။

– ‘ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ရပ်တန့်ပါ’ –

နိုင်ငံတကာ၏ တုံ့ပြန်မှုသည် နိုင်ငံများ၏ စုပေါင်းဥပဒေရေးရာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ယူမှုကို စမ်းသပ်ခြင်း ဖြစ်လိမ့်မည်ဟု အယ်လ်ဘာနီးစ်က သတိပေးခဲ့သည်။

“ နိုင်ငံတကာဥပဒေကို လျစ်လျူရှုတာဟာ ပါလက်စတိုင်းမှာတင် ရပ်တန့်သွားမှာ မဟုတ် ပါဘူး။ အခုဆိုရင် လက်ဘနွန်ကနေ အီရန်အထိ၊ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ဗင်နီဇွဲလားအထိပါ ပျံ့နှံ့နေပြီဖြစ်ပါတယ်။ အခုထိန်းချုပ်မထားနိုင်ရင် ဒါဟာ အဝေးကြီးအထိ ဆက်ပြီး ပျံ့နှံ့သွား ပါလိမ့်မယ်” ဟု သူမက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ခန့်အပ်ထားသော်လည်း အထူးကိုယ်စားလှယ် များ သည် အမှီအခိုကင်းသော ကျွမ်းကျင်သူများဖြစ်ကြပြီး ကုလသမဂ္ဂကိုယ်စား ပြောဆိုခြင်း မဟုတ်ပေ။

ပါလက်စတိုင်း သံအမတ်ကြီး အီဘရာဟင် ခရိုက်ရှီ (Ibrahim Khraishi) က အယ်လ်ဘာနီးစ် ၏ အစီရင်ခံစာတွင် မှတ်တမ်းတင်ထားသော လုပ်ရပ်များသည် “ တစ်ဦးချင်း နှိပ်စက် ညှဉ်းပန်း မှုမျှသာ မဟုတ်ဘဲ စုပေါင်း၍ စနစ်တကျ နှိပ်စက်ညှဉ်းပန်းမှု မြောက်နေကြောင်း” ကောင်စီသို့ ပြောကြားခဲ့သည်။

“ တာဝန်ခံမှုရှိစေဖို့နဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ရပ်တန့်ဖို့အတွက် အရေးတကြီး အရေးယူ ဆောင်ရွက် ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျွန်တော်တို့ ထပ်လောင်း တောင်းဆို ပါတယ်” ဟု ၎င်းက ဆိုသည်။

အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်သည့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ပါကစ္စတန်ကလည်း “ ပြစ်ဒဏ်ကင်းလွတ်ခွင့်ဟာ အမြစ်တွယ်နေပြီး ကာကွယ်စောင့်ရှောက်မှု တွေဟာလည်း ပျက်စီးနေပြီ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

“ ဒီရာဇဝတ်မှုတွေကို သိမ်းပိုက်ခံနယ်မြေထဲက လူတွေကို သူတို့ရဲ့ ဇာတိမြေကနေ ဖယ်ရှားပစ်ဖို့ ရည်ရွယ်ချက်နဲ့ တစ်ဦးချင်းရော စုပေါင်းပါ ဆင်းရဲဒုက္ခရောက်အောင် ကျူးလွန်နေတာဖြစ်ပါတယ်” ဟု ဆိုသည်။

ဗင်နီဇွဲလားနိုင်ငံကမူ “ နိုင်ငံတကာ အသိုင်းအဝိုင်းက ဘယ်မှာလဲ? နိုင်ငံတွေက နှုတ်ပိတ် နေတာကို မြင်ရတာ နာကျင်စရာကောင်းပြီး စက်ဆုပ်ရွံရှာဖို့ ကောင်းပါတယ်။ ပိုဆိုးတာက ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ငွေကြေးထောက်ပံ့ပေးနေတာပါပဲ” ဟု မေးခွန်း ထုတ်ခဲ့သည်။

တောင်အာဖရိက ကိုယ်စားလှယ်ကလည်း “ အစ္စရေးရဲ့ ယုတ်မာမှုတွေကို ရင်ဆိုင်ရာမှာ ဘာမှမလုပ်ဘဲ နေတာဟာ ကြားနေတာ မဟုတ်ပါဘူး၊ ဒါဟာ အားပေးကူညီရာ ရောက်နေ တာပါ” ဟု ပြောကြားခဲ့သည်။

ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ဖရန်ချက်စကာ အယ်လ်ဘာနီးစ် (Francesca Albanese) က သူမ၏ နောက်ဆုံးအစီရင်ခံစာကို တင်သွင်းခဲ့သည်။ — Fabrice COFFRINI (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 19 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 28 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 27 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 35 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့်အတူ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယော့ခ်ရှိုင်းယား (Yorkshire) ရှိ နေအိမ်များအတွက်